

ထုတ်ပြန်ကြေငြာချက်
မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ} Myanmar
Nationalistic Social Network Committee, Malaysia စာအမှတ်။ ။ ၁ / ၂၀၁၃
နေ့စွဲ။ ။ ၁၂.၆.၂၀၁၃ ဖြစ်စဉ်အကျဉ်းချုပ် မလေးရှားနိုင်ငံ ဆလာယမ်းမြို့မှ
ကက်ပုန်း၊အမ်ဘန်း၊ကလမ်းဆူဘမ်း၊ရှားအလမ်း၊မာလကာ၊ မွှား၊အီပို့၊ဂျိုဟိုး
မြို့နယ်များ သို့ ၅ လပိုင်း ၃၁ ရက်နေ့
နှစ်ထောင့်ဆယ့်သုံးမှသည်ယနေ့အချိန်ထိပြန့်နှံ့ဖြစ်ပေါ်လျက်ရှိသော
အထူးသဖြင့်မြန်မာနိုင်ငံ သား ဗုဒ္ဓဘာသာဝင်များနှင့်မူစလင်မဟုတ်သည့်
အခြားဘာသာဝင်အချို့အပေါ် ကြိုတင်ကြံစည်၍ အုပ်စုဖွဲ့အကြမ်း ဖက်တိုက်ခိုက်
လူသတ်မှု၊ မုဒိမ်းမှု၊ ထိခိုက်နာကျင်စေမှုများ ဆက်လက်
ပေါ်ပေါက်နေဆဲဖြစ်ပါသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့အထိ သေဆုံးသူဦးရေ
ရှစ်ဦးနှင့် ဒဏ်ရာရသူ၊ အရေးပေါ်ဌာန၌ ဆေးကုသမှုခံနေရသူအယောက်
နှစ်ဆယ်ရှိသွားပြီဖြစ်သည်။ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ရာတွင်
နိုင်ငံတကာမှ
အထူးလေ့ကျင့်သင်တန်းပေးထားသော အကြမ်းဖက်လူသတ်သမားသို့မဟုတ် ဘာသာရေး အစွန်း
ရောက် အကြမ်းဖက်လူသတ်သမားများမှ ကြိုတင်ကြံစည်၍ အုပ်စုသုံးဖွဲ့ခွဲကာ
တိုက်ခိုက်ကြသည်ဟု သတင်းများအရ ယူဆရပါသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မလေးရှား
နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးတင်လတ်၊စစ်သံမှူးဦးဝင်းမော်၊မြန်မာနိုင်ငံ သမ္မတရုံး
ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီး ဦးရဲထွဋ်တို့မှ သတင်း အမှားများကို
မြန်မာသတင်းဌာနများတွင် ထုတ်ပြန်ကြေငြာခဲ့သည့်အတွက် မလေးရှားရောက်
မြန်မာအတိုက် အခံ အဖွဲ့အစည်းများမှ ၆လပိုင်း ၆ရက် ၂၀၁၃
တွင်အချက်ခြောက်ချက်ပါ ဆန္ဒပြတောင်းဆိုမှု ပေါ်ပေါက် ခဲ့ပါ
သည်။ဆန္ဒပြတောင်းဆိုမှုမဖြစ်ပေါ်ခင် မလေးရှားရဲတပ်ဖွဲ့မှ အော်ပရာစီဟုခေါ်သည့်
ရုတ်တရက် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးချုပ်နှောင်စစ်ဆေးထောင်ချခွင့်ကို (
၆.၅.၂၀၁၃ ) မှ စတင်လုပ်ဆောင်ကာ ယနေ့ ချိန်ထိ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား
စုစုပေါင်း အရေအတွက် တစ်ထောင်ကျော် ရှိမည်ဟု ခန့်မှန်း ရပါသည်။
အရေးပေါ်အခြေအနေအရ အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းခြင်း လက်ရှိမလေးရှားရောက်
မြန်မာနိုင်ငံသားများအရေးကို ကူညီဆောင်ရွက်ပေးနေကြသော နာရေးကူညီမှု
အသင်းများ၊ လူမှုကွန်ရက်များ၊ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်းများနှင့်
မြန်မာ့အတိုက်အခံအဖွဲ့အစည်း များ မှ ပူးပေါင်း ကမကထ ပြု၍
မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ (Myanmar Nationalistic Social
Network Committee) တစ်ရပ် ကို အရေးပေါ်အခြေအနေအရ ၆လပိုင်း၁၂ရက် နေ့တွင်
စတင် ဖွဲ့စည်းလိုက်ပါသည်။ ဖွဲ့စည်းပုံ ဖွဲ့စည်းပုံအရ
အရေးပေါ်အခြေအနေအချိန်ကာလတစ်ရပ် အတိုင်းအတာတစ်ခုထိသာတည်မြဲမည်ဖြစ်သည်။
ပုံမှန် အခြေအနေပြန်လည်ရောက်ရှိသွားပါက အလိုအလျောက်
ပျက်ပြယ်သွားမည်ဖြစ်သည်။ အထူးအရေးပေါ် သဘောထား ထုတ်ပြန်ကြေငြာချက်
နိုင်ငံတကာရဲတပ်ဖွဲ့သို့ ၆လပိုင်း၁၁ရက်နေ့ ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့မှ
ဆီလန်ဂေါပြည်နယ်မှုခင်းစုံစမ်းရေးအဖွဲ့မှူး မိုဟာမက်
အက်ဒ်နန်းဘင်အဗ္ဗဒူလာကထုတ်ပြန်သည့် သံသယရှိသဖြင့် အလိုရှိကြောင်းကြေညာချက်
ထုတ်ခံရသူ၃ဦးမှ မြန်မာ၂ဦးနှင့်
ဘင်္ဂလားဒေ့ရှ်တစ်ဦးတို့မှာယခုဖြစ်စဉ်နှင့်ပတ်သက်ဆက်နွယ်မှုမရှိနိုင်ကြောင်းယူဆရသည်။
သို့ဖြစ်ပါ၍ ယခု ဖြစ် စဉ် နှင့်ပတ်သက်ပြီး နိုင်ငံဖြတ်ကျော်
ရာဇ၀တ်မှုအဖြင့် သဘောထားကာ နိုင်ငံတကာ ရဲတပ်ဖွဲ့မှ အဖြစ်မှန်ကိုဖော်ထုတ်
အရေးယူပေးပါရန်။ မလေးရှားအာဏာပိုင်များထံသို့ တည်ဆဲမလေးရှားနိုင်ငံ
ဥပဒေအရ ယခုဖြစ်စဉ်ကို ချက်ချင်းဖေါ်ထုတ် အရေးယူ ဆောင်ရွက် ပေးရန်။
လူသားချင်း စာနာ ထောက်ထား သည့် အခြေခံလူ့အခွင့်အရေး
စံနှုန်းစံထားများဖြင့်မလေးရှားရောက် မည်သည့်မြန်မာ နိုင်ငံသား ကိုမဆို
ဥပဒေအကြောင်းအရ လုံးဝအကာအကွယ်ပေးရန်။ မြန်မာအစိုးရအာဏာပိုင်များထံသို့
အာစီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်းရှိနိုင်ငံသားများအချင်းချင်း လူမျိုးဘာသာ
အသားအရောင်ခွဲခြားဆက်ဆံမှုမရှိ သည့်
အာစီယံအခြေခံစံနှုန်းကျင့်ဝတ်များနှင့်အညီ မြန်မာနိုင်ငံအစိုးရအနေဖြင့်
မလေးရှားအစိုးရအား တရားဝင် မေတ္တာရပ်ခံ၍ မိမိနိုင်ငံသားများအရေးကို
အထူးအလေးထားဆောင်ရွက်ပေးရန်။မလေးရှားရောက် မည်သည့် မြန်မာနိုင်ငံသားမဆို
မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်
၎င်းတို့၏ ဆန္ဒအရ ပြည်ဝင်ခွင့်သို့မဟုတ် မလေးရှားတွင်
ဆက်လက်အလုပ်လုပ်ကိုင်ခွင့် တရားဝင်ရရှိရန် မလေးရှား အစိုးရနှင့်
ညှိနှိုင်းဆောင်ရွက်ပေးရန်။ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့
မြန်မာသံရုံးနှင့် မလေးရှားသက်ဆိုင်ရာ၊ဒေသဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်းကာ အရေးပေါ် ဖုန်းလိုင်းများ
မလေးရှားနိုင်ငံအနှံ့ဖွင့်ပေးရန်။သက်ဆိုင်ရာ သာရေး၊နာရေး၊လူမှုရေး
နှင့်နိုင်ငံရေး အဖွဲ့အစည်းအသီးသီး တို့မှ တာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးကာ လိုအပ်သည့်နာရေးဆောင်ရွက်မှုများကို လိုအပ်သလို
အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးရန်။ မလေးရှားနိုင်ငံအတွင်းမလေးရှားရဲတပ်ဖွဲ့မှ
ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းထားသော မည်သည့်မြန်မာနိုင်ငံသား မဆို
သံရုံးမှ သွားရောက်တွေ့ဆုံဖေးမကူညီပေးရန်။မြန်မာနိုင်ငံပြန်မည့်
မြန်မာနိုင်ငံသားများအား သက်ဆိုင် သည့် စာရွက် စာတမ်းအထောက်အထားများအား
လိုအပ်သလို မဆိုင်းမတွ အမြန်ဆောင်ရွက်ပေးရန်။
ယခုဖြစ်စဉ်မှသေဆုံးသူ၊ဆေးရုံတက်ကုသနေသူနှင့်ဒဏ်ရာရရှိသူများအား
သွားရောက်တွေ့ဆုံကူညီ ထောက် ပံ့ရန် နှင့် သေဆုံးသွားသူမိသားစုများအား
ဘ၀လုံခြုံမှုရှိအောင်ဖေးမကူညီစောင့်ရှောက်ပေးရန်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာဝန်ရှင်တော်ရုံးသို့
ယခုဖြစ်စဉ်မှထွက်ပြေးလွတ်မြောက်လာပြီးမြန်မာနိုင်ငံပြန်ရန်
စိုးရိမ်ကြောင့်ကြနေသူများအားလုံးကိုတွေ့ဆုံ၍ ဒုက္ခသည်
အသိအမှတ်ပြုမှတ်ပုံတင်ထုတ်ပေးရန်။ ယခုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်လာပြီး
မြန်မာနိုင်ငံပြန်မည့်သူများအားလုံးကို မြန်မာသံရုံးနှင့်မလေးရှား
အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန်။
မှတ်ချက်။
ပြည်တွင်း၊ပြည်ပမှလှုဒါန်းသောအလှူငွေများသည်ဤကော်မတီနှင့်လုံးဝသက်ဆိုင်ခြင်းမရှိပါ။
REF:
Kyawko Kokyaw
ထုတ်ပြန်ကြေငြာချက် မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ}
Posted by
soulkiss
Subscribe to:
Post Comments (Atom)
Home
▼






0 comments:
Post a Comment