RADIO
What is current song?
RSS
full screen caller photo
ကျွန်တော် တင်မဲ့ ပိုစ့်လေးကတော့ အောက်မှာ စပါပီ.။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAb0O6Iyci-S_FNrJo4hpysgOo-brW7b84eW27VB42JnHYosuM8WtxmTjAk0dlEroyixCezp1MOnL6QrGshZJYO4Nu4tw4n0OQAwY3WLq3Wcx4auN7EwPR1L7DPVQMPn4KR-yD6rgpZfuH/s1600/Ultimate+Call+Screen+HD+Pro+v9.0.0.jpg
မိမိဆီကို ၀င်လာတဲ့ အ၀င်ဖုန်းမှာ ဖုန်းခေါ်ဆိုသူရဲ့ပုံကို Screen အပြည့်ဖော်ပေးမယ့် Application လေးတစ် ခုတင်ပေးလိုက်ပါတယ်ဗျာ။ အရင်ကတော့ ကျွန်တော်တို့ ဖုန်းကို ဖုန်းဝင်လာပြီဆိုရင် ဖုန်းခေါ်တဲ့သူရဲ့ပုံ ကိုထည့်ထားရင်တော့ ခပ်သေးသေးလေးဘဲမြင်ရပါတယ်။ အခု Full Screen Caller ကတော့ အပြည့်ကို မြင် ရအောင်ဖော်ပြပေးမှာပါ။ ဒါလေးတင်ဘဲလားဆိုတော့လည်းမဟုတ်သေးပါဘူး ဖုန်းကိုင်တဲ့ / ဖုန်းချတဲ့ စတိုင်လေးပါပြောင်းသွားတယ်ဗျာ။ ဒါ့အပြင် အခြားသော Call နဲ့ပတ်သက်တဲ့ Style တော်တော်များများ ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ဗျာ။ အသေးစိတ်မရှင်းပြတော့ဘူးနော်။ ကိုတိုင်စမ်းပြီး ကလိကြည့်ရင် ဒီထက်ပိုတဲ့ Function တွေကို ရှာတွေ့မှာပါ။ အသုံးပြုရတာလွယ်ပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်း များမှာ အသုံးပြုနိုင်ပါတယ်ဗျာ။ စတိုင်အလန်းလေးတွေကိုတော့အောက်မှာပြပေးလိုက်တယ်နော်။ အဲဒီ အတိုင်းဖုန်းဝင်ရင်ပေါ်မှာပါဗျာ။ အဲဒီကောင်မလေးတွေကတော့ ဖုန်းခေါ်မှာမဟုတ်ဘူးနော်။......ဟဲဟဲဟဲ
**  Step-1.အောက်က ဒီမှာယူမယ် ကိုနှိပ်လိုက်ပါ  
      www.naytar.blogspot.com  ကိုရောက်ပါမယ်.။
**  ပေးထားတဲ့ လင်ခ့်ကို ထပ်ကလစ်ပါ.။
Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
               ဒီမှာယူမယ်
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
နိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ မလေး အစိုးရကို တိုက်တွန်းမယ်
မြန်မာ ပါ့စ်ပို့ထ် ပထမ စာမျက်နှာ
မလေးရှားမှာ စာရွက်စာတမ်း အထောက်အထားမဲ့ နေထိုင်သူတွေနဲ့ တရားမဝင် ရောက်နေတဲ့ မြန်မာအလုပ်သမား တွေကို တရားဝင် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ မလေးရှားအစိုးရကို ဆက်လက် တိုက်တွန်းမယ်လို့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောကြားလိုက်ပါတယ်။
အလုပ်သမားတွေရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ အောက်လမ်းက သွားတဲ့သူ၊ တောင်ကျော်သွားတဲ့သူဆိုတဲ့ တရားမဝင် မလေးရှားကို ရောက်နေတဲ့သူတွေကို တရားဝင်နိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် မြန်မာဘက်က မလေးရှား အစိုးရကို တိုက်တွန်း ထားပါတယ်။
အရင်ကလည်း တရားမဝင် အလုပ်သမားတွေကို မလေးရှား အစိုးရက လွှတ်ငြိမ်းချမ်းသာခွင့် သဘောနဲ့ တရားဝင် အလုပ်သမား ဖြစ်အောင် သက်ဆိုင်ရာ နိုင်ငံက နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတဲ့ အစီအစဉ်ကို လုပ်ခဲ့ဘူးပါတယ်။
အဲဒီ အစီအစဉ်မျိုး လုပ်ပေးဖို့ မလေးရှား အစိုးရကို ဆက်လက် တိုက်တွန်းသွားမယ်လို့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောတဲ့အကြောင်း အလုပ်သမားဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် သူက မြန်မာ နိုင်ငံသားတွေကို မလေးရှားမှာ အထောက်အထား ရှိလာအောင် တောင်းဆိုပေးတာ ဖြစ်ပြီး ဆစ်ပီ ပရိုဂရမ် လုပ်ပေးဖို့ ၊ ဆစ်ပီ ဆိုတာက စာအုပ် အကြီး ထုတ်ပေးဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒါမျိုး အရင်က လုပ်ပေးဖူးတာကြောင့် အခု ဒါကို တောင်းဆိုတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အခုကြိုးပမ်းချက်ဟာ အထောက်အထားမဲ့နေတဲ့ မြန်မာတွေကို တရားဝင် ဖြစ်အောင် လုပ်ပေးတာမို့ ပါ့စ်ပို့ထ် လက်မဲ့တွေက ပူးပေါင်း လုပ်ဆောင်မယ် ဆိုရင် အောင်မြင်လိမ့်မယ်လို့ သူက ခန့်မှန်း ပြောဆိုခဲ့ပါတယ်။
မလေးရှားမှာလည်း အလုပ်သမားရေး ဆိုင်ရာ သံဝန်ထမ်းတွေ ခန့်ထားခဲ့ပြီမို့ မြန်မာ အလုပ်သမား အရေးကို အလေးထား လုပ်သွားလိမ့်မယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။
ပါ့စ်ပို့ထ် မဲ့သူတွေကို သူတို့အနေနဲ့ အရေးယူမှာ မဟုတ်ပေမယ့် မလေး ဥပဒေ အတိုင်း မလေး အစိုးရက စီရင်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။
မလေးရှားမှာ မြန်မာနိုင်ငံသား ၅ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပြီး အဲဒီအထဲမှာ တဝက်လောက်က တရားမဝင် အလုပ်သမားတွေဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
facebook,youtube,videoတွေကိုဒေါင့်လော့ချဖို့အတွက်dwonload manger for android apkလေးနော်
ကဲနောက်ထပ်အသစ်လေးနော်facebook,youtube,videoတွေကိုဒေါင့်လော့ချဖို့အတွက်
dwonload manger for androidလေးနော်သူကတော့facebookကuploadတင်ထားတဲ့
videoတွေကိုပါဒေါင်းလော့ရတယ်sansungဖုန်းiphoneနဲ့လဲသုံးလို့ရတယ်
အသုံးပြုမယ်ဆိုအောက်ကအသုံးပြုပုံကိုကြည့်ပြီးမူရင်ဆိုဒ်
ကနေပဲဒေါင်းသွားလိုင်းမကောင်းလို့uploadမတင်ပေးတော့ဘူးမနေ့ကတောင်လိုင်းမကောင်းလို့
ပို့လေးခုမှားတင်မိသွားလို့ဖျက်ခံရတယ်ဟိဟိ(http://fddm.mobi/))))))
အဆင်ပြေကြပါစေကြိုးစာလျှက်:P
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
virus cleaner
သယ်ရင်းများ အတွက်
virus ,malware တွေကို  ရှင်းပေးနိုင်တဲ့ အပြင်
သုံးရတာအဆင်ပြေသလို  သုံးလို့ လဲ အလွန်လွယ်ကူတဲ့  portable ဆော့ဖ် ၀ဲလေးဖြစ်ပါတယ်
မိမိ ရှင်းလင်းချင်တဲ့  Drive လေး ကို ရွေးချယ်ပြီး  Click  ကလေး တစ်ချက်နှိပ်လိုက်ရုံပါပဲ.........
                                                                   Download now
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ကြောက်တတ်သူများ ဖတ်ရန်မသင့်(မှတ်ချက်...........)
အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော တစ်လခန့်က ကွယ်လွန်သွားတဲ့ ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။
သူမနာမည်က saba ဖြစ်ပြီး ထရပ်ကားတစ်စီး တိုက်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။
saba ဟာ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှာအချိန်ပိုင်း အလုပ်လုပ်ပါတယ်။ သူမမှာ shahrukh ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။
သိပ်ချစ်ကြတဲ့ သူတို့ဟာ ဖုန်းပြောရင်လည်း နာရီနဲ့ချီပြီး ကြာပါတယ်။ saba ကို ဘယ်အချိန်ကြည့်ကြည့် ဖုန်းတစ်လုံးနဲ့ တတွတ်တွတ်ပြောနေတာပါပဲ။
shahrukh ကို သူမမိဘတွေကလည်း သဘောတူကြည်ဖြူပြီး အလွန်လဲ ခင်မင်ရင်းနှီးကြပါတယ်။
saba ဟာ မသေဆုံးခင်က သူငယ်ချင်းတွေနဲ့ မိဘတွေကို သူမသေသွားခဲ့ရင် သူမရဲ့ ဖုန်းကိုပါ တပါတည်း သူမ၏ အခေါင်းထဲထည့်ပေးလိုက်ဖို့ မှာထားခဲ့ဖူးပါတယ်။
ဒီလိုနဲ့ သူမသေဆုံးပြီး သင်္ဂြိုလ်ဖို့ သူမအခေါင်းကိုမတဲ့အခါ ခေါင်းဟာဘယ်လိုမှ မလို့ မရဖြစ်နေပါတော့တယ်။ လူအင်အားသုံးပြီး ပုံစံမျိုးစုံနဲ့ မပေမဲ့ ခေါင်းက လုံးဝ ကြွတက်မလာပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ဝိဥာဉ်တွေနဲ့ စကားပြောရာမှာ နာမည်ကြီးတဲ့ ဆရာတစ်ပါးကိုပင့်ပြီး မေးရပါတော့တယ်။
ဆရာဟာခေါင်းနားမှာ ထိုင်ချလိုက်ပြီး အလောင်းကိုကြည့်ကာ ပါးစပ်မှ တတွတ်တွတ်ရွတ်လို့နေပါတယ်။ ခဏအကြာမှာ အိမ်သားတွေဘက်လှည့်ပြီး ပြောပါတယ်။
"သူ့ပစ္စည်းတစ်ခုပါမှ သွားမယ်လို့ ပြောနေတယ်။"
ဒီတော့မှ သူငယ်ချင်းတွေနဲ့ မိဘတွေဟာ သူမပြောခဲ့ဖူးတာကို သတိရသွားပြီး သူမရဲ့ ဖုန်းကို ဆင်းကဒ်နဲ့တကွ ခေါင်းထဲ ထည့်ပေးလိုက်ပါတယ်။ ဖုန်းကို ထည့်လိုက်ပြီး ခေါင်းကို အလွယ်တကူ မလို့ရသွားပါတယ်။
saba ရဲ့ မိဘတွေဟာ သူမကွယ်လွန်သွားတာကို သူ့ချစ်သူ shahrukh ကို မပြောဘဲ ထားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပါတ်လောက်ကြာတော့ shahrukh က saba ရဲ့ အမေဆီကို ဖုန်းဆက်ပါတယ်
"အန်တီ သားဒီနေ့ အိမ်လာလည်မယ်၊ ဟင်းကောင်းကောင်းချက်ထားနော်။ saba ကိုတော့ မပြောနဲ့ဦး surprise လုပ်မလို့" ဆိုတော့ saba ရဲ့ အမေက "အိမ်ကိုသာလာခဲ့ပါကွယ် သားကိုပြောစရာရှိတယ်"
shahrukh အိမ်ရောက်တဲ့အခါ saba သေသွားပြီ ဆိုတဲ့အကြောင်း ပြောပြလိုက်ပါတယ်။
shahrukh က "မနောက်ကြပါနဲ့ဗျာ saba ကို ထွက်လာခိုင်းလိုက်ပါတော့ သူ့အတွက် ကျွန်တော် လက်ဆောင်ဝယ်လာလို့ပါ" လို့ မယုံဘဲရယ်မောနေလိုက်ပါတယ်။
နောက်ဆုံး saba ရဲ့ သေစာရင်းကို ထုတ်ပြလိုက်မှ shahrukh မျက်လုံးပြူးသွားပြီး ခြွေးတွေ ပျံလာပါတော့တယ်။
"မဟုတ်ဘူး မနေ့ကပဲ သူနဲ့ကျွန်တော် ဖုန်းပြောနေကြသေးတယ်" မိဘတွေကလဲ မဖြစ်နိုင်တဲ့အကြောင်း saba ဆုံးတာ နှစ်ပတ်ကျော်ပြီဖြစ်ကြောင်း ပြောနေစဉ်မှာပဲ shahrukh ရဲ့ ဖုန်းမြည်လာပါတယ်။
သူက ဖုန်းကိုကြည့်လိုက်ပြီး တုန်ယင်စွာနဲ့ အိမ်သားတွေဘက်ကို ဖုန်းကိုပြလိုက်ပြီး
"ဒီမှာ saba ဖုန်းခေါ်နေတယ်"
အားလုံးက သူ့ကိုဖုန်းဖြေလိုက်ဖို့ပြောတဲ့အခါ shahrukh ဟာ ဖုန်းစပီကာကို ဖွင့်ပြီး ထူးလိုက်ပါတယ်။
shahrukh : အချစ်ရေ ဘယ်ရောက်နေလဲ သူတို့က ချစ်ကို သေပြီလို့ ပြောနေကြတယ် . .
saba: မောင်ရေ ကျွန်မတစ်ကယ်ပဲ သေခဲ့ပါပြီ ~
shahrukh: ဒ ဒါဆို ချစ်က ခုဘယ်က ပြောနေတာလဲ?
saba: တမလွန်က ပြောနေတာလေ မောင့်ရဲ့ ~ လိုင်းကြည်ရဲ့လား
shahrukh: ကြ ကြည်ပါတယ် .
saba: ကြည်ဆို ခုပြောနေတာ "ချစ်ရဲ့ samsaung galaxy နဲ့လေ မောင်ရဲ့ လိုင်းဆွဲအားကောင်းတယ် video call ခေါ်မလို့ပဲ . . ချစ်က နားရွက်ပြတ်ပြီး မျက်လုံးတစ်လုံး ထွက်နေတာ ~ မောင်မြင်ရင် ကြောက်မှာစိုးလို့" ဆိုသတဲ့
Samsung တို့များ မိုက်ချက် ~ တမလွန်ထိတောင် လိုင်းဆွဲအားကောင်း ဆိုပဲ ~
Samsung Galaxy ကြောင်ငြာဝင်ခြင်းဖြစ်ပါတယ် :xp
۞۞ ဖေ့ဘွတ်မှာတွေ့လို့...share လိုက်ခြင်းဖြစ်ပါသည်။
ဖုန်းကြူတဲ့သူငယ်ချင်းများ..သတိထားကြပါခင်ဗျာ.ဟိဟိ
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
အလန်းဇယားလေး talking tom 3 psy gangnam style apk
သူငယ်ချင်းတို့တော်တော်များများ talking tom လေးနဲ့ရင်းနှီးပြီးသားပါ..
တော်တော်များများလဲသိထားကြပါပြီ..ဟော..psy ရဲ့ ဂဏန်းစတိုင်ဆိုရင်လည်းတကမ္ဘာလုံးသိထားကြ
ပြီးသား..ဟုတ်ပြီဒီနှစ်ကိုပေါင်းစပ်ထားတဲ့ talkingtom3 gangnam style apk လေးကိုပေးချင်တာပါဗျာ..
ကဲအောက်မှာ
နော်ဆွဲလိုက်ကြပါဦး..ဖိုင်ဆိုဒ်ကတော့\\\\\\\\\\\\\\\\38MB ဘဲရှိပါတယ်//////////////////
အားလုံးပျော်ရွှင်ကြည်းနူးနိုင်ကြပါစေ
 အဆင်ပြေပါစေဗျာ
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Blog ၀က်ဆိုဒ်တွေမှာ Link တစ်ခုခုကိုနှိပ်ရင် စာမျက်နှာအသစ်တစ်ခုပွင်ဖို့ 
ဘလော့ဂါတွေအနေနဲ့ ပြင်မယ်ဆိုရင် အောက်ကလင့်မှာနှိပ်ဝင်လိုက်ပါ
http://www.blogger.com/blogger.g?btemplatehtml
နားလည်းပီးသားဆို Setting = Template - Edit Template ကနေသွားပါ
အထဲရောက်ရင် Ctrl နဲ့  F ကိုတွဲနှိပ်ပြီး  <head> ကိုထည့်ပီး Enter နှိပ်
တွေပြီဆိုရင် အရောင်တစ်ခုခုနဲ့   ကိုယ်ရှာတဲ့ဟာကို ပြပါလိမ့်မယ်
<head> အောက်မှာ အခုပေးတဲ့စာလေးကို ကော်ပီယူထည့်လိုက်
<base target='_blank'/>
အဲ့လိုထည့်လိုက်ပီးရင် Save Template နှိပ်လိုက်ရပါပြီ
ဒါဆိုရင် လင့်တွေကိုနှိပ်တဲ့အခါ မူလလင့်မပျက်ပဲစာမျက်နှာအသစ်ပွင်ပီ
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
USB Disk Security 6.3.0.0 လေးပါ
USB Drive တွေမှာ ပါတတ်တတ်တဲ့ threats တွေနဲ့ တစ်ခြားအန္တယ်ရာယ်ပေးမယ့်အရာတွေကိုပါ ရှင်းပေးမည့် ဆော့ဝဲလေးပါ
အရမ်းကောင်းပါတယ် ကျွန်တော် အမြဲတမ်း သုံးပါတယ်။ လိုချင်တဲ့သူရှိရင် ဒေါင်းယူလိုက်ပါဗျာ
အားလုံးပဲ အဆင်ပြေပြေအသုံးပြုနိုင်ကြပါစေဗျာ
ဒေါင်းရန်>>>
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
တရားမဝင်သည်ဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ မြန်မာနိုင်ငံသား အားလုံးကို ကူညီမည်
ကူးယူဖော်ပြပေးလိုက်ပါတယ်နော်......
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ထုတ်ပြန်ကြေငြာချက် မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ}
ထုတ်ပြန်ကြေငြာချက် မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ} Myanmar Nationalistic Social Network Committee, Malaysia စာအမှတ်။ ။ ၁ / ၂၀၁၃ နေ့စွဲ။ ။ ၁၂.၆.၂၀၁၃ ဖြစ်စဉ်အကျဉ်းချုပ် မလေးရှားနိုင်ငံ ဆလာယမ်းမြို့မှ ကက်ပုန်း၊အမ်ဘန်း၊ကလမ်းဆူဘမ်း၊ရှားအလမ်း၊မာလကာ၊ မွှား၊အီပို့၊ဂျိုဟိုး မြို့နယ်များ သို့ ၅ လပိုင်း ၃၁ ရက်နေ့ နှစ်ထောင့်ဆယ့်သုံးမှသည်ယနေ့အချိန်ထိပြန့်နှံ့ဖြစ်ပေါ်လျက်ရှိသော အထူးသဖြင့်မြန်မာနိုင်ငံ သား ဗုဒ္ဓဘာသာဝင်များနှင့်မူစလင်မဟုတ်သည့် အခြားဘာသာဝင်အချို့အပေါ် ကြိုတင်ကြံစည်၍ အုပ်စုဖွဲ့အကြမ်း ဖက်တိုက်ခိုက် လူသတ်မှု၊ မုဒိမ်းမှု၊ ထိခိုက်နာကျင်စေမှုများ ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်ပါသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့အထိ သေဆုံးသူဦးရေ ရှစ်ဦးနှင့် ဒဏ်ရာရသူ၊ အရေးပေါ်ဌာန၌ ဆေးကုသမှုခံနေရသူအယောက် နှစ်ဆယ်ရှိသွားပြီဖြစ်သည်။ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ရာတွင်
 နိုင်ငံတကာမှ အထူးလေ့ကျင့်သင်တန်းပေးထားသော အကြမ်းဖက်လူသတ်သမားသို့မဟုတ် ဘာသာရေး အစွန်း ရောက် အကြမ်းဖက်လူသတ်သမားများမှ ကြိုတင်ကြံစည်၍ အုပ်စုသုံးဖွဲ့ခွဲကာ တိုက်ခိုက်ကြသည်ဟု သတင်းများအရ ယူဆရပါသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်၊စစ်သံမှူးဦးဝင်းမော်၊မြန်မာနိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီး ဦးရဲထွဋ်တို့မှ သတင်း အမှားများကို မြန်မာသတင်းဌာနများတွင် ထုတ်ပြန်ကြေငြာခဲ့သည့်အတွက် မလေးရှားရောက် မြန်မာအတိုက် အခံ အဖွဲ့အစည်းများမှ ၆လပိုင်း ၆ရက် ၂၀၁၃ တွင်အချက်ခြောက်ချက်ပါ ဆန္ဒပြတောင်းဆိုမှု ပေါ်ပေါက် ခဲ့ပါ သည်။ဆန္ဒပြတောင်းဆိုမှုမဖြစ်ပေါ်ခင် မလေးရှားရဲတပ်ဖွဲ့မှ အော်ပရာစီဟုခေါ်သည့် ရုတ်တရက် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးချုပ်နှောင်စစ်ဆေးထောင်ချခွင့်ကို ( ၆.၅.၂၀၁၃ ) မှ စတင်လုပ်ဆောင်ကာ ယနေ့ ချိန်ထိ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား စုစုပေါင်း အရေအတွက် တစ်ထောင်ကျော် ရှိမည်ဟု ခန့်မှန်း ရပါသည်။ အရေးပေါ်အခြေအနေအရ အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းခြင်း လက်ရှိမလေးရှားရောက် မြန်မာနိုင်ငံသားများအရေးကို ကူညီဆောင်ရွက်ပေးနေကြသော နာရေးကူညီမှု အသင်းများ၊ လူမှုကွန်ရက်များ၊ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်းများနှင့် မြန်မာ့အတိုက်အခံအဖွဲ့အစည်း များ မှ ပူးပေါင်း ကမကထ ပြု၍ မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ (Myanmar Nationalistic Social Network Committee) တစ်ရပ် ကို အရေးပေါ်အခြေအနေအရ ၆လပိုင်း၁၂ရက် နေ့တွင် စတင် ဖွဲ့စည်းလိုက်ပါသည်။ ဖွဲ့စည်းပုံ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေအချိန်ကာလတစ်ရပ် အတိုင်းအတာတစ်ခုထိသာတည်မြဲမည်ဖြစ်သည်။ ပုံမှန် အခြေအနေပြန်လည်ရောက်ရှိသွားပါက အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်သည်။ အထူးအရေးပေါ် သဘောထား ထုတ်ပြန်ကြေငြာချက် နိုင်ငံတကာရဲတပ်ဖွဲ့သို့ ၆လပိုင်း၁၁ရက်နေ့ ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့မှ ဆီလန်ဂေါပြည်နယ်မှုခင်းစုံစမ်းရေးအဖွဲ့မှူး မိုဟာမက် အက်ဒ်နန်းဘင်အဗ္ဗဒူလာကထုတ်ပြန်သည့် သံသယရှိသဖြင့် အလိုရှိကြောင်းကြေညာချက် ထုတ်ခံရသူ၃ဦးမှ မြန်မာ၂ဦးနှင့် ဘင်္ဂလားဒေ့ရှ်တစ်ဦးတို့မှာယခုဖြစ်စဉ်နှင့်ပတ်သက်ဆက်နွယ်မှုမရှိနိုင်ကြောင်းယူဆရသည်။ သို့ဖြစ်ပါ၍ ယခု ဖြစ် စဉ် နှင့်ပတ်သက်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုအဖြင့် သဘောထားကာ နိုင်ငံတကာ ရဲတပ်ဖွဲ့မှ အဖြစ်မှန်ကိုဖော်ထုတ် အရေးယူပေးပါရန်။ မလေးရှားအာဏာပိုင်များထံသို့ တည်ဆဲမလေးရှားနိုင်ငံ ဥပဒေအရ ယခုဖြစ်စဉ်ကို ချက်ချင်းဖေါ်ထုတ် အရေးယူ ဆောင်ရွက် ပေးရန်။ လူသားချင်း စာနာ ထောက်ထား သည့် အခြေခံလူ့အခွင့်အရေး စံနှုန်းစံထားများဖြင့်မလေးရှားရောက် မည်သည့်မြန်မာ နိုင်ငံသား ကိုမဆို ဥပဒေအကြောင်းအရ လုံးဝအကာအကွယ်ပေးရန်။ မြန်မာအစိုးရအာဏာပိုင်များထံသို့ အာစီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်းရှိနိုင်ငံသားများအချင်းချင်း လူမျိုးဘာသာ အသားအရောင်ခွဲခြားဆက်ဆံမှုမရှိ သည့် အာစီယံအခြေခံစံနှုန်းကျင့်ဝတ်များနှင့်အညီ မြန်မာနိုင်ငံအစိုးရအနေဖြင့် မလေးရှားအစိုးရအား တရားဝင် မေတ္တာရပ်ခံ၍ မိမိနိုင်ငံသားများအရေးကို အထူးအလေးထားဆောင်ရွက်ပေးရန်။မလေးရှားရောက် မည်သည့် မြန်မာနိုင်ငံသားမဆို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ၎င်းတို့၏ ဆန္ဒအရ ပြည်ဝင်ခွင့်သို့မဟုတ် မလေးရှားတွင် ဆက်လက်အလုပ်လုပ်ကိုင်ခွင့် တရားဝင်ရရှိရန် မလေးရှား အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်။ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ မြန်မာသံရုံးနှင့် မလေးရှားသက်ဆိုင်ရာ၊ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်းကာ အရေးပေါ် ဖုန်းလိုင်းများ မလေးရှားနိုင်ငံအနှံ့ဖွင့်ပေးရန်။သက်ဆိုင်ရာ သာရေး၊နာရေး၊လူမှုရေး နှင့်နိုင်ငံရေး အဖွဲ့အစည်းအသီးသီး တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည့်နာရေးဆောင်ရွက်မှုများကို လိုအပ်သလို အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးရန်။ မလေးရှားနိုင်ငံအတွင်းမလေးရှားရဲတပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းထားသော မည်သည့်မြန်မာနိုင်ငံသား မဆို သံရုံးမှ သွားရောက်တွေ့ဆုံဖေးမကူညီပေးရန်။မြန်မာနိုင်ငံပြန်မည့် မြန်မာနိုင်ငံသားများအား သက်ဆိုင် သည့် စာရွက် စာတမ်းအထောက်အထားများအား လိုအပ်သလို မဆိုင်းမတွ အမြန်ဆောင်ရွက်ပေးရန်။ ယခုဖြစ်စဉ်မှသေဆုံးသူ၊ဆေးရုံတက်ကုသနေသူနှင့်ဒဏ်ရာရရှိသူများအား သွားရောက်တွေ့ဆုံကူညီ ထောက် ပံ့ရန် နှင့် သေဆုံးသွားသူမိသားစုများအား ဘ၀လုံခြုံမှုရှိအောင်ဖေးမကူညီစောင့်ရှောက်ပေးရန်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာဝန်ရှင်တော်ရုံးသို့ ယခုဖြစ်စဉ်မှထွက်ပြေးလွတ်မြောက်လာပြီးမြန်မာနိုင်ငံပြန်ရန် စိုးရိမ်ကြောင့်ကြနေသူများအားလုံးကိုတွေ့ဆုံ၍ ဒုက္ခသည် အသိအမှတ်ပြုမှတ်ပုံတင်ထုတ်ပေးရန်။ ယခုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်လာပြီး မြန်မာနိုင်ငံပြန်မည့်သူများအားလုံးကို မြန်မာသံရုံးနှင့်မလေးရှား အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန်။ မှတ်ချက်။ ပြည်တွင်း၊ပြည်ပမှလှုဒါန်းသောအလှူငွေများသည်ဤကော်မတီနှင့်လုံးဝသက်ဆိုင်ခြင်းမရှိပါ။
REF: Kyawko Kokyaw
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ဖုန်းအတုနဲ့ အစစ်ခွဲခြားဖို့အတွက် အလွယ်ကုဆုံးနည်းလမ်းနဲ့စစ်မယ်
Touch Screen ကိုစမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်၊ခက်တာက Android ကို
အသုံးပြုထားတဲ့တချို Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။
တချို့Handsets တွေကများသောအားဖြင့် Clone Handsetsတွေမှာတွေ့ရတတ်ပါတယ်။
Android အစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေအကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ Android
ဖုန်းတွေက Android အစစ်ကိုအသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။
Android အစစ်ကိုအသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေကဘာတွေကွဲပြားလဲဆိုရင်
တော့ကွဲလွဲတာတွေသိပ်မရှိပေမဲ့ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsets တွေမှာ
Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ
စိုးရိမ်တဲ့ Android User တွေအတွက် ဒီနည်းလမ်းလေးကိုပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ SamsungGalaxy Miniတွေမှာ Android အစစ်မဟုတ်တာတွေကိုသုံးထားပါတယ်။လုံးဝအစစ်နဲ့တူပါတယ်၊ အဲ့လိုဖုန်းတွေကိုအစစ်မဟုတ်ကြောင်း
ဘယ်လိုစမ်းနိုင်လဲဆိုရင် အလွယ်ကူဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။
Samsung Galaxy Seriesတွေအတွက် ဒီနည်းနဲ့စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font
Style ကိုရှာကြည့်လိုက်ပါ။တွေ့ရင်အစစ်ဖြစ်ကြောင်းယုံလို့ရပါတယ်။မတွေ့ရင်အစစ်မဟုတ်ဘူးပေါ့ဗျာ။
နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကိုစမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ၊
AboutPhone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသည်ဖြင့်ရေးထားတဲ့ နေရာလေးကိုသုံးခါလေးခါလောက်ဆက်တိုက်နှိပ်ကြည့်ပါ။
စက်ရုပ်ပုံလေးပေါ်လာပြီး AndroidVersionရယ် ICS,Jelly Beanဆိုတာကိုဖေါ်ပြပေးပါလိမ့်မယ်
နောက်ပြီးစက်ရုပ်ပုံလေးကိုဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကိုတွေ့ရပါလိမ့်မယ်။
Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။
ဒီနည်းလမ်းတွေက Android ဖုန်းတွေကိုအစစ်ဟုတ်မဟုတ် စမ်းကြည့်လို့ရနိုင်ပါတယ်။
အတုအစစ်ခွဲခြားဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
အဆင်ပြေကြမယ်ထင်ပါတယ်....။
(မှတ်ချက်) သည်ဘလော့ပိုစ်ကို HOTS NEWS ဂျာနယ်မှနည်းပညာကဏ္ဍတွင် တွေ့ရသောကြောင့်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။မသိရသေးသောသူတွေအတွက်သာရည်ညွန်းပါသည်။
ကျေးဇူးအထူးတင်ပါတယ်....
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Avast Antivirus 2013 Free(ဆော့ဝဲ)
              Avast Antivirus 2013 
    အင်တာနက်သုံးသူတိုင်းသိကြမှာပါ...ဒီဆော့ဝဲလေးကို
                   ၂၀၁၃ဆိုလို့ပြန်မျှဝေပေးလိုက်တာပါ    ...   လိုအပ်ရင်အောက်မှာဒေါင်း.ယူသွားပါခင်ဗျားးး
            မူရင်းဆိုက်မှဒေါင်းယူရန်
       BOX မှဒေါင်းယူရန်
                                          အဆင်ပြေကြပါစေ   
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
(မလေးရှားရောက် မြန်မာများ မဖြစ်မနေလိုက်နာကြပါရန် တောင်းဆိုအပ်ပါသည်)
မလေးရှားနိုင်ငံတွင်ရှိကြကုန်သော မြန်မာနိုင်ငံသားအပေါင်းတို့ (10.6.2013) တနလာင်္နေ့မှစ၍ အလုပ်မဆင်းကြရန် သတိပေးအကြောင်းကြား၍ အသိပေးနှိုးဆော်အပ်ပါသည်။ ယခုမလေးရှားနိုင်ငံအတွင်းတွင် မြန်မာပြည်သားများ နေရာအနှံ့ အသတ်ခံနေရပါသည်။
အိုမြန်မာပြည်သား.... သင့်နေရာတွင်လုံခြုံမှုရှိသည်ဟု သင်ထင်သော်လည်း အခြားသောနေရာများတွင် နေ့တိုင်းခုတ်ထစ် သတ်ဖြတ်ခံနေရသည်ကို သင်သိပါသလား။
အိုမြန်မပြည်သား... သင့်နေရာနှင့်ပတ်ဝန်းကျင်တွင် နာစီလာမား ရောင်းသူ၊ ခေါက်ဆွဲကြော်ရောင်းသူ မျက်နှာစိမ်းများ သင်တို့၏သွားလာလှုပ်ရှားပုံကို
လေ့လာ၍နေသည်ကို သတိပြုမိပါသလား။
အိုမြန်မာပြည်သား... မလေးရှားအစိုးရမှ မြန်မာအလုပ်သမားများအပေါ် (လုံးဝ) အကာအကွယ်မပေးနိုင်သည်ကို သင်ယုံကြည်ပြီလား။ (ယုံသင့်ပြီ)
အိုမြန်မာပြည်သား... သင့်တွင်ပြဿနာဖြစ်က သင့်သူဌေးများမှလည်း မည်သို့မျှအကာအကွယ်မပေးနိုင်သည်မှာ သင်သိပါသလား။ (သူတို့တာဝန်မယူနိုင်ပါ)
အိုမြန်မာပြည်သား... သင့်ကိုမြန်မာအစိုးရဘက်မှလည်း တာဝန်မယူနိုင်သေးသည်ကို သင်သိပါသလား။
အိုမြန်မာပြည်သား...လူသတ်နေသူများမှာ ပတ်စ်ပို့များ၊ နိုင်ငံသားကဒ်များ ကိုင်ဆောင်ထားပါသဖြင့် ရဲများမှအော်ပရာစီဖမ်းသော်လည်း မမိနိုင်တာသင်သိပါသလား။
အိုမြန်မာပြည်သား... ဒီမလေးရှားနိုင်ငံတွင် သင့်ကိုဘာအန္တရာယ်မှမဖြစ်စေရပါဘူးဟု ဘယ်သူမှအာမခံပေးနိုင်သူ မရှိတာသင်သိပါသလား။ (သေချာစဉ်းစား)
ထို့ကြောင့်( 10. 6. 2013 ) တနလာင်္နေ့မှစတင်၍ မလေးရှားတွင်ရှိကြသော မြန်မာလေးသိန်းကျော်တို့ တစ်ညီတစ်ညွတ်တည်း အလုပ်မဆင်းဘဲနေကြရန် တောင်းဆိုအပ်ပါသည်။ စည်းလုံးညီညွတ်ကြပါ မြန်မာနိုင်ငံသားအပေါင်းတို့။
ဤစာကို ကျေးဇူးပြု၍ ရှယ်(Share)... လိုက်(Like) လုပ်ခြင်းဖြင့်ရပ်တန့်မနေကြဘဲ သူငယ်ချင်းအားလုံးသို့ မက်ဆေ့စ် များပေးပို့ခြင်းပြုလုပ်ကြပါရန်တောင်းဆိုအပ်ပါသည်။
ရွှေမြန်မာ
https://www.facebook.com/photo.php?fbid=531724093531582&set=a.4...
