RADIO

What is current song?

RSS

အလှူ အငြိမ့်ခွေ ခိုးကူးဖြန့်လို့ လူရွှင်တော် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့က အလှူရှင်ကို တရားစွဲမတဲ့

မျှော်စဉ်ကျွန်းမှာ ဆရာဦးအေးမြင့်၏ အေးမေတ္တာသွေးဆေး ကြော်ငြာရိုက်ကူးစဉ် ခင်လှိုင်နဲ့ ဒိန်းဒေါင် (ဓာတ်ပုံ – Khin Hlaing /

အလှူ အငြိမ့်ခွေ ခိုးကူးဖြန့်လို့ လူရွှင်တော်တွေက အလှူရှင်ကို တရားစွဲမတဲ့

လူရွှင်တော် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့က သူတို့ အငြိမ့်ခွေကို ခိုးကူးဖြန့်တဲ့ မင်္ဂလာဒုံက အလှူရှင်ကို တရားစွဲမယ်လို့ ပြောလာပါတယ်။
မတ်လ ၃၁ ရက်နေ့က မင်္ဂလာဒုံ ဆန်းကြီးဝမှာ ရဟန်းခံရှင်ပြု အလှူပွဲကို အလှူရှင်တွေရဲ့ ဖိတ်ကြားချက်အရ ခင်လှိုင်၊ဒိန်းဒေါင်နဲ့ အနုပညာရှင်တချို့ သွားရောက် ဖျော်ဖြေခဲ့ကြတယ်။ အဲဒီပွဲမှာ ဟာသပြဇာတ်၊ မြန်မာသံ၊ စတေ့ခ်ျရှိုး၊ အငြိမ့် စတဲ့ အစီအစဉ်တွေကို မနက် ၃ နာရီခွဲအထိ တင်ဆက်ခဲ့ကြရာမှာ အလှူရှင်က မှတ်တမ်းခွေကို ကင်မရာ ၂ လုံးနဲ့ ရိုက်ကူးထားပြီး အခွေပြန်ဖြန့်ခဲ့တဲ့အတွက် ခင်လှိုင်နဲ့ ဒိန်းဒေါင်က တရားစွဲဖို့ စီစဉ်လိုက်ကြတာလို့ သိရပါတယ်။
“အခု ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကြည်ကိုလည်း သတင်းပို့ပြီးပြီ။ ကျနော့် ဆီမှာလည်း အဲဒီအခွေ ရောက်နေပြီ။ မီးပွိုင့်တိုင်းမှာ ရောင်းနေတာ။ ခင်လှိုင်၊ ဒိန်းဒေါင် ဟာသခွေ ဆိုပြီးတော့။ ဘယ်လို ပုဒ်မတပ်မလဲတော့ မသိဘူး၊ အနုပညာရှင်မသိဘဲ၊ အခွေအတွက် အနုပညာကြေးလည်း မပေးဘဲ အခွေကိုဖြန့်တယ်။ အနုပညာကြေး လိုချင်လို့ မဟုတ်ဘူး၊ ဒါကျတော့ လူပါးဝတာ ဖြစ်သွားပြီ” လို့ ကိုခင်လှိုင်က ဧရာဝတီကို ပြောပါတယ်။
အဲဒီ အလှူပွဲမှာ ဖျော်ဖြေခဲ့တဲ့ ကိုဒိန်းဒေါင်ကလည်း ဒီအခွေကို ဘယ်သူထုတ်လဲ ဆိုတာ မသိပေမယ့် အလှူရှင် ဆိုလည်း သူတို့ နာမည်ရဖို့၊ ရိုက်ကူးရေး ဆိုလည်း သူတို့ နာမည်ရဖို့ အတွက် အခုလို လုပ်ကြတာ ဖြစ်တဲ့ အကြောင်း ပြောဆိုပါတယ်။
“ကျနော်တို့လည်း ဒါနဲ့ နာမည်ရခဲ့တဲ့ သူပါ။ ဒါပေမယ့် များလာတဲ့ အခါကျတော့ မသိရင် ကိုယ်ပဲ ခိုးကူး လုပ်စားနေသလိုလို၊ ဒါကြောင့် တရားခံ အတိအကျကို သိချင်တယ်။ ပြက်လုံး တလုံးဟာ ရှာဖို့မလွယ်ဘူး။ ကျနော်တို့ ခွင့်ပြုချက်မရဘဲ ကျနော်တို့အခွေကို အခကြေးငွေနဲ့ ရောင်းစားတဲ့ အမှုနဲ့ပဲ စွဲရမှာပေါ့။ ပုဒ်မဘယ်လို တပ်မလဲတော့ မသိသေးဘူး” လို့ ကို ဒိန်းဒေါင်က ဆက်ပြောတယ်။
ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကြည်ကတော့ ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ နှုတ်နဲ့ တိုင်ကြားထားတာ ဖြစ်တဲ့အကြောင်း၊လူကိုယ်တိုင် စာနဲ့ သေသေချာချာ လာတိုင်ဖို့ ချိန်းထားပြီး ဖြစ်တဲ့အကြောင်း၊ သေသေချာချာ ညှိနှိုင်းပြီး လုပ်စရာရှိတာ လုပ်ပေးမယ် ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။
“ဒီလို အလှူပွဲတွေမှာတော့ ဘာမှတ်တမ်းမှ မရိုက်တာ အကောင်းဆုံးပါပဲ။ ရိုက်ရင်တော့ အမှတ်တရ ပြကြမှာပဲ။ ကိုယ့်ဆွေကိုယ့်မျိုး ပြရင်း မသမာသူ လက်ထဲရောက်ရင် ဒီလိုဖြစ်သွားနိုင်တာပေါ့” လို့ သူက ပြောတယ်။
ဟိုတလောကလည်း ဒိန်းဒေါင် ကျောက်ဆည်ပွဲ တပွဲမှာသွားကတာ အဲဒီအခွေလည်း ထွက်သွားတယ်၊ ပြက်လုံးတွေက ပျက်လို့ မရတော့ဘူး ဆိုတဲ့အကြောင်း ကိုခင်လှိုင်ဆီက သိရပါတယ်။
“ကျနော်တို့က ပြက်လုံးအသစ် တခုကို တနှစ်လောက်တော့ လုပ်စားချင်တာပေါ့ကွာ။ ဒီပြက်လုံးက ထွင်ထားတာ တလလောက်ပဲ ရှိသေးတယ်။ သူတို့က ခိုးခွေထွက်လိုက်တော့ ကျနော်တို့ ဘယ်လိုမှ လုပ်စားလို့ မရတော့ဘူး။အရမ်း နစ်နာတယ်။ ပြက်လုံးတခုတခု ရေးရတာ လွယ်တာ မဟုတ်ဘူး၊ ဒီလိုဖြစ်သွားတာ အလှူရှင်က တာဝန်ယူပေးရမှာ။သူတို့က မှတ်တမ်း ရိုက်တယ်ဆိုတော့ မရိုက်ပါနဲ့လို့လည်း ပြောပိုင်ခွင့်မရှိဘူး။ ပြီးတော့ သူတို့က ဘုရားရှိခိုးက စပြီး ပွဲခွင် အစအဆုံးကို ရိုက်ထားတာ။ ဒါ သက်သက် ရည်ရွယ်သလို ဖြစ်သွားပြီ၊ ကင်မရာကလည်း Long Shot တလုံး၊အနီးကပ် တလုံး ရိုက်ထားတာ။ အလှူရှင်ကို လှမ်းမေးပြီးပြီ။ သူတို့တော့ မဖြန့်ဘူး၊ ခင်မင်ရင်းနှီးသူတွေကို ဝေပေးဖို့ အခွေ ၇၀ လောက်ပဲ ကူးထားတာပါတဲ့။ ကိုယ့်အတွက်ပဲ မှတ်တမ်း ထားရမှာလေ။ ဘယ်သူ့ကိုမှ ကူးပေးစရာ အကြောင်းမရှိဘူးလေ” လို့ လူရွှင်တော် ခင်လှိုင်က ပြောပါတယ်။
အဲဒီပွဲကို ကိုချစ်တီးဆိုသူရဲ့ အဆက်အသွယ်နဲ့ ငှားခဲ့ပြီး ကိုချစ်တီးက အလှူရှင်ရဲ့ ဖုန်းနံပါတ်ကို တိုက်ရိုက်မပေးဘူးလို့ ကိုခင်လှိုင်ရဲ့ ဇနီးဆီက သိရတယ်။
ကိုချစ်တီးကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာမှာ “ကျနော်က စင်ကို ပြင်ဆင်ပေးတဲ့သူ၊ အလှူ မင်္ဂလာပွဲ စီစဉ်တဲ့သူ၊ ဒီကိစ္စကို ထပ်သိချင်ရင် အလှူရှင် ဒေါ်ဖက်ဖူးကို သွားမေး၊ ဆန်းကြီးဝ ရပ်ကွက် ရတနာသိင်္ခလမ်းမှာ သွားမေး၊ ဗီဒီယို ရိုက်ကူးရေးကို သွားမေး၊နောက်တခါ ဒီဖုန်းကိုမဆက်ပါနဲ့” လို့ ပြန်ပြောပါတယ်။
ဗီဒီယိုရိုက်ကူးရေးကိုလည်း သူမသိကြောင်းနဲ့ ပွဲကိုငှားပေးတာလည်း သူမဟုတ်ကြောင်း၊ ကိုခင်လှိုင်တို့နဲ့ အလှူရှင်တွေ တိုက်ရိုက်တွေ့ပြီး ငှားတာဖြစ်ကြောင်း ကိုချစ်တီးက ထပ်ပြောတယ်။ ကိုဒိန်းဒေါင်ကတော့ အလှူရှင်ရဲ့ ဖုန်းနံပါတ် သူ့ဆီမှာမရှိတော့ဘူး ဆိုလို့ ဧရာဝတီက အလှူရှင်ဆီ ဆက်သွယ်လို့ မရတော့ပါဘူး။
ကိုဒိန်းဒေါင်ဆိုတာက အလှူ မင်္ဂလာပွဲတွေမှာ ဖျော်ဖြေတာတွေကို ရိုက်ပြီး ခိုးခွေအဖြစ်ဖြန့်တဲ့ ဗီဒီယို အခွေ တွေကနေ ပေါက်ခဲ့တဲ့ လူရွှင်တော် တယောက်လို့ ပြောလို့ရပါတယ်။ သူ စပေါက်ချိန်တုန်းက သူကိုယ်တိုင်ပဲ နာမည် ရအောင် ခိုးကူး ဖြန့်တဲ့ ပုံစံမျိုး သတင်း ထွက်ခဲ့ဖူးပါတယ်။ အခု ဆန်းကြီးဝ ကိစ္စမှာတော့ ကိုဒိန်းဒေါင်က တရားခံကို ဖော်ထုတ်ချင်နေ ပြန်ပါတယ်။
ကိုခင်လှိုင်ကတော့ ဧပြီ ၂၄ ညက ပဲခူးမှာ အငြိမ့် သွားကခဲ့ပြီး လက်ရှိ အနုပညာ အလုပ်အနေနဲ့ ကြော်ငြာ၊ ဗီဒီယို ကားတွေ လက်ခံ ရိုက်ကူးနေတယ်လို့ သိရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မလေးရှားနိုင်ငံမှာနေကြသည့်မြန်မာလူမျိုးများအတွက်သတင်းကောင်းတစ်ခုပေးချင်ပါတယ်။

မလေးရှားနိုင်ငံမှာနေကြသည့်မြန်မာလူမျိုးများအတွက်သတင်းကောင်းတစ်ခုပေးချင်ပါတယ်။ မလေးရှားနိုင်ငံကိုအလည်လာပြီးစာအုပ်သက်တမ်းကုန်တဲ့သူများကိုစာအုပ်သက်တမ်းတိုးပေးပြီး ဖရီးကော်လင်းလုပ်ဆောင်လို့ ရပါပြီး။

မလေးရှားနိုင်ငံမှာနေကြသည့်မြန်မာလူမျိုးများအတွက်သတင်းကောင်းတစ်ခုပေးချင်ပါတယ်။
မလေးရှားနိုင်ငံကိုအလည်လာပြီးစာအုပ်သက်တမ်းကုန်တဲ့သူများကိုစာအုပ်သက်တမ်းတိုးပေးပြီး
ဖရီးကော်လင်းလုပ်ဆောင်လို့ ရပါပြီး။6Pလုပ်ထားသူများပါမစ်မရသေးပါကပါမစ်လုပ်ပေးပါသည်။ပါမစ်သက်တမ်းတိုးချင်တဲ့သူများ
ပါမစ်တိုးပေးပါမည်။အသေးစိတ်သိလိုပါကလူကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါသည်။
ဖုန်း....၀၁၀၄၂၆၃၁၂၂ မနက်၁၀နာရီမှညနေ၅နာရီထိခေါ်ဆိုနိုင်ပါသည်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်းလေးကန်တွင် ရေခန်းခြောက်နေ..

အင်းလေးကန်တွင် ရေခန်းခြောက်နေ..

***********************************************
(24.4.2013)


ရှမ်းပြည်နယ်အင်းလေးကန်တွင် ၂၀၁၀ပြည့်နှစ်က စံချိန်တင် ရေခန်းခြောက်
ဖြစ်စဉ်နီးပါး ရေခန်းခြောက်မှု ဖြစ်ပေါ်ကြောင်း အင်းလေးကန်ဒေသရှိ
ဒေခံများမှ သိရသည်။ “အင်းလေးကန်ဟာ အနိမ့်ဆုံး စိုးရိမ်ရေမှတ်ရဲ့
(အနှုတ်၁ဒဿမ ၄ပေ)အောက်ကို ရောက်ရှိနေပါတယ်။ (ဖောင်တော်ဦး
စေတီကို လှေဝင်ဖို့ ခက်ခဲနေပါပြီ။ ဟဲရွာရွာမ၊ အင်းပေါခုန်ရွာတွေမှာ
ရေခန်းခြောက်နေပြီး လှေဝင်လို့ မရဖြစ်နေပါတယ်။ အင်းပေါ ခုန်အောက်
ဘက်မှာရှိတဲ့ ရွာတွေမှာလည်း ရေခန်းခြောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ညောင်ရွေမြို့ ဟူပင်ဟိုတယ်ဘေးမှာရှိတဲ့ လှေဆိပ်မှာလည်း ရေအမြင့်
တစ်ပေလောက်သာ ရှိပါတော့တယ်။ ဖောင်တော်ဦးစေတီနဲ့ အလိုတော်
ပေါက်စေတီကို သွားတဲ့လမ်းမှာလည်း ရေခန်းခြောက်တဲ့အတွက် အသုံးပြု
ဖို့ခက်ခဲနေပြီ်”ဟု အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၏
တာဝန်ရှိသူ ဦးသာဒိုးက ပြောသည်။အင်းလေးကန် ရေကျမှု နှုန်းတားဆီး
ရန် လီရွာအထက်နားတွင် ဆည်ငယ်လေးခုကို ဆောက်လုပ်ပြီး ရေထိန်းမှု
ကို ပြုလုပ်ထားကြောင်း၊ ထိုဆည်လေးခု ပြုလုပ်ပြီးနောက် ရေခမ်းခြောက်
လျော့နည်းကျဆင်းမှုနှုန်းသည် တစ်နေ့လျှင် လက်မ၀က်အောက်သာ
ရှိကြောင်း၊ဘ ရေကျနှုန်းလျော့သွားသော်လည်း တစ်လအတွင်း မိုးရွာ
သွန်းမှုမရှိပါက ကန်ရေ၏ ရေခန်းခြောက်နှုန်းကို ထိန်းသိမ်းရန် ခက်ခဲမည်
ဖြစ်ကြောင်း၊ အင်းလေးကန်အတွင်းရှိ ရေမှော် ဒိုက်ဆည်မှု လုပ်ငန်းများကို
လုပ်ဆောင်လျှက်ရှိသော်လည်း ရေထိန်းရေးအတွက် အောင်မြင်မှုမရရှိ
သေးကြောင်း သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်နှစ်ကျော်နီးပါးလောက် ပျောက်သွားတဲ့ ခင်ရွှန်းလဲ့ဝေ ဘာတွေလုပ်နေလဲသိချင်လား ဖတ်ကြည့်ပါ




လွန်ခဲ့သော တစ်နှစ်ကျော် နှစ်နှစ် နီးပါးလောက်က ဒေါ်အောင်ဆန်းစုကြည် သမီးပါဆိုသည့်
သတင်းအမှားများထွက်နေသော ခင်ရွှန်းလဲ့ဝေ တစ်ယောက် တစ်နှစ်ကျော် နီးပါးလောက်
ပျောက်သွားပါတယ် အရင်ကလည်း ning.com ဆိုဒ်တွေ တော်တော်များလည်း သုံးပါတယ်
တစ်နှစ်ကျော် နီးပါးလောက် ဆိုဒ်တွေမှာလည်း မရှိတော့တာကိုတွေ့ရပါတယ်
တစ်နှစ်အတွင်း မှာ သူမ နာမည်နဲ့ အချို့သော သူများ က နာမည် ယူသုံးထားသူများလည်းရှိပါတယ်
အခု ခင်ရွှန်းလဲ့ဝေ တစ်ယောက် ဟာ ဗီယက်နမ် နိုင်ငံမှာ အခြေချ နေထိုင်ပြီး
အနုပညာ အလုပ်ကို တစ်စိုင့်မတ်မတ် လုပ်ကိုင်နေပါတယ် အနုပညာ နာမည်က တော့ Lilly Luta
ဒါကတော့ ခင်ရွှန်းလဲ့ဝေ Lilly Luta ဗီယက်နမ်လို အသုံးပြုတဲ့ Facebook အကောင့်ပါ
Lilly Luta (Nguyễn Thị Lượm) ပါ
ဒီအကောင့်ကတော့ မြန်မာပြည်သူလူထုအတွက်မြန်မာလိုသုံးတဲ့ ခင်ရွှန်းလဲ့ဝေ ရဲ့ Facebook ပါLilly Luta (Nguyễn Thị Lượm)
Lilly Luta (Nguyễn Thị Lượm) ခင်ရွှန်းလဲ့ဝေ
Lilly Luta (Nguyễn Thị Lượm) ပုံတွေကြည့်ချင်ရင်
ခင်ရွှန်းလဲ့ဝေ ဟာ ဘာသာစကား ၆ မျိုးနီးပါး တတ်ကျွမ်းထားသူတစ်ဦးလဲ ဖြစ်ပါတယ်
သူ၏ဓာတ်ပုံများကို Google တွင် Lilly Luta နာမည်ဖြင့် ၀င်ရောက်ရှာဖွေနိုင်ပါတယ်
တစ်နှစ်ကျော်ပါးလောက် ပျောက်သွားသော ခင်ရွှန်းလဲ့ဝေ ဟာ ဗီယက်နမ် မော်ဒယ် အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါပြီ
သူမ facebook စတင်ပြန်လည် အသုံးပြုနေပြီး စစသုံးချင်းမှာဘဲ သူမ ဟာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဘယ်လို မှ
မပက်သက်ကြောင်း ရေးသားထားသည်ကိုလည်းတွေ့မြင်ရပါတယ်။
 Myanmar Express မှ ခင်ရွှန်းလဲ့ဝေ နာမည်ယူသုံးကာ အသုံးပြုထားသော ဓတ်ပုံမှာ လည်း
သူမ ၏ ပုံများမဟုတ်ကြောင်းလဲ ရေးသားထားပါသေးသည်။


>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ <br /
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွားပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Google မျက်မှန် (Google Glass) ကို ဂျက်ဘူးအသစ်မှဖွင့်ဖောက်ပြသ (Video)



ကမ္ဘာကျော်အင်တာနက်ကုမ္ပဏီကြီးဖြစ်သည့် Google က မြေပုံစနစ် ၊ လမ်းညွှန်စနစ်များ နှင့်အင်တာနက်မှသတင်းအချက်အလက်ရှာဖွေစနစ်များပါဝင်သော Google Glass ကို အမေရိကန်နိုင်ငံတွင် Google Glass တစ်ခုလျှင် ဒေါ်လာ ၁၅၀၀ နှုန်းဖြင့်စတင်ရောင်းချနေပြီဖြစ်ရာ ၀ယ်ယူရရှိပြီးသူများမှ ယင်း Google Glass မျက်မှန်ကို ဂျက်ဘူးထဲမှာ အသစ်စက်စက်ပါကင်ဖောက်ကြည့်ရှုနေပုံကို ဗီဒီယိုမှတ်တမ်းအနေဖြင့် Online မှာတင်လာကြပါပြီ။ Google မျက်မှန် (Google Glass) ကို ဂျက်ဘူးအသစ်မှဖွင့်ဖောက်ပြသ Video ကိုအောက်မှာကြည့်ရှုပါ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဖုန်းဈေးနှုန်းများ ( Mobile Price)



8.4.2013 မှ 15.4.2013 အထိ ပြည်တွင်းမိုဘိုင်းဖုန်းဈေးနှုန်းများကို Myanmar Mobile App Store (www.myanmarmobileapp.com) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ ဖုန်းဈေးနှုန်းများကို Mobile Guide ဂျာနယ်မှပြန်လည်ကူးယူဖော်ပြထားပါသည်။

Apple


Samsung


HTC


Huawei


Sony


LG

Ref & Credit to Mobile Guide Journal
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရွှေဖြူ မာစီးဒီး(Pure white gold Mercedes Benz

ကားရဲ့ ကိုယ်ထည်တစ်ခုလုံးကို
ရွှေဖြူနဲ့ပြုလုပ်ထားတာပါ၊ရွှေဖြူ စုစုပေါင်းအလေးချိန်
၁၈ ကီလိုရှိပါတယ်၊အင်ဂျင်ပါဝါ ဆလင်ဒါ ဆယ်လုံး V အင်ဂျင်ကိုအသုံးပြုထားပါတယ်၊မြင်းကောင်ရေ ၁၆၀၀ ရှိပါတယ်၊အနိမ့်ဆုံး ၂ စက္ကန့်အောက်ကို ကီလိုမီတာ ၁၀၀ အထိမောင်းနှင်နိုင်မယ့် အချိုန်မြင့်ပြိုင်ကားအမျိုးစားဖြစ်ပါတယ်၊ပိုင်ဆိုင်သူကတော့ ကမ္ဘာ့အချမ်းသာဆုံး စားရင်းဝင် အဘူဒါဘီ ကရေနံသဌေးကြီးပိုင်ဆိုင်တယ်လို့ဆိုပါတယ်၊သာမာန် မာစီးဒီးတောင် ဒေါ်လာသိန်းနဲ့ချီတန်တာဆိုတော့ ရွှေဖြုမာစီးဒီးဆိုရင်တော့.......
Ref:Mercedes
The News Latest Cars
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆားဝက်ခြံ ကြောင့်စိတ်ညစ်နေသော သူငယ်ချင်းများအတွက်

ရိုးရှင်းလွယ်ကူသောနည်းလမ်းများ
၁~သွားတိုက်ဆေးကိုခပ်ပါးပါးလိမ်းပါ။နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ပြီးလျှင် facial form နှင့်မျက်နှာသစ်ပါ။ သွားတိုက်ဆေးနှင့် ဆက်းဝက်ခြံဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ်နှစ်ကြိမ့်ခန့်  အပတ်တိုင်းပြုလုပ်သင့်သည်။
၂~ရေနွေးဖြင့်မျက်နှာသစ်ပါ။ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်းထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင်ရေနွေးဖြင့်မျက်နှာပြန်သစ်ပါ။
၃~ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသောအာနိသင်ကြောင့် ဆားဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများသေသွားခြင်းကြောင့် ဆားဝက်ခြံများလျော့ပါးလာလိမ့်မည်။
၎~သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင်လိမ်းပြီး မနက်မှသာ ရေဖြင့်ဆေးပြစ်ပါ။
၅~ဆန်ကို နွားနို့ ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည်အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံရှိသောနေရာများကို ဆပ်ပြာတိုက်သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာပွတ်တိုက်ပါ။
၆~ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ပြီးလျှင်ရေဆေးပြစ်ပါ။
>>>>ဘယ်သောအခါမှ ကုတ်ခြင်း၊ဆိတ်ခြင်း၊ညှစ်ခြင်းမပြုလုပ်ပါနှင့်။ ဆားဝက်ခြံကိုပိုဆိုးစေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွားစေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန်ပျက်စေသည်။ထို့ ပြင် မမြင်နိုင်သောပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။
အပြစ်ကင်း ချောမောလှပသော မျက်နှာပိုင်ရှင်များဖြစ်ကျပါစေ။
https://www.facebook.com/photo.php?fbid=404949882936182&set=a.3...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရောင်စုံ စာသားလေးနဲ့ GIF ပုံလေးရေးချင်လုပ်ချင်ရင်

မင်္ဂလာပါသူငယ်ချင်းအားလုံး ဒီအောက်ကပုံမျိုးလေးကိုဘယ်လိုလုပ်တာလည်းမေးလာလို့
မသိသေူးများရောသိရအောင်ရေးပေးလိုက်ပါတယ်

Open မှာကလစ်ပြီး မိမိနှစ်သက်ရာပုံ၁ပုံထည့်ပါ

TOOL (သို့မဟုတ်) T ပုံလေးကိုကလစ်ပါ

မိမိထည့်ထားတဲ့ပုံအပေါ်ကိုအခုလေးဆွဲလိုက်ပါ

မိမိနှစ်သက်ရာစာရေးပါ ရေးပြီးရင် အပေါ်မှာကြည့်လိုက်ပါ အနီရောင်ပြထားတဲ့နေရာမှာဖောင့်ပြောင်းပါ
အပြာရောင်ပြထားတဲ့နေရာမှာ ဖောင့်ဆိုဒ်ပြောင်းပါ ပြီးသွားရင် ညာဘက်နားအနီရောင်ဝိုင်းပြထားတဲ့ အမှန်ခြစ်လေးနှိပ်ပါ
နောက် Tool V (သို့မဟုတ်) အနက်ရောင်ပြထားတဲ့နေရာမှာ ကလစ်ပြီး စာကြောင်းလေးမိမိလိုရာဆွဲနိုင်ကြောင်း

စာရေးပြီးသွားပြီဆိုရင် Window ကိုကလစ်ပြီး Animation ကိုရွေးကလစ်ပါ

အောက်နားမှာကြည့်လိုက်ပါတုတ်လေးပြထားတဲ့ဟာလေးကိုကလစ်ပြီးframes 5 ခုလောက်လုပ်လိုက်ပါ

ပထမ နံပါတ်တစ်ကနေစမယ် (1) ကိုကလစ်နှိပ်ပါ(အနီရောင်မျဉ်းပြထားနေရာ)
ပြီးသွားရင်ညာဘက်အောက်နားကတုတ်လေးထောက်ပြထားတဲ့ FX ဆိုတာလေးကလစ်ပါ ဘာ too ညာ tool ပြောတော့ဘူးနော်
ပုံမှာကြည့်လိုက်

FX ဆိုတာကလစ်ပြီးပေါ်လာတဲ့အထဲက storke ကိုကလစ်လိုက်ပါ

ဒီလိုမျိုးပေါ်လာမယ် မိမိကြိုက်ရာအရောင်ရွေးပါ ပြီးရင် OK ပါ


နောက်ထက် FX ကိုကလစ်ပြီး color overlay ကိုရွေးပါ

မိမိနှိစ်သက်ရာ အရောင်ရွေးပါ အပေါ်မှာပြောခဲ့တဲ့အရောင်နဲ့ မတူညီတာကိုရွေးပါ

ဒီလိုပါပဲ feames 1 ကနေ 5 အထိ ကလစ်နှိပ်ပြီး အပေါ်မှာပြခဲ့သလိုအရောင်လေးတွေပြောင်းလိုက်ပါ
ပြီးသွားရင် တုတ်ထောက်ပြထားတဲ့နေရာက်မှာ play ကြည့်လိုက်ပါ

အားလုံးအာလုံး OK သွားပြီးဆိုရင် သိမ်းပါ့မယ်
FILE ကိုကလစ်နှိပ်ပြီး save for& web devices ကိုရွေးကလစ်ပါ

SAVE ပါ အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ GIF ကိုထားပါ

ဖိုင်နာမည်ရေးပြီး SAVE လိုက်ပါပြီးပါပြီ

အကြွင်းအကြံ ရောင်တွေမှိတ်ုတ် မှိတ်တုတ် နေတာမြန်လွန်းရင်  frames တစ်ခြင်းဆီကို မိနစ်ပြောင်းပေးလိုက်ပါ
သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ပါစေ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆရာမျိုးဟန်ကို - 2013, March လ အတွက် ဗေဒင် ဟောစတမ်း


ဆရာမျိုးဟန်ကို - 2013, March လ အတွက် ဗေဒင် ဟောစတမ်း
၁။ တနင်္ဂနွေ သားသမီးများ အတွက် 
ယခုလအတွင်း အလုပ်အကိုင် အဆင်မပြေပဲ ဖြစ်နေမည်။ အလုပ်ထဲတွင် စိတ်ညစ်မှု အနည်းငယ် ရှိနေမည်။ လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောဆိုမှု ကိစ္စများ အဆင်မပြေပါ။ ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ ဝင်ငွေ များသလို ထွက်ငွေလည်း များနေမည်။ ငွေစုမိမည် လက်ဆောင်ပစ္စည်းဝင်မည် စက်စ္စည်း ဝင်မည်။ ထီကံစမ်းပါ။ ခရီးယာယီများ မကြာခဏ ထွက်ရမည်။ နေရာတိုင်းလိုလို စိတ်တိုင်းမကျပဲ စိတ်တိုနေမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ အချစ်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွင်း အချစ်ရေး စန်းပွင့်နေသော အချိန်လေး ဖြစ်ပါသည်။ ယခုလ အိမ်ထောင်ရေးကိစ္စများ စကားများနေရသော နေ့ရက်တွေ များနေမည်။ ကျန်းမာရေးမှာ မျက်စိအားနည်းမည် ၊ ဗိုက်အောင့်မည်။ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် နေအိမ်ဘုရားတွင် ဆွမ်းတော်ကပ် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ ၇ ၆ ၅ ၎

၂။ တနင်္လာ သားသမီးများ အတွက်
ယခုလအတွင်း အလုပ်ကိစ္စများ နေထိုင် မှုကိစ္စများ ပြသာနာများကို ဖြေရှင်းနေရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေသော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီပေးသူ ပေါ်မည်။ ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ မိမိကိုယ်ပိုင် ငွေကြေးများ သာမက သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။ ရသလောက် ကုန်ကျမှု များရှိနေမည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။ ပညာရေး ကံကောင်းပါသည်။ အချစ်ရေး ကိစ္စများ နီးရက်နဲ့ ဝေးနေသလို ခံစားနေရမည်။ မိမိ နှင့် မိမိ ချစ်သူအကြား ပြသာနာမရှိပေမဲ့ သူတစ်ပါးကိစ္စများ အတွက်နဲ့ ပြသာနာ ဖြစ်နေမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေရမည်။ ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ၊ ကျန်းမာရေးညံ့မည်။ ယတြာ = ကံကောင်းစေရန် အတွက် တနလာင်္နေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကိတ်မုန့်(၁၅)စိပ်က်ု နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၉ ၈ ၁ ဝ

၃။ အင်္ဂါ သားသမီးများ အတွက်
ယခုအလတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရာထူးတိုးကိန်း ရှိပါသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။ ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ မိတ်ဆွေများ အတွက်နဲ့ ငွေကုန်ကျမှုများ ရှိပါသည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ယာယီခရီးထွက်ရမည်။ သူငယ်ချင်းများနဲ့ ပြန်လည် ဆုံတွေ့ရမည်။ ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ ဆက်လက်ကြိုးစားပေးပါ။ ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ ချစ်သူနဲ့ နီးရက်နဲ့ ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွက် ကျန်းမာရေးမှာ သွေးထွက်သံယို ကိစ္စများ ၊ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။ ယတြာ = ကံကောင်းစေရန် အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် သစ်သီး ၃ မျိုးကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၆ ၅ ၄ ၃

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
ယခုလအတွင်း မျှော်လင့်ချက်တွေ တစ်ပိုင်းတစ်စ အောင်မြင်မှု ရရှိမည်။ အိမ်နေရာ ပြောင်းရွှေ့မှုများ ရှိပါသည်။ ညအိပ်ညနေ ခရီးသွားရမည်။ အလုပ်အကိုင်အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ အများကြီး မဟုတ်ရင်တောင် မိမိ အတွက် အဆင်ပြေပါသည်။ ငွေကြေးကိစ္စများ အတွက် ကူညီသူ ပေါ်လာမည်။ ပညာရေးမှာ ကြိုးစား နေရဆဲပါပဲ။ စက်ပစ္စည်းများ ဝင်မည်။ မိသားစု ညီအစ်ကိုမောင်နှမ အတွင်း မင်္ဂလာကိစ္စများ ပေါ်မည်။ အချစ်ရေးမှာ ပြေလိုက် မပြေလိုက်ပါပဲ။ ဒီကြားထဲ မျက်နှာပွင့်လန်း နေမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်နှင့် ခွဲခွာနေမည်။ ဒီလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ဒူရင်းသီး ကပ်လှူ၍လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၂ ၃ ၄ ၆

၅။ ကြာသပတေး သားသမီးများ အတွက်
ယခုလအတွင်း အကူအညီပေးသူ ပေါ်မည်။ လုပ်ငန်းကိစ္စများ အကုန်လုံး အဆင်မပြေပေမဲ့ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လုပ်ငန်းကိစ္စများ နေရာတိုင်ခင်းကိစ္စများ ပြောင်းရွေ့မှု ရှိသော်လည်း အဆင်ပြေနေမည်။ ဒီလအတွင်းမှာ မိမိကို ကူညီသော်လည်း မိမိအား စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ စကားများရကိန်း မရှိပေမဲ့ အနည်းတော့ စိတ်ညစ်နေမည်။ ငွေကြေးများ ရသလောက် ကုန်နေမည်။ ငွေကြေး ကူညီပေးသူရှိပါသည်။ အဖတ်မတင်ပါ။ ရသလောက် ကုန်ကျမှုများ ရှိပါသည်။ ဒီလအတွင်းမှာ သွားလာမှု ကိစ္စများနေမည်။ အငြိမ်မနေရပါ။ ခရီးယာယီကိစ္စများ အမြဲသွားလာနေရမည်။ ပညာရေးမှာ ကံညံ့နေသော အချိန်လေးပါ။ ဒီလအတွင်း အချစ်ရေးမှာ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ ပြသာနာ ကြီးကြီးမားမား မရှိပေမဲ့ စကားများရနေမည်။ ခဏ ယာယီ ခွဲခွာရမည်။ အိမ်ထောင်ရေး အဆင်ပြေပါသည်။ စကားပြောဆိုမှုများလည်း အောင်မြင်ပါသည်။ ကျန်းမာရေး အိပ်ရေးပျက်ခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ဖရဲသီး ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၅ ၀ ၃ ၂

၆။ သောကြာ သားသမီးများ အတွက်
ယခုလ အတွင်း စိတ်ကူး မျှော်လင့်ချက်များ တစ်ပိုင်းတစ်စ အောင်မြင်မှု ရရှိမည်။ အိမ်နေရာ ပြောင်းရွှေ့မှုများ ရှိပါသည်။ ညအိပ်ညနေ ခရီးသွားရမည်။ အလုပ်အကိုင် အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ အများကြီး မဟုတ်ရင်တောင် မိမိ အတွက် အဆင်ပြေပါသည်။ ငွေကြေးကိစ္စများ အတွက် ကူညီသူ ပေါ်လာမည်။ ပညာရေးမှာ ကြိုးစား နေရဆဲပါပဲ။ သူတစ်ပါးကိစ္စများ ကြားဝင် ဖြေရှင်းပေးခြင်း ရှောင်ပါ။ မိသားစု ညီအစ်ကို မောင်နှမ အတွင်း ထီပေါက်မည်။ အချစ်ရေးမှာ ပြေလိုက် မပြေလိုက်ပါပဲ။ ဒီကြားထဲ မျက်နှာပွင့်လန်း နေမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက် နှင့် ခွဲခွာနေမည်။ ဒီလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ အရက်သောက်ခြင်းကို ယာယီရှောင်ပါ။ ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ် နေအိမ်ဘုရားတွင် လိမ္မော်သီး ၆လုံး ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၈ ၀ ၂ ၁

၇။ စနေသား သမီးများ အတွက်
ယခုလ အတွင်း ရည်မှန်းချက်များ ပုံမှန်လေး အဆင်ပြေ နေသောအချိန်လေး ဖြစ်ပါသည်။ အလုပ်ကိစ္စများ စိတ်ပူစရာ မရှိပါ အဆင်ပြေနေမည်။ စီးပွားရေး ငွေကြေးကိစ္စများ ပုံမှန်လေး အဆင်ပြေလည်ပတ် နေမည်။ ငွေကြေးများ စုမိသောအချိန်လေး ဖြစ်ပါသည်။ ငွေကြေးကိစ္စများ ဂရုစိုက်ပါ။ ခရီးယာယီများ သွားလာမှု များနေမည်။ မိမိ မိသားစု အတွင်း နေရာထိုင်ခင်း ပြောင်းရွှေ့မှုများ ဖြစ်ပေါ်မည်။ ပညာရေး ကြိုးစားရမဲ့ အချိန်လေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေမည်။ ပြသာနာ ဖြစ်နေ သော်လည်း ပြန်လည် အဆင်ပြေလာမည်။ အိမ်ထောင်ရေးမှာ ကြည်နူးနေမဲ့ အချိန်ဖြစ်သည်။ ယခုလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ၊ အကြောတက်ခြင်း ဖြစ်မည်။ ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဇီးသီး ၂၁ လုံးကို မိမိ နေအိမ်ဘုရားတွင် ကပ်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများ ။ ။ ၅ ၀ ၆ ၇
(အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ ၊ ဖုန်း- ၀၁၇ ၂၂၆၀ ၇၁၅ ) ယခုလအတွင်း မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရီစရာ သီချင်း ဟာသ လေးတွေပါ

အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး.......
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ .......

စိုးစနာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

Lဆိုင်းဇီ လာချင်ရင် အနီးလေး....ကြိုမယ်ရှင့်.....
မျိုးကြီး မလာပါနဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်...
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ.....

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့............
NO နောက်တစ်ယောက်နဲ့ ချစ်မှာပဲ.......
Cobra.. ငါလေမင်းနဲ့ဝေး အချိန်တိုလေးအတွင်းမှာ မင်းက နောက်တစ်ယောက်ထပ်ရသွားပြီ

အငဲ ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား......
စိုးစနာထွန်း မနှောင်းသေးပါဘူး...မဟောင်းသေးပါဘူး အချစ်ရေ.....

Lဆိုင်းဇီ ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
ဝိုင်ဝိုင်း တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

ထွန်းအိနြာဗို ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်......
ဗဒင် မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

ဗဒင် လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
တင့်တင့်ထွန်း နမ်းပါ နမ်းပါ နမ်းပါ..... ....

ဖြိုးကြီး ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
တင့်တင့်ထွန်း ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

ထူးအိမ်သင် မေ့လိုက်တော့ အချစ်လေးရေ............
ဖြူဖြူကျော်သိန်း ငါတော့ မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

လွှမ်းမိုး စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
မေဆွိ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

စည်သူလွင် အချစ်ရေ ......ကိုယ့်ကြောင့်........
ခင်ဖုန်း မင်းကြောင့် မင်းကြောင့် ပါနော်.......
(ခင်ဖုန်းရေ သူ့ကြောင့်ပါတဲ့ ၀န်ခံနေတာ ခွင့်လွှတ်လိုက်ပါ)


သီရိဆွေ နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
ရွှေပြည်တန်သိန်းဇော် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

စနရားလှထွတ် အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
မေဆွိ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ.........
(ဘာလို့ အိပ်မပျော်ကြတာလဲ ဘောပွဲတွေ ကြည့်ကြတယ် ထင်ပါရဲ့)


သုမောင် စစ်ကိုင်းတောင်ကို အရောက်သွားလို့ ...တရားရှာမလေ .......
မေဆွိ ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်......ကိုကိုနော် နော် နော့်.....
(အော် ........တရားလည်း ဖြောင့်ဖြောင့် မရှာရပါလား)


ဖိုးသောကြာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း
ပြောကြပါစေကွယ်...

သျှားအိဘိုဘိုဟန် အဖေအမေတွေက ပြောတာလား...အကိုမောင်တွေက
ပြောတာလား.........


ဇော်ဝင်းထွဋ် ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း
မသက်သာဘူးဟေ့.......

မေခလာ ဇွတ်ချစ်မယ်ဟေ့...... ဇွတ်ချစ်တတ်တာ ငါပဲ........
(မမမေခလာရယ် ဟိုက နေမကောင်းပါဘူးဆိုနေမှ ဇွတ်)


ပန်းအိဖြူ စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ......
စိုင်းစိုင်း ရေအိုးလေးလှုပ်ပါဟေ့ ...အိုးလေး လှုပ်ပါဟေ့....

ကဗျာဘွဲ့မှူး ကိုကိုယောင်္ကျားမဟုတ်ဘူး......................................
တွံတေးသိန်းတန် မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.......
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"မိန်းမသားတို့ရဲ့ သီးသန့်ဆင်းရဲ(၅)ပါး"

"မိန်းမသားတို့ရဲ့ သီးသန့်ဆင်းရဲ(၅)ပါး"

ဇာတိဒုက္ခသဘောကို ဗုဒ္ဓဟောကြားခဲ့သော်လည်းစင်စစ်၊ဇာတိ-ပဋိသန္ဓေနေခြင်းကားဒုက္ခမဟုတ်၊ပဋိသန္ဓေနေမှုအကြောင်း
ကြောင့်ဖြစ်ပေါ်လာသည့် ကာယိကဒုက္ခ၊စေတသိကဒုက္ခတို့ကိုထောက်ရှုလျက်သာ"ဒုက္ခ"ဟူ၍ဟောကြားတော်မူ၏။
ပဋိသန္ဓေနေခြင်းသည် အဘယ်ဒုက္ခ၏အကြောင်းဖြစ်သနည်းဟုဆိုပါလျှင်"ဥပရိပဏ္ဏာသ-ဗာလာပဏ္ဍိတသုတ်"တွင်ဗုဒ္ဓ
မြတ်စွာဘုရားရှင် သည်ဟောကြားတော်မူခဲ့ပါသည်။

ဇာတိကိုအကြောင်းပြု၍သတ္တ၀ါများတွေ့ကြုံခံစားရသောဒုက္ခ(၇)ပါးရှိပါသည်။
ယင်းတို့မှာ-

(၁)ဂဗ္ဘောက္ကန္တိမူလက ဒုက္ခ
(၂)ပဗ္ဘပရိဟရဏမူလကဒုက္ခ
(၃)ဂဗ္ဘုဝိပတတ္တိမူလကဒုက္ခ
(၄)၀ိဇာယနမူလကဒုက္ခ
(၅)ဗဟိနိက္ခမနမူလကဒုက္ခ
(၆)အတ္တူပက္ကမမူလကဒုက္ခ
(၇)ပရူပက္ကမမူလကဒုက္ခ ဟူ၍ ဒုက္ခ(၇)ပါးပင်ဖြစ်ပါ၏။

(နောင် အလျဉ်းသင့်လျှင် ထို ဒုက္ခ(၇)မျိုးအကြောင်းအသေးစိတ်အကျယ် တင်ပြပါမည်)
ယခု ကျွန်တော် ဦးစွာတင်ပြလိုသည်မှာ "မိန်းမသားတို့၏ သီးသန့်ဆင်းရဲ(၅)ပါး"အကြောင်းဖြစ်ပါသည်။
"သီးသန့်"ဆိုသည့်အဓိပ္ပါယ်က"အခြားမည်သည့်အရာနှင့်မျှမဆက်ဆံမရောနှောဘဲတစ်သီးတစ်သန့်ဖြစ်သည်"ဟုယူသော်ရ
မည်ထင်ပါသည်။
ပါဠိတော်တွင်"အာဝေဏိက"ဟုသုံးနှုံးပါသည်။သီးသန့်(၀ါ) သီးခြား ဖြစ်၏။"အာဝေဏိကဒုက္ခ"ဆိုသည်"သီးသန့်ဆင်းရဲ"ဟု
အဓိပ္ပါယ်ထွက်မည်ဖြစ်သည်။

ထို "အာဝေဏိကဒုက္ခ" ကိုယောက်ျားများမခံစားရပါ။ မိန်းမသားများသာ သီးသန့်ခံစားရပါသည်။
ထိုအကြောင်းအရာအပြည့်အစုံကို"သံယုတ္တနိကာယ်၊မာတုဂါမသံယုတ်၊အာဝေဏိကသုတ္တန်"တွင်လေ့လာနိုင်ပါသည်။
"ဗုဒ္ဓမြတ်စွာဘုရားရှင်" "သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်း"တွင်သတင်းသုံးတော်မူခိုက် ရဟန်းတော်များကိုကရုဏာ၊ပညာ
နှစ်ဖြာရှေးရှုပြီး ဟောကြားခဲ့သည့် ဒေသနာဖြစ်ပါသည်။(ဘုရားဟော စစ်စစ်ဖြစ်ပါသည်)

ထို အမျိုးသမီးများ သီးသန့်ခံစားရသည့် ဆင်းရဲ(၅)မျိုးဟူသည်-
(၁)လောကတွင် အမျိုးသမီးသည် ငယ်ငယ်ရွယ်ရွယ်နှင့် လင်ယောက်ျားအိမ်သို့လိုက်ရသည်။ဆွေမျိုး၊မိဘများနှင့်ခွဲခွာနေရ
သည်။ဤသည်မှာ ပထမ ဆင်းရဲ ဖြစ်ပါ၏။

(၂)နောက်တစ်မျိုးမှာ "ဥတု"လာရခြင်းဖြစ်ပါသည်။ဒုတိယမြောက် သီးသန့် ဆင်းရဲဖြစ်ပါသည်။
(၃)တတိယမြောက်အျမိုးသမီးများ၏သီးသန့်ဆင်းရဲမှာ "ကိုယ်ဝန်ဆောင်ရခြင်း"ဖြစ်ပါ၏။
(၄)စတုတ္ထမြောက်သီးသန့်ဆင်းရဲမှာ"သားဖွားရခြင်း"ဖြစ်၏။
(၅)ပဉ္စမမြောက်ဆင်းရဲမှာကား လင်ယောက်ျား၏အလုပ်အကျွေးဘ၀တွင်နေရခြင်း၊လင်ယောက်ျားကိုပြုစုရခြင်းပင်ဖြစ်ပါ၏။
"အမျိုးသမီးတွေရဲ့ သီးသန့်ဆင်းရဲ(၅)မျိုး သိရတော့ ဘာဖြစ်သလဲ။ဘာထူး လာမှာမို့လို့လဲ" ဟု မေးစရာရှိပါသည်။
အချို့အချို့သော ယောက်ျားသားများသည် မိန်းမသားများကို မညှာတာတတ်ကြ။ရိုက်လား၊ပုတ်လား၊လုပ်ပါ၏။
ဆဲဆိုကြိမ်းမောင်း၏။စိတ်ဆင်းရဲစေသည့်စကားလုံးများနှင့်ထိုးနှက်တတ်ပေ၏။

ထိုသို့ပြုလုပ်ခြင်းသည် လူမဆန်ခြင်း၊ယုတ်မာခြင်းဖြစ်ကြောင်း"၀သလသုတ်ပါဠိတော်"နှင့်၎င်းအဋ္ဌကထာ၊တွင်လာ၏။
"ပုတ္တဒါရဿသင်္ဂဟ မင်္ဂလာ"အရ မိမိသားမယားအား ထောက်ပံသည့်နေရာတွင်-
၁။ဒါန=ပေးကမ်းခြင်း။
၂။ပေယျဝဇ္ဇ=ချစ်ဖွယ်သောစကားပြောကြားခြင်း။
၃။သမာနတ္တတာ=ကိုယ်နှင့်ထပ်တူ ပြုကျင့်ဆက်ဆံခြင်း
ဟူသော "သင်္ဂဟတရား(၄)ပါး"နှင့်အညီဆောင်ရွက်ရခြင်းဖြစ်သ
ဖြင့်မညှာမတာရိုက်ပုတ်ဆဲဆို၊စိတ်ဆင်းရဲအောင်ပြုခြင်းသည်"မင်္ဂလာ"မရှိတော့ခြင်းမည်ပါသည်။မင်္ဂလာမဲ့ကျက်သရေတုံး
သောယောက်ျားဘ၀သို့ ရောက်ရှိသွားမည်ဖြစ်၏။

ထို့ကြောင့် ယောက်ျားတိုင်း နှလုံးသွင်း ဆင်ခြင်နိုင်ဖို့မှာ-
"သြော်-မိန်းမသားဆိုတာ ငါတို့ထက်ပိုပြီး ဆင်းရဲဒုက္ခခံစားကြရတာရှာတာပဲ။ငါတို့ ညှာတာမှဖြစ်မယ်"ဟူသောအချက်ပင်
ဖြစ်ပါ၏။ ယင်းကို ထပ်ခါထပ်ခါ နှလုံးသွင်းဆင်ခြင်လျှင် ရိုက်ချင်၊ပုတ်ချင်၊ဆဲဆိုချင်စိတ်များလျော့ပါးကာ မေတ္တာစိတ်များ
တိုးပွားလာပါမည်။

"သပြေကန်ဆရာတော်ဘုရားကြီး"က "သင်္ဂဟတရားလေးပါး"ကို လင်္ကာ လေးဖြင့်-
ပေးကမ်းတစ်သွယ်
ချစ်ဖွယ်ဆိုရိုး
အကျိုးကိုကျင့်
ကိုယ်နှင့်တူထား
ဤလေးပါး
တရားသင်္ဂဟတည်း
-ဟု ဖွဲ့ဆိုပေးထား၏။
"သင်္ဂဟလေးပါး"နှင့်လည်း အညီ၊သမ္မာအာဇီဝလည်းကျကျ၊သားမယားကိုလုပ်ကျွေးပြုစုပါလျှင်"သိကြားမင်း"ကတောင်မှ
ရှိခိုးရကြောင်း"သက္ကသံယုတ်၊ဂဟဋ္ဌ၀န္ဒနာသုတ္တန်"တွင်ပါရှိပါသည်။

အနည်းငယ် အကျဉ်းချုံး တင်ပြပါမည်။
ဂဟဋ္ဌ၀န္ဒနာသုတ္တန်
"ဗုဒ္ဓမြတ်စွာဘုရား" "သာဝတ္တိ"တွင်ဟောကြားတော်မူခဲ့ခြင်းပင်ဖြစ်ပါသည်။
နတ်များကိုအစိုးရသော"သိကြားမင်း"သည်သိန္ဓောမြင်းတစ်ထောင် ကသည့် ဝေဇယန္တာရထားကြီးစီး၍ ဥယာဉ်တော်သို့
ထွက်တိုင်း အရပ်လေးမျက်နှာကိုလက်အုပ်ချီကန်တော့လေ့ရှိပါသည်။

ထိုသို့ကန်တော့ခြင်းကို "မာတလိနတ်သား"ကမြင်သောအခါ-

"နတ်တို့သေဋ္ဌ်နင်း သိကြားမင်း-
အသင်နတ်မင်းကြီးအား ဘုမ္မစိုး၊ရုက္ခစိုး စသောနတ်တို့နှင့်တကွ စတုမဟာရာဇ်၊တာဝတိံသာစသောနတ်တို့က ရှိခိုးရပါ
သည်၊ အသင် သိကြားမင်း က အဘယ်သူ့ ကိုရှိခိုးပါသလဲ "
ဟုမေးသောအခါ-

"သိကြားမင်း" က-
"မာတလိ-
အဟဉ္စ=ငါသည်ကား
သီလသမ္ပန္နေ=သီလနှင်ပြည့်စုံကြကုန်သော
စိရရတ္တသမာဟိတေ=ညဥ့်နေ့တို့ကာလပတ်လုံး၌ တည်ကြည်သောစိတ် ရှိကြကုန်သသော
သမာပဗ္ဗဇိတ=ကောင်းစွာရဟန်းအဖြစ်သို့ရောက်ကြကုန်သော
ဗြဟ္မစရိယပရာယနေ=မြတ်သောအကျင့်ကိုကျင့်လေ့ရှိကုန်သောအရှင်မြတ်တို့ကို
ဝန္နေ=ရှိခိုးပါ၏

ယေဂဟဋ္ဌာ=အကြင်အိမ်၌နေသူ လူဝတ်ကြောင်တို့သည်
ပုညကာရာ=ကောင်းမှုကုသိုလ်ပြုလုပ်ကြကုန်၏
သီလ၀န္တော=အကျင့်သီလနှင့်ပြည့်စုံကြ၏
ဥပသကာ=ရတနာသုံးပါးကိုလည်းကိုးကွယ်ဆည်းကပ်တတ်ကုန်၏။
ဓမ္မေန=တရားသဖြင့်
ဒါရံ=သားမယားကို
ပေါသေန္တိ=ပြုစုလုပ်ကျွေးတတ်ကုန်၏
တေ=ထို လူသားတို့ကို
နမဿမိ=ရှိခိုးပါ၏။"
ဟု ပါဠိတော်တွင်ပါဝင်ပါသည်။အမျိုးသားများမှတ်သားနိုင်ရန်ဖြစ်ပါသည်။

အမျိုးသမီးများကလည်း အလျော့ပေးတိုင်းကိုယ့်အမျိုးသားအပေါ်အနိုင်မယူချင်ရပါ။
ယောက်ကျားအာအနိုင်ကျင့်စော်ကားလျှင်သော်ကား"ငရဲ"ကျတတ်ပါ၏။နောက်တစ်ဖန်လူပြန်ဖြစ်ခွင့်ရလျှင်လည်း "မိန်းမ"
သာလျှင် ထပ်ဖြစ်ပါသည်။

အမျိုးသားယောက်ျားအား-
"အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ
အိမ်သူကျင့်အပ်စွာ"
ဆိုသည့်အတိုင်း လိမ္မာယဉ်ကျေး၊ပျော့ပျောင်းချိုသာစွာဆက်ဆံလျှင် ကုသိုလ်ရပါ၏။
ငရဲမကျသည့်အပြင် နောက်ဘ၀တွင် ယောက်ျားဆုပန်၍လားရပါသည်။
ယောက်ျားဖြစ်လျှင်-
အမျိုးသမီးတို့၏သီးသန့်ဆင်းရဲ(၅)မျိုးမှ လွတ်ပြီပေါ့။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS