RADIO

What is current song?

RSS

LOCAL CALL(အူတက်အောင်ရီရသောဟာသ)


သက္ကရာဇစ် ၂၀၉၉ ခုနှစ်ငရဲပြည်မှာပေါ့ကွယ်...အိုစမာဘင်လာဒင်။ဆာဒမ်ဟူစိန်။ဟစ်တလာ။
ဂဒါဖီနဲ့ မြန်မာပြည်ကို ၁၉၈၈ နောက်ပိုင်း ချောက်ထဲကျမှာစိုး၍ ကယ်တင်ခဲ့သူဆိုလား...ဗိုလ်ချုပ်မှူးကြီးဆိုသူ တစ်ဦးလဲရောက်နေပါတယ်။
တနေ့....ငရဲမင်းကသူတို့ ကို နဲနဲသနားသွားလို့ ..
.
ဟေ့..ဟိုကောင်တွေ...
မင်းတို့ အိမ်ကိုPh ခေါ်ချင်သလား....
ကြိုက်သလောက်ပြောကြ ...ပီးရင်ကျသလောက်ရှင်း......ဆိုပီး ဖုန်းဆက်ခွင့်ပေး.လိုက်တယ်...
အိုစမာကစပြီးသူ့ မိန်းမတွေစီဖုန်းဆက်တယ်..၃မိနစ်ကြာသွားတယ်ဒေါ်လာ၃၀ ကျတယ်.ထုတ်ရှင်းလိုက်တယ်...........
ဆာဒမ်ဟူစိန်လည်း..အိမ်ကိုအလွမ်းသည်တာ..၄မိနစ်ကြာတယ်။ဒေါ်လာ၄၀ကြလို့ ရှင်းလိုက်တယ်။
ဟစ်တလာလည်း..ဂျာမနီကိုလှမ်းဆက်တာ ၅မိနစ်ဆိုတော့.ဒေါ်လာ၅၀ရှင်းရပြန်ရော......
ကဒါဖီလည်းသူ့မြေးကိုဆက်တာ..၄ မိနစ်ကျော်လို့ ၄၅ ဒေါ်လာရှင်းရတယ်...
နောက်ဆုံးမှ..ဗိုလ်ချုပ်မှူးကြီး.........ကသူ့ အိမ်ကိုဆက်တယ်.....
ဇနီးနဲ့ ဖုန်းအီတာ..၁နာရီ.သမီး.. နဲ့ ပြောတာ၁နာရီ.....
ဟို...မော်တော်ပီကယ် ကို တီးတဲ့ မြေးနဲ့ပြောတာအီစီကလီသူငယ်ပြန်တာ..၃ နာ၇ီ...တောင်ကြာတယ်တဲ့ ...
စုစုပေါင်းဖုန်းပြောချိန် ၅နာရီကြာသွားတော့
.
....ငရဲရောက်ဖေါ်ရောက်ဖက်တွေကစိတ်ဝင်စားတာပေါ့ဒီကောင်တော့ဖုန်းဖိုးနဲ့ နာပြီဆိုပြီး.............
ဗိုလ်ချုပ်မှူးကြီးဆိုသူကငရဲမင်းကိုဘယ်လောက်ကျလည်းမေးတော့..၁ဒေါ်ကျတယ်တဲ့ ......
အဲ့မှာ...ဘင်လာဒင်တို့ ..ဟစ်တလာတို့ အုပ်စုကတင်းရော..................
ကျုပ်တို့ မိနစ်ပိုင်းလေးဆက်တာကြတော့ဒေါ်လာ၃၀ ၄၀ ကြတယ်.....ဒီကောင်ကြီးကျတော့ ၅နာရီဆက်တာကြတော့ ၁ဒေါ်လာပဲကြတယ်..
မတရားဘူး..ဒါကိုရှင်းပါ..ဆူပူကြတာပေါ့......................
အဲ့ဒီမှာငရဲမင်းက..........မင်းတို့ တွေဘာကြောင်နေတာလဲမင်းတို့ ခေါ်တာOVER SEA လေ..
.သူခေါ်တာ...LOCAL CALL ကွ..သူ့ အိမ်ကတမိသားစုလုံးကလူတွေ ဟိုဖက်ခန်းတင်ရှိတယ်......တဲ့ ..............................................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment