RADIO

What is current song?

RSS

Window 8 ကို သုံးရတာ ရှုပ်နေသူများအတွက် Window 7 စတိုင်ပြောင်းနည်း

Window 8 ကို သုံးရတာ ရှုပ်နေသူများအတွက် Window 7 စတိုင်ပြောင်းနည်း



Window 8 သုံးနေပြီး စတိုင်ကို ပြောင်းချင်ရင် ဒီဆော့ဝဲလေး ထည့်ထားသုံးလိုက်ပါ

သုံးနေကျမဟုတ်လို့  အသားမကျသူများ Start Menu စတိုင်ကို အဆင်မပြေသူများ

Window ပြောင်းစရာမလိုပဲ ဒီဇိုင်းလေးနဲနဲပြင်၍ Window 7 ပုံစံလေး  ပြောင်းလိုက်

ဆော့ဝဲထည့်ပီးရင် ဆော့ဝဲကိုဖွင့်ပါ ပြီးရင် ပုံမှာပြထားသလို စတိုင်ကို ယူ OK ပေးပါ

တခြား အများကြီးကလိရပါတယ် ကိုယ်တိုင်ထည့်ပီး သေချာ လေ့လာကြည့်လိုက်ပါ



Download -  ClassicShellSetup_XP - 7 - Vista ).exe


မူရင်းလင့် - http://sourceforge.net/projects/classicshell/?source=dlp
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ၀ ပြုနိုင်မည်

နှစ်စဉ် အာဇာနည်နေ့တွေမှသာ ၀င်ခွင့်ပြုခဲ့တဲ့ ရန်ကုန်မြိုက အာဇာနည်
ဗိမာန်ကို လာမယ့် ဇွန် ၁ ရက်နေ့ကစပြီး အများပြည်သူ ၀င်ရောက်ကြည့်
ရှုနိုင်ဖို့ ဖွင့်လှစ်ပေးသွားမယ်လို့ ရန်ကုန်မြို့ တော်စည်ပင် ပန်းဥယျာဉ်နဲ့ အားကစားကွင်းဌာန

တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

အာဇာနည်ဗိမာန်ကို တနင်္လာနေ့မှအပ နေ့စဉ် မနက် ၈ နာရီ ကနေ ညနေ
၅ နာရီအထိ ဖွင့်ပေးမှာ ဖြစ်ပြီး ၀င်ကြေးကတော့ လူကြီး ၁ ယောက်ကို
ကျပ် ၂၀၀၊ ကလေး ကျပ် ၁၀၀ နဲ့ နိုင်ငံခြားသား ၃ ဒေါ်လာ သတ်မှတ်
ထားကြောင်း သိရပါတယ်။

အာဇာနည်ဗိမာန်မှာ ၁၉၈၃ ခုနှစ် တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ မြန်မာနိုင်ငံ
ကို အလည်အပတ် လာရောက်စဉ် မြောက်ကိုရီးယားတွေရဲ့ ဗုံးခွဲ တိုက်ခိုက်ခံ
ခဲ့ရပြီးနောက်ပိုင်း အများပြည်သူ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွန်ပျုတာအတွက် အသစ်ထွက်လာတဲ့ Viber ဆော့ဝဲပါ ကွန်ပျုတာတိုင်းနီးပါးသုံးနိုင်ပြီ

မောင် (စွယ်စုံကျမ်း) မှတစ်ဆင့် ပြန်လည် ဖော်ပြပေးပါသည်။ အသုံးပြုသူများ အဆင်ပြေချောမွေ့နိုင်ပါစေ။

ကွန်ပျုတာအတွက် အသစ်ထွက်တဲ့ Viber ပါ ကွန်ပျုတာတိုင်းနီးပါးသုံးနိုင်ပြီ
အရင်တစ်ခါတုန်းကလို Bluestuck ထည့်စရာမလိုပဲ တိုက်ရိုက်ဒေါင်းလုပ်ယူ
အင်စတောလုပ် ဖုန်းမှာ ဗိုက်ဘာသုံးနေရင် နံပတ်အတူတူ ထည့်လိုက်ပြီး
ကုဒ်ရယူပါ တဖက်ကခေါ်ရင် ဖုန်းကိုလည်း ၀င်တယ် ကွန်ပျုတာမှာ ဗိုက်ဘာ
ဖွင့်ထားရင် ကွန်ပျုတာကိုလည်း ၀င်လာပါတယ် ဖုန်းကနေ လက်ခံလည်းရ
ဖုန်းဝေးနေလို့  ကွန်ပျုတာကနေ လက်ခံရင်လည်းရပါတယ် နံပတ်အတူတူ
ထည့်သုံးပါ chatting လည်းအဆင်ပြေပါတယ် အလုပ်များသူတွေအတွက်
စမ်းသပ်သုံးစွဲချင်သူများ အောက်ကလိပ်စာမှယူနိုင်ပါတယ်
http://www.zwmnna.com/2013/05/viber.html
ပြည်ပက ကိုယ့်ချစ်သူခင်သူ သူငယ်ချင်းတွေနဲ့  ဖလမ်းဖလမ်း ပြောလို့ ရပါပြီ
Viber ထည့်ထားတဲ့ ဖုန်းကနေ ကွန်ပျုတာကို ခေါ်ချင်တာပဲဖြစ်ဖြစ် Computer
Viber ကနေ ဖုန်းကိုခေါ်တာပဲဖြစ်ဖြစ် အဆင်ပြေမှာပါ ............
Download - Viber For Computer
Download - http://www.viber.com/
Viber desktop hardware & system requirements
Here are Viber desktop V3.0 System & hardware requirements:
Windows: Windows XP Service pack 3 and above.
Windows Vista
Windows 7
Windows 8(RT is not supported)
Mac: OSX 10.7 and above.
Please make sure you have the following Viber mobile versions
prior desktop registration to be able to use Viber desktop:
- Viber 3.0 for Android
- Viber 3.0 for iPhone
- Viber 2.4 for Blackberry
- Viber 2.2.3 for Windows Phone 8(Partly compatible, might encounter
sync issues)- Viber for Windows Phone 7, S40/S60 & Bada: (Partly compatible,
might encounter sync issues)Do not require a minimum
Viber version.
Minimum hardware requirement:
CPU: Dual core processor.
Memory: 1GB RAM
Microphone and speakers for voice calls.
Webcam for video calls.
AD2P compatible Bluetooth reciever for BT devices.
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လက်စွပ် ၀တ်ဆင်မယ်ဆိုရင် ( ဗဟုသုတလေးပေါ့ )

လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက်
သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။
လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက
========================================
ညာဖက်လက်သန်း ———- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် —— ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ——- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ———- တစ်ကိုယ်ရေတစ်ကာယ
ဘယ်ဖက်လက်သန်း ———— အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် ——– လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် ——— စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ———— အိပ်ထောင်မပြုရသေးပါ
နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက
==============================
လက်ညှိုး ———- မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
လက်ခလယ် ——- ချစ်ကြိုက်နေတယ်။
လက်သူကြွယ် —— စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
လက်သန်း ———- တစ်ကိုယ်ရေတစ်ကာယ
အမျိုးသားအတွက် ပြောရရင်
================
ငွေရောင်လက်စွပ်ဝတ်ဆင်သူက နူးညံ့သိမ်မွေ့တယ်၊ လူတိုင်းနဲ့ အလိုက်အထိုက်နေတတ်တယ်၊ ဝင်ဆံ့တယ်။
ရွှေရောင်လက်စွပ်ဝတ်ဆင်သူက အကျိုးအမြတ်ကို ပိုအလေးထားတယ်။ များသောအားဖြင့် ထက်မြက်တဲ့ စီးပွားရေးဦးနှောက်ရှိတယ်။
ကျောက်စိမ်းလက်စွပ်ဝတ်ဆင်သူက အရည်အချင်းကို ပိုအသားပေးတယ်။ အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးတယ်။
အမျိုးသမီးအတွက် ပြောရရင် —
ပန်းရောင်လက်စွပ် ဒါမှမဟုတ် သန္တာကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားမှုပြင်းထန်ပြီး ရိုမန်တစ်ဆန်သူဖြစ်တယ်။
ပတ္တမြားလက်စွပ် ဒါမှမဟုတ် အနီရောင်ဖရဲအူကျောက် (Tourmaline)လက်စွပ်ကို ဝတ်ဆင်သူက စိတ်အားထက်သန်မှုများတယ်။
နီလာလက်စွပ် ဒါမှမဟုတ် စိမ်းပြာရောင်ကျောက်လက်စွပ်ကို ဝတ်ဆင်သူက အေးတိအေးစက် ဘာသိဘာသာနေတတ်တယ်။
မြလက်စွပ် ဒါမှမဟုတ် အစိမ်းရောင်(Turquoise)ကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားချက် နုရွသိမ်မွေ့လွန်းပါတယ်။
Ref: ဗဟုသုတ
https://www.facebook.com/photo.php?fbid=146309078887934&set=a.1...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

" သင် ဘယ်လိုလူနဲ့ အတူနေမလဲ "



ဒီအပေါ်က သိမ်မွေ့လေးနက်တဲ့ စာစုလေးကို တော်တော်လေးနှစ်သက်မိလို့ ဘလော့ဂ်မှာ မှတ်သားသင့်သော စာစုများဆိုတဲ့ ခေါင်းစဉ်အောက်မှာ တမြတ်တနိုးသိမ်းထားလိုက်ပါတယ်။
တချိန်ထဲမှာပဲ စိတ်ထဲဝင်ရောက်လာတဲ့ အတွေးလေးတွေကို ချရေးထားလိုက်မိပါတော့တယ်။ ဘာရယ်မဟုတ် ကိုယ့်ကိုယ်ကို ပြန်ဆုံးမထားတဲ့ အတွေးလေးတွေကို အမှတ်တရ ချရေးထားတာပဲဖြစ်ပါတယ်။
*************************************************
ကိုယ်ကိုတိုင်က လရောင်နဲ့တူတဲ့လူတွေနဲ့ စိတ်အေးချမ်းသာစွာ နေချင်သလို...
ကိုယ့်ကိုယ်ကိုလည်း လရောင်နဲ့တူတဲ့လူဖြစ်အောင် ကိုယ့်စိတ်နဲ့ကိုယ် စိတ်အေးချမ်းသာစွာ နေတတ်တဲ့သူဖြစ်အောင် သတိနဲ့ဆင်ဆင်ခြင်ခြင် နေတတ်ဖို့လည်းလိုပါလိမ့်မယ်။

ကိုယ်ကိုတိုင်က စိတ်ဓာတ်ခိုင်မာရင့်ကျက်ပြီး ပျော်ရွှင်ပေါ့ပါးစွာနေတတ်တဲ့လူတွေနဲ့ ဘ၀ထဲကနေ့ရက်များစွာကို ပျော်ပျော်ပါးပါးဖြတ်သမ်းချင်သလို...
ကိုယ့်ကိုယ်ကိုလည်း တော်ရုံတန်ရုံ စိတ်ထိခိုက်မှုနဲ့ရင်ဆိုင်ကြုံတွေ့ရမယ့်ကိစ္စတွေမှာ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတတ်ဖို့လည်း လိုပါလိမ့်မယ်။

ကိုယ်ကိုတိုင်က ကိုယ်ပိုင်အရည်အချင်းကောင်းတွေနဲ့ပြည့်စုံပြီး မတွေဝေတတ်တဲ့လူတွေနဲ့ ဘ၀ကို ရဲရဲကြီးလျှောက်လှမ်းချင်သလို....
ကိုယ့်ကိုယ်ကိုလည်း ကိုယ်လုပ်နိုင်မယ်လို့ ယူဆတဲ့လုပ်ရပ်မျိုးတွေကို ယုံကြည်မှုအပြည့်နဲ့ နောက်မဆုတ်တန်း လုပ်ရဲတဲ့သူဖြစ်အောင် ကိုယ့်ရဲ့စိတ်ဓာတ်ရော အသိပညာ အရည်အချင်းကိုပါ ပြည့်စုံသထက် ပြည့်စုံလာအောင် ကြိုးစားအားထုတ်တတ်ဖို့ လိုပါလိမ့်မယ်။

ကိုယ်ကိုတိုင်က သဘောထားပြည့်ဝတဲ့လူတွေရဲ့ ခွင့်လွတ်နားလည်စိတ်ကို မြင်တွေ့ခွင့်ရသလို...
ကိုယ့်ကိုယ်ကိုလည်း တနေ့တခြား စိတ်နေစိတ်ထား မြင့်မြတ်လာတဲ့သူတစ်ယောက်ဖြစ်အောင် ကိုယ့်ရဲ့စိတ်ဓာတ်အင်အားကို ပြုစုပျိုးထောင်ပေးတတ်ဖို့ လိုပါလိမ့်မယ်။

ကိုယ်ကိုတိုင်က အရာရာကို တည်ငြိမ်စွာ ဆုံးဖြတ်နိုင်ဖို့ ရင့်ကျက်တဲ့လူတွေနဲ့ နေချင်သလို...
ကိုယ့်ကိုယ်ကိုလည်း စိတ်နေသဘောထား ရင့်ကျက် တည်ကြည်ဖြောင့်မတ်ပြီး အရေးတကြီးကိစ္စတွေနဲ့ပတ်သက်လို့ လေးလေးနက်နက် တွေးတော ပြောဆိုတတ်သူဖြစ်အောင် လေ့ကျင့်ယူရပါလိမ့်မယ်။

အမှန်တိုင်းဝန်ခံရရင် အမြဲတိုင်း ဒီလို စိတ်နေသဘောထားနဲ့နေထိုင်တတ်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါ။ အသက်ကြီးလာတာနဲ့အမျှ ဘ၀ထဲက နေ့ရက်များစွာကို အခုလက်ရှိရေးသားထားသလို ဖြတ်သမ်းနိုင်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။ တကယ်တော့ လူဆိုတာ သူများနဲ့အတူနေရတဲ့ အချိန်က ကိုယ်တစ်ယောက်တည်း ကိုယ့်စိတ်နဲ့ကိုယ် အတူနေရသလောက် ဘယ်လိုနည်းနဲ့မှ မများနိုင်ပါဘူး။ ဒါကြောင့်လည်း ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို သင် ဘယ်လိုလူနဲ့ အတူနေမလဲ လို့ပေးလိုက်တာပဲဖြစ်ပါတယ်။

စာရေးသူ~ သစ္စာမောင် (သစ္စာမောင် ဘလော့)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Suspended Coffee (ဆိုင်းငံ့ထားသောကော်ဖီတစ်ခွက်)


ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်...
စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်...
မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..
ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...
ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..
ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့... သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...
စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..
နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...
ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???
အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်...
အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်...
မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့...
ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်...
ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...
ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....
ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..
လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...
ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..
တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...
ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..
ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်...
ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...
ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...
ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့... အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရမ်းမှန်တယ် တိုက်ဆိုင်တယ် ဒါပေမဲ့မှန်မှန်ဖြေနော်.............(လက်တွေ့စမ်းကြည့်နော် မညာကြေး)

အရမ်းမှန်တယ် တိုက်ဆိုင်တယ် ဒါပေမဲ့မှန်မှန်ဖြေနော်.............
သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။
အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာ အတ္တေ ကျာ်ရေးသားတင်ပြထားတဲ့
အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေး တစ်ခုလို့ ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျ စမ်းသပ်တာတစ်မျိုးလို့ ပြောနိုင် ပါတယ်တဲ့။
အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က
ကျွန်တော့်ကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေ ကြည့်မိတယ်။
အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကို သဘောကျလို ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့ သူငယ်ချင်းတွေနဲ မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင် တစ်ယောက်ထဲ ဖြေကြည့်နော်။ နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား ပါတယ်။ ကျန်တာ အားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကို သတိရလို့ ပျော်ရအောင် ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို တင်ပြလိုက် ပါ တယ်နော်။သူငယ်ချင်းတို့ ပြောတဲ့အတိုင်း လုပ်နော်။ လောလောဆယ် ဘောပင်နဲ့ စာရွက်သာ အမြန်ယူထား လိုက်တော့။
* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ 
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။
ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန် ယူပြီး ဒါလေးကို စမ်းကြည့်ပါ။ ကောင်းကောင်းကြီး ပျော်သွား ရပါစေ မယ်။
သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ် အတွင်းမှာ သူဆုတောင်းပြည့်ခဲ့တယ် ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။
ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေ ပေါ်လာ လိမ့်မယ်။
သည်နေရာကစပြီး တစ်ကြောင်းမှ ကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ် အတိုင်း ဖတ်ရင်း လုပ်သွားပါ။
ကိုင်း . . . စလိုက်ကြရအောင်။
ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်း ယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊ ခဲတံဖြစ်ဖြစ်ပေါ့။ ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။
သတိထားရမှာက လူနာမည်တွေကို ရေးတဲ့အခါ ကိုယ်နဲ တကယ် သိကျွမ်း နေတဲ့ သူ၊ ရင်းနှီးတဲ့ သူတွေကိုသာ ရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး ပေါ်လာတာတွေကိုသာ ချရေးပါနော်။
ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။
လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။
စပါပြီ . . .
(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)
ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။
(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။
သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။
(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )
(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။
အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်
အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို
နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)
နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)
နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။
နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။
နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။
နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။
နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။
နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။
နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။
နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
* * * * * * * * * *
ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။
♥♥ ♥♥.. ပြန်လည်မျှဝပေးလိုက်ပါတယ်.. ♥♥ ♥♥
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ

မြန်မာပြည်ကိုလွမ်းလိုက်တာ....
ကဆုန် လပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်တိုအတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ။
 ကဆုန် လပြည့် နေ့သည် ဗုဒ္ဓ မြတ်စွာ ဘုရား၏ ဗုဒ္ဓ နေ့လေးခု ဆုံရာနေ့ တစ်နေ့ ဖြစ်ခြင်း ကြောင့် ''ဗျာဒိတ်စကား၊ ဗုဒ္ဓဖွားသည်၊ ဘုရားဖြစ်ပြီး၊ နိဗ္ဗာန်စံဝင် ထိုလေးအင် လွန်ပင်မြတ်လှ ကဆုန်လ'' ဟုပင် ဖော်ကျူးကြပါသည်။ 
            ကဆုန် လပြည့် ဗုဒ္ဓနေ့ ရွှေတိဂုံ ဘုရား မှ ကြည်နူးဖွယ် မြင်ကွင်းများအား ပြန်လည်မျှဝေလိုက်
ပါသည်။ အဝေးရောက် ရွှေမြန်မာများ ၊ညောင်ရေသွန်းပွဲး မနွဲးလိုက်ရသူများ နှင့် အားလုံး ကြည်နူးပီတိ
ဖြစ်ကြစေဖို မျှဝေလိုက်ပါသည်။
 
 





 

 

 
 
 

 


>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"GF" ဆိုတဲ့ အဓိပ္ပာယ်လေး သင့်ချစ်သူသိပါစေ...

ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင်တွေ့ဆုံခဲ့ကြတယ်.. သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကို ပြောတယ် "ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား" တဲ့.. ကောင်မလေးက ခဏကြောင်သွားတယ်...ပြီးတော့ "မသိဘူးလေ အဲတာဘာလဲ" လို့ ပြန်မေးလိုက်တယ်...ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်... "GF ဆိုတာ Good Friend" ပါတဲ့... နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွား တယ်.. အဲအခါမှာ ကောင်မလေးက ကောင်လေးကို ထပ်မေးတယ်.. "GF ဆိုတာ ဘာလဲ ခုသိပြီလား" တဲ့.. ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်.. ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး... "GF ဆိုတာ Girlfriend" ပါတဲ့... အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်... "GF ဆိုတာ သိပြီလား ချစ်သူ" တဲ့.. ကောင်မလေးက ရယ်ရယ်မောမောနဲ့ "Girlfriend" လေလို့ဖြေတယ်... ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်... "မဟုတ်ဘူး GF ဆိုတာ ကိုယ့်အတွက်မင်းဟာ Great Future" ပါတဲ့... အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့.. ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်... "မိန်းမရေ GF ဆိုတာ ဘာလဲကွယ်" မိန်းမက "ဒီတခါ ဘာဖြစ်သွားပြီလဲ ယောင်္ကျားရေ" လို့ ပြန်မေးလိုက်တယ်.. ယောင်္ကျားက ကလေးလေးကို ချီရင်း မိန်းမပခုံးလေးကို ဖက်လို့ "GF ဆိုတာ Gleeful Family ပါ" လို့ ဖြေလိုက်တယ်... အဲဒီနောက် သားသမီးတွေလည်း အိမ်ထောင်ကျ သူတို့နှစ်ယောက်လည်း အိုမင်းလာကြတာပေါ့.... အဲဒီအခါမှာ အဘိုးကြီးက အဘွားကြီးကို မေးတယ်.. "အဘွားကြီးရေ GF ဆိုတာ ဘာအဓိပ္ပာယ်လဲကွယ်" လို့မေးလိုက်တယ်... အဘွားကြီးက အဘိုးကြီးပခုံးပေါ်မှီရင်း "ပြောပါအုံး အဘိုးကြီးရယ်" လို့ အသံတိုးတိုးလေးနဲ့ ပြန်ပြောတယ်... အဘိုးကြီးက အဘွားကြီး နဖူးလေးကို ကြင်ကြင်နာနာ နမ်းရင်း "အဘွားကြီးက အဘိုးကြီးအတွက် Girl Forever ပေါ့ကွယ်" လို့ ဖြေလိုက်ပါတော့တယ် ....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

super copier (copy မြန်မြန်ကူးမယ်)

သယ်ရင်း ညီအကို မောင်နှမ များ

သယ်ရင်းတို့ အတွက် software လေး မိတ်ဆက်ပေးပါ့မယ်

အဟောင်လေးဖြစ်တဲ့ အတွက် သိပြီးသားသူများ ကတော့ ကျော်သွားနိုင်ပါတယ်

မသိတဲ့ သူတွေ့ ကတော့ အသစ်ကလေးဖြစ်နေမှာပါ

super copier2.2 ပါ

copy ကူတဲ့ အခါမြန်ဖို့ အတွက်သုံးတာပါ........

အချိန်တို တို နဲ့ မြန်မြန် ကူးမယ့် ၊ ရွှေ့ မယ့် သူများအတွက်တော့အဆင်ပြေပါတယ်.....

ကျွန်တော်လည်းလက်ရှိသုံးနေတာမို့  ကောင်းတယ်ဆို တယ် မကောင်းဘူးဆိုတာ ကတော့ ကိုယ်တွေ့ ပေါ့

file size (495.66 KB)ကလည်းသိပ်မကြီးတဲ့ အတွက် သုံးရတာကော ဒေါင်း ရတာပါအဆင်ပြေမှာပါ

လိုချင်တဲ့ သူများအောက်ကလင့်မှာဒေါင်းနိုင်ပါတယ်.....



ဒေါင်းရန်>>>http://pf.toggle.com/s/1369233806/3/9/39268-92232-supercopier.exe
မှတ်ချက်-download link အားဖွင့်ပြီး စက္ကန့် (၃၀)စောင့်ရန်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android အတွက် VZO Chat ထွက်ရှိလို့လာပါပြီ


Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။

တကယ်တော့ VZO Chat ဆော့ဝဲကိုဟာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။
ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာDeveloper များ ထွက်ရှိပေးလို့ လာပါပြီ ။

VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည် ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။

www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။

"""" သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """"

မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံအလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါ http://t3.conferen.do/my/

VZO ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ။

http://www51.zippyshare.com/v/20221882/file.html
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငုံးတစ်ကောင်ကပေးသော သင်ခန်းစာ

ငုံးတစ်ကောင်ကပေးသော သင်ခန်းစာ
တစ်နေ့မှာ ငုံးတစ်ကောင်ဟာ အစာရှာနေခိုက် မုဖိုးတစ်ဦးရဲ့ အဖမ်းခံလိုက်ရတယ်။ ဒီမုဆိုးကငုံးတွေကို အရှင်ဖမ်းပြီး ငုံးသားစားချင်လို့ ငုံးဝယ်လာသူတွေကို ငုံးရောင်းစားတဲ့ အလုပ်နဲ့ အသက်မွေးသူပဲ။ ဒါနဲ့ဆိုခဲ့တဲ့ ငုံးလေးကိုမုဆိုးက ဖမ်းသွားပြီး အိမ်ရောက်တော့ အခြားငုံးတွေ နဲ့အတူ လှောင်ချိုင့်ထဲ ထည့်ထားလိုက်တယ်။
မုဆိုးက လှောင်ချိုင့်ထဲက ငုံးတွေကို အစာကောင်းကောင်း ကျွေးတယ်။ ကောင်းကောင်း အစာကျွေးတာကလည်း ငုံးလေးတွေ ဝဝလှလှလေးတွေ ဖြစ်လာအောင်လို့ပဲ။ ဝဝလှလှ စားချင်စဖွယ်လေးတွေ ဖြစ်လာမှလဲ ငုံးဝယ်သူတွေ မျက်စိကျပြီး ဝယ်ချင်မှာကိုး။ လှောင်ချိုင့်ထဲ ရောက်နေတဲ့ ငုံးတိုင်းဟာ တစ်ချိန်ချိန်မှာတော့ ငုံးသားစားချင်လို့ လာဝယ်သူတွေရဲ့ လက်ထဲမှာ သေရမှာအမှန်ပဲ။ ငုံးတိုင်းဟာ မလွဲမသွေရောက်လာမယ့် သေခြင်းတရားကို လှောင်ချိုင့်ထဲကနေပြီး စောင့်ဆိုင်းနေရတာနဲ့ မခြားဘူး။
ဆိုခဲ့တဲ့ငုံးလေးဟာ သေရမယ့် ဘေးကိုမြင်တယ်။ ဒါပေမယ့် အခြားငုံးတွေလို အကြမ်း ဖက်ပြီး လွတ်အောင်မရုံးဘူး။ ရုန်းလို့လည်း မရနိုင်ဘူးဆိုတာ သူသိတယ်။ အကြမ်းဖက်တဲ့ ငုံးတွေဟာ အတင်းကာရောရုန်းကြ၊ ကန်ကြနဲ့ အတောင်ကျိုး၊ နှုတ်သီးကျိုးတွေဖြစ်ပြီး အဆုံးမှာ မောပန်းသေကြတာပဲ။ ခိုင်ခံ့တဲ့ လှောင်အိမ်ထဲကနေပြီး ဒီလိုအကြမ်းဖက်တဲ့ နည်းနဲ့ ဘယ်လွတ်နိုင်ပါ့မလဲ။ ပြီးတော့သေဘေးကို မမျှော်မတွေးကြတဲ့ အခြားငုံးတွေလို လဲ သူကမေ့မေ့လျော့လျော့မနေဘူး။
သေဘေးကို မမျှော်မတွေးကြတဲ့ ငုံးတွေဟာ မုဆိုးကျွေးသမျှ နင်းစားပြီး ပျော်နေကြ သေးတယ်။ ပြီးတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီးတော့ တခြားငုံးတွေလို သူက ကံကိုပုံချပြီး စိတ်ပျက်လက်ပျက် ဖြစ်မနေဘူး။ သူကစိတ်ခိုင်ခိုင်နဲ့ သေခြင်းတရားက ဘယ်လိုလွတ် နိုင်ပါ့မလဲလို့ အကြံထုတ်တယ်။ နည်းလမ်းရှာတယ်။ ရှာရင်းကအကြံ တစ်ခုရလာတယ်။
ဒီအကြံနဲ့သူက မုဆိုးကျွေးလာတဲ့ အစာကို နည်းနည်းလေး မသေရုံကလေးပဲ စားတယ်။ အစာကို နည်းနည်းပဲစားတော့ သူ့ခန္ဓာကိုယ်လေးက ပိန်လာတယ်။ ချည့်နဲ့နဲ့လေး ဖြစ်လာတယ်။ ဒီလို ပိန်ပိန်ချည့်ချည့်လေးဆိုတော့ ငုံးဝယ်လာသူတွေက သူ့ကိုမျက်စိမကျ ဘူး။ မဝယ်လိုကြဘူး။ ဘယ်သူမှမဝယ်ကြလို့ ကျန်နေတာကပဲ သူ့အတွက် အခွင့်ကောင်းရ နေတယ်။ အကြံထုတ်ချိန်၊ စဉ်းစားချိန် ပိုရနေတယ်။
ဒါနဲ့နောက်ဆုံး တခြားငုံးတွေကုန်လို့ သူတစ်ကောင်တည်း ကုပ်ကုပ်လေးကျန်နေတော့ မုဆိုးက “ဒီငုံးလေးဟာ အစာကျွေးပါလျှက် ဝမလာပဲ ကုပ်ကုပ်လေးဖြစ်နေတာဟာ ရောဂါ တစ်ခုခုရှိလို့ထင်တယ်” လို့တွေးပြီး ငုံးလေးကို လှောင်အိမ်ထဲကထုတ်၊ သူ့လက်ဝါးပေါ် တင်ပြီး ငုံလေးမှာ ဘာရောဂါများရှိလဲလို့ စုံစမ်းတယ်။
မုဆိုးကဒီလောက်ချည့်နဲ့နေတဲ့ ငုံးလေးဟာ ချက်ချင်းတော့ ပျံနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့်သတိလည်း သိပ်မထားဘူး။ ဒါပေမယ့် ငုံးလေးကတော့ အကြံနဲ့ဆိုတော့ မုဆိုး သတိမထားပဲ လက်ဝါးပေါ်တင်ကြည့်နေခိုက်မှာ ဖြုတ်ဆို ပျံထွက်သွားတယ်။ ဆက်ပြီးသူ့ အပေါင်းအဖော်ငုံးတွေရှိရာ တောထဲအရောက် ပျံသွားတယ်။
ဒီနည်းနဲ့ သေရမယ့်ဒုက္ခ အန္တရာယ်ကနေပြီး ငုံးလေးဟာ လွတ်သွားခဲ့တယ်။ တကယ်လို့ သာငုံးလေးဟာ ကံအတိုင်းပဲဆိုပြီး စိတ်ဓါတ်ကျနေရင် အခုလို အသက်ဘေးက လွတ်မှာ မဟုတ်ဘူး။ အကြမ်းဖက်ပြီး လှောင်အိမ်ထဲက ရုန်းကန်ပြီး ထွက်နေရင်လည်း ပင်ပန်းပြီး သေဖို့သာရှိမယ်။ ဒါမှမဟုတ် မုဆိုးက “ဒီလောက်ရုန်းကန်ရလားလို့” ဒေါသထွက်ပြီး သတ်လို့ သေရင်လည်း သေသွားနိုင်တယ်။ သူ့မိတ်ဆွေတွေဆီ ပြန်ရောက်တော့ မိတ်ဆွေငုံးတွေက မေးကြတယ်။ ဘယ်ရောက်ဘယ်ပျောက်ပြီး ဘာတွေဖြစ်ခဲ့သလဲပေါ့။
ဒီတော့ငုံးလေးက သူ့အဖြစ်ကို အစမှအဆုံးတိုင် ပြန်ပြောပြီး သူ့ဘဝမှာရခဲ့တဲ့ သင်ခန်းစာ ကိုလဲပေးလိုက်ပါတယ်။ “အဆွေတို့…. မကြံစည် မတွေးခေါ်သူ (အခြေအနေတွေကို မသုံးသပ်မဆင်ခြင် မရှုမြင်တတ်သူ)ဟာ အကျိုးထူးကိုမရဘူး။ ငါ့အဖြစ်ကိုသင်တို့ ကြည့်ပါ။
ကြံစည်စိတ်ကူးခြင်း၊ အခြေအနေတွေကို မျှော်ခေါ်ဆင်ခြင် တတ်ခြင်းကြောင့် မလွဲမသွေကြုံရမယ့် သေဘေးလို အန္တရာယ်မျိုးကတောင် ငါလွတ်မြောက်ခဲ့ရတယ်”တဲ့။ ဘဝခရီးမှာ ဥာဏ်အမြှော်အမြင်ရှိဖို့ သိပ်အရေးကြီးတယ်လို့ ယူဆရမှာပဲ။
တစ်နည်းဆိုရရင် အတွေးအမြင်ဒဿနဟာ အရေးကြီးတယ်လို့ ဆိုရမှာပဲ။ အခက်အခဲတွေကို ကြုံလာတဲ့အခါ အခြေအနေကို မှန်မှန်ကန်ကန် မသုံးသပ် မရှုမြင်နိုင်ရင် ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာကို ဆုံးဖြတ်ချက် မချနိုင်ဘူး။ တွေဝေနေနိုင်တယ်။
ဒါကြောင့် ဒီပုံပြင်လေးကိုဖတ်ပြီး အခက်အခဲ ကြုံလာချိန်တိုင်း လုပ်သင့်လုပ်ထိုက် တာကိုလုပ်ပြီး အခြေအနေအချိန်အခါနဲ့ အခွင့်အခါကြုံတာနဲ့ တွေဝေမနေဘဲ လွတ်မြောက်ရာ လမ်းကြောင်းအမှန်ကို လျှောက်ဖို့၊ ဆုံးဖြတ်ချက်တွေမမှားဖို့၊ ထောက်ပြညွှန်ပြတဲ့ ပုံပြင်လေးမို့ ပြန်လည်ပြီး ရေးသားလိုက်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေး



နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....
1. Google Talk ကိုဖွင့်ပါ။
... 2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။


(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

 4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

 5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
 5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
 Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
 Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ZEALOT မှကူးယူပါတယ်။

Source by :http://blog.irrawaddy.org/
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ်နိုင်ငံမှ တိမ်မြုပ်ပျောက်ကွယ်တော့မည့် မျက်စေ့ သန့် စင် ရေးအသက်မွေးဝမ်းကျောင်းပညာ....


အမြင်အာရုံတွေကြည်လင်လန်းဆန်းစေဖို့ .....
တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှ ဆံသဆရာများဟာ ချွန်ထက်တဲ့ လက်နက်ကိရိယာများနှင့် မျက်လုံးအား သန့် ရှင်းရေးလုပ်ပေးသည့် ဝန်ဆောင်မှုအား နှစ်ပေါင်းရာနှင့် ချီကာ ပြုလုပ်ဆောင်ရွက်ခဲ့ ကြပါတယ်....
တစ်ခြားသောရှေးဟောင်းဓလေ့ ထုံးတမ်းအစဉ်အလာအပြုအမူများကဲ့ သို့ ဤမျက်လုံးအားချွန်မြသောကိ
ရိယာများဖြင့် သန့် ရှင်းရေးလုပ်ပေးသည့် အတတ်ပညာဟာလည်း တစ်ဖြည်းဖြည်းပျောက်ကွယ်တိမ်ကော
လာနေပြီဖြစ်ပေမယ့် ယနေ့ အထိတော့ မျက်လုံးတစ်ခါခြစ် ၅ ရင်မင်ဘီ(ယွမ်) ၀.၈၀ ဒေါ်လာဖြင့် လုပ်ပေး
နေသည့် ဆံပင်ညှပ်ဆရာအချို့ ကိုတော့ တွေ့ နိုင်ပါသေးတယ်....
စီချွမ်ပြည်နယ်ရဲ့ ရှေးထုံးအဆိုအမိန့် အရ မျက်လုံးအားဓါးဖြင့် ခြစ်ပြီးသန့် ရှင်းရေးလုပ်ပေးခြင်းဖြင့် လော
ကရဲ့ အလှအပတွေကို ပိုပြီး ပီပြင်စွာခံစားသိမြင်နိုင်မှာဖြစ်တာမို့ တစ်ချို့ သောသူတွေကတော့ ယခုကဲ့ သို့ 
အခွင့် အလမ်းကို လက်လွတ်မခံနိုင်တာမို့ ဒီလိုဓါးဖြင့် ကလော်ပြီးခြစ်ပေးတာကို ခံယူဖို့ အသင့် ပါပဲ....
" ဓါးသွားထက်ကမျက်ဝန်း" လို့ အများခေါ်ဝေါ်ကြတဲ့ အဆိုပါ မျက်လုံးနှင့်မျက်ခွံတို့ အား ချွန်ထက်သည့်
လက်နက်ကိရိယာများဖြင့် ထိုးဆွသည့် ဝန်ဆောင်မှုလုပ်ငန်းဟာ တရုတ်နိုင်ငံတွင်ရှေးနှစ်ပေါင်းများစွာက
တည်းက ရှိလာခဲ့ သည့် ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်ခဲ့ ပါတယ်...
ထိုအသက်မွေးဝမ်းကျောင်းမှု၊ လက်မှုအနုပညာလုပ်ငန်းဟာ ကျိုချင်ဖု နှင့် ကျိုချန်းယင် ညီအစ်ကိုနှစ်ဦး
မှ ၎င်းတို့ ဖခင်၏ခြေရာနင်းကာ အမွေဆက်ခံလုပ်ဆောင်လာခဲ့ ကြပြီး မျက်လုံး၊ နား၊ လည်ပင်းများအား
လှပတင့် တယ်၊ လန်းဆန်းချောမွေ့ အောင် ကျွမ်းကျင်လှစွာပြုလုပ်ပေးနိုင်ခြင်းဖြင့် ထင်ပေါ်ကျော်ကြားလူ
သိများလာခဲ့ တာဖြစ်ပေမယ့် ယခုနှစ်ကာလပိုင်းမှာတော့ ထိုမျက်လုံးဓါးခြစ်ပေးနိုင်သူများပျောက်ဆုံးကွယ်
ပျောက်လုနီးပါးဖြစ်လာခဲ့ ပါတယ်...တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မြို့ တော် ချန်ဒူးလိုခေတ်မှီမြို့ ကြီးမှာတော့ သေသေချာချာဂရုတစိုက်ရှာဖွေ နိုင်ယင် မျက်လုံးသန့် စင်ပေးတဲ့ ဆိုင်ကို တွေ့ နိုင်ပါသေးတယ်...
အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ လျူဒေယွမ် ကတော့ ခေါင်းရိတ်တာနဲ့ မျက်လုံးဓါးခြစ်တာ ၂ ခုပေါင်းမှ ၅ ယွမ်
သာကျသင့် မယ့် ဝန်ဆောင်မှုလုပ်ငန်းကို အောင်မြင်စွာဖွင့် လှစ်ခဲ့ တာ ၇ နှစ်ရှိခဲ့ ပါပြီ....
လစဉ်ဒီလိုမျက်လုံးဓါးခြစ်ခံဖို့ တန်းစီစောင့် နေတဲ့ ပုံမှန်ဖောက်သည်တွေအများအပြားရှိနေတာမို့ ၎င်းရဲ့ စီး
ပွားရေးလုပ်ငန်းကတော့ အတော်ကိုအခြေအနေကောင်းနေပါတယ်လို့ ကျွမ်းကျင်တဲ့ ဆံသဆရာကဆိုပါ
တယ်....သူ့ ရဲ့ ဖောက်သည်တွေရဲ့ မျက်လုံးကို ထိုးဆွမွှေနှောက်ပြီးသန့် ရှင်းရေးလုပ်ငန်းမစခင် ဆံသဆရာလျူ ကတော့ ခေါင်းရိတ်တဲ့ ဓါးတွေဆေးတဲ့ ရေဇလုံထဲကရေနဲ့ ပဲ မျက်လုံးထဲနှိုက်မယ့် ဓါးတွေ၊ သံချွန်တွေကို ဆေးပါတယ်... ပြီးယင်တော့ဘယ်ဖက်လက်နဲ့ ဖောက်သည်ရဲ့ မျက်လုံးကိုဖြဲပြီး ညာဖက်လက်နဲ့ မျက်လုံးတွေ၊ မျက်ခွံတွေ ထဲကို ဓါးနဲ့ ရှေ့ တိုးနောက်ဆုတ် မွှေနှောက်ကာသန့် ရှင်းရေးလုပ်ပေးပါတော့ တယ်... ၎င်းနောက်တော့သူဟာ သံချောင်းတစ်ခုကိုယူပြီး အပေါ်မျက်ခွံအောက်ကိုထိုးသွင်းလိုက်ကာ မော်တော်
ကားရေသုတ်တံတစ်ခုလို ဘေးဘယ်ညာရမ်းပြီး ထိုးမွှေပေးလိုက်ပါသေးတယ်...
ထိုနည်းတူပဲ အောက်မျက်ခွံ၊ မျက်ခမ်းကိုလည်းပြုလုပ်ပါသေးတယ်။ ပြီးယင်တော့ နောက်ထပ်တစ်ဖက်က
မျက်လုံးအလှည့် ပါပဲ....
ဤကဲ့ သို့ မျက်လုံးများအားထိုးဆွသည့် အလုပ်အား ၅ မိနှစ်သာကြာမြင့် တာဖြစ်ပြီး ထိုသို့ သန့် ရှင်းရေး
လုပ်ပြီးပါက ဖောက်သည်ရဲ့ မျက်နှာမှာတော့ မျက်ရည်စီးကြောင်းက အထင်အရှားဖြစ်နေပါပြီ....
ထိုဆံသဆရာ၊ အမြင်အာရုံကြည်လင်စေသူကြီးရဲ့ သစ္စာအရှိဆုံး ပုံမှန်ဖောက်သည်တစ်ဦးဖြစ်သူ အသက်
၅၅ နှစ်ရှိ မစ္စတာပန်းကတော့  ဆံသဆရာလျူတစ်ယောက် လက်စွမ်းပြနေချိန်မှာ တစ်ချက်ကလေးမှ မ
လှုပ်ရဲပေမယ့် လုပ်ငန်းပြီးဆုံးသွားချိန်မှာတော့သူ့ မျက်လုံးတွေ ပိုပြီးလန်းဆန်းလာတယ်လို့ ခံစားရကြောင်း
ဆိုပါတယ်....

မျက်ခွံထဲကို ဒီလိုသံချောင်းတွေထိုးထည့်ပြီး ကားရေသုတ်တံလို ဘယ်ညာယမ်းပေးမယ်လေ....
လူတစ်ယောက်ရဲ့ မျက်လုံးထဲ ချွန်ထက်တဲ့ လက်နက်ကိရိယာတွေ ထိုးသွင်းတာနဲ့ တင်အန္တရယ်များလှ
တာမဟုတ်သေးပါဘူး.... ရောဂါပိုးမွှားကင်းစင်ရေးနဲ့ ပါတ်သက်တဲ့ သန့် ရှင်းသပ်ရပ်မှုပြဿနာလည်းရှိပါ
သေးတယ်...
လျူကတော့ ဆံပင်ညှပ်တာ၊ မုတ်ဆိတ်ရိတ်တာ၊ မျက်လုံးထဲထိုးဆွပြီးသန့် ရှင်းရေးလုပ်ပေးတာ အားလုံး
ကို ဓါးတစ်ယောက်ထဲနဲ့ ပဲ ထည်လဲလုပ်ပေးနေတာဖြစ်ပြီး မျက်ခွံထဲထိုးထည့် မွှေနှောက်တဲ့သံချောင်းဆို
ယင်လည်း ဖောက်သည်အများအပြားကို တစ်နေ့ ထဲဆက်တိုက်အသုံးပြုခဲ့ တာဖြစ်ပြီး ညဖက်ဆိုင်ပိတ်ချိန်
မှသာ အရက်ခွက်ထဲထည့်ပြီး ပိုးသတ်လေ့ ရှိပါတယ်....
သို့ သော်လည်း သူ့ ရဲ့ ဖောက်သည်များကတော့ ဒီအချက်တွေကို သိပ်ပြီးဂရုစိုက်ကြပုံမပေါ်တဲ့ အပြင် ၎င်း
တို့ အနေနဲ့ နှစ်ပေါင်းများစွာ ဒီလိုပဲပြုလုပ်ခံနေခဲ့ ကြတာဖြစ်ပြီး တစ်စုံတစ်ယောက်မျှလည်း ဘာပြဿနာ
မှ မဖြစ်ခဲ့ ကြပါဘူးလို့ ဆိုကြပါတယ်...

အသွင်ဆန်းဆန်း၊ အမြင်လန်းစေရမည်....
လျူကတော့သူ့ အသက် ၁၇ နှစ်အရွယ်ကစပြီး ဒီအသက်မွေးဝမ်းကြောင်းမှုပညာကို စတင်လေ့ လာခဲ့ တာ
ဖြစ်ပြီး သုံးနှစ်ကြာအောင် သင်ယူလေ့ လာ၊ လက်တွေ့ လေ့ ကျင့် ပြီးမှ ဖောက်သည်တွေဆီက အခကြေး
ငွေယူခဲ့ တာဖြစ်တယ်လို့ ချန်ဒူးစီးပွားရေးသတင်းစာကိုပြောကြားခဲ့ ပါတယ်....
သူ့ အနေနဲ့ တစ်ခါမှ လက်ချော်သွားတယ်ဆိုတာမရှိခဲ့ သလို လျှို့ ဝှက်ချက်ကတော့ သူ့ ရဲ့ လက်များသန်
မာတောင့် တင်းမှု၊ လက်ကောက်ဝတ်များကိုလိုအပ်သလိုချိန်ဆဖြေလျော့ နိုင်မှုနဲ့ တည်ငြိမ်စွာ မှန်းဆနိုင်
မှုတွေပါပဲလို့ ဆိုခဲ့ ပါတယ်....

တစ်သက်လုံး ဒီလိုပဲလုပ်လာတာ.... ဘာမှမဖြစ်ဘူးစိတ်သာချ....
မျက်လုံးဆိုတာ ရေကြည်၊ ရေအေးနဲ့ ဆေးကြောသန့် စင်တာနဲ့ တင် လုံလောက်တယ်လို့ သင်ယူဆခဲ့ 
မယ်ဆိုယင်တော့ ဒီလို ဓါးနဲ့ ၊ သံချွန်နဲ့ ထိုးဆွမွှေနှောက်ပြီး သန့် ရှင်းရေးလုပ်ပေးတဲ့ ဆိုင်မျိုးကိုသွားဖို့ 
ဆိုတာကတော့ သင့်အနေနဲ့ တော်တော်စဉ်းစားရပါလိမ့် မယ်....
♥♥♥♥♥ဗဟုသုတ ရစေရန် မျှဝေ ပေးလိုက်ပါတယ်♥♥♥♥♥
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူတော်ကောင်း..ယောက်ျားမြတ်၏ ဂုဏ်ရည်

၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို၊ မေးသော်လည်း ထင်ရှားစွာပြု၍မပြော။ မမေးလျှင်ကား၊ အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်)၊ သူတပါး၏ ဂုဏ်မဲ့ကို၊ လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။
၂။ နောက်တမျိုးကား၊ သူတော်ကောင်းယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်ရှိစကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။ မေးလျှင်ကား၊ အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ သူတစ်ပါး၏ဂုဏ်ကို၊ မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။
၃။ နောက်တမျိုးကား သူတော်ကောင်း ယောက်ျားမြတ်သည် -
မိမိ၏ ဂုဏ်မဲ့စကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ မိမိ၏ဂုဏ်မဲ့ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။
၎။ နောက်တမျိုးကား၊ ပညာရှိ ယောက်ျားမြတ်သည် -
မိမိ၏ဂုဏ်ကို မေးသော်လည်း၊ ထင်ရှားစွာပြု၍ မပြော။ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင်၊ မိမိ၏ဂုဏ်ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့်၊ မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။
( စတုက္က အင်္ဂုတ္တိုရ်၊ ဒု ပဏ္ဏာသက ၊ ၃-အပဏ္ဏက၀ဂ်၊ ၃-သပ္ပုရိသသုတ်။ )
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"(၉၆၉)ဘာသာဝင်များအား(၉၆၉)ဆိုင်များတွင် ဝယ်ယူစေခြင်းသည် ပြိတ္တာဘုံသို့ရောက်မည့် လမ်းစဉ်ဟု ပြောဆိုသူများအား ပြန်လည်ဖြေကြားချက်"

ဗုဒ္ဓရဲ့ အဆုံးအမအရတော့ သူ့ဟာသူ (မွတ်ဆလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ဂျူးဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်) သူတစ်ဖက်သားရဲ့ စားဝတ်နေရေးကို ကျပ်တည်းအောင်လုပ်တာ ၊ ဒီလို အကျပ်အတည်းဖြစ်နေတာကို ၀မ်းမြောက်ဝမ်းသာဖြစ်နေတာဟာ “အပယ်(၄)ဘုံ” အနက် မစားရမသောက်ရတဲ့ပြိတ္တာဘုံကို သွားလမ်းဘဲ။ ပြိတ္တာလမ်းစဉ်လိုက်နေတာဘဲ။
မယုံဘူးဆိုရင် (တကယ် သမာသမတ်ရှိတဲ့ သံဃာတော် အစစ် တစ်ပါး) ကို သွားမေးကြည့်။ ဒါ ဗုဒ္ဓတရား မဟုတ်ဘူးဆိုရင် ပါးအရိုက် ခံလိုက်မယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ အယူလွဲနေကြပြီ။ “သာသနာ” ဆိုတဲ့ အဓိပ္ပါယ်က “အဆုံးအမ” ပါ။ ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာခြင်းဟာ “သာသနာ” ကို စောင့်ရှောက်ခြင်း အစစ်ပါ။ (တင်ဘိုဘို)

ဝီရ ဓမ္မ ဦးဇင်းလည်းမပြောဘူးလို့နေတာပါ။ ဒါပေမယ့် ပြောရမယ့်အခြေအနေ ဆိုတော့ ပြောပါပြီ။ ဗုဒ္ဓ= မြတ်စွာဘုရား၊(အလုံးစုံသိသူ)၊ ဘာသာဆိုတာ= မြတ်စွာဘုရားရှင်၏စကားတော်၊ သာသနာဆိုတာက= အဆုံးအမ၊ ဘာသာနဲ့သာသနာ စကားလုံးချင်းကွဲပေမယ့် မြတ်စွာဘုရားရှင်၏ စကားတော်သည် အဆုံးအမပင်ဖြစ်တယ်ဆိုတော့ အတူတူပါပဲ။ သာသနာဝင်(ဘာသာဝင်) ဆိုတာက ထိုမြတ်စွာဘုရားရှင်၏ အဆုံးအမတော်(စကားတော်)ကို လိုက်နာကျင့်ကြံသူလို့ဆိုပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာခြင်းဟာ သာသနာကို စောင့်ရှောက်ခြင်းဆိုတာ မှားတယ်လို့မဆိုလိုပါဘူး။ ကိုယ်တစ်ယောက်တည်း လိုက်နာနေလို့ စောင့်ရှောက်နေလို့ သာသနာတည်မလား။ အဲဒီမြတ်စွာဘုရားရှင်၏ အဆုံးအမကို လိုက်နာဖို့ဆိုတာ အားလုံးမှာ တာဝန်မရှိဘူးလား။ ဘာသာရေးလိုက်စားသူတွေ သက်သက်ပဲ တာဝန်ရှိတာလား။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေပဲ လိုက်နာရမှာလား။ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေလိုက်နာမှ သာသနာတည်မှာလား။ လူတွေရော လိုက်နာမသင့်ဘူးလား။ လူပုဂ္ဂိုလ်အားလုံး လိုက်နာနေကြပြီလား။ လူပုဂ္ဂိုလ်တွေအားလုံး လိုက်နာတယ်ဆိုရင် ဦးဇင်းတို့ ဘာမှတောင် ဟောပြော ရေးသားစရာမလိုဘဲ ကိုယ့်တရားကိုယ်နှလုံးသွင်းပြီး နေမယ်ဆိုရင် ကြောင့်ကျမဲ့ နေလို့ရမည့် အနေထားပါ။ အခုက လူတွေတော်တော်များများမှာ သြကာသ ကန်တော့ချိုးတောင် ဖြောင့်တန်းအောင် ဆိုနိုင်ကြပြီလား။ မင်္ဂလသုတ်တွေ၊ မေတ္တာသုတ်တွေ၊ ဝိပဿနာတရားတွေဆိုတာ ဝေးပါသေးတယ်။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဗုဒ္ဓဘာသာဝင်ဆိုတာဘာလဲဆိုတာကိုတောင် ပြောဖို့ တော်တော်ခက်နေတဲ့ လူတွေ အများကြီး ရှိမနေကြဘူးလား။ အဲဒီလို ဘာသာရေးအခြေခံနည်းတဲ့ လူများကို ဟောဖို့ ပြောဖို့ ဆုံးမဖို့ဆိုတာ သံဃာတော်တွေမှာ တာဝန်မရှိဘူးလား။ ကိုယ့်ဘာသာဝင်တွေ ဆုံးမပိုင်ခွင့် မရှိဘူးလား။ မသိသေးသူများကို သိစေခြင်း သိပြီးသူများ သိသည်ထက်သိအောင် ဆုံးမပေးဖို့ တာဝန်ရှိတယ်။ ဆုံးမလို့ရမည့်သူကို ဆုံးမမှာဖြစ်ပြီး ဆုံးမလို့မရမည့်သူကို ဆုံးမမှာမဟုတ်ပါဘူး။ ကိုယ်မနာခံချင်လို့ ဆန့်ကျင်ချင်တယ်ဆိုရင် ဆန့်ကျင်ပါ။ ဒါပေမယ့် သူများကို ဆွဲမထည့်ပါနဲ့။
ကိုယ့်ဘာသာဝင်များ ရောင်းချတဲ့ဆိုင်ကို အားပေးစေချင်တာက သူတစ်ပါးစီးပွားရေးကို ဖျက်ပစ်ခိုင်းတာမဟုတ်ဘူး။ ကိုယ့်ဘာသာဝင်တွေရောင်းတဲ့ဆိုင်ကို အားပေးပါဆိုတဲ့ စကားက ဦးဇင်းတို့လို ဘာမဟုတ်တဲ့ စာသင်သားအရွယ်စကားမဟုတ်ဘူး။ ကမ္ဘာကျော်မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်တော်မူခဲ့တဲ့ စကားပင်ဖြစ်ပါတယ်။ ဒီစကား ဒီအဆုံးအမကို ယခုအချိန်မှာ အလွန်နေရာကျလို့ ကိုယ့်ဘာသာရောင်းတဲ့ဆိုင်ကို အားပေးပါလို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ ဘာသာခြားတွေရောင်းတဲ့ဆိုင်ကို ပိတ်ခိုင်းတာမဟုတ်ဘူး။ မီးရှို့ခိုင်းတာမဟုတ်ဘူး။ ပြိတ္တာဘုံရောက်စေတဲ့အကုသိုလ်ကံ ဆိုတာ ဒီလိုမျိုးမဟုတ်ဘူး။ သူတစ်ပါးအလှူကို ကန့်ကွက်တာ ပိတ်ပင်တာ တားဆီးတာ စတဲ့အကုသိုလ်ကံမျိုးသည်သာလျှင် ပြိတ္တာဖြစ်စေတတ်တဲ့ အပါယ်ကျစေတတ်တဲ့ အကုသိုလ်ကံပါ။ အကျဉ်းချုပ်ပြီးပြောရရင် သူတစ်ပါးပြုလုပ်မယ့် ကုသိုလ်တရား၊ (ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဝိပဿနာပွားခြင်း မေတ္တာပွားခြင်း ဝေယျာဝေစ္စကုသိုလ်များ) စတဲ့ သူတစ်ပါးပြုလုပ်မည့် ကုသိုလ်တရားများကို မအောင်မြင်အောင်၊ မလုပ်ဖြစ်အောင် တားဆီးပိတ်ပင်တဲ့ အကုသိုလ်ကံသည်သာ ပြိတ္တာဘုံရောက်ကြောင်း၊ အပါယ်ကျကြောင်းပင် ဖြစ်ပါတယ်။
ဆက်လက်ပြီးပြောပါဦးမည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဗုဒ္ဓဘာသာဝင်ဆိုင်တစ်ဆိုင်မှာ ဈေးဝယ်သည် ဆိုပါစို့။ အဲဒီဆိုင်ရှင်ဟာ ရောင်းလို့ရတဲ့ ငွေထဲက အမြတ်ငွေကို ဗုဒ္ဓသာသနာအတွက် အထောက်အကူပေးမှာဖြစ်ပါယ်။ ဒါဆိုရင် ကိုယ်ပေးလိုက်တဲ့ငွေက ကိုယ့်ဘာသာ ကိုယ်လူမျိုး ကိုယ်သာသနာအတွက် တကယ်ကောင်းကျိုးဖြစ်မည့် ငွေဖြစ်တာကြောင့် ကုသိုလ်များပင်ရစေမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဘာသာခြားဆိုင်ကို သွားဝယ်လိုက်သည် ဆိုပါစို့။ အဲဒီငွေထဲက အမြတ်ငွေက ဗုဒ္ဓသာသနာအတွက်လား၊ သူတို့သာသနာအတွက်လား သေချာစဉ်းစားနော်။ အဲဒီအမြတ်ငွေတွေနဲ့ပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးကို ခြေမှုန်းဖို့ အင်အားတစ်ရပ် ဖြစ်တယ်ဆိုတာ အာလုံးတွေ့မြင်ဖူးကြတာပဲမဟုတ်လား။ ဒါဆိုကိုယ်ဈေးဝယ်မှားတာက ကိုယ့်ဘာသာကို ဖျတ်ဆီးဖို့ အားပေးသလိုဖြစ်နေတယ်ဆိုတော့ အဆိပ်ပင်ကို ရေလောင်းတာနဲ့ တူမနေဘူးလား။ အဲဒါကသာလျှင် အဆိပ်ပင်ကိုရေလောင်းတာနဲ့တူပြီး ကိုယ့်ဈေးဝယ်တာမှားယွင်း မှုကြောင့်ပင် ဘာသာ သာသနာ လူမျိုးကို ဖျတ်ဆီးမည့်သူအား အားပေးရာရောက်ခြင်းကြောင့် ပြိတ္တာဘုံသွားမည့် လမ်းစဉ်၊ အပြစ်မကင်းတဲ့အလုပ်မျိုးဆိုတာကိုရော စဉ်းစားမိလား။
တကယ်လို့သာ အထက်ပြောတဲ့အတိုင်း ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုင်ကို ဝယ်ယူအားပေးကြပါလို့ တိုက်တွန်းခြင်းဟာ ပြိတ္တာဘုံရောက်စေသည့် လမ်းစဉ်ဖြစ်မည်ဆိုပါက အရှေ့ဆုံးမှနေ၍ ဦးဇင်းအရောက်ခံမည်ဖြစ်ပါသည်။ ထိုထက်ပိုဆိုးသော ငရဲကြီးရှစ်ထပ်ရဲ့ အောက်ဆုံးအထပ်ဖြစ်သော အလွန်ဒုက္ခကြီးတဲ့ အဝီစိငရဲကြကြောင်း ဖြစ်မည်ဆိုပါကလည်း အမျိုး ဘာသာ သာသနာအတွက် ရှေ့ဆုံးမှပင် အကျခံသွားမည်ဖြစ်ပါကြောင်းထပ်လောင်းပြီး အသိပေးလိုက်ပါရစေ။
စာဖတ်သူ(ဗုဒ္ဓဘာသာဝင်)များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ProShow Gold 4.5 slideshow

ကဲဒါလေးကတော့ မိသားစု ဓါတ်ပုံတွေကို ကျွန်တော်တို့ အနေနဲ့ အမှတ်တရ လေးတွေဖြစ်အောင် ၊ ပြီးတော့ slideshow လေးနဲ့ မျက်စိထဲမှာ ပုံစံအမျိုးမျိုး ပြောင်း တဲ့ movie ဖိုင်တစ်ခု ဖြစ်လာအောင် ဖန်တီး ယူဖို့ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ ProShow Gold 4.5 ကိုသုံးပါ . သူ့မှာ effects 280 ကျော်ပါဝင်ပါတယ် . သူက movie ဖိုင်လို့ ဆိုပေမယ့် show biz လိုမျိုးတော့ မဟုတ်ပါဘူး . show biz ရဲ့ output movie ဖိုင်က အသေပါ . သူက ရိုးရိုး movie လိုပဲ ရစ်လို့ရမယ် . နောက်ကို ပြန်ဆုတ်လို့ရမယ် . ရပ်လို့ရမယ် . အဲ ဒီကောင်လေးမှာတော့ zoom ပါ ဆွဲလို့ရမယ် . နောက်တစ်ခု rotate လို့ခေါ်တဲ့ ပုံကို အမျိုးမျိုး လှည့်လို့ရမယ် . ဒါလေးတွေပါပါတယ် . ကဲ စမ်းကြည့်ချင်သူများ အောက်မှာ Download လုပ်လိုက်ပါ . နောက်ဆုံး version လေး တင်ပေးလိုက်ပါတယ်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ ။


တစ်ခါတုန်းကပေါ့ ဘုရားသခင်က လူသားမိန်းမကို ဖန်ဆင်းနေတဲ့အချိန်ကာလအတွင်း ၆ ရက်မြောက်နေ့မှာ နတ်သမီးတစ်ပါးရောက်လာပါတယ် ။ ပြီးတော့ ဘုရားသခင်ကိုမေးတယ်
“ ဒီတစ်ခုလေးကို ဘုရားသခင်က ဘာလို့အချိန်အများကြီးယူပြီး ဖန်ဆင်းနေရတာလဲ ”
ဘုရားသခင်က နတ်သမီးကိုကြည်ပြီးပြောတယ်
“ အခုဖန်တီးနေတဲ့ လူသားမိန်းမရဲ့ အစိတ်ပိုင်းတွေကို တွေ့လား ”
နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေသေချာချာကြည့်လိုက်တယ်

ဘုရားသခင်ကဆက်ပြောတယ်
သူဖန်တီးပြီးဖြစ်တဲ့ လူသားမိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြလိုက်ပြီး
“ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော်ဖွပ်နိုင်တယ် အိမ်ထဲမှာရှိတဲ့ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွေ့ပြောင်းနိုင်တယ် အရသာ ထူးကဲတဲ့အစားအသောက်တွေကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေကိုလည်းချီမပြုစုပေးနိုင်သေးတယ် အဲဒီလက်နှစ်ဖက်နဲ့ပဲ ဒူးနာတာကအစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်းအောင်စွမ်းဆောင်ပေးနိုင်တယ် နတ်သမီး ”

ဘုရားသခင်ရဲ့စကားကြောင့်နတ်သမီးက လူသားမိန်းမကို အထင်ကြီးသွားတယ် ပြီးတော့ ဘုရားသခင်ကိုထပ်မေးတယ်
“ ဒါဟာ လူသားမိန်းမရဲ့ပုံသဏ္ဍန် အပြည့်အစုံပဲလား ဘုရားသခင် ”
“ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေများနေပြီ မနက်ဖြန် တစ်ချက်ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ရပါလိမ့်မယ် ”

နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီရောက်လာပြန်တယ် ဘုရားသခင်ကပြောတယ်
“ ဒီနေ့တော့ လူသားမိန်းမရဲ့ပုံစံဟာပြီးသင့်သလောက်တော့ပြီးနေပါပြီ ဖန်ဆင်းခဲ့ သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အနှစ်သက်ဆုံးပါပဲ ”
“ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးကမေးတယ်
“ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ ဆို လူသားမိန်းမဟာ သူမ ဘာသာသူမ ပြုစုစောင့်ရှောက်တတ်တယ် သူတစ်ပါးနေမကောင်းရင်လည်း ပြုစုစောင့်ရှောက်ပေးတတ်တယ် တစ်နေ့မှာ သူမဟာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်စွမ်းရှိတယ် ”

နတ်သမီးက ဘုရားသခင်ရဲ့စကားကို နားထောင်ရင်း လူသားမိန်းမအနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့်လိုက်တယ်
“ နူးညံ့လိုက်တာ ”
“ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ဖန်ဆင်းထားတယ် အခက်အခဲတွေ အတားအဆီးတွေကိုကျော်လွှားနိုင်အောင်လည်း ဖန်ဆင်းထားတယ် ”
“ သူမက တွေးခေါ်တတ်လို့လား ”
နတ်သမီးက ထပ်မေးလိုက်တယ်

“ တွေးတတ်ယုံတင်မကပါဘူး အကျိုးအကြောင်းဆီလျှော်အောင် စဉ်းစားနိုင်ပြီးညှိညှိနှိုင်းနှိုင်းလည်းလုပ်တတ်သေးတယ် ”
နတ်သမီးက ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ထိလိုက်တယ်
“ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာများလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုးဖြစ်နေတာလား ”
“ အဲဒါကို မျက်ရည်လို့ခေါ်တယ် နတ်သမီး ”
“ ဟင် .. ဘာအတွက်လဲ ”

“ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့နာကျင်မှုတွေ ဂုဏ်ယူမှုတွေပျော်ရွှင်မှုတွေ စတဲ့စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ”
နတ်သမီးဟာ လူသားမိန်းမကို အရမ်းအထင်ကြီးသွားတယ် ပြီးတော့လူသားမိန်းမကိုပြောတယ်
“ သင်ဟာ သိပ်ကို ကြီးကျယ်မြင့်မြတ်လှတဲ့လူသားမိန်းမပါပဲ ဘုရားသခင် သင်ဟာအရာရာကို စဉ်းစားချင့်ချိန်ပြီး တွေးတွေးဆဆ စွမ်းဆောင်နိုင်တယ် အခု သင်ဖန်ဆင်းထားတဲ့ လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး မရှိမဖြစ် အလိုအပ်ဆုံးဖြစ်လာပါလိမ့်မယ် ” လို့ဆိုလိုက်တယ်

ဘုရားသခင်ကပြုံးပြီးပြန်ပြောတယ်
“ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့်လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျားတွေ အံ့သြသွားစေမယ့် ခွန်အားနဲ့သတ္တိတွေရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုးတွေကိုလည်းဖြေရှင်းနိုင်စွမ်းရှိတယ် သူမကြောင့် ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းတရားတွေနဲ့အတွေးအခေါ်သစ်တွေ ဖြစ်ပေါ်လာနိုင်တယ် နောက်ဆုံး သူမကြောက်ရွံ့နေတာတောင်မှ သူမမှာ ပြုံးပြနိုင်တဲ့အစွမ်းရှိတယ် ”
“ အဲ့လောက်တောင်ပဲလား ”
“ ဒါတင်မကသေးဘူး ငိုကြွေးရမယ့်ဒုက္ခတွေ ခါးဆီးခံရမယ့်အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင်ရမယ်မောတဲ့အချိန်မှာလည်းသီချင်းဆိုတယ် ကြောက်ရွံ့ထိတ်လန့်နေချိန်မှာလည်း သီချင်းဆိုတယ် ”
“ အိုး ... ”
“ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိကဇာတ်ကောင်အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်းတည်ငြိမ်အောင်မြင်အောင် သူမအပေါ်မူတည်နေတယ်လို့လည်းခံယူထားတယ် သူမရဲ့နှလုံးသားဟာ ပုံသဏ္ဍန်အမှန်မရှိဘူး ”

“ သူမရဲ့သားသမီးတွေ အောင်မြင်နေတာကြည်ပြီး ကြည်နူးမျက်ရည်တွေလည်းကျနေတတ်တယ် သားသမီးအတွက် ၀မ်းနည်းတာဖြစ်စေ ၀မ်းသာတာဖြစ်စေ မျက်ရည်ကျတတ်သေးတယ် တခါတခါ ပီတိအပြုံးနဲ့ဂုဏ်ယူနေတတ်သေးတယ် ”
နတ်သမီးက ဘုရားသခင်စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ်ဆက်ရှင်းပြတယ်
“ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက်ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ဆုံးတယ် သတင်းကြားရင် ကြေကွဲထိခိုက်တတ်တယ် ဒါပေမယ့်အဲဒီကြေကွဲမှုတွေကိုပဲ ဘ၀အတွက်လိုအပ်တဲ့ခွန်အားအဖြစ်ပြောင်းလဲယူနိုင်စွမ်းလည်းရှိတယ် ”
“ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင်တယ်ဆိုတာလည်း သူမက သိသေးတယ် ”

ဘုရားသခင်က နောက်ဆုံးနတ်သမီးကို စကားတစ်ခွန်းပြောတယ်

“ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက်တစ်ခုရှိတယ် ”
“ ဘယ်လို .. ”
“ ဘယ်လိုချို့ယွင်းချက်လဲ ဒီလောက်ပြည့်စုံနေတာကို ”

“ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှုတွေကို မေ့နေတတ်တယ် ”
“ ဟင် .. ”
“ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံးလူသားတစ်ယောက်ပါလားဆိုတာကိုလည်း အမြဲတမ်းမေ့နေတတ်တယ် ”

=================================

ပုံပြင်လေးရဲ့ ဆိုလိုရင်းက အမျိုးသမီးတစ်ယောက်ရဲ့ အနှစ်သာရနဲ့ တန်ဖိုးရှိခြင်းကို ဖော်ကျူးသွားခြင်းပါပဲ
တချို့ အမျိုးသမီးဘ၀ရလို့ စိတ်ညစ်တယ်စိတ်ပျက်တယ် တချို့ ချစ်သူရည်းစားက အသည်းခွဲသွားလို့ စိတ်လေနေတဲ့သူတွေ တချို့ ယောက်ျားကပစ်သွားလို့ လက်မှိုင်ချပြီးကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူးလို့ထင်နေတဲ့သူတွေ အတွက်
ဒီပုံပြင်လေးက ခွန်အားတချို့ကိုပေးစေနိုင်မှာပါ ။

တကယ်တော့ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူ့တန်ဖိုးနဲ့သူ ကမ္ဘာလောကကြီးကို အလှဆင်နေတဲ့လူသားတွေချည်းပါပဲ ။ မိန်းမမို့လို့ နိမ့်ကျတာမျိုးမရှိသလို ယောက်ျားမို့လို့ ထူးခြားပြီးမြင့်မြတ်နေတာမျိုးလည်းမရှိပါဘူး ။ ပခုံးနှစ်ဖက်က ခေါင်းပေါက်တာခြင်းအတူတူ လူသားတစ်ယောက်ရဲ့ လူသားဆန်မှု အပြည့်အ၀ရှိနေသူဟာ လူသားပီသတာပါပဲ ။

အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရေ သာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ,,,,

စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး ၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း,,,, ရဲဘော်တို့........ ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။ ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။ တကယ့်သစ္စာဖြစ်ရမယ်.......... ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။ တော်အောင်ကြိုးစားကြပါ........ ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။ ရာထူးအဆင့်အတန်း ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။ တန်ခိုးပြဘို့မဟုတ်......... တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။ မှန်ကန်သော လူမျိုးရေးတရား.......... လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။ ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။ ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။ လူကြီးဆိုတာ ဘာလဲ......... နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။ ဘယ်တော့မှ သစ္စာမဖောက်.......... နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။ သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။ စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ....... နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။ ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။ http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835 ( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်) ( အထက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။ (ဗိုလ်ဥတ္တမကျော်)

ရဲဘော်တို့........
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့
တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်..........
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ........
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်.........
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား..........
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ.........နော
က် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်..........
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။
ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ.......
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
http://forverfriends.ning.com/group/story/forum/topics/2863689:Topi...
( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)
( အထက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

photoshop နဲမျက်နှာ ဆံပင် နှုတ်ခမ် မျက်ခုံးအလှပြင်မယ်

အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ ကျွန်တော်photoshop နဲမျက်နှာ ဆံပင် နှုတ်ခမ် မျက်ခုံးအလှပြင်မယ်
နည်းလေးကိုတင်ပေးလိုက်ပါတယ် ရုပ်စိုးတဲသူတွေလည်း ဒီနည်းလေးသုံးကြည့်လိုက်အဆင်ပြေသွား
ပါလိပ်မယ် အောက်မှာပုံလေးတွေနဲရှင်းပြထားပါတယ်


၁။   file open မှပုံတပုံယူလိုက်ပါ အခုမှလေ့လာနေသူတွေအတွက်တော့အောက်ကပုံကိုကြည့် ပါ
    
၂။      ပုံတပုံယူပြီးလျှင်အောက်ဆုံးကမီနူးဘားကိုကြည့်ပါ layer new တခုယူပါအောက်ကပုံကိုကြည့်ပါ
         
၃။       ဘယ်ဘက်မှာရှိတဲ့မီနူးဘားမှာ {1}  Brush tool ကိုရွေးပါ {2} ကာလာဘောက်မှာ  ပန်းနုရောင်လေးကိုကျွန်တော်ရွေးလိုက်ပါတယ်ဝါသနာရှင်နေအနေနဲနှစ်သက်ရာအရောင်ကိုေ၇ွးနိုင်ပါတယ်
အောက်ကပုံကိုကြည့်ပါ
 
၎။        မိမိကာလာရွေးပြီးလျှင် အရင်ဆုံးမျက်နှာကိုခြယ်ပါ အောက်ကပုံကိုကြည်ပါ။
           

၅။    မိမိစိတ်ကြိုက်ခြယ်ပြီးလျှင် မီနူးဘားလေးပြန်ကြည့်လိုက်ပါ   soft light ကိုရွေးလိုက်ပါ အောက်ကပုံကိုကြည့်ပါ
     
၆။        soft light ကိုရွေးပြီးလျှင် အပေါ်ကမီနူးဘားကိုကြည့်ပါ Image မှ Adjustments မှာ vibrance ကိုရွေးလိုက်ပါအောက်ကပုံကိုကြည့်ပါ

  ရ။        Image မှ Adjustments မှာ vibrance ရွေးပြီးလျှင်ဘောက်လေးကြလာပါလိမ်မယ်
                ကျလာတဲ့ဘောက်လေးထဲမှာ ကာလာရောင်တွေချိန်ပြီး ok ပေလိုက်ပါ
               ဒါဆိုရင်မျက်နှာပြီးပါပြီ အောက်ကပုံကိုကြညိ့ပါ
           

 ၈။      မျက်နှာပုံပြီးလျှင်နှုတ်ခမ်းနီစိုးပါမယ်  ဒီဟာလည်းအပေါ်ကအတိုင်းပါပဲlayernewတခုယူပါအောက်ကပုံကိုကြည့်ပါ 
 ၉။  
  ဒီဟာလည်းအပေါ်ကအတိုင်းပါပဲ  ဘယ်ဘက်မှာရှိတဲ့မီနူးဘားမှာ  {1}  Brush tool ကိုရွေးပါ {2} ကာလာဘောက်မှာ   အနီရောင်လေးကိုကျွန်တော်ရွေးလိုက်ပါတယ်ဝါသနာရှင်နေအနေနဲနှစ်သက်ရာအရောင်ကိုေ၇ွပြီးနှုတ်ခမ်း
တခုလုံးခြယ်လိုက်ပါအောက်ကပုံကိုကြည့်ပါ
 


 ၁၀။      မိမိစိတ်ကြိုက်ခြယ်ပြီးလျှင် မီနူးဘားလေးပြန်ကြည့်လိုက်ပါ   soft light ကိုရွေးလိုက်ပါ အောက်ကပုံကိုကြည့်ပါ  
     
   ၁၁။     ၆။        soft light ကိုရွေးပြီးလျှင် အပေါ်ကမီနူးဘားကိုကြည့်ပါ Image မှ Adjustments မှာ vibrance ကိုရွေးလိုက်ပါအောက်ကပုံကိုကြည့်ပါ
၁၂။       Image မှ Adjustments မှာ vibrance ရွေးပြီးလျှင်ဘောက်လေးကြလာပါလိမ်မယ်                ကျလာတဲ့ဘောက်လေးထဲမှာ ကာလာရောင်တွေချိန်ပြီး ok ပေလိုက်ပါ
                အောက်ကပုံကိုကြညိ့ပါ

၁၃။ ကာလာအရောင်ထက်ချိန်ခြင်သေးတယ်ဆိုရင် ctrl +u ကိုနှိပ်ပြီးချိန်ပါအောက်ကပုံကြည့်ပါ
           
၁၄။   ဒီလောက်ဆိုရင်ဝါသနာရှင်တွေသဘောပေါက်လေက်ပါပြီ
         ဆံပင် မျက်ခုံး လဲဒီတိုင်းပဲဆက်လုပ်ပါမယ် 
        မျက်ခုံးပြင်ပါမယ်
        (၁) layernew ယူမယ်
        (၂) ဘယ်ဘက်မှာရှိတဲ့မီနူးဘားမှာ  {1}  Brush tool ကိုရွေးပါ {2} ကာလာဘောက်မှာ အမဲထားပါ
        (၃)  မီနူးဘားလေးပြန်ကြည့်လိုက်ပါ   soft lightရွေးပါ
          
၁၅။    mage မှ Adjustments မှာ vibrance ရွေးပြီးလျှင်ဘောက်လေးကြလာပါလိမ်မယ်                 ကျလာတဲ့ဘောက်လေးထဲမှာ ကာလာရောင်တွေချိန်ပြီး ok ပေလိုက်ပါ
                အောက်ကပုံကိုကြညိ့ပါ
   

၁၆။  ဆံပင်ကာလာကမျက်နှာခြယ်တာနဲ့ အတူတူပါပဲ ဆက်လုပ်ကြည့်လိုက်ပါ 
        သဘောပေါက်လောက်ပါပြီနော်
    ၁ရ၊  မိမိတို့ စိတ်ကြိုက်ချိန်ပြီးသွာရင် Ctrl+shift+E  နဲ layerပေါင်းပြီးစေ့လို့ ရပါပြီ
                 
အားလုံးပဲအဆင်ပြေကြပါစေ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS