BEYOND RANGOON
.............................
၁၉၉၅ ခုနှစ်က ဒါရိုက်တာ John Boorman ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံ ၈၈
အရေးအခင်းကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့
ဇာတ်ကားကောင်းတစ်ကားပါ။အရင်နှစ်တွေတုန်းကတော့ ဒီဇာတ်ကားဟာ Rated(Political
oppression) ဇာတ်ကားပါ။
Patricia
Arquette, U Aung Ko နဲ့ Frances McDormand တို့က အဓိကပါဝင် သရုပ်ဆောင်
ထားပြီး မြန်မာယိုးဒယားနယ်စပ်မှာ လာရောက်ရိုက်ကူးထားပါတယ်။
ဒီဇာတ်လမ်းကို ကျနော်ကလွန်ခဲ့တဲ့ ၅နှစ်လောက်က အကိုတစ်ယောက်ဆီက
ရပြီးခိုးကြောင်ခိုးဝှက် ကြည့်ခဲ့ရပေမယ့် ဇာတ်ကားနာမည်ကို
လုံးလုံးကိုမေ့နေလို့ သူငယ်ချင်းတို့ကို တင်ပေးချင်ပေမယ့် ရှာဖွေလို့မရ
ဖြစ်နေခဲ့တာပါ။
ဒါပေမယ့် ဒီနေ့တော့ Movie Crazies ရဲ့ အကူအညီကြောင့် ဇာတ်ကားနာမည် ပြန်လည်သိရှိရပြီး သူငယ်ချင်းတို့ကို တင်ဆက်ပေးလိုက်ပါတယ်။
Laura ဟာ သူမရဲ့ ခင်ပွန်းသည် နဲ့ ကလေးကို ဆုံးရှုံးရပြီးနောက်ပိုင်း
စိတ်ပြေလက်ပြောက်ရှိအောင် ဆိုပြီးသူမရဲ့ အမနဲ့အတူ ဗမာပြည်ကို
အလည်အပတ်လိုက်ခဲ့တာပါ။
သူတို့ ဗမာပြည်ကိုရောက်ရှိချိန်မှာပဲ
အရေးအခင်းဖြစ်မယ့် အရိပ်အယောင်တွေ တွေ့ရှိခဲ့ရတာပါ။သူတို့လူစုဟာ
အားခြင်းပြန်လည် ထွက်ခွာဖို့ လုပ်ခဲ့ပေမယ့် Laura ရဲ့ Passport
ပျောက်ဆုံးနေလို့ သူမတစ်ယောက်တည်း ဗမာပြည်မှာ ကျန်နေယစ်ခဲ့တာပါ။
Laura ဟာကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်ကို နဲ့
သိရှိခဲ့ပြီး သူမကိုယ်တိုင် အရေးအခင်းထဲ ပါလို့ပါမှန်းမသိပဲ
ပါဝင်လာခဲ့ပါတယ်။
Laura ဟာ Passport မရှိတော့တာကြောင့်
ဦးအောင်ကိုတို့ ကျောင်းသားအဖွဲ့နဲ့ ယိုးဒယားဒုက္ခသည်စခန်းကို
အခက်အခဲတွေကြားကနေ ဘယ်လိုထွက်ပြေးလွှတ်မြောက်အောင်
ပြေးမလဲဆိုတာကတော့.........
့ မြန်မာနိုင်ငံ ၈၈ အရေးအခင်းကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
Posted by
soulkiss
Subscribe to:
Post Comments (Atom)
Home
▼






1 comments:
Post a Comment