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
မလေးရှားမှ မြန်မာပြည်သား သွေးချင်းများသို့
မလေးရှားမှညီအစ်ကိုများသို့
(၁) ယခုတလောလမ်းထွက်ရင် အနည်းဆုံး (၅) ယောက်လောက်ခပ်ခွာခွာသွားပါ။ သတိမပြတ်ပါစေနဲ့။
(၂) ကားလမ်းနှင့်မျက်နှာမူ၍ လမ်းလျှောက်ပါ။
(၃) လူပြတ်သောနေရာများကို အထူးသဖြင့်ရှောင်ရှားပါ။
(၄) တစ်ယောက်နဲ့တစ်ယောက် မျက်ခြေမပြတ်ပါစေနဲ့။
(၅) မသင်္ကာစရာတွေ့ပါက မျက်ခြေဖြတ်ပြီး စောင့်ကြည့်ပါ။
(၆) ဖုန်းကဒ်ကို အမြဲ အရေးပေါ်အခြေအနေခေါ်နိုင်ရန် လက်ကျန်ငွေထားရှိပါ။
(၇) အရေးပေါ်တယ်လီဖုန်းနံပါတ်များကို အလွယ်တကူခေါ်ဆိုနိုင်ရန် ဆောင်ရွက်ထားပါ။
(၈) မိမိတယ်လီဖုန်းအား အမြဲအားပြည့်နေစေရန်ဂရုပြုပါ။
(၉) ညအိပ်လျှင် လူစုခွဲအိပ်ပါ။ အရေးပေါ်ထွက်ပေါက်နဲ့နီးစပ်နေပါစေ။ သမရိုးကျထွက်ပေါက် လွယ်ကူသောထွက်ပေါက်မှ မပြေးပါနဲ့။
(၁၀) Body Spray ဗူး နဲ့မီးခြစ်ကို အလွယ်တကူဆောင်ထားပါ။ ရန်ပြုရန်လာပါက မျက်နှာကို Body Spray ဗူးနဲ့ဖြန်းပါ။ အခွင့်ရှိလျင် မီးခြစ်၍သုံးပါ။
(၁၁) အက်ဆစ်၊ ဓါတုပစ္စည်းအရည်၊ ငရုတ်သီးမှုန့်ဗူးများဆောင်ထားပါ။ အန္တရာယ်ကျရောက်လာပါက ပက်ပစ်ပါ။
(၁၂) အရေးအကြောင်းရှိရင်တုံ့ပြန်နိုင်ရန် လူစုခွဲပစ်လိုက်ပါ။ ရန်သူတုံ့ပြန်မှုကို အာရုံလွှဲနိုင်ရန်ဖြစ်သည်။
(၁၃) လိုအပ်ရင်နီးစပ်ရာဗမာလူမျိုးများနဲ့ပေါင်းနေ ပေါင်းအိပ်ပါ။ အချင်းချင်းသစ္စာရှိပါစေ။
(၁၄) အထူးသဖြင့် အရက်သေစာ မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုအထူးရှောင်ကြဉ်ပါ။
(၁၅) လိုအပ်ပါက မြန်မာနိုင်ငံပြန်ရန် ချက်ချင်းဆုံးဖြတ်ပါ။ မိမိအသက်ထက်ဘယ်အရာမျှအရေးမကြီးပါ။
အစစအရာရာ သတိကြီးစွာ (သတိကြီးစွာ) ရှိပါစေ။
မလေးရှားမှ ညီအစ်ကိုမောင်နှစ်မများအတွက်။ ဘေးအန္တရာယ်ကင်းကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Computer နည်းပညာစာအုပ် အတိုအထွာများ မြန်မာလို (လိုချင်သူများ မြန်မြန်ဒေါင်းထားကြပါရန်)
Computer နည်းပညာနဲ့ပတ်သက်လို့ လေ့လာနေသူများအတွက် အဖိုးတန်နည်းပညာ စာအုပ်အတိုအထွာ
လေးတွေရှိတဲ့ Website လေးတင်ပေးလိုက်ပါတယ်...အမှန်တော့..Website မဟုတ်ပါဘူး...Web Designer ရဲ့
ပါ့လျော့မှုကြောင့် အပေါက်ဖြစ်နေတာပါ...ဒါကြောင့် Web Designer မသိခင် မြန်မြန်လေးသာ ဒေါင်းထား
ကြပါလို့ပြောပါရစေ...Firefox ဖြင့်ဒေါင်းမရသူများ Chrome ဖြင့်ဒေါင်းလို့ရပါတယ်.. Web Designer အနေဖြင့်လည်း ယခုပိုစ့်ကို သိသွားပြီဆိုရင် မိမိဆိုဒ်ရဲ့ အပေါက်ကို သေချာပြန်ပြင်ပါ...Permission သေချာ
ပိုင်းပါလို့ သတိပေးပါရစေ..ဒီလိုအပေါက်တွေကနေတစ်ဆင့် H*** လုပ်မယ်ဆိုရင် ခံသွားရပါလိမ့်မယ်
အခုတော့... အလှူအတန်းလုပ်တယ်လို့သာသဘောထားပေးပါ..ကဲ...လိုချင်သူများ တက်ညီလက်ညီနဲ့
မ, နိုင်ပါပြီခင်မျာ...  :D :P
Download Here
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာ
ဘဝဆိုတာ..လျှက်စီးပြက်လိုက်သလိုဘဲတဲ့ခဏအတွင်းလေးမှာဘာဖြစ်သွားနိုင်တယ်ဘယ်သူမှ
မပြောနိုင်ကြဘူး..မွေးခြင်းနဲ့သေခြင်းကြားမှာဘဝဆိုတာရှိနေတယ်..ဘဝဆိုတာရုန်းကန်လှုပ်ရှား
ခြင်းဘဲတဲ့..လူဖြစ်လာရခြင်းဟာဘာမှအဓိပ္ပါယ်မရှိဘူးတဲ့ဆိုကြတယ်..ဘာတွေဘဲဆိုဆို
လူဖြစ်လာမှတော့အဓိပ္ပါယ်ရှိအောင်နေထိုင်ရတော့မှာဘဲမဟုတ်လား..အဓိပ္ပါယ်ရှိသောလူ့အသက်
တာနဲ့ဘဝအရောင်တက်နေဖို့ဒါလေးကိုဖတ်ကြည့်လိုက်ဘာ...
အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ
အက္ခရာတွေကို ဒီလိုနံပ...ါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,
F=6, G=7, H=8, I=9, J=10,
K=11, L=12, M=13, N=14, O=15
P=16, Q=17, R=18, S=19, T=20
U=21, V=22, W=23, X=24, Y=25, Z=26
အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။
၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5 = 96 %
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။
၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
၎။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။
ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။
သိပြီ ပိုက်ဆံ . . . ။
၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်
၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 = 89 %
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .
စိတ်နေစိတ်ထား။
၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %
ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
မလေးမှာ တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်များရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေ ကြိုးကိုင်သူ နှင့် သူ့ရဲ့ လုပ်ဇာတ်
စာရေးသူပေးပို့တဲ့ မူရင်းအတိုင်းဖော်ပြထားပါသဖြင့် ရိုဟင်ဂျာနေရာမှာ ဘင်္ဂါလီလို့ ပြင်ဖတ်ပေးပါ။ဒီအကြောင်းသေချာသိသူများ အမှားအမှန်ဝေဖန်ပေးကြပါ။ မလေးရှားမှာ မြန်မာတွေ အသတ်ခံနေရတဲ့ ကိစ္စမှာ ဒီလူတွေရဲ့ ကြိုးကိုင်မှုမှ ကင်းရဲ့လားလို့ တွေးမိတယ်။မနေ့က မလေးရှားက ညီဝမ်းကွဲတွေဆီ စိတ်ပူလို့ဖုန်းဆက်တယ်။ သူတို့က မလေးရှားနိုင်ငံသားတွေ အများစုနေတဲ့နေ၇ာမှာနေလို့ သိပ်စိတ်ပူစရာမရှိပါဘူးတဲ့။ ခုပြဿနာရှာနေတဲ့ မြန်မာတွေကိုသတ်နေတာတွေက မြန်မာပြည်က မွတ်ဆလင်တွေတဲ့။ ဒီပို့စ်ကို ကော်ပီကူးပြီး ပြန်ရှယ်ကြပါ။ မကြာခင်မှာ report လုပ်ပြီးဖျက်သွားပါလိမ့်မယ်။
သို့
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
ကျွန်တော် တာဝန်တစ်ရပ်နဲ့ ပါတ်သက်ပြီး စုံစမ်းရင်းနှင့် ဒီစာကို ရေးဖို့တွန်းအားဖြစ်စေတာ ယခုလက်ရှိ ဖြစ်လာတဲ့ ဘာသာရေး ပဋိပက္ခများ၊ နိုင်ငံရပ်ခြားမှာ မြန်မာလူမျိုးတွေ အသတ်ခံရခြင်းများ၊ အမေစုနဲ့ ဗိုလ်ချုပ်ပုံကို မီးရှို့ဝံ့လောက်အောင် သတ္တိကောင်းကောင်းနှင့် ရိုင်းပြနေသူများကြောင့် မရေးမဖြစ်လို့ ရေးလိုက်ရခြင်းပါ။ ယခုလက်ရှိ ဖြစ်နေတဲ့ ဖြစ်ရပ်များနဲ့ ပါတ်သက်ပြီး ကျွန်တော်သိသလောက် ရေးရမယ်ဆိုရင် ပထမဦးဆုံး ပြောချင်တာက မလေးရှားနိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူထားပြီး၊ မြန်မာနိုင်ငံသားအဖြစ်ကလည်း မစွန့်လွှတ်သေးတဲ့ မန္တလေးသား ဒေါက်တာ ကိုကိုကြီးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကုလားနာမည်ဟာ Abdul Rahman Zafrudin လို့လဲ ခေါ်ပါတယ်။ ဒေါက်တာကိုကိုကြီးဟာ ယခုလက်ရှိ မလေးရှားနိုင်ငံမှ မလေးရှားရိုဟင်ဂျာ အဖွဲ့မှာလည်း President ရာထူးကို ရယူထားသူပါ။
သူဟာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေကို မလေးရှားကို တိတ်တဆိတ် ခိုးသွင်းပြီး ရာဘာခြံ၊ ဆီအုံးခြံများမှာ ထားရှိကာ လိုအပ်လျင် အကြမ်းဖက် လုပ်ရပ်များမှာ အသုံးပြုရန် စေခိုင်းလေ့ ရှိသူပါ။ ထိုသို့ခိုးသွင်းရန် စားရိတ်အား အလှူငွေကောက်ခံခြင်းဖြင့် ရယူသကဲ့သို့၊ ရိုဟင်ဂျာများထံမှလည်း လူကုန်ကူးက တောင်းယူကာ နှစ်သီးစားသူပါ။ ဇွန်လက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ ရခိုင်တွေ ပြဿနာဖြစ်တော့ မလေးက မြန်မာနိုင်ငံသား အများစု အသတ်ခံရတာဟာလည်း သူ့လက်ချက် မကင်းပါဘူး။ သူဟာ Klinik Ng dan Lee, Wangsa Maju branch မှာ ဆေးခန်းထိုင်ပြီး သူ့ထံ ဆေးလာကုသူများထံမှ လိပ်စာနဲ့ ဖုန်းနံပါတ်ကို မလိမ့်တပါတ် တောင်းယူထားလေ့ ရှိသူပါ။ ဒါကြောင့် ဇွန်လ ရိုဟင်ဂျာ ရခိုင် အရေးအခင်းနောက်ပိုင်း မလေးမှာ အသတ်ခံရတဲ့ မြန်မာအများစုကို သတ်မယ့်သူတွေဟာ လိပ်စာတွေသိနေခြင်း၊ ဖုန်းကြိုဆက်နိုင်ပြီး လူရှိတဲ့ နေရာကို လိုက်လာပြီး သတ်ဖြတ်ခြင်းများ ပြုလုပ်နိုင်ခဲ့ခြင်းပါ။
မလေးရှားမှာနေထိုင်သူတိုင်း ဆလာရန်းဆိုတဲ့ မလေးရှားလူဆိုးဂိုဏ်းကို သိကြပါတယ်။ ဒေါက်တာကိုကိုကြီးဟာ ဆလာရန်းဂိုဏ်းနဲ့ တော်တော်လေး ရင်းရင်းနှီးနှီးပါတ်သက်နေပါတယ်။ ဆလာရန်းဂိုဏ်းမှာ လူလိုလျင်လည်း ရာဘောခြံ၊ ဆီအုံးခြံများတွင် ဖွက်ထားသည့် တရားမ၀င် ရိုဟင်ဂျာတွေကို ထည့်သွင်းအသုံးပြုစေပြီး ဆလာရန်းဂိုဏ်းအတွင်းမှာ သူ့ရဲ့ သြဇာအာဏာကို တည်ဆောက်ယူလေ့ ရှိပါတယ်။ ဒေါက်တာကိုကိုကြီးဟာ သောကြာနေ့တိုင်း မြန်မာသံရုံးအနီးရှိ Ampang က ဗလီမှာ တက်လေ့ရှိပြီး သူဗလီသွားလျင် နောက်လိုက်နောက်ပါ ကိုယ်ရံတော်များနှင်သာ သွားလာလေ့ရှိပါတယ်။ ဒေါက်တာကိုကိုကြီး၏ နောက်လိုက်နောက်ပါ လူဆိုး လူမိုက်များဟာ သောကြာနေ့ ဗလီဝတ်ပြုပီးချိန်များတွင်း Rohingya စာတမ်းနီပါသည့် တီရှပ်များ လဲလှယ်ဝတ်ဆင်ပြီး သံရုံမှ ပြန်လာသည့် မြန်မာများအား ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ရှိသူပါ။
ဒေါက်တာကိုကိုကြီးဟာ မလေးရှား ရိုဟင်ဂျာအဖွဲ့ကို ဦးဆောင်ပြီး မလေးလူမျိုးများနဲ့ ကမ္ဘာအနှံ့မှ ရိုဟင်ဂျာများအတွက် အလှူငွေများ ကောက်ခံပြီး ရွှေလီမှတစ်ဆင့် ပြည်တွင်းကိုပို့ပေးပါတယ်။ မလေးရှား၊ စင်္ကာပူမှာ ရှိတဲ့ ဇေယျာဆိုင်တွေဟာလည်း ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်တာဖြစ်ပြီး တရားမ၀င် ငွေလွှဲလုပ်ငန်းများအပြင်၊ ငွေကြေးများစွာရရှိမည့် မူးယစ်ဆေးဝါး မှောင်ခိုသွင်းခြင်းများလည်း လုပ်ပါတယ်။ မနှစ်က မလေးရှားရှိ ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်တဲ့ ဆိုင်တစ်ခုမှာ မူးယစ်ဆေးဝါးအပြင်၊ သေနတ်၊ ဓါး အစရှိတဲ့ လက်နက်တွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ဒေါက်တာကိုကိုကြီး ဒီလိုမကောင်းမှုတွေ လုပ်နေသော်ငြား ဥပဒေအထက်မှာ ရှိနေခြင်းဟာ သူ၏သားမက်နှင့်လည်း သက်ဆိုင်ပါတယ်။ ဒေါက်တာကိုကိုကြီး၏ သားမက်ဟာ မလေးရှားရှိ D9 ထောက်လှမ်းရေးကို တော်တော်လေး ပိုင်ခဲ့ပါတယ်။ ဒါကြောင့် မလေးရှားရှိ ဒုက္ခသည် စခန်းများမှာ ရိုဟင်ဂျာနှင့် အစ္စလာမ် ဘာသာတူများအား အလှူငွေများ ရရှိစေခြင်း၊ မလေးနိုင်ငံသားဖြစ်စေခြင်း အစရှိတာတွေကို များစွာလုပ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၀၀ ကျော်အား လန်ကာဝီတွင် ယာယီစခန်းဖွင့်ပေးထားပြီး ထိုင်းနိုင်ငံ တောင်ပိုင်းဘက်သို့ ပြန်လည် စေလွှတ်နေပါတယ်။ ယာယီ ဒုက္ခသည်စခန်းရှိ မွတ်စလင် Refugee များတွေအတွက် ထောက်ပံ့ကြေးများအားလည်း အပြည့်အ၀ ပေးခြင်းမရှိပဲ ကြားမှဖြတ်တောက် ယူထားခြင်းများ ပြုလေ့ရှိသူပါ။ ဘာသာတူခြင်းအပေါ်တွင်လည်း မလှိမ့်တပါတ်နှင့် အနိုင်အထက်ပြုသူပါ။
မြန်မာနိုင်ငံမှာလည်း ဘာသာရေး ပဋိပက္ခ မဖြစ်၊ ဖြစ်စေရန် သူဟာ နည်းအမျိုးမျိုးနဲ့ ကြံရွယ်လုပ်ဆောင်နေပါတယ်။ ၂၀၁၂ ခုနှစ် လလယ်ပိုင်းတွင် RSO အဖွဲ့မှ နေရူးအစ္စလာမ်နှင့် အင်ဒိုနီးရှားမှာ တွေ့ဆုံခဲ့ကြပြီး ၉ လပိုင်း ကျောက်ဖြူတွင် ဆူပူမှုဖြစ်စေရန် စနစ်တကျ အကွက်ချ ကြံစည်ခဲ့ပါတယ်။ ပြည်တွင်းမှာရှိသော သူ့၏ ညီ မောင်မောင် (ရွှေကရ၀ိတ်) အပါအ၀င်၊ စွမ်းအား အီလက်ထရောနစ်ပိုင်ရှင် အောင်ဇော်ဝင်း၊ မြစ်မခ မီဒီယာမှ သတင်းထောက် မင်းမင်းလတ်နှင့် ပုဂ္ဂလိက စာသင်ကျောင်းပိုင်ရှင် ဇော်မင်းထွန်းတို့နဲ့ သူဟာ တကြိတ်တည်း တဥာဏ်တည်း လုပ်ဆောင်နေခြင်းပါ။ ရံဖန်ရံခါမှာ ရဲရင့်သစ္စာဆိုသူထံ ရိုဟင်ဂျာ လော်ဘီလုပ်ပေးရန်လည်း အကူအညီတောင်းခံရင်း ငွေပို့ပေးလေ့ရှိပါတယ်။ ထိုသူများ၏ အကူအညီဖြင့် မွတ်စလင် လူထုအား ပစ်မှတ်ထားသော M-Media အား ဖေ့ဘွတ်တွင် ဖွင့်လှစ်ထားရှိပြီး သတင်းမှားများနဲ့ ဗုဒ္ဓဘာသာကို မုန်းတီးတဲ့စာများကို အဓိက ဦးစားပေး ဖြန့်ချီစေခြင်းပါ။ ၄၈ လမ်း ဗလီ မီးလောင်သည့်နေ့တွင် မလေးရှားနိုင်ငံ ဆလာရန်းမှာ သူ့လူများအား မြန်မာနိုင်ငံသားများကို ထွက်ရိုက်စေရန် စေခိုင်းခဲ့ပါတယ်။
ဒေါက်တာကိုကိုကြီးဟာ ဇွန်လအရေးအခင်း ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ သိက္ခာကျစေရန် နိုင်ငံတကာ အဖွဲ့အစည်းများထံ မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့စေခဲ့သူဖြစ်သလို၊ အွန်လိုင်းပေါ်မှ မျိုးချစ် မြန်မာလူငယ်များကိုလည်း ခြိမ်းခြောက်ခြင်း၊ ပြင်ပတွင် လိုက်လံသတ်ဖြတ်ရန် ကြိုးစားခြင်းများလည်း ပြုလုပ်ခဲ့သူပါ။ ဒေါက်တာကိုကိုကြီးနဲ့ အချိတ်အဆက် ရှိသူများမှာ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့များမှ ပုဂ္ဂိုလ်များလည်း ပါဝင်ပါတယ်။ ထို အကြမ်းဖက် ကွန်ယက်များအား ငွေပေး၍ မြန်မာအစိုးရအား ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဆန္ဒပြစေရန် စေခိုင်းလေ့ရှိပါတယ်။ ယခုလက်တလော ဗိုလ်ချုပ်ပုံနဲ့ အမေစုပုံကို မီးရှို့ပြစေခြင်းဟာလည်း ဒေါက်တာကိုကိုကြီးရဲ့ အစီအမံတစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ အမေစုကိုလည်း အမြဲတစေ တိုက်ခိုက်လေ့ရှိသူပါ။
ဒေါက်တာကိုကိုကြီးဟာ ရိုဟင်ဂျာအရေးအား ကမ္ဘာမှ အာရုံစိုက်စေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ရာတွင် KL တွင်ပြုလုပ်သည့် ဘင်္ဂါလီ ထောက်ခံပွဲအား မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီ ကိုယ်တိုင် တက်ရောက်ရန် စီစဉ်ခဲ့သလို၊ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူလို့ မိမိကိုယ်ကို ခံယူထားတဲ့ ဒေါက်တာဇာနည်ကိုလည်း ရိုဟင်ဂျာအရေးအား နိုင်ငံတကာမှ အာရုံစိုက်လာစေရန် လုပ်ဆောင်ပေးရန် (သို့မဟုတ်) နိုင်ငံတကာ မီဒီယာမှာ မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာအား အပုတ်ချပေးရန် အပေးအယူလုပ်ခဲ့ပါတယ်။
အမိ မြန်မာနိုင်ငံကို နည်းလမ်းမျိုးစုံနှင့် စော်ကားနေသည့် ဒေါက်တာကိုကိုကြီးဟာ မလေးရှားနိုင်ငံသား ခံယူထားသော်ငြား၊ မြန်မာနိုင်ငံသား ပတ်စပို့အားလည်း သက်တန်းမှန်မှန်တိုးလျက် ရှိပါတယ်။ ထို့အတူ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနီးတ၀ိုက် မနက်ဝေလီဝေလင်း အချိန်များနှင့် ညနေစောင်း အချိန်များမှာ ဖြစ်ပေါ်နေသည့် လုယက်မှု အများစုဟာလည်း ဒေါက်တာကိုကိုကြီး၏ လူမိုက်ဂိုဏ်းအုပ်စု၏ လက်ချက်များပင် ဖြစ်ပါသည်။ ထိုကဲ့သို့သော လုပ်ရပ်များကြောင့် ဒေါက်တာကိုကိုကြီး၏ နောက်ကွယ်မှ သွေးထိုးနေခြင်းနှင့် လူမဆန်သည့် လုပ်ရပ်များအား မြန်မာပြည်သူတို့ သိရှိစေဖို့ ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ထံ စာရေး အကြောင်းကြားလိုက်ရခြင်း ဖြစ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS