RADIO

What is current song?

RSS

Skype 6.5.0.158


Skype new version လေးနော်။နောက်ထပ်လာတဲ့ဒီဇိုင်းလေးကတစ်မျိုးဆန်းတယ်နော်။
ဝင်းဒိုးအားလုံးအသုံးပြုနိုင်ပါတယ်။အောက်ပုံလေးကိုကြည့်လိုက်ရင်ပိုပြီးစိတ်ဝင်စားသွားမယ်။Still using the telephone to contact your friends? Ditch that obsolete technology and embrace what Skype has to offer you! This VoIP (Voice over Internet Protocol) program will make it very easy for you to call people from around the world just by using your computer and an Internet connection. But not only that: you'll also use the application to make videocalls and conferences just by adding a webcam to the equation!
 
                     Download Filecould | Zippyshare | Dropbox
                               ရန်ကုန်သား(နည်းပညာမြို့တော်)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထမင်းတစ်နှပ် သန်း ၅၀၀ တန်သော ဇင်ဘာဘွေတို့ အနာဂတ်

ထမင်း တစ်နှပ်အတွက် ဇင်ဘာဘွေ ဒေါ်လာ သန်း ၅၀၀၊ ကြက်ဥ သုံးလုံး အတွက် ဒေါ်လာ ၁၀၀ ဘီလျံ ဆိုတော့ ဇင်ဘာဘွေလောက် ငွေကြေး ဖောင်း ပွတဲ့ နိုင်ငံ ကမ္ဘာမှာ မရှိတော့ပါဘူး။
... မကြာသေးမီ ကာလကပဲ အမေရိကန်ဒေါ်လာ ၄ ဒေါ်လာနဲ့ ညီမျှတဲ့ ဇင်ဘာဘွေ ဒေါ်လာ ၁၀ သန်းတန် ထပ်ထုတ်ပါတယ်။ ၂၀၀၀ ခုနှစ်က Mugabe အာဏာလွဲပြောင်းရယူပြီး နောက်ပိုင်း ယခုလို အခြေအနေ ပိုမို ဆိုးရွား သွားခြင်း ဖြစ်ပါတယ်။ ဒါလည်း မပြီးဆုံး သေးပါဘူး။ ယနေ့အထိ တက်မြဲတိုင်းတက်နေဆဲ ဖြစ်ပါတယ်။
ထမင်းတစ်နှပ်စားဖို့အတွက် သန်း ၅၀၀ တန် လက်မှတ်ကလေမှ ကိုင်မထားရင် သူ့ဘဝတော့ သနားစရာပါပဲ။ ဘာလို့လဲဆို သန်း ၅၀၀ အထုပ်ကြီး ပိုက်လို့ ထမင်းဆိုင်သွားရမှာဆိုတော့ ကူလီထမ်းစားရသလိုပါပဲ။ လက်ဘက်ရည်ဆိုင် တစ်ခါထိုင်ဖို့အတွက် ဆာလာအိတ်ကြီးကြီးနဲ့ကို သွားရပါတယ်။
အာဖရိက တိုက် တောင်ပိုင်း၊ ကုန်းတွင်းပိတ် နိုင်ငံလည်း ဖြစ်တဲ့အတွက် ဆင်းရဲတကာ့ ထွတ်ခေါင် ဖွတ်မင်းနောင် မရောက်ရုံလေးပါပဲ နိုင်ငံရဲ့  သုံးပုံ ၁ ပုံသော လူတွေကတော့ မနေနိုင်တော့လို့ တိုင်းတစ်ပါးကို ထွက်ပြေးကုန်ပြီ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ သူများကတော့ ငွေအိတ်များနဲ့ ဘဝရပ်တည်နေရပါတယ်။
ဘယ်သူမှ ပိုက်ဆံ မရေတွက်ပါဘူး။ ပိတ်သာချိန်တဲ့ အလေးချိန်စက်များ ကိုသာ အသုံးပြုပါတယ်။ ဒီတော့ ဘယ်နှစ်ပိဿနာ ရှိရင် ငွေဘယ်လောက် လို့ သိရှိရပြီး ဇင်ဘာဘွေမှာတော့ ပိဿာချိန်စက်၊ အလေးချိန်စက် အမျိုးမျိုး ရောင်းရပါတယ်။ ကိုယ့်သားသမီးကို မုန့်ဝယ်စားဖို့ မှုန့်ဖိုးပေး တာတောင် အလေးချိန်နဲ့ချိန်ပြီး ပေးရတဲ့ ဘဝ ဖြစ်ပါတယ်။
ကြားရ၊ မြင်ရရင် ရယ်စရာအလား မှတ်ပေမယ့် ကိုယ်ချင်းစာမိရင်တော့ အတော်လေး သနားဖို့ ကောင်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ Mugabe က ဇင်ဘာဘွေကို စိုက်ပျိုးနိုင်ငံတစ်ခု အဖြစ် ကြွေးကြော်ပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ အမှန်တော့ ဒါဟာ မှန်ကန်တဲ့ ထွက်ပေါက် တစ်ခုမဟုတ်ပါဘူး။ ကုန်းတွင်းပိတ်နိုင်ငံလည်း ဖြစ်တယ်၊ ရေလည်း ရှားပါတယ်။ မိုးခေါင်တယ်၊ ပညာရှင် မရှိဘူး။ ဒီအချက်လေးတွေနဲ့တင် စိုက်ပျိုးဖို့ မသင့်တာ အတော်လေး သေချာနေပါပြီ။ ပညာရေး စနစ်ကလည်း ကောင်းကောင်း အလုပ်မလုပ်ပါဘူး။ ကျောင်းတက်တဲ့ ကလေးထက် အလေလိုက်နေတဲ့ ကလေးက များပါတယ်။ နိုင်ငံရဲ့  ၈၀ ရာခိုင်နှုန်းသော လူများက အလုပ်လက်မဲ့ ဖြစ်ပါတယ်။ ဘာအလုပ်လုပ်ရမှန်း လည်း မသိကြပါဘူး။ သိလည်း လုပ်ဖို့ အခွင့်မရကြရှာပါဘူး။
ဒီထက်ကောင်းတဲ့အဖြေကိုလည်း ရှာဖွေမြဲ ဖြစ်ပါတယ်။ နိုင်ငံတော် အကြွေးကလည်း တင်သထက်ကို တင်နေပါတယ်။ ဘယ်လိုအဖြေရှာကြ မလဲ။
ယခု ၂၀၁၃ မှာလည်း ပိုပြီး အရွက်ကြီးတဲ့ ငွေစက္ကူတွေ ထပ်ထုတ်ပါအုံး မယ်။ သို့ပေမယ့် တန်ဖိုးကျတော့ အမေရိကန် ၁၀ ဒေါ်လာထပ် ပိုမလာ ပါဘူး။ စက္ကူသာ ထုတ်ရောင်းပါတော့လို့ ပြောရမလား၊ အလကား သာ ပေးလိုက်ပါတော့လို့ ပြောရမလားပဲ။ အလုပ်ရှင်က လုပ်သား ကို ငွေရှင်းမယ်ဆိုရင်တောင် အဲ့နေ့က ထရက်ကားတွေ၊ ဒိုင်နာကားတွေ အလုပ်များတဲ့နေ့ပါပဲ။ ဘယ်သူမှ ငွေထုတ် မသယ်နိုင်ပါဘူး။
ဖောင်းပွတဲ့ငွေကြေးကို ပြန်ရှုံ့ နိုင်ဖို့ အဖြေရှားရင်း ယနေ့အထိ ကတော့ ငွေထုတ်နဲ့ နှစ်မြှုပ်နေတဲ့ နိုင်ငံတစ်ခုအဖြစ် ဇင်ဘာဘွေက တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref:dailymial
YoYarLay
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

edjing PRO DJ mixer turntables v1.2.3 Apk 18MB

 edjing PRO DJ mixer turntables  အသုံးပြုတဲ့ သူငယ်ချင်းတွေ အတွက် Update လေးပါ
Android Phone ပေါ်မှာ DJ Mixing လုပ်ခြင်တဲ့သူတွေအတွက် 
edjing PRO DJ mixer turntables လေးကိုသုံးကြည့်လိုက်ပါ။
့Effect လေးတွေလဲတော်တော်လေးစုံပါတယ်။မိမိ Mixing လုပ်ထားတာတွေကို Recordingလုပ်ထားလို့ရတဲ့အပြင် Facebook& Twitter စတာတွေဆီကိုပြန် Share လုပ်ပေးနိုင်ပါသေးတယ်။
သူ့ကိုအသုံးပြုဖို့အတွက်မိမိဖုန်းရဲ့စကရင် ဟာအနည်းဆုံး 3.7” လက်မ ရှိရပါမယ်။
ပြီးတော့ဖုန်းဗားရှင်းက Android;4.0+ နှင့်အထက်ဖြစ်ရပါမယ်။
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreatortarr (or)zippyshare 


 
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်းတို့ ကြိုက်တဲ့ သီချင်းနဲ့ Photo Album လုပ်ကြည့်ရအောင်

ဒါလေးကလက်ဆောင်ပေးလို့လည်းရတယ် ပြီးတော့ကိုယ်ပိုင်သိမ်းထားလို့လည်းရတယ်လုပ်ပုံလုပ်နည်း
ကိုတော့ အောက်မှာပုံလေးတွေနဲ့ပေးထားတဲ့အတိုင်း လိုက်လုပ်ကြည့်နော်
 
စမ်းသပ်ကြည့်လိုက်နော် အဆင်ပြေပါစေနော်
မူရင်း ထက်ထက်

ကူးယူဖော်ပြသည်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

free ဓာတ်ပုံလုလုလေးတွေလုပ်ကျရအောင်

ဒီနေရာလေးကို သိပြီးတဲ့သူလဲတော်တော်များပါတယ် .....ဆရာလုပ်တယ်လဲမထင်စေချင်ဘူး ...
မသိသေးတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပါတယ် ............

ကိုယ့်ရဲ့ ဓါတ်ပုံ လေးတွေကိုလှလှလေးဖြစ်အောင်    online မှ နောက်ခံလေးတွေနဲ့ လုပ်ချင်ရင် free လုပ်လို့ရတဲ့နေရာလေးပါ ။  အောက်ကနေရာလေးမှာ ဝင်ပြီလုပ်ပေါ့
သင်နှစ်သက်မှာသေချာပါတယ်   ......။
ကျွန်တော်ပုံလေးကို ဒီလိုလေးပြင်ထားတယ် လှတယ်မှတ်လား.............Show
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်း (၈)မျိုး


သူငယ်ချင်း (၈)မျိုး . . . . . . . .(ဘယ်လိုသူငယ်ချင်းမျိုးလဲ)
************ ****************
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
= = = = = = = = = = = =
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။
(၂) ဖေးမကူညီတဲ့သူငယ်ချင်း
= = = = = = = = = = =
သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။
(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
= = = = = = = = = = = = =
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။
(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
= = = = = = = = = = = = =
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။
(၅) အားပေးဖော် သူငယ်ချင်း
= = = = = = = = = = =
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။
(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
= = = = = = = = = = = = = = = =
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။
(၇) လမ်းပြသူ သူငယ်ချင်း
= = = = = = = = = =
သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။
(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
= = = = = = = = = = = = = = =
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။
သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

♥ယောက်ျားလေးတွေနားလည်စေချင်တဲ့  ♥


၁။ သူအမြဲမေးတတ်တယ်…”နင်ဘယ်မှာလဲ? နင်အခုဘာလုပ်နေလဲ?”
(သူမင်းကို သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊မင်းသူ့ဆီကို စာမပို့ပေးတော့သူဇဝေဇ၀ါ ဖြစ်နေ
တယ်။ မင်းအလုပ်ရှုပ်နေမှာ ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။တခြားလူဆိုဘာ
လုပ်လုပ်ပေါ့… သူဂရုမစိုက်ဘူး။

ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူစိတ်ချပါစေ၊ မင်းရဲ့စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို
သူသိပါစေ၊ သူ့ဘက်ကနေအမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်
ပါတယ်။)

 ၂။ သူပြောလေ့ရှိတယ်… “ငါ မပျော်ဘူး၊ စိတ်ရှုပ်တယ်။”
(ဒါကို အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ်မပျော်တာမဟုတ်ပါဘူး။
 သူ မင်းကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို တောင့်တ နေလို့ပါ။ အရိုးရှင်းဆုံး “လိမ္မာ
တယ်… မဆိုးနဲ့နော်” ဆိုတာလေးနဲ့လဲ သူကျေနပ်နိုင်ပါတယ်။)

၃။ သူပြောလေ့ရှိတယ်… “နေကောင်းအောင်နေနော်၊ လမ်းမှာ သတိထား၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ဦး။”
(ဒါကို သူအပိုတွေပြောနေတယ်လို့ သဘော မထားလိုက်ပါနဲ့၊ မင်း သူ့ရဲ့စိတ်ထဲမှာ ရှိတယ်၊ သူမင်းကို စိတ်
ပူတတ်တယ် ဆိုတာကို ပြောချင်တာပါ။)

 ၄။ သူအမြဲပြောတတ်တယ်… “၀လာပြန်ပြီ… ဒါမှ မဟုတ် မလှတော့ဘူး။”
(ဒါကို သူ့ကိုယ်သူ သိမ်ငယ်နေတာ၊ ဒါမှမဟုတ် အရမ်းကို လှချင်နေတယ်လို့ မထင်လိုက်ပါနဲ့။
သူက မင်းရဲ့မျက်လုံးမှာ မလှပ မပြည့်စုံမှာ ကို အမြဲ စိုးရိမ်နေတာပါ။ သူ မင်းအတွက်ကြောင့် ပြောင်းလဲဖို့
တော်တော်လေးကြိုးစားနေပါပြီ။)

 ၅။ သူပြောလေ့ရှိတယ်… “မင်းကို ကူညီချင်တယ်… ဘာဖြစ်ဖြစ်သူ့ကိုပြောပြပါ။”
(ဒါပေမဲ့ သူသိတယ်၊ သူမင်းကို ဘယ်လောက်ထိမှ မကူညီနိုင်ဘူးဆိုတာကို။ သူမင်းကို သိစေချင်တာက…
 သူ မင်းဘေးမှာ အမြဲရှိနေမယ်၊ မင်းကို အမြဲအားပေးနေမယ်။)

 ၆။ “မင်းတခြား ကောင်မလေးတွေနဲ့ ရင်းရင်းနှီးနှီး ရှိနေတာကို မြင်ရင် စိတ်ဆိုးတယ်၊
စိတ်ကောက်တတ်တယ်။”
(ဒါကို သူ သဘောထားသေးတယ်၊ မင်းကို မယုံကြည်ဘူးလို့ သဘောမထားလိုက်ပါနဲ့။ သူက
သ၀န်တိုနေတာပါ၊ သူမင်းအပေါ်ကို အရမ်း အလေးထားလို့ စိတ်ညစ်နေရင်တောင်ကိုယ့်ကိုယ်ကို
နှစ်သိမ့်တတ်တယ်။)

၇။ “ဘာကိစ္စလုပ်လုပ် မင်းရဲ့ သဘောထားကို မေးတတ်တယ်။”
(သူ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ မင်းကို မှီခိုလွန်းနေတာ မဟုတ်ဘူး။ သူမင်းကို လေးစားတာ၊ အရာ
ရာ မင်းကို ဦးစားပေးတတ်လို့ပါ။”)

 ၈။ “ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူ မင်း နဲ့ နီးနီးကပ်ကပ် ဘဲ ရပ်နေတတ်တယ်။”
(ဒါကတော့ သူမင်းကို ယုံကြည်တယ် ဆိုတာကို ပြတာပါ။)



 ၉။ “သူ ၀မ်းနည်းတတ်တယ်၊ လျှောက်စဉ်းစားတတ်တယ်။”
(သူ အတွေးလွန်နေတယ်၊ မဟုတ်တာတွေပူပန်နေတယ်လို့ သဘော မထားမိလိုက်ပါနဲ့။တခါတလေသူလဲ
လုံခြုံစိတ်ချစေတဲ့စိတ်မျိုး ကင်းမဲ့နေတတ်ပါတယ်။)

 ၁၀။ “သူစိတ်ဆိုး ဟန်ဆောင်ပြီးလှည့်ထွက်သွားတယ်။”
(အမှန်တကယ်မှာတော့ သူ တကယ်သွားချင်တာမဟုတ်ဘူး။ သူ လှည့်ထွက်တဲ့ အချိန်မှာ မင်းရဲ့ နောက်
ကနေ ပွေ့ဖက်ပြီး ထွက်မသွားပါနဲ့ ဆိုတာမျိုးလေးကို လိုချင်လို့ပါ။)

 ၁၁။ “သူ ကရုတ်တရက် မင်းကို အေးတိအေးစက်၊ ဒါမှ မဟုတ် စိတ်ဆိုးစိတ်ကောက်တတ်တယ်။”
(သူ ကလေးဆန်တယ်လို့ အပြစ်မတင်လိုက်ပါနဲ့၊ သူ မင်းချော့တာလေးကို ခံချင်လို့ပါ။)

 ၁၂။ “သူ တနေ့နေ့မှာ မင်းကို လမ်းခွဲဖို့ ပြောကောင်း ပြောလာလိမ့်မယ်။”
(အမှန်တကယ်မှာတော့ သူ မင်းကို ချစ်နေတာ တော်တော်လေးကို ကြာနေပါပြီ၊ ဒီ သံယောဇဉ်လေး ဟာ
အစစ် အမှန်လားဆိုတာကို သူဝေခွဲ မရလို့ပါ။ သူ မင်းဆီကနေမင်းရဲ့စိတ်ချလို့ရတယ်ဆိုတဲ့ခံစားချက်လေး၊
 သူ့ကို နှမြောတွန့်တိုတယ်ဆိုတဲ့ စိတ်လေး၊ သူ့ကို မထားသွားပါနဲ့ ဆိုတဲ့ စကားလုံးလေးတွေကို ဘဲ လိုချင်
တာပါ။)သူမင်းကို မချန်ထားရစ်ရက်လို့ပါ။

 သူ မင်းရှေ့မှာ တခြား ကောင်လေးတွေ အကြောင်းတမင်ပြောနေတာ သူရှုပ်ပွေနေတာမဟုတ်ဘူး…
သူ မင်းကို နည်းနည်းဆွပေးနေတာပါ၊ သူ့ကို နည်းနည်း ပိုပြီး ဂရုစိုက်စေချင်လို့ပါ။သူ မင်းဆီကို စပြီး ဖုန်း
မဆက်တာ၊ စာမပို့တာ သူ သတိမရလို့မဟုတ်ဘူး…မင်းဖုန်းကိုင်တဲ့ အချိန်၊ စာ ရတဲ့ အချိန်မှာ လဲ သူ့ကို
သတိရနေမှာလားဆိုတာကို သူ့ကိုယ်သူ မယုံကြည်လို့ပါ။



 သူ မင်းကို မချစ်တော့ဘူးဆိုရင် မင်းကို စိတ်ဆိုးစိတ်ကောက်တော့မှာ မဟုတ်ဘူး…
သူ စိတ်ကြီးတာကို အပြစ်တင်မနေပါနဲ့… မိန်းကလေးတွေက သူတို့ ချစ်တဲ့ သူ အပေါ်မှာဘဲ စိတ်ကောက်
တတ်တာပါ။သူမင်းရှေ့မှာ အမြဲတမ်း ပျော်အောင်နေနေတာ… သူ့မှာ ခံစားတတ်တဲ့ နှလုံးသားမရှိလို့၊ တုံး
အအ ဖြစ်နေလို့ မဟုတ်ဘူး…မင်းရဲ့ ရှေ့မှာ အလှပဆုံး ပုံရိပ် ကိုဘဲ ချန်ထားပေးခဲ့ချင်လို့ပါ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တန်ဖိုးကြီးတဲ့ မိန်းကလေးအလှ

မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်
*******************************************

တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။သူမှာ သိပ်လှတဲ့ မြေးမလေးတစ်ယောက်လည်းရှိတယ်။အဘိုးအိုပာာ မျက်လှည့်ပညာသိပ်ကျွမ်းတယ်။အဲဒီပညာနဲ့ပဲအသက်မွေးခဲ့တယ်။မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။
တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုးကနေ မြွေဖြစ်သွားတာတွေ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။
အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲတဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။
"မျက်လှည့်ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပာုတ်ပါဘူး။မျက်လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိလို့သာ အထူးအဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာရဲ့လျှို့ဝှက်ချက်တွေကို ပြောပြမယ်"
ပရိသတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ အားလုံးပြောပြသတဲ့။
ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော-
"သြော် ဒီလိုလုပ်တာလား။ဒါလေးများ။"
ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။
နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။ပရိသတ် တစ်ယောက်မှ မလာတော့ချေ။ထိုနောက် အဘိုးအိုက-
"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။"
"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"
"အေး။ပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက်လည်းပြလိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။လျှို့ဝှက်ထားရမယ်။ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။ဒါ့ကြောင့် အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ပါ။"
အဘိုးအိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။
သူငယ်ချင်းတို့လည်း အဘိုးအိုစကားကို နားလည်နိုင်ပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာကျော် Rapper Jay-Z ရဲ့ July 4 ရက်နေ့ ထွက် Album အသစ် (Download)


အားလုံးပဲမင်္ဂလာပါ English Music ကြိုက်နှစ်သက်သူများအတွက် အသစ်ထွက်သမျှ Album လေးတွေကိုနေ့ စဉ်တင်ပေးသွားပါ့မယ်..
မိမိလိုချင်တဲ့ Album လေးတွေရှိရင်လဲရေးပေးခဲ့ကြပါနော်.. အားလုံးကိုကျေးဇူးတင်ပါတယ်
ဒီကနေ့ July 4 ရက်နေ့ ဟာအမေရိကန်နိုင်ငံရဲ့ လွပ်လပ်ရေးနေ့ ပါ ဒီနေ့ မှာတော့ အမေရိကန်နိုင်ငံမှာကော ကမ္ဘာမှာပါနာမည်ကြီးတဲ့ Brooklyn မှာနေတဲ့ Rapper Jay-Z ရဲ့ Album အသစ် Magna Carta Holy Grail ကအခုလေးတင်ပဲကလေးတင်ပဲထွက်ရှိခဲ့ပြီဖြစ်ပါတယ်.. လွပ်လပ်ရေးနေ့ အနေနဲ့ သူ့ Album အသစ်ကိုဖြန့် ချီလိုက်တာဖြစ်ပါတယ်..
ကဲအားလုံးပဲနားဆင်ခံစားကြည့်ပါဦး..


Tracklist:
1. Holy Grail (feat. Justin Timberlake)
2. Picasso Baby
3. Tom Ford
4. FuckWithMeYouKnowIGotIt (Feat. Rick Ross)
5. Oceans (Feat. Frank Ocean)
6. F.U.T.W.
7. Somewhere In America
8. Crown
9. Heaven
10. Versus
11. Part II (On The Run) (Feat. Beyonce)
12. Beach Is Better
13. BBC (Feat. Nas, Beyonce, Justin Timberlake, Pharrell, Swizz Beatz & Timbaland)
14. Jay-Z Blue
15 La Familia
16 Nickles & Dimes

Download Link   http://www11.zippyshare.com/v/64275665/file.html

Music ဆိုတာ လူသားအားလုံးနားလည်တဲ့ဘာသာစကားတစ်ခု။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Desktopပေါ်ကicon လေးတွေကို အသဲပုံနှင့် ပုံစံအမျိုးမျိုးပြောင်းမယ်

  ဒါလေးကတော့ Desktop icon Toy V4.7ပါ 2.41MBပဲရှိပါတယ် winRARနဲ့ တင်ပေးထားတယ် အထဲမှာ
keygen ပါတယ်keygenကိုအရင်ဖွင့်ပါ ပြီးရင်(Generate) ကိုနှိပ်ပါUsernameနဲ့ Serialကိုရယူပါ ပြီးရင်Softwareကိုinstallလုပ်လိုက်ပါ Softwareက 32Bit&64Bit
နှစ်ခုလုံးအတွက်ပါ မိမိကွန်ပြူတာရဲ့ Bitကိုကြည့်ပြီးယူပေါ့.installပြီးအောင်လုပ်ပြီးရင် Desktop icon Toy
ရဲ့ icon ကိုကလစ်၂ချက်ပေးပြီဖွင့်လိုက်ပါ။ပေါ်လာတဲ့အကွက်လေးမှာ register info ကို ကလစ်လိုက်ပါ
Usernameနဲ့ Serialတွေတောင်းလာရင် keygenကိုဖွင့် ပြီး(Generate) ကိုနှိပ်ပြီးရယူပြီသား

Usernameနဲ့ Serialနံပါတ်တွေကိုCopyယူပြီး ရီဂျက်စတာထဲမှာထည့်ပြီးokနှိပ်လိုက်ပါ ဒါဆိုရင်okသွားပါလိမ့်မယ်ဗျာ....အရင်ကလည်းတင်ပေးဖူးပါတယ်မရတော့မှာဆိုးလို့ တက်တင်ပေးလိုက်
ပါတယ်နော်.....အဆင်ပြေကြပါစေ....၊၊၊၊၊၊၊
ဒီမှာဒေါင်းလော့ရယူပါzippyshare
                                              ပျော်ရွင်ချမ်းပြေကြပါစေ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Androidဖုန်းမှာ 3D Launcher စတိုင်လေးနဲ့ လန်းမယ်ဟေးးးးးး

အောက်ကပုံလေးတွေကိုကြည့်ပါ3D Launcherလေးပါ 3Dအရှင်လေးဆိုတော့တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ်ဗျာ..11.42MBရှိပါတယ် ဒေါင်းလော့ရလာတဲ့apkဖိုင်လေးကို စင့်ကဒ်ထဲမှာထည့် ပြီးရင်ဖုန်းထဲမှာinstallလုပ်လိုက်ပါ installပြီးရင် openလုပ်မှာလားDoneလားမေးလိမ့်မယ် openပဲလုပ်လိုက်ပါ ပြီးရင်တော့ အလန်းဇယားဖြစ်သွားပြီပေါ့ဗျာ...အဆင်ပြေပါစေနော်
                       ရွှင်လန်းချမ်းမြေ့ကြပါစေ..    Admin
အနမ်းဝိညာဉ်(ကူးယူဖော်ပြသည်)
ဒီမှာဒေါင်းလော့ရယူပါ Ziddu






>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Wireless key view သုံးပြီး သူငယ်ချင်းတွေ ဆီက Wifi password ကိုယူကြမယ်....

ဒီ ဆော့ဝဲလေးကအသုံးပြုရတာ အရမ်းကို လွယ်ကူပါတယ်
 Wifi ချိတ်ပြီး အင်တာနက်သုံးနေတဲ့ Laptop တွေနဲ့ Desktop တွေမှာ သူတို့အသုံးပြုတဲ့ ကွန်ပျူတာထဲကို Install လုပ်ပြီးအသုံးပြုနိုင်ပါတယ်။ဆော့ဝဲကို စက်ထဲမှာ install လုပ်ပြီး Run လိုက်တာနဲ့ အပေါ်မှာပြထားတဲ့အတိုင်း 'key' ဆိုတဲ့ နေရာမှ ပေါ်နေတာက 
Wifi Password ပါ အားလုံးပျော်ရွှင်စွာ သုံးနိုင်ကြပါစေ......
အောင်ထွန်းဦးဆီကနေ တွေ့လို့ -လာပေးတာနော် ကျေးဇူးတင်ပါတယ်...
Download link >>> Click Here!  32 bit
Download link >>> Click Here!  64 bit
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS