RADIO

What is current song?

RSS

အရက်နဲ. စိမ်သောက်တဲ.မြွေက ပြန်ကိုက်

မြွေကို အရက်နဲ့ စိမ်သောက်တာက ကျန်းမာရေး အတွက် အကျိုးရှိ တယ်လို့ ယူဆ ကြပါတယ်။ တကယ် လို့ အဲ့စိမ်ထား တဲ့ မြွေက အသက် ပြန်ရှင်လာပြီး ထပေါက် တာမျိုးက တရုတ်ပြည်မှာ တကယ် ဖြစ်ခဲ့ပါတယ်။
Shejiu ဆိုတာ ရိုးရာအရက် တစ်မျိုး ဖြစ်ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေများကို အရက်နှင့် စိမ်ထားခြင်း ဖြစ်ပြီး Baijiu နဲ့လည်း တူပါတယ်။
အဆိပ်ပြင်း မြွေများကို သဘာဝ အတိုင်း အရက်နဲ့ စိမ်ထားပြီး သောက်တာ က ခန္ဓာကိုယ်အား အညောင်းညာ ပြေစေခြင်း၊ ကိုယ်ခံစွမ်းအား တိုးပွားခြင်း နဲ့အခြား ကိုယ်တွင်း ရောဂါများပါ ပျောက်ကင်း စေတယ်လို့ ပြောကြ ပါတယ်။
ကျန်းမာရေး အတွက် ခွန်အား ဖြစ်စေတဲ့ အရက် တစ်မျိုး အနေနဲ့ အာရှမှာ မြွေအရက်စိမ်ကို ဒေသတိုင်း လိုလို သောက်သုံး ကြပါတယ်။ လူတိုင်း သောက်နေကျ ပါပဲ။
ဖြစ်ချင် တော့လည်း တရုတ်ပြည် အရှေ့ မြောက်ပိုင်း မြို့လေး တစ်မြို့မှ အမျိုးသမီး တစ်ယောက်ဟာ ဆေးရုံက ဆင်းလာ ပြီးနောက် ၃လကြာ ရှိပြီ ဖြစ်တဲ့ မြွေစိမ် ထားတဲ့ အရက်ကို သောက်လိုက် ရာမှာ ပုလင်း ထဲက မြွေကထပြီး ကိုက်လိုက် ပါတယ်။ အတော့်ကို ကံမကောင်း တာပါပဲ။
Harbin မြို့လေးမှ အမျိုးသမီးက ရာသီဥတု အပြောင်းအလဲ တိုင်းမှာ အဆစ် အမြစ်ကိုက် ရောဂါ ဝေဒနာကို ခံစားနေရလို့ Shejiu ကိုသောက် သုံးရင် ပျောက်ကင်း တယ်လို့ သူငယ်ချင်း တစ်ယောက်က အကြံပေးတဲ့ အတိုင်း သောက်ဖြစ် ပါတယ်။
အဲ့ဒီ မြွေပွေး စိမ်ထားတဲ့ ပုလင်းကို အောက်ခြေထိ ကုန်အောင် သူမက အရက်ကို သောက်လိုက် ပါတယ်။ သောက်လိုက် တော့ သူမ ဝေဒနာ တွေက ချက်ချင်း ပျောက်သွား သလိုပါပဲ။ ဒါကြောင့် ပုလင်းထဲကို အရက် ထပ်ဖြည့်ဖို့ အစို့ကို ဖွင့်လိုက် ပါတယ်။
သူမအဖုံး ဖွင့်လိုက်တာနဲ့ မြွေပွေးက အသက် ရှင်လာပြီး တွန့်လိမ်ကာ အမောက် ထောင်ပြီး ပုလင်းအပြင်ကို ထွက်လာ ပါတယ်။ သူမ ပုလင်းကို ခါထုတ် လွှတ်မပစ် နိုင်ခင်မှာပဲ မြွေပွေးက သူမ လက်ချောင်း လေးကို ကိုက်လိုက် ပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်တာကို ကြားကြားခြင်း သူမ မိသားစုက သူမကို အလျင်အမြန် ကူညီပြီး ဆေးရုံကို ပို့ဆောင် ပါတယ်။
Sheiju ကိုမသောက်ရင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ခုတော့ မြွေကိုက် တာကြောင့် ဆေးရုံကို ရောက်ရ ပြန်ပါပြီလို့ သူမက လက်က ပတ်တီးကို ကြည့်ရင်း ပြောကြား ခဲ့ပါတယ်။
အံ့အားသင့် စရာပါပဲ။ ဒါမျိုး အဖြစ်က ကြုံတောင့် ကြုံခဲပါ။ မြွေပွေးက ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) နဲ့နှလုံး ခုန်နှုန်းကို ခဏရပ်တန့် ထားပြီး hibernation ဖြစ်စဉ်နဲ့ ငြိမ်နေ ခဲ့တာပါ။မြွေတွေက ဒီလို စိမ်ထားပေမယ့် လေမလုံတဲ့ အခြေအနေမျိုးမှာ အကြာကြီး ပိတ်လှောင် ထားတာတောင် သူတို့ အသက်ရှင် နေနိုင်တယ် ဆိုတဲ့ ထူးခြား ဖြစ်စဉ်ကို မြင်တွေ့ ရမှာပါ။ ဒါက ပထမဆုံး ဖြစ်စဉ်တော့ မဟုတ်ပါဘူး။၂၀၀၉ တုန်းကလည်း ၂လကြာ စိမ်ထားတဲ့ မြွေက ထပေါက်တာမျိုး ဖြစ်ခဲ့ ပါသေးတယ်။ အာဏာပိုင်များက Harbin မြို့အနီးအနား မှာရှိတဲ့ ကျေးရွာ များကို မြွှေပွေးနဲ့ အရက်စိမ် ထားခြင်းကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ပြဿနာကို သတိထားဖို့ အရေးပေါ် သတိပေး ကြေငြာခဲ့ ပါတယ်။
Myanmar Youth Media Club

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment