RADIO

What is current song?

RSS

မြင့်မြတ်သော ယောက်င်္ကျားဘဝ

   ယောကျာင်္းဘဝ ရရှိခြင်းသည် ဗလဝ ကုသိုလ်(အားကြီးသည့် ကုသိုလ်)ကံကြောင့်ဖြစ်သည်။ဖြစ်တိုင်း၊ဖြစ်တိုင်း ဘဝတိုင်း၌ ယောကျာင်္းဘဝကို အလိုရှိလျှင် ထိုသူ(ယောင်္ကျား)သည် သူတစ်ပါးမိန်းမ(မယား)ကို ရှောင်ကြဉ်ရ ပေမည်။ယောကျာင်္းတို့မှာ ကိုယ်ပိုင်မယားမှတစ်ပါး အခြား အပျို၊အအို နှစ်ဆယ် တို့နှင့် ဖောက်ပြန် ကျူးလွန်
လျှင် အပြစ်ရှိသည်ဖြစ်၍ “မိန်းမနှစ်ကျိပ် ၊ပျော်ကြောင်းသိပ်လည်း မအိပ်လေရာ” ဟုဆိုရိုးပြု ကြသည်။
ရှောင်ကြဉ်ရမည့် အမျိုးသမီး (၂ဝ)ရှိသည်။ အုပ်ထိန်းမှုမကင်းသော အပျိုမိန်းမ (၈)မျိုးမှာ
မိခင်အုပ်ထိန်းသော မိန်းမ၊
ဖခင်အုပ်ထိန်းသော မိန်းမ၊
မိဘ နှစ်ပါး အုပ်ထိန်းသော မိန်းမ၊
အစ်မ၊ညီမ အုပ်ထိန်းသော မိန်းမ၊
မောင်ကြီး ၊မောင်ငယ် အုပ်ထိန်းသော မိန်းမ၊
ဆွေမျိုး အုပ်ထိန်းသော မိန်းမ၊
အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ၊
တရားကျင့်ဖော်ခြင်း အုပ်ထိန်းသော မိန်းမ၊ နှင့် အုပ်ထိန်းမှု မကင်းသော အအို မိန်းမ (၁၂)မျိုးမှာ
မင်းတို့ သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ၊
စေ့စပ်ကြောင်းလမ်းထားသော မိန်းမ၊
ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသော မိန်းမ၊
အလိုတူ၍ ပေါင်းသင်း နေထိုင်သော မိန်းမ၊
ဥစ္စာစည်းစိမ် အပ်နှင်း၍ ပေါင်းသင်းနေထိုင်သော မိန်းမ၊
အဝတ်တန်ဆာ ပေး၍ ပေါင်းသင်းနေထိုင်သော မိန်းမ၊
လူကြီးစုံရာ လက်ထပ်ပေါင်းသင်းနေထိုင်သော မိန်းမ၊
ဆင်းရဲသူမကို ဆင်းရဲသားအလုပ်မလုပ်စေဘဲ မယားအဖြစ် ပေါင်းသင်းနေထိုင်သော မိန်းမ၊
မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ၊
အစေခံလည်းဟုတ်၊ မယားလည်းဟုတ်သောမိန်းမ၊
ကျွန် မယား၊
ခေတ္တမယား ပြုထားသော မိန်းမ တို့ကို ရှောင်ကြဉ်အပ်ပေသည်။
သူများ၏ သားမယားကိုပြစ်မှု ကျူးလွန်သော ယောကျာင်္းသည် နောင်ဘဝအဆက်ဆက်လူယောကျာင်္း အဖြစ်ကို မရနိုင်တော့ပါ။တိရိစ္ဆာန် အထီးဖြစ်လျှင်လည်း ဘဝတိုင်း သင်းကွပ် ခံရမည်။မိန်းမကိုယ်နှင့်ယောကျာင်္းစိတ်၊ ယောကျာင်္းကိုယ်နှင့် မိန်းမစိတ် ဖြစ်ရလိမ့်မည်။မိန်းမဘဝလုံးလုံးလျားလျား ဖြစ်လာပြန်သော အခါတွင်လည်း လင်မမြဲသောမိန်းမ၊လင်တိုင်း၏ စွန့်ပစ်ခြင်းခံရသော မိန်းမဖြစ်လိမ့်မည်။ထို့ကြောင့် ယောကျာင်္းဘဝသည် မြင့်မြတ်ပြီး ဘုရားဆုပန်နိုင်သောလူပုဂ္ဂိုလ်ဖြစ်သည်။သံသရာတစ်ကွေ့တွင် လူယောကျာင်္းဖြစ်လာပြီး မမှားသင့်သည်များကို ရေးသားဖော်ပြလိုက်ရပါသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အပန်းဖြေစေရန်ဟာသလေးပါ

ဘယ်လိုလဲ....တူတယ်မဟုတ်လား........
တို့ကတော့......အားပေးတယ်ဆို.......ရွာလုံးကျွတ်ကိုအားပေးတာနော်......ဘာပွဲပဲဖြစ်ဖြစ်
ဟဲ့ဌက်မလေး..........နင်ဝပ်နေတာငါရဲ့ဂေါက်သီးလေးဟဲ့.....နင့်ဥမဟုတ်ဘူးကဲကဲကဲ.......သင့်ကံဇာတာအကျိုးအကြောင်း.......အဆိုးအကောင်းကိုသိချင်တယ်ဆိုရင်လာထား........တိတိကျကျတွက်ပေးမယ်......လာပြီနော်.......ကွန်ပျူတာဗေဒင်
ရဲဘော်.........မင်းကိုအပေါ်ကသေနတ်ပစ်ဖို့အတွက်ခေါ်လိုက်တာလေ......အောက်ကသေနတ်ပစ်ဖို့ခေါ်လိုက်တာမဟုတ်ဘူးကွ.......သတိလည်းထားပါရဲဘော်ရာ........လေးယောက်ပေါင်းလောင်းကျော်တယ်ဆိုတာယုံပြီမဟုတ်လား.........
“လူကြီးမင်းလိုင်စင်လေးခဏလောက်.......ကြည့်ပါရစေဗျာ”......“ရပါတယ်ကြည့်ပါ”

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

☆☆☆Folder တွေကိုအရောင်လေးတွေပြောင်းမယ်☆☆☆

မိမိကွန်ပျူတာလေးမှာ folderလေးတွေကဒီအတိုင်းထားတော့သိပ်ပြီး ဆွဲဆောင်မူမရှိသလိုပဲ အရောင်လေးတွေနဲ့ဆိုတော့ ပိုမလှဘူးလား။ ဟီး..........။ ကြိုက်ရင်တော့ ဆွဲလိုက်ပေါ့နော်
ဒီမှာယူလိုက်နော်

download ဆွဲပြီးရင် folder တစ်ခုခုကို right click နှိပ်လိုက် FolderHighlight ဆိုတာလေးတွေ့ပါလိမ့်မယ် အဲ့ဒီစာရဲ့ဘေးမှာ အရောင်လေးတွေရှိတယ်နော် ကိုယ်ကြိုက်တဲ့အရောင်လေးရွေးလိုက်ပေါ့ အဲ့ဒါဆို ရပြီနော်။folder ကအရောင်လေးနဲ့ဖြစ်သွားလိမ့်မယ်။ ပိုလှပြီး ဆွဲဆောင်မူရှိသွားတာပေါ့ ။

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ဆိုတာကို သိခြင်သူတွေအတွက်.....။

အချစ်ဆိုတာ အရမ်းကိုဆန်းကြယ်လှတယ်... တစ်ခါတလေ ပူလောင်မူတွေ တစ်ခါတလေ ပျော်ရွင်မူတွေနဲ့.... ။ တစ်နေ့ ကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ရတယ်.. ဘာလို့လဲဆိုတော့ သူ့ချစ်သူကြောင့်ပါ... ဒါပေမယ့် ကြားသုံးကြားမ၀င်ရဆိုသလို ကျွန်တော် မသိချင်ယောင်ဆောင်နေတော့မယ်ပေါ့လို့ ဆုံးဖြတ်လိုက်တယ်...။ သူချစ်သူက သူကိုသိပ်အလေးမထားသလိုပဲ သူတို့အကြောင်းတွေကို သေချာမသိရပေမယ့် သူစိတ်ညစ်နေပြီး အသဲကွဲကဗျာတွေရေးကတည်းက သူဘယ်လောက်ခံစားနေရတယ်ဆိုတာ မှန်းဆ နိုင်ပါတယ်...။ သူက သူ့ချစ်သူကို တော်တော်ချစ်တယ်....ဒါကြောင့်... ကျွန်တော် ကိုညီသက်ပိုင်ရုပ်ပြကာတွန်း လေးထဲက အချစ်နဲ့ ပက်သက်တဲ့ အတွေးခေါ်တွေကို ဖော်ပြခြင်မိတယ်..။ ချစ်တက်ဖူးသူတွေ လွမ်းဖူးသူတွေ ကြေကွဲဖူးသူတွေ အချစ်ဆိုတာကို သိချင်နေတဲ့သူတွေ အတွက် ပေါ့....။ ကိုညီသက်ပိုင်စာသားလေးတွေက ဒီလိုဗျ....
-သံယောဇဉ်ဆိုတာ တစ်ယောက်ရင်ညွန့်အောက်က ထွက်လာတဲ့ ကြိုးတစ်ချောင်းနဲ့ နောက်တစ်ယောက် ရင်ညွန့်အောက်က ထွက်လာတဲ့ ကြိုးတစ်ချောင်းချင်း ချည်နှောင်မိကြခြင်းပါပဲ ခိုင်လည်းခိုင်တယ် ပြတ်လဲမပြတ်ဘူး မြင်လဲမမြင်ရဘူး...။
- အချစ်ဆိုတာ ကောင်လေးဆီကပဲ စတင်ပေါက်ဖွားတက်ပြီး အမုန်းဆိုတာ ကောင်မလေးတွေ ဆီကပဲ စတင်ပေါက်ဖွားတက်ပါတယ်..။
- များသောအားဖြင့် ချာတိတ်လေးတွေက အချစ်ဆိုတာ ရယူခြင်းလို့ မြင်တက်ကြပြီး ချာတိတ်မလေးတွေကတော့ အချစ်ဆိုတာပေးဆပ်ခြင်းလို့ မြင်တက်ကြပါတယ်..။
- အချစ်ကြောင့်ရတဲ့ ဝေဒနာကို ဘယ်အရာနဲ့ မှ မကုစားပါနဲ့ မထိရောက်ပါဘူး..။ အချစ်ကြောင့်ရတဲ့ဝေဒနာကို အချစ်နဲ့ပဲ ကုစားပါ အချစ်ကို အချစ်ကပဲ နိုင်တယ်...။
- အချစ်ဆိုတာ လူတွေရဲ့ စိတ်ကူးယဉ် ခံစားမူကနေ ပေါက်ဖွားလာတာပါ.. စိတ်ကူးယဉ်ခံစားမူသာမရှိခဲ့ရင် လူတွေမှာ အချစ်ဆိုတာ မရှိနိုင်ပါဘူး ရမ္မက်တွေပဲရှိပါလိမ့်မယ်....။
- ချစ်တက်လာတဲ့အခါ ကောင်လေးတွေက ပျော့ညံ့သွားတက်ကြပြီး ချစ်တက်လာတဲ့အခါ ကောင်မလေးတွေက သတ္တိတွေ ပိုရှိလာတက်ကြတယ်...။
- အချစ်ဆိုတာ ကောင်မလေးနဲ့ ကောင်လေး အဖြေတွေတောင်းကြ အဖြေတွေပေးကြမှ အချစ်ဖြစ်လာတာ မဟုတ်ပါဘူး..။ အဖြေမတောင်းခင် အဖြေမပေးခင် ရင်ထဲမှာ သန့်သန့်လေး ခံစားကြည်နူးနေတာကိုက အချစ်ပါပဲ..။
- မျက်ရည်ဆိုတာ အမုန်းကြောင့် ကြေကွဲစွာ ကျတက်သလို အချစ်ကြောင့် ပျော်ရွင်ရတဲ့ အခါလည်း ကျတက်ပါတယ်..။
- အချစ်ဆိုတာ ပါးပါးလေး ယုံကြည်မူ ခိုင်မာရင် သစ္စာရှင် ၊ အချစ်ဆိုတာ ပါးပါးလေး ယုံကြည်မူ ပျက်ပြားရင် သစ္စာဖောက်..။
- ပစ်လိုက်မိတဲ့ မြှားလို ပြောလိုက်မိတဲ့ စကားလို ချစ်လိုက်မိတဲ့ အသည်းကလည်း ပြန်လည်း ရုတ်သိမ်းလို့ မရနိုင်တော့ပါဘူး..။
- အချစ်ဆိုတာ အမုန်းတွေကို သိမ်းထုတ်ထားတဲ့ အရာပါ..။ အချစ်ဆိုတဲ့ အကာ ကို ထိရှဖျက်ဆီးမိရင် အမုန်းတွေက ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာပါလိမ့်မယ်...။
- အချစ်ကြောင့် လူတွေဟာ အားလုံးကို စွန့်လွတ်ရဲခဲ့ကြတယ်.. မိမိဓနကို စွန့်ခဲ့ကြတယ်။ မိမိ ဘ၀ ကိုစွန့်ခဲ့ကြတယ်.။ မိမိ အသက်ကိုတောင် စွန့်ခဲ့ကြတယ်..။ အရာအားလုံးကို စွန့်ရဲစေခဲ့တဲ့ သတ္တိကို အချစ်က မွေးဖွားပေးနိုင်ခဲ့ပါတယ်..။
- ထာဝရ ဘုရားသခင်က အချစ်ကို စတင်ဖန်းဆင်လိုက်တဲ့အခါ စာတန်နတ်ဆိုးက အမုန်းကို အမြန်ဖန်ဆင်းလိုက်တယ်...။ ဒါကြောင့် ဒင်္ဂါးပြားရဲ့ မျက်နှာပြင် နှစ်ဖက်လို အချစ်နဲ့အမုန်းက ကျောချင်းကပ်ပြီး မွေးဖွားလာခဲ့ကြပါလေရဲ့..။
- အချစ်ဆိုတာ သေမိန့်တစ်ခုပါပဲ အချစ်မရှိခင်က ငါတို့အားလုံးဟာ အပူပင်မဲ့စွာ လွတ်လပ်ခဲ့ကြတယ်..။ အဲ့ဒီလွတ်လပ်မူတွေကို သေဆုံးစေခဲ့တဲ့အရာကတော့ အချစ်ပါပဲ...။ အချစ်ကြောင့် ငါတို့အားလုံး သေဆုံးခဲ့ကြတယ်....။ ညီသက်ပိုင်
 ကဲ ဆရာညီသက်ပိုင် ရေးသွားတဲ့ အချစ်အတွေးခေါ်လေးတွေကတော့ တော်တော်ကိုကောင်းတယ်နော်.......ဒီလိုပဲ ကျွန်တော်လဲပြန်လည်းတွေးမိတာတွေရှိတယ် လောကမှာ အချစ်ကြောင့် ရာဇာဝင်တွေပြန်ကြည့်ရင်... စပါတာ300 ဇတ်ကားမှာ စပါတာ ဘုရင်ဟာ သူစစ်ထွက်သွားချိန်မှာ သူဇနီးကို စိတ်ထဲကနေပဲ..(.နူတ်ဆက်ခဲ့ပါတယ်အချစ်ရယ်လို့) ပြောခဲ့ပြီး နူတ်ကမထွက်ခဲ့ဘူးတဲ့လေ...ဘာလို့လည်းဆိုတော့ စပါတာသားတွေဟာ နှလုံးသားမာကျောရမယ်ဆိုတာကြောင့်ပါပဲ.....။ ဒီလိုပဲ  try ကားကို ကြည့်ဖူးကြမှာပါ.... မိန်ကလေးတစ်ယောက်တွက်နဲ့ စစ်ဖြစ်ခဲ့ရတဲ့ try ဇတ်ကားပေါ့.....သူချစ်သူကို မစွန့်လွတ်နိုင်လို့  သူရဲကောင်းများစွာ သေဆုံးခဲ့ရတယ်.. try ဟာ လည်းပျက်သုန်းခဲ့ရတယ်...ဒါဟာ သမိုင်းမှာ ထင်ကျန်နေဆဲပေါ့....။ နောက်ပြီး တိုက်တန်းနစ် ကားထဲမှာ လီယိုနာဒိုဟာ သူချစ်သူအတွက် တံခါးချပ်ပေါ်တက်စေခဲ့ပြီး သူကတော့ ရေထဲမှာနေနေခဲ့တယ် အအေးဒဏ်တွေကြားမှာ သူချစ်သူလက်ကလေးကို ဆုပ်ကိုင်ရင်းး သူ့ချစ်သူသီချင်းသံကိုနားထောင်နေခဲ့တယ်..တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းနဲ့  ကျွန်တော်သိချင်လိုက်တာ တစ်ခုက ခွဲခွားရကြတော့ချစ်သူနှစ်ယောက် ရင်ထဲမှာ ဘာတွေရှိနေမလဲဆိုတာကိုပေါ့... နောက်ဆုံးတော့ လီယိုနာဒိုဟာ ပင်လယ်ကြမ်းပြင်ကို မြုပ်သွားခဲ့တယ်... သူချစ်သူကတော့ အသက်ရှင်ခဲ့တယ်...ဒါဟာပေးဆပ်ခြင်းတစ်ခုပေလာ.....အချစ်ဆိုတာ အရမ်းကိုဆန်းကြယ်လှပြီး အမျိုးမျိုးရှင်သန်နေတဲ့ အရာလို့ပဲ ပြောရလေမလား.....အချစ်ကြောင့်ပျော်ရွင်မူတွေရှိသလို အချစ်ကြောင့်ပူဆွေးမူတွေလည်းရှိတယ်...။
အချစ်ဆိုတာ .......ဘယ်လိုလဲလို့ ကျွန်တော် စာဖတ်ပရိတ်သတ်တွေကို ပြန်မေးလိုက်ပါရစေ..........?
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

NLD လွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆို(ဓါတ်ပုံ)

ယနေ့ (မေလ ၂ ရက်နေ့) တွင်ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး ကတိသစ္စာပြုရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၃၇ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။






Eleven Media Group မှကူးယူတင်ပြသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS