RADIO

What is current song?

RSS

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ CENTRAL FESTIVAL (chiangmai) ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာအမြင့်ပေါ်မှမြန်မာလုပ်သား ပြုတ်ကြ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်အနီးရှိ    CENTRAL FESTIVAL (chiangmai)  ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ ယမန်နေ့က အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦး ၆ ထပ်တိုက် အမြင့်ရှိ ငြမ်းပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့သည်။

ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံသား မောင်ရဲထွန်းနိုင်သည် စက်တင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှာ အချိန်ပို ဆင်းနေချိန်အတွင်း ၆ ထပ်တိုက်ပေါ် ငြမ်းတပ်ဆင်နေစဉ် ခြေနင်း သံပြား ကျိုးကြရာမှ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ ပြောပြချက်အရ သိရ သည်။

သေဆုံးသူ မောင်ရဲထွန်းနိုင် အသက် (၂၃)နှစ်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ထိုင်း - မြန်မာ နှစ်နိုင်ငံ အစိုးရ နားလည်မှုစာ ချွန်လွှာ (MOU) ဖြင့်၂၀၁၃ ခုနှစ် အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ပါဝါလိုင်းကုမ္ပဏီမှာ လုပ်ကိုင်နေခြင်း ဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး ပါဝါလိုင်းကုမ္ပဏီက သင်္ဂြိုဟ် စရိတ်ကူညီသွားမှာ ဖြစ်ပြီး နစ်နာ ကြေးအတွက် သေဆုံးသူ၏ မိဘများနှင့် ပြေလည်မူရယူပြီး ဆက်လက်ဆောင်ရွက်သွား မယ်လို့ ပါဝါလိုင်း ကုမ္ပဏီပိုင်ရှင်က ပြောသည်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ (MAP) ဖောင်ဒေးရှင်း နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ နစ်နာကြေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ကူညီသွား မည်ဟု ဆိုသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဆက်သွယ်ခဲ့သော်လည်း အခုအချိန် အထိ ဆက်သွယ်၍ မရဘဲဖြစ်နေသည်။

ပါဝါလိုင်းကုမ္ပဏီပိုင်ရှင်က အမြန်ဆုံး သင်္ဂြိုဟ်ဖို့ ဆန္ဒရှိနေပြီး မည်သည့်အဖွဲ့အစည်းကိုမှ တိုင်းကြားတာတွေ မပြုလုပ်ရန် နှစ်ဘက်သဘောတူညီမှုယူပြီး ဖြေရှင်းသွားမည်ဖြစ်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများကို ပြောဆိုလိုက်သည်။

မြန်မာအသိုင်းအဝိုင်းက သေဆုံးသူ၏ ဆွေးမျိုးသားချင်များနှင့် တွေ့ဆုံပြီးမှ သင်္ဂြိုဟ်နိုင်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် လာမည့် စက်တင်ဘာလ ၂၁ ရက် စနေနေ့တွင် သင်္ဂြိုဟ်မှာ ဖြစ်ပါ သည်။

(ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)


သေဆုံးသူ ကိုရဲထွန်းနိုင်

ပါဝါလိုင်းသူဌေး

သူနင်းရာမှကျိုးကျသွားသော ငြမ်းစင် နင်းပြား

ဝမ်းနည်းစွာဖြင့်  မြန်မာပြည်သားများ သိစေရန်အတွက် တင်ပြပေးလိုက်ပါတယ်ဗျာ
အခု သေဆုံးမူဟာ  ကျနော်တို့ ရှေ တင် အမှန်တကယ်ဖြစ်သွားတာပါ။   အခုချိန်ထိ ပါဝါလိုင်း
ပါဝါလိုင်းကုမ္ပဏီမှ  မည်သို့ ရော်ကြေး ပေးမည်ကိုတော  သေချာမသေးပါဘူး။
ပြီးခဲ့သောလအနည်းငယ်ကလဲ  ပါဝါလိုင်းကုမ္ပဏီ မှ မြန်မာပြည်သားများဟာ လမ်းမပေါ်သိုထွက်ပြီး
ဆန္ဒပြကြသည် အကြောင်းမှာ ရသည်လစား နှင့် အစားစရိတ်မလောက်မူ လစားနည်းသဖြင့်
နောက်တခု ပတ်စပိုစ့်ကြေးပြီးမှ နောက်ထပ်  လစားနည်းပါသည်ဆိုမှ  ထပ်ရ်ျ ဖြတ်တောက်နေကြသည်။
ထိုဆောက်လုပ်ရေးတွင် မြန်မာပြည်သားများမ၊ှာပါဝါလိုင်းကုမ္ပဏီ SINO THAIကုမ္ပဏီ နှစ်ဖွဲ့ ရှိသည် ။ 
ပါဝါလိုင်းကုမ္ပဏီတွင် မြန်မာလုပ်သားမျာ3း00ကျော်နည်းပါးရှိပါသည်
SINO THAIကုမ္ပဏီမှ မြန်မာပြည်သားများ150လောက်ရှိပါသည်။ ကတော  လစားလည်းဝင်ငွေကောင်းပါသည်။
ကိုရဲထွန်းနိုင် ကောင်းရာမွန်ရာသုဂတိရောက်ပါစေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment