RADIO

What is current song?

RSS

အင်းလေးကန်တွင် ရေခန်းခြောက်နေ..

အင်းလေးကန်တွင် ရေခန်းခြောက်နေ..

***********************************************
(24.4.2013)


ရှမ်းပြည်နယ်အင်းလေးကန်တွင် ၂၀၁၀ပြည့်နှစ်က စံချိန်တင် ရေခန်းခြောက်
ဖြစ်စဉ်နီးပါး ရေခန်းခြောက်မှု ဖြစ်ပေါ်ကြောင်း အင်းလေးကန်ဒေသရှိ
ဒေခံများမှ သိရသည်။ “အင်းလေးကန်ဟာ အနိမ့်ဆုံး စိုးရိမ်ရေမှတ်ရဲ့
(အနှုတ်၁ဒဿမ ၄ပေ)အောက်ကို ရောက်ရှိနေပါတယ်။ (ဖောင်တော်ဦး
စေတီကို လှေဝင်ဖို့ ခက်ခဲနေပါပြီ။ ဟဲရွာရွာမ၊ အင်းပေါခုန်ရွာတွေမှာ
ရေခန်းခြောက်နေပြီး လှေဝင်လို့ မရဖြစ်နေပါတယ်။ အင်းပေါ ခုန်အောက်
ဘက်မှာရှိတဲ့ ရွာတွေမှာလည်း ရေခန်းခြောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ညောင်ရွေမြို့ ဟူပင်ဟိုတယ်ဘေးမှာရှိတဲ့ လှေဆိပ်မှာလည်း ရေအမြင့်
တစ်ပေလောက်သာ ရှိပါတော့တယ်။ ဖောင်တော်ဦးစေတီနဲ့ အလိုတော်
ပေါက်စေတီကို သွားတဲ့လမ်းမှာလည်း ရေခန်းခြောက်တဲ့အတွက် အသုံးပြု
ဖို့ခက်ခဲနေပြီ်”ဟု အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၏
တာဝန်ရှိသူ ဦးသာဒိုးက ပြောသည်။အင်းလေးကန် ရေကျမှု နှုန်းတားဆီး
ရန် လီရွာအထက်နားတွင် ဆည်ငယ်လေးခုကို ဆောက်လုပ်ပြီး ရေထိန်းမှု
ကို ပြုလုပ်ထားကြောင်း၊ ထိုဆည်လေးခု ပြုလုပ်ပြီးနောက် ရေခမ်းခြောက်
လျော့နည်းကျဆင်းမှုနှုန်းသည် တစ်နေ့လျှင် လက်မ၀က်အောက်သာ
ရှိကြောင်း၊ဘ ရေကျနှုန်းလျော့သွားသော်လည်း တစ်လအတွင်း မိုးရွာ
သွန်းမှုမရှိပါက ကန်ရေ၏ ရေခန်းခြောက်နှုန်းကို ထိန်းသိမ်းရန် ခက်ခဲမည်
ဖြစ်ကြောင်း၊ အင်းလေးကန်အတွင်းရှိ ရေမှော် ဒိုက်ဆည်မှု လုပ်ငန်းများကို
လုပ်ဆောင်လျှက်ရှိသော်လည်း ရေထိန်းရေးအတွက် အောင်မြင်မှုမရရှိ
သေးကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment