RADIO

What is current song?

RSS

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားအရသာများ

၁။ ဖြစ်ပျက်သမျှ သင်္ခါရ ၊ ဒုက္ခသစ္စာမှတ်
ဖြစ်ပျက်မှုတွင် ငါကောင်ထင် ခင်မင်သမုဒ္ဒယမှတ်
ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်
ချုပ်ဆုံးမှုတွင် ဥာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်။
၂။ ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာဖြင့်
လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်ဥာဏ်မြင်
္ထ္ထဤငါးအင် ၊ မှန်ပင်မဂ်ရကြောင်း။
၃။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ၀ီရိယလျော့ ၊ အားအင်ပျော့ကာ
လွန်စွာယူမှား ၊ ဤငါးပါး တရားမဂ်ဖိုလ် ဝေးသတည်း။
၎။ သူတော်ဆည်းကပ် ၊ မြတ်တရားနာ
လျော်စွာအကျင့် မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။
၅။ ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်။
ဝိပဿနာအကျိုးပြလင်္ကာ
လက်ရှိခန္ဓာ မတွယ်တာနှင့် ၊ နောင်လာဘ၀ မတောင့်တဘဲ ကြောင့်ကြဇွဲဖြင့် ၊ အမြဲမပြတ် ၊ ၉၀မ`၉အတင၇၆၉၉ပဿနာ ၊ လေ့လာကြိမ်ကြိမ် ၊ အာစိဏ္ဏကံ ၊ ဖြစ်ကြောင်းဘာ။ဒ။ =န်မှု ၊ ထိုသည့်သူကား ၊ အယူမလွဲ ၊ ဂတိမြဲ၏။
မီးစွဲလောင်မှ ရေကိုတသော် ၊ မရဖြစ်အင် ၊ ပုံနှိုင်းယှဉ်၍ ၊ မဂ္ဂင်သန္ဓေ ၊ တည်မြဲနေအောင် ၊ မသေခင်က ၊ ပြင်ဆင်တောက်လျှောက် ၊ မေ့မပျောက်နှင့် ၊ ချွေးပေါက်ယိုစီး ၊ သေခါနီးဝယ် ၊ အပြီးမုချ ၊ မဂ္ဂင်ရလိမ့်။
ကိစ္စမလျော် ၊ အကြောင်းပေါ်၍ ၊ မတော်တဆ ၊ မဂ်မရဦး ၊ ဘ၀အစွန် ၊ တမလွန်တွင် ၊ ထူးချွန်အံ့လောက် ၊ နတ်ပြည်ရောက်၍ ၊ မဖောက်မပြန် ၊ သောတာပန်စစ် ၊ ဧကန်ဖြစ်သည် ၊ မလစ် ၀ိပဿနာ အကျိုးတည်း။
အင်္ဂါ (၁၂)ပါး သံသရာစက်ဝန်း လည်ပါတ်ပုံလင်္ကာ
၁။ အ၀ိဇ္ဇာ = အ၀ိဇ္ဇာ ဘယ်မှာနေ ၊ မိမိစိတ်မှာနေ။
၂။ သင်္ခါရ = ရံခါမသွေ မိုက်မဲမှု ၊ သင်္ခါရကိုပြု။
၃။ ၀ိဥာဏ် = သူပြုမိတော့ ၀ိဥာဏ်ကွယ်။
၎။ နာမ်ရုပ် = နာမ်ရုပ် အိမ်ကိုတည်။
၅။ သဠာယတန = အကြည်ခြောက်သွယ် မှန်တံခါး ၊ ကောင်းစွာတပ်ဆင်ထား။
၆။ ဖဿ = အာရုံခြောက်ပါး တိုက်ဆိုင်သော် တံခါးပေါက်မှာပေါ်။
၇။ ဝေဒနာ = ပေါ်လာလေတဲ့အာရုံများ ၊ ကောင်းစွာ သူခံစား။
၈။ တဏှာ = ခံစားမိတော့ သာယာပြန်။
၉။ ဥပါဒါန် = စွဲလန်း ဥပါဒါန်။
၁၀။ ကမ္မဘ၀ = ဥပါဒါန်ကြောင့် ကံတွေပြု။
၁၁။ ဇာတိ = ဇာတိ ရလိုမှု။
၁၂။ ဇရာမရဏ = ဇာတိရတော့ အို နာ အုံး ၊ သေတော့ ခေါင်းတစ်လုံး သွားတော့ သင်္ချိုင်းကုန်း။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment