RADIO

What is current song?

RSS

အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ


ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာရေးမလေးကပြောတယ် ။

“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”

အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမလုံလောက်ဘူးဆိုတာ သေချာလားဟင် ”

ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ် ။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေးဝယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။ နောက်ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆိုတာကိုပေါ့ ။



“ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပါ သူအရမ်းလိုချင်နေခဲ့တယ် သူ့မွေးနေ့အတွက် ကျွန်တော်ဝယ်ပြီးသူ့ကိုပေးချင်လို့ပါ ဦးဦး”

“ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအရုပ်ကလေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့ စကားကိုဖြည်းဖြည်းချင်းပြောတယ် ။

“ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော်ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ ”

ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့်ကိုစိုက်ကြည့်ပြီးဆက်ပြောတယ် ။ “ ကျွန်တော်အဖေ့ကိုပြောပါတယ် အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီးပြန်သွားတဲ့အချိန်ထိ အမေ့ကို စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင်လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံကို ကျွန်တော့်ကို ထုတ်ပြတယ် ။

“ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေကပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တဲ့ ” ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။

ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက်တယ် ။ “ ငါတို့နောက်တစ်ခါ ပြန်စစ်ရအောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့ မဟုတ်ဘူးလားကလေးရဲ့ ”

“ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင်တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို အမြန်ထုတ်ယူပြီးကောင်လေးငွေတွေကို စတင်ရေတွက်ခဲ့တယ် ။ အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။

ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ” တဲ့ ။

“ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက်တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”

“ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက် ၀ယ်ပေးချင်ပါတယ် -- ဘုရားသခင်ဆီမှာ ကျွန်တော်အများကြီးမတောင်းရဲတော့ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ့ နှင်းဆီအဖြူတစ်ပွင့်အတွက် လုံလောက်တဲ့ငွေကိုပေးခဲ့တယ်လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ် ”

########################################

ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပါပြီ ကျွန်တော်ကောင်လေးကို စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက်က သတင်းစာထဲက သတင်းတစ်ပုဒ်ကိုသွားပြီးသတိရမိလိုက်တယ် ။ အရက်မူးသမားတစ်ဦးမောင်းလာတဲ့ကားတစ်စီးက အမျိုးသမီးတစ်ဦးနဲ့ ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့သတင်းပေါ့ ။ အမျိုးသမီးကတော့ အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေတဲ့အကြောင်း ။ နောက်ဆုံးမတတ်နိုင်တော့တဲ့အဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထားရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြောင်း ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ သတိလစ်မေ့မျောခြင်းကနေ ပြန်လည် အသက်ရှင်သန်လာနိုင်မှု မရှိတော့တဲ့အတွက် ဖြစ်ပါတယ် ။ ဟင် ဒါဆို ဒီကောင်လေးဟာ အဲဒီမိသားစုက ကောင်လေးများဖြစ်နေမလား ?

ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနောက် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော် သတင်းစာမှာဖတ်လိုက်ရတဲ့ ။ ဆေးရုံပေါ်က အရေးပေါ်အခြေအနေရောက်နေတဲ့အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း -----။ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ အစည်းတွေဝယ်ပြီး နာရေးအိမ်ကို လိုက်သွားခဲ့တယ် ။ အဲဒီနေရာမှာ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်လေးတို့အတွက် မမြုပ်နှံခင် နောက်ဆုံးဆုတောင်းစကားတွေပေးဖို့ -- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။ အမျိုးသမီးကိုထည့်ထားတဲ့ ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့ ရယ်မောနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာတော့ အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ် ။ ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။ မျက်ရည်တွေနဲ့ ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ ပြောင်းလဲသွားခဲ့ပါတယ် ----။

ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားဟာ ပုံဖော်ပြဖို့တောင်ခက်ခဲလွန်းလှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ အမူးသမားတစ်ဦးက သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့ ခွဲခွာစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။

#########################################

ကျေးဇူးပြုပြီး
ေ က် း ဇူ း ၿပ ဳ ၿပီ း - - - -
“ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ”

အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။

- ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက်သောက်ပြီးကားမကောင်းကြပါနဲ့ လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။
- သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။

“ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/သူမ ဘာတွေ ပေးဆပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်တယ် -- သူ/သူမ ဘာတွေ လက်ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတာမဟုတ်ပါဘူး ”



( ကျွန်တော်ဒီစာလေးဘာသာပြန်ပြီးတော့ စိတ်မကောင်းလွန်းလို့ အကြာကြီး ထိုင်နေမိတယ် -- စိတ်မကောင်းပါဘူး ကောင်လေးရယ် -- ငါတို့လည်းတစ်နေ့ လိုက်သွားကြရမှာပါ အဲဒီအခါ မင်းရယ် မင်း အမေ ရယ် မင်း မမ ရယ် မင်းတို့မိသားစုလေး ပြန်လည်ဆုံတွေ့ကြပါစေလို့ ဦးဦး ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ကွာ ----)

 သက်တန့်ချို
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်းတို့ရဲ့ Phone Screen အတွက် Live Wallpaper လက်ဆောင်

မိမိဖုန်းလေးရဲ့ Screen လေးကို အလှဆင်ဖို့အတွက်ပါ ဒါလေးက တကယ်ကောင်းပါတယ် ဒီဆိုဒ်ကို ဖွင့်ဖို့အတွက် ဘာမှဒေါင်းစရာမလိုဘူးနော် ဖုန်းထဲရောက်မှာသာ ကိုယ့်လိုချင်တဲ့ပုံကို Install လုပ်ရမှာ
ကဲအရင်ဆုံး ဒီလင့်ကို ဖွင့်ကြည့်ပါ
မှတ်ချက် ။   ။  ပုံကိုရွေးမယ်ဆိုရင် free  ဆိုတဲ့ ပုံကိုယူလို့ရမယ်နော် $  ဒါမျိုးတွေ့ရင် မရဘူးနော် ပိုက်ဆံပေးရလိမ့်မယ် ဖွင့်ပြီးပြီဆိုရင်အောက်ကပုံလေးအတိုင်းတွေ့ရမှာပါ
အောက်မှာ ပုံလေးတွေအတိုင်းလုပ်ကြည့်ပါနော်Market link ကိုနှိပ်လိုက်ရင် ဘောက်တခုထွက်လာပါလိမ့်မယ် Internet  /   Play Storeအဲဒီစကားလုံးနှစ်မျိုးထွက်လာရင် Play Store ကိုနှိပ်လိုက်ပါပြီးရင် Install ကိုနှိပ်ပါ
နောက်ဆုံးမှာ Accept & download ကိုထပ်နှိပ်လိုက်ရင် မိမိရဲ့ဖုန်းထဲမှာ ဒေါင်းလုပ်လုပ်ပြီးသား
ဖြစ်သွားပါပြီ
ကိုယ်ရွေးလိုက်တဲ့ပုံက ဒီလိုလေးဆိုရင် Setting ကိုနှိပ်ပြီး ပုံကိုစိတ်ကြိုက်ပြင်လို့ရပါတယ်
မိမိ Screen ကိုတင်မယ်ဆိုရင် Phone Setting ကှိုနှိပ် Display ကိုနှိပ်ပြီးရင် Wallpapers  ကိုလည်းနှိပ် နောက်ဆုံး Home Screen wallpaper ကိုနှိပ်ပြီးရင်အဲဒိထဲကမှ live wallpaper ကိုနှိပ်ပြီးကိုယ်ဒေါင်းတဲ့ပုံကို ယူလိုက်ရုံပါပဲ
ကဲသူငယ်ချင်းတို့ အားလုံးသဘောကျမယ်လို့ထင်ပါတယ် ရေးထားတဲ့စာကိုဖတ်တာထက် ကိုယ်တိုင်စမ်းသပ်ကြည့်တာပိုကောင်းပါလိမ့်မယ်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ။


ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ။
(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။
(၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက်တုန်
့ပြန်မှုနှုန်းကို မြန်ဆန်သွက်လက်စေပါတယ်။
(၃) သစ်ကြားသီးကို အစွမ်းထက်မြက် ဦးနှောက်အားတိုး သဘာဝဖြည့်စွက်ဆေးအဖြစ်အားကိုးထိုက်ပါပေတယ်။
(၄) အနားတွန့် ဂေါ်ဖီထုပ်ကလေးထဲမှာပါတဲ့ tryptophan(ခေါ်)seroten ဓာတ်များကဦးနှောက်ကိုကျန်းမာစေပါတယ်။
(၅) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း က ဦးနှောက်ကို ကောင်းစွာအလုပ်
လုပ်စေပါတယ်။
(၆) ပန်းဂေါ်ဖီအဖြူရောင်က ဦးနှောက်ရဲ့  အဖြူရောင်အဖတ်သားများကို
များစွာကောင်းကျိုးပြုပါတယ်။
(၇) ဂျင်း စားပေးခြင်းဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါ ကိုမဖြစ်စေ
တော့ပါဘူး။
(၈) ပန်းသီး က ခန္တာကိုယ်အတွက် ဘက်စုံအားကောင်းစေရုံသာမက၊
မှတ်ဥာဏ်အားလည်းကောင်းစေပါတယ်။
(၉) ဖရဲသီးစားပါ။ ဦးနှောက်ရဲ့  ဖွဲ့ စည်းတည်ဆောက်မှုကို အားပေးပါတယ်။
(၁၀) ဂေါ်ဖီထုပ်က အဆုပ်၊ ဆီးကျိတ်ကင်ဆာ တွေမဖြစ်စေတဲ့အပြင်၊
ဦးနှောက်ပျက်စီးထိခိုက်မှုကိုပါ လျော့ပါးသွားစေပါတယ်။
(၁၁) ဆလပ်ရွက် များများစားပေးခြင်းဖြင့် neurovascular
coupling(ခေါ်)ဦးနှောက်အာရုံကြောတွေနဲ့ ဆက်စပ်နေတဲ့သွေး ကြောတွေမှာ
သွေးစီးဆင်းမှုပိတ်ဆို့ ခြင်းရောဂါ ကိုမဖြစ်စေနိုင်ပါဘူး။ ဒါ့ပြင်
Alzheimer(ခေါ်)ဦးနှောက်ဇရာကြို အယ်လယ် ဇိုင်း မားရောဂါ
ဖြစ်လာနိုင်ချေကိုပါ လျော့ချပေးပါတယ်တဲ့။
(၁၂) သခွားမွှေးသီးစားပါ။ ဦးခေါင်းခွံကျန်းမာရေးကို
ကောင်းကျိုးပြုတဲ့အပြင် ဦးနှောက်အားကောင်းစေပါတယ်။
(၁၃) ထင်းရှုးသီးစေ့ က ဦးနှောက်ကို တက်ကြွအောင်လှုံ့ ဆော်ပေးနိုင်စွမ်းရှိပါတယ်။
(၁၄) မြင်းခွာရွက် တစ်နေ့  ၄-ရွက်စားပါ။ အုန်းဆီ ၈၀-ကျပ်သားနဲ
့မြင်းခွာရွက်သတ္တုရည် ၂၇-ကျပ်သားတို့ ရောပြီး မီးအေးအေး ဖြင့်ချက်ပါ။
ရေခန်း၍ဆီသာကျန်တော့တဲ့အထိ ချက်ပြီးအအေးခံပါ။ ဆံပင်နဲ
့ဦးရေပြားကိုလိမ်းပေးခြင်းဖြင့် ဦးနှောက်အားရှိလာ စေပါတယ်။ ဒါ့ပြင်
သတိကောင်းခြင်း၊ ဆံပင်ကောင်းခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း
စသည်ဖြင့်ကောင်းကျိုးပြုပါတယ်။ (သို့ မ ဟုတ်) မြင်ခွာရွက်မှုန့်ကို
နွားနို့ ၊ သကြားတို့ နဲ့ ရောသောက်ပေးခြင်းဖြင့် ဦးနှောက်ကြည်လင်၍
မှတ်ဥာဏ်ကောင်းစေပါတယ်။
(၁၅) ဦးနှောက်ပျက်/စိတ်ဖောက်ပြန်ခြင်းအတွက် လင်းနေပင်အမှုန့် ကို
ပျားရည်နှင့်ရောလျက်ပေးပါ။ ဦးနှောက်အားနည်းပြီး မကြာခဏ
သတိမေ့လျော့ခြင်းအတွက် လင်းနေပင်အမှုန့် ကို၊ ထောပတ်၊ နွားနို တို
့ဖြင့်သောက်ပါ။
(၁၆) ဦးနှောက်ပျက်/စိတ်မငြိမ်ခြင်းအတွက် ဆီးသီးခြောက်ကို ထန်းလျက်ဖြင့်
ယိုထိုးစားပါ။
(၁၇) ဦးနှောက်ကြည်စေရန်အတွက် ကြံရည်နဲ့  ပျားရည် (သို့ မဟုတ်) ကြံရည်နဲ
့ဇီးဖျော်ရည် ရောသောက်ပါ။
(၁၈) ဦးနှောက်မကြည်မလင် ပင်ပန်းနွမ်းနယ်ခြင်းအတွက်
ဖီးကြမ်းဌက်ပျောသီးမှည့်မှည့်ကို စပျစ်သီးအမှည့်ဖြင့် ဖျော်ရည်လုပ်
သောက်ခြင်းဖြင့် တခဏအတွင်း လန်းဆန်းလာစေပါတယ်။
(၁၉) မြတ်လေးပန်းရှုပါ။ မြတ်လေးပန်းရနံရှုခြင်း (သို့ မဟုတ်)
မြတ်လေးပန်းခြောက်မှုန့် ကို ပျားရည် တွင်စိမ်၍ ညအိပ်ယာဝင် တိုင်း
လ္ဘက်ရည်ဇွန်း ၁-ဇွန်း သောက်ခြင်းက ဦးနှောက်ကြည်လင် လန်းဆန်းလာစေပါတယ်။
(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား။ best brain & memory tonic foods)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ် စတင်နေပြီ


မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်တွင် ရေဒီယို ထုပ်လွင့်မှု
အစီအစဉ်များကို စေတနာ ၊ ဝါသနာဖြင့် ပါဝင်ကူညီပေးနေသော
Live Free Online Radio Media (Malaysia) မှ တာဝန်ရှိသူများ။
(1) Radio DJ - ,~NLS~' {ALinn} (China)
(2) Radio DJ - Zaw Zaw (Rawang-Malaysia)
(3) Radio DJ - Sky Min (Bangkok - Thailand)
(4) Radio DJ - Zaw Min Tan (Alor Stear-Malaysia)
(5) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia)
(6) Radio DJ -Aung Phyo(San Diego-California-American)
Live Free Online Radio Media (Malaysia)
သီချင်းတောင်းသူများနှင့် မန်ဘာများ သိစေရန်အတွက်
(က) ကျွန်တော်တို့ရဲ့ ရေဒီယို အစီအစဉ်လေးမှာ သီချင်းများတောင်းဆိုပါက
အဆိုတော်နာမည် ၊ သီချင်းနာမည် ၊ သီချင်းတောင်းဆိုသူ၏ နာမည် ၊
တောင်းဆိုရသည့် စိတ်ကူး ရည်ရွယ်ချက်များ ၊ အကြောင်းအရာများ ၊ စတာတွေကို
Group ထဲမှ Write Post တွင်ရေးသားပြီး တောင်းဆိုနိုင်ပါတယ်။
(ခ) နေ့စဉ် မလေးရှားစံတော်ချိန် ဖြစ်သော
နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ တစ်ကြိမ် ၊
နေ့လည် ၁၂ နာရီမှ ညနေ ၆ နာရီထိ တစ်ကြိမ် ၊
ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ တစ်ကြိမ် ၊
ည ၁၂ နာရီမှ နံနက် 2 နာရီထိ တစ်ကြိမ် ၊
နေ့စဉ် ရေဒီယို အစီအစဉ်များကို တင်ဆက်ပေးနေပါတယ်။
(ဂ) ညနေ ၆ နာရီမှ ည ၁၂ နာရီအထိသာ သီချင်းတောင်းဆိုသူများကို
ချက်ချင်းထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
အခြား Dj များ ရေဒီယို ထုတ်လွှင့်ပေးနေချိန်တွင်
သီချင်း တောင်းဆိုမှူ့များကို ချက်ချင်းထုတ်လွှင့်ပေးနိုင်မည် မဟုတ်ပါ။
(ဃ) အထူးအစီအစဉ်များ တင်ဆက်နေသော အချိန်နှင့် အော်တိုလွင့်နေသော
အချိန်များတွင် သီချင်းတောင်းဆိုမှူ့များကို ခေတ္တရပ်နားပြီး ယင်းအစီအစဉ်
ပြီးဆုံးမှသာ ပြန်လည်တောင်းဆိုနိုင်မှာဖြစ်ပါတယ်။
(င) ရေဒီယိုမှ သီချင်းတောင်းဆိုရာတွင် ဦးရာလူ စနစ်ဖြင့်
တောင်းဆိုသူများရဲ့ တောင်းဆိုထားသော သီချင်းများကို
အလှည့်ကျ ထုတ်လွှင့်ပေးသွားမှာပါ။
(စ) မန်ဘာများ အနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို
လိုက်နာကြပါရန် အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။
၁။ သီချင်းတောင်းဆိုမှုများကို Write Post တွင်ရေးသားကြပါရန်။
၂။ မန်ဘာများ အနေဖြင့် အခြားပိုစ့်များ ကိုယ်ရေးကိုယ်ရေးသားတင်ခြင်းနှင့်
အခြား အကြောင်းအရာများကို ရေးသားခြင်း ၊ ဓာတ်ပုံများနှင့်
ခွင့်ပြုချက် မရရှိသော အကြောင်းအရာများ ပိုစ့်များ တင်ခြင်းများ မပြုလုပ်ရ
(တွေ့ရှိပါ အက်ဒမင်များမှ မိမိတင်ထားသော အကြောင်းအရာများကို ဖျက်သိမ်းသွားပါမည်။)
၃။ သီချင်း တစ်ပုဒ်ထဲကို အခါခါ ထပ်၍ တောင်းဆိုခြင်း မပြုရ။
၎။ သီချင်းတောင်းဆိုရာတွင် တစ်ခါတောင်းလျှင် ၂ ပုဒ်ထက် ပိုမတောင်းရ
ပိုတောင်းပါက လွှင့်ပေးမည် မဟုတ်ပါ။
၅။ မန်ဘာတစ်ဦးလျှင် အနည်းဆုံး တစ်နာရီကို တစ်ဗုဒ်တောင်းဆိုနိုင်သည်။
၆။ ပျော်ရွှင်စွာနှင့် စကားပြောဆိုနိုင်ပါသည်။ သို့သော် ညစ်ညမ်းမိုက်ရိုင်းသော
စကားအသုံးနှုန်းများကို ရှောင်ရမည်။
၇။ မိမိတို့ သိလိုသော အချက်အလက်များကို အက်ဒမင်များထံ တိုက်ရိုက် ဆက်သွယ်
မေးမြန်းနိုင်ပါသည်။
လိုအပ်သော စည်းကမ်းချက်များကို ထပ်မံဖြည့်စွက် ပြင်ဆင် သွားပါမည်။
သီချင်းများကို အောက်ပါနေရာတွင်သာ တောင်းဆိုကြပါရန်
https://www.facebook.com/groups/522377324509381/
ရေဒီယို အစီအစဉ်များကို တိုက်ရိုက်နားဆင်လိုပါက
အောက်ပါလိပ်စာများတွင် ဝင်ရောက်နားဆင်နိုင်ပါတယ်။
(1) http://onlineradio1.nayzawlin.com/
(2) http://wwwzawmintan.blogspot.com/
(3) http://beyondlove18.blogspot.com/
(4) http://nayzawlin.com/
(5) http://liveradio4.blogspot.com/
(6) http://malaysia-online-radio.weebly.com/
(7) http://www.malaysiaonlineradiomedia.com/
(8) http://double-beat-fly.weebly.com/
(9) http://ormm.listen2myradio.com/
(10) http://mangflashsongmyotaw.weebly.com/
(11) http://sailinhtet1500.blogspot.com/
(12) http://lusoelaymg.blogspot.com/
ဖုန်းနဲ့ နားထောင်ချင်တယ်ဆိုရင် အောက်ကလင့်မှာဆောဝဲလေး
1.69 MB ပဲရှိပါတယ်။ အောက်ကလိပ်စာမှာ ဒေါင်းပြီးဖုန်းတွင်
install လုပ်ပြီး နားဆင်နိုင်ပါပြီ။
http://www56.zippyshare.com/v/77821321/file.html
ကွန်ပျူတာတွင် Firefox ဘရောက်ဇာတွင် တူးဗားဖြင့်
အသုံးပြုလိုပါက အောက်ပါနေရာတွင် ဒေါင်းလွတ်ရယူနိုင်ပါသည်။
http://www2.zippyshare.com/v/57840561/file.html
မလေးရှား အွန်လိုင်း ရေဒီယိုကို မိမိကွန်ပျူတာမှ နားဆင်ရန် ဆော့ဝဲလ် .. .
ကျွှန်တော်တို့ရဲ့ မလေးရှား အွန်လိုင်းရေဒီယိုကို Website ကနေ ဝင်မအားလို့ ..
မိမိ ကွန်ပြုတာကနေ နားထောင်ချင်တယ်ဆိုရင်တော့ Winamp ဆော့ဝဲလ်လေးကို ..
အောက့်မှာ ဒေါင်းလော့ဆွဲပြီး မိမိစက်မှာ Install လုပ်ထား၍ ..
ORMM.listen.pls ကို ကလစ်နှိပ့်၍ နားဆင်နိုင်ပါတယ် ခင်ဗျာ .. ။
Winamp ကိုအရင်ဒေါင်းပါ။ စက်ထဲ Install လုပ်ပါ။
http://download.nullsoft.com/winamp/client/winamp565_full_emusic-7p...
မိမိ ကွန်ပျူတာ ဒတ်စတော့ပေါ်တွင် ရေဒီယို နားဆင်ရန်အတွက် ဒေါင်းပါ။
http://malaysia-online-radio.weebly.com/uploads/8/2/7/5/8275482/orm...
ကျွန်တော်တို့ရဲ့ ရေဒီယို အစီအစဉ်လေးကို အခုလို ဝေဖန်စာများ ၊
အကြံညဏ်ပေးသည့် စာများ မိမိတို့ရဲ့ အကြောင်းအရာတွေကို ရင်ဖွင့်လိုသူများ
တစ်ခုခု အသိပေးလိုသူများ အားလုံး nayzawlin1@gmail.com ကိုမေးပို့ပြီး
ရင်ဖွင့်နိုင်ပါသည်။ ကျွန်တော်တို့ ရေဒီယိုမှ တစ်ပတ်တစ်ခါ (၃) ရက်ဆက်တိုက်
မိမိတို့မေးလာသော အကြောင်းအရာများကို ကျွန်တော်တို့ ဒီဂျေများမှ
ထုပ်လွှင့် တင်ဆက် ပေးသွားပါမည်။
နေဇော်လင်း
၂၀.၉.၂၀၁၃
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ CENTRAL FESTIVAL (chiangmai) ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာအမြင့်ပေါ်မှမြန်မာလုပ်သား ပြုတ်ကြ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ    CENTRAL FESTIVAL (chiangmai)  ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ ယမန်နေ့က အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦး ၆ ထပ်တိုက် အမြင့်ရှိ ငြမ်းပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့သည်။

ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံသား မောင်ရဲထွန်းနိုင်သည် စက်တင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှာ အချိန်ပို ဆင်းနေချိန်အတွင်း ၆ ထပ်တိုက်ပေါ် ငြမ်းတပ်ဆင်နေစဉ် ခြေနင်း သံပြား ကျိုးကြရာမှ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ ပြောပြချက်အရ သိရ သည်။

သေဆုံးသူ မောင်ရဲထွန်းနိုင် အသက် (၂၃)နှစ်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ထိုင်း - မြန်မာ နှစ်နိုင်ငံ အစိုးရ နားလည်မှုစာ ချွန်လွှာ (MOU) ဖြင့်၂၀၁၃ ခုနှစ် အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ပါဝါလိုင်းကုမ္ပဏီမှာ လုပ်ကိုင်နေခြင်း ဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး ပါဝါလိုင်းကုမ္ပဏီက သင်္ဂြိုဟ် စရိတ်ကူညီသွားမှာ ဖြစ်ပြီး နစ်နာ ကြေးအတွက် သေဆုံးသူ၏ မိဘများနှင့် ပြေလည်မူရယူပြီး ဆက်လက်ဆောင်ရွက်သွား မယ်လို့ ပါဝါလိုင်း ကုမ္ပဏီပိုင်ရှင်က ပြောသည်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ (MAP) ဖောင်ဒေးရှင်း နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ နစ်နာကြေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ကူညီသွား မည်ဟု ဆိုသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဆက်သွယ်ခဲ့သော်လည်း အခုအချိန် အထိ ဆက်သွယ်၍ မရဘဲဖြစ်နေသည်။

ပါဝါလိုင်းကုမ္ပဏီပိုင်ရှင်က အမြန်ဆုံး သင်္ဂြိုဟ်ဖို့ ဆန္ဒရှိနေပြီး မည်သည့်အဖွဲ့အစည်းကိုမှ တိုင်းကြားတာတွေ မပြုလုပ်ရန် နှစ်ဘက်သဘောတူညီမှုယူပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများကို ပြောဆိုလိုက်သည်။

မြန်မာအသိုင်းအဝိုင်းက သေဆုံးသူ၏ ဆွေးမျိုးသားချင်များနှင့် တွေ့ဆုံပြီးမှ သင်္ဂြိုဟ်နိုင်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် လာမည့် စက်တင်ဘာလ ၂၁ ရက် စနေနေ့တွင် သင်္ဂြိုဟ်မှာ ဖြစ်ပါ သည်။

(ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)


သေဆုံးသူ ကိုရဲထွန်းနိုင်

ပါဝါလိုင်းသူဌေး

သူနင်းရာမှကျိုးကျသွားသော ငြမ်းစင် နင်းပြား

ဝမ်းနည်းစွာဖြင့်  မြန်မာပြည်သားများ သိစေရန်အတွက် တင်ပြပေးလိုက်ပါတယ်ဗျာ
အခု သေဆုံးမူဟာ  ကျနော်တို့ ရှေ တင် အမှန်တကယ်ဖြစ်သွားတာပါ။   အခုချိန်ထိ ပါဝါလိုင်း
ပါဝါလိုင်းကုမ္ပဏီမှ  မည်သို့ ရော်ကြေး ပေးမည်ကိုတော  သေချာမသေးပါဘူး။
ပြီးခဲ့သောလအနည်းငယ်ကလဲ  ပါဝါလိုင်းကုမ္ပဏီ မှ မြန်မာပြည်သားများဟာ လမ်းမပေါ်သိုထွက်ပြီး
ဆန္ဒပြကြသည် အကြောင်းမှာ ရသည်လစား နှင့် အစားစရိတ်မလောက်မူ လစားနည်းသဖြင့်
နောက်တခု ပတ်စပိုစ့်ကြေးပြီးမှ နောက်ထပ်  လစားနည်းပါသည်ဆိုမှ  ထပ်ရ်ျ ဖြတ်တောက်နေကြသည်။
ထိုဆောက်လုပ်ရေးတွင် မြန်မာပြည်သားများမ၊ှာပါဝါလိုင်းကုမ္ပဏီ SINO THAIကုမ္ပဏီ နှစ်ဖွဲ့ ရှိသည် ။ 
ပါဝါလိုင်းကုမ္ပဏီတွင် မြန်မာလုပ်သားမျာ3း00ကျော်နည်းပါးရှိပါသည်
SINO THAIကုမ္ပဏီမှ မြန်မာပြည်သားများ150လောက်ရှိပါသည်။ ကတော  လစားလည်းဝင်ငွေကောင်းပါသည်။
ကိုရဲထွန်းနိုင် ကောင်းရာမွန်ရာသုဂတိရောက်ပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS