RADIO

What is current song?

RSS

ချစ်သူရွေးမယ်-စိုးပြည့်သဇင်

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Destok ပေါ်မှာ Glass Themes လေးနဲ့လန်းမယ်

Full_Glass_for_W7 
မင်္ဂလာပါ ခင်ဗျာ အခုတင်ပေးမည့် ဟာလေးကတော့ မိမိအသုံးပြုနေတဲ့ စက်တွေရဲ့ Destok ကို အမြင်ဆန်းလေးနဲ့ အသုံးပြုချင်သူတွေအတွက်ပါ.... တော်တော်လေးတော့လန်းပါတယ် နည်းလမ်းမသိခင်တုန်းက ကျွန်တော်လည်းတော်တော် တိုင်ပတ်ပါတယ် မနေမနား တစ်ညလုံး နည်းလမ်း ရှာဖွေလိုက်တဲ့ အခါနောက် ဆုံးတော့တွေ့ပါပြီ .. Destok တစ်ခုလုံးကို လုံးဝလန်းသွားစေမယ့် Full Glass Themes လေးပါ.. Window7 အတွက်ပဲဖြစ်ပါတယ် လက်တဲ့စမ်းချင်သူများ အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ
Glass Themes ဒေါင်းယူရန်>>>
   လုပ်နည်းကလည်း အင်မတန်လွယ်ပါတယ် မသိခင်သာ ခက်တာ သိသွားတော့လည်း အလွယ်လေးပေါ့ :P
 ပထမဆုံး အနေနဲ့ အပေါ်မှာဒေါင်းယူလာတဲ့ ဖိုင်ကိုဖြေပါ... အထဲမှာ  UniversalThemePatcher_20090409 zip နဲ့  VS_full_glass_for_win7_by_nguyenxuanhoa zip နှစ်ခုကို ရပါ့မယ်။ နှစ်ခုစလုံးကို Destok ပေါ်သို့တင်ထားပေးပါ။
(၁) UniversalThemePatcher zip ကို အရင်ဖြေပါ .. လုံးဝဖြေပြီးသွားသောအခါ UniversalThemePatc.exe နှစ်ခုတွေ့ရမှာ ဖြစ်ပါတယ် ပထမ ဟာကတော့ 64bit အတွက်ပါ . အောက်ဆုံးကဟာကတော့ 32bit အတွက် မိမိစက်ရဲ့ system အလိုက် တစ်ခုကို run လိုက်ပါ  ပြီးသွားရင် တော့အောက်မှာ ပြထားတဲ့အတိုင်း patch တွေကို တစ်ခုပြီး တစ်ခုကလစ်သွားပါ။ အားလုံးပြီးသွားပါက Restart ကျသွားပါလိမ့်မယ်။
(၂) window ပြန်တက်လာပါက VS_full_glass_for_win7_by_nguyenxuanhoa zip ကိုဖြေလိုက်ပါ။ဖြေလို့ရလာတဲ့အထဲက ဖိုင် 3 ဖိုင်စလုံးကိုကော်ပီကူးပါMy Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Paste လုပ်လိုက်ပါ။
(၃) Destok ပေါ်မှာ Right Click ခေါက် >>personalize>>>window background မှာ Full Glass vs7 ဆိုတဲ့ themes လေးတိုးလာပြီဖြစ်ပါတယ် အဲ Themes လေးကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင်အဆင်ပြေပါပြီ။
(၄) အကြည်လေးဖြစ်ဖို့အတွက်ကတော့  My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ သင်ရဲ့ Destok ဟာ Gslass Themes လေးနဲ့လန်းနေပါပြီ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ကျွန်တော်တော့ ဒီလိုဖြစ်ဖို့ မိုးလင်းခဲ့ပါတယ်.။ တတ်နိုင်သလောက် နားလည်လွယ်အောင်တော့ ရှင်းပြပေးထားပါတယ်.။ အဆင်မပြေတာရှိရင် Comment ပေးခဲ့လိုက်ပါ..
      လာလည်သူမိတ်ဆွေအပေါင်းကိုကျေးဇူးတင်လျှက်...
ဒီပို့လေးကို PDF အနေနဲ့လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းယူလိုက်ပါ
မှတ်ချက်။ Restart တစ်ချတိုင်း My Computer>> local Disk (C) >> Windows >> Resources
>> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ် အဲဒါမှ အကြည်ရောင်လေးကို မြင်ရမှာပါ....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆရာစံဇာဏီဘို၏ (၂၀၁၃)-ခုနှစ်အတွက် ရာသီခွင်အလိုက် ဟောစာတမ်းစာအုပ်များ

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဝေးရောက်သူတွေ Google Earth ဖြင့် ကိုယ့်အိမ်ကို ပြန်ကြည့်နည်း










ဒီစနစ်ကို အဝေးရောက်မြန်မာပြည်သားတွေ သုံးလိမ့်မယ်လို့ ထင်တယ် ဘာလို့ လဲ

ဒီဆော့ဝဲထည့်ထားရင် မြန်မာပြည်က  ကိုယ်နေတဲ့ နေရာတွေ  အိမ်တွေ လမ်းတွေ

ကျောင်းတွေ ဘုရားတွေကို အလွမ်းပြေ အသေးစိတ် ကြည့်လို့  ရနေတာကြောင့်ပါ

လိပ်စာတစ်ခုခု ကားမောင်းမယ့်လမ်းကြောင်း  တစ်ခုခုဆိုရင် ကျနော်တို့ မန်နေဂျာ

ဝန်ထမ်းတွေလည်း သုံးကြတယ် အတော်လေး  အဆင်ပြေကောင်းမွန်ပီး ရှိသင့်တဲ့

ဆော့ဝဲတစ်ခုပါ ။ ကျနော်တော့ ရွာလွမ်းရင်  ဒီဟာလေးနဲ့ ကြည့်တယ် ။ ရွာထိပ်မှာ

ဂျပန်ခေတ်ထဲက ရှိတဲ့  မန်ကျည်းပင်အကြီးကြီးရှိတယ်။  နွားကျောင်းရင် ဖဲရိုက်တဲ့

နေရာတွေပေါ့ဗျာ..အဲ့နေရာပါ။ သေချာကြည့်လို့ ရတယ် ။ ပုံတော့ မပြတော့ပါဘူး

တော်ကြာ မကျေနပ်သူတွေက ဗုံးလာကျဲမစိုးလို့ ။  ကျောင်းတက်ခဲ့တဲ့ နေရာတွေ

အလွမ်းပြေ ရိုက်ပြလိုက်ပါတယ်၊ အဝေးရောက်သူတွေ မသုံးရသေးရင် သုံးကြည့်

ရွာက စာဥ ဘယ်အခြေနေရှိလဲ ပြန်ကြည့်လို့ ရတာပေါ့နော..............................။


ဒီလင့်မှာ Download ယူပါ - www.ziddu.com/GoogleEarthPro7

ဒီလင့်မှာ Download ယူပါ  - http://www.google.com/earth/ 


အထက်က နှစ်ခုမှာ ziddu ကတင်တာ Pro version ပါ Free ထက်ကောင်းတယ်

အောက်တစ်ခုက အလကားရပါတယ် အထက်တစ်ခုလောက် Feature မစုံဘူး

အပေါ်တစ်ခုယူမယ်ဆို Anti virus ပိတ်ထားနော်..Path ဖိုင်ပါနေလို့ ...သတိ....။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သိန်း ၁၅၀ ဝန်းကျင် နေရောင်ခြည်စွမ်းအင်သုံး ဟိုင်းဘရစ်ကား

ဥရောပ- ဟန်ဂေရီနိုင်ငံက ကုမ္မဏီတစ်ခုက တီထွင်ဖန်တီးလိုက်တဲ့ ကား ဖြစ်ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၈၀၀၀ ဝန်းကျင် ဆိုတော့ မြန်မာငွေနဲ့ တွက်ရင် သိန်း ၁၅၀ ဝန်းကျင်ပါပဲ။ သို့ပေမယ့် တကယ် လိုချင်လို့ မှာမယ်ဆိုရင် သုံးလေဆ မကပဲ တက်သွားနိုင်ပါတယ်။
သုံးယောက်စီးကား ဖြစ်ပါတယ်။ ကားရဲ့  ဖွဲ့စည်းတည်ဆောက်ပုံကလည်း ထူးကို ထူးခြားပါတယ်။ အလယ်တည့်တည့်မှာ ဒရိုင်ဘာမောင်းပြီး ဘေးနှစ် ဘက်မှာ ခရီးသည်လိုက်ပါနိုင်ပါတယ်။ ဂက်စ်နဲ့ လျှပ်စစ်ဓာတ်အား နှစ်မျိုး အသုံးပြုတဲ့ကား ဖြစ်ပါတယ်။ ဂက်စ်နဲ့ဆိုရင် တစ်ဂါလံကို မိုင် ၁၀၀ မောင်းနှင် နိုင်ပါတယ်။ သူ့ရဲ့  ပြေးနှုန်းကတော့ တစ်နာရီ ၈၉ မိုင်အထိ ရှိပါတယ်။ သာမန် ကားတစ်စီးလိုပါပဲ။ မြို့ တွင်းသုံးမယ်ဆိုရင် ပိုသင့်တော် မယ့်ကား ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်ကို ဆုပ်ယူပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲမယ်။ ပြီးတော့ လျှပ်စစ်ဘက်ထရီမှာ Store လုပ်ပြီး မော်တာကို လည်ပတ်စေမှာ ဖြစ်ပါတယ်။ ဆီရှားမယ့် အနာဂတ် ကမ္ဘာမှာ အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ကားကို Antro Solo လို့အမည် ပေးထားပြီး ယခုနှစ်အတွင်း ထွက်ရှိနိုင်အောင် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိမ်ထောင်သော့ခတ်ကြသူများ

ဒါကတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်က စိန်းမြစ်ကူး တံတားပေါ်က လူသွားလမ်းပါ။
ဘယ်သူက ဘယ်လိုစလိုက်မှန်းတော့ မသိပါဘူး။ လက်ထပ်ခါစ အတွဲတွေဟာ ဒီတံတားပေါ်က အကာအရံမှာ အခုလို သူတို့နာမယ်တွေ ထိုးထားတဲ့ သော့ခလောက်ကို ခတ်၊ ပြီးတော့ သော့ကို စိန်းမြစ်ထဲ ပစ်ချကြပါတယ်တဲ့။ ပြန်ဖွင့်လို့ မရတဲ့ သော့ခလောက်မို့ အိမ်ထောင်မြဲမယ်ဆိုတဲ့ ယူဆချက်တွေလို့ ဆိုပါတယ်။
...
နောက်တော့ နိုင်ငံတကာက လာရောက်ကြတဲ့ ဟန်းနီးမွန်း အတွဲတွေရော ပြင်သစ်က အတွဲတွေပါ လာပြီး သော့ခတ်ကြသူတွေ အတော့ကို များလာပါတယ်။
အစပိုင်းမှာတော့ မြို့အာဏာပိုင်တွေက သော့တွေကို ဖြုတ်ပြီးရှင်းဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ တချို့သော့တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သော့တွေက များသထက်များလာတဲ့အချိန်မှာတော့ ပဲရစ်မြို့ရဲ့ လူစိတ်ဝင်စားစရာ မြင်ကွင်းတခု ဖြစ်လာပြီး ဒီသော့တွေကို မဖြုတ်တော့ဘဲ အနုပညာလက်ရာတခုအနေနဲ့ လက်ခံလာတယ်လို့ ဆိုပါတယ်။ m
Burma-Newselite
ဓာတ်ပုံ- စီအန်အန်
အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်.

https://www.faceb
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စတတ် နောက်တတ်သော သူ

   ဟိုတုန်းက တောအုပ်ကြီးတစ်ခုထဲမှာ နွားနဲ့ ကျားဟာ အဆွေခင်ပွန်းဖွဲ့ပြီး နေကြတာပေါ့...... တစ်ဦးနဲ့တစ်ဦး အပြန်ပြန်အလှန်လှန် ချစ်ချစ်ခင်ခင်နဲ့ သူငယ်ချင်းဖွဲ့ပြီး အတူတူ နေကြတာပေါ့...... သူတို့နှစ်ဦးထဲမှာ နွားကတော့ တစ်ခါတစ်လေ စတတ်နောက်တတ်သတဲ့လေ........ 
   ဒီလိုနဲ့ တစ်နေ့ကြတော့ ကျားက တော်ထဲမှာ သွားလာရင် ခြူကလုံလေးတစ်ခု ကောက်တွေ့တာနဲ့ အိမ်ကိုယူလာပြီး သူ့သူငယ်ချင်းဖြစ်တဲ့ နွားကိုပေးပြီး ပြောလိုက်သတဲ့လေ............
   `` သူငယ်ချင်း နွားရေ ငါ သွားရင်းလာရင်း ခြူကလုံးလေးတစ်ခု ကောက်တွေ့တာနဲ့ ယူလာခဲ့တယ် သူငယ်ချင်း........ ရော့ ဒီခြူကလုံးလေးကို မင်းရဲ့လည်ပင်းမှာ အမြဲဆွဲထားနော် သူငယ်ချင်း......... မင်း သွားရင်းလာရင်း အန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့လို့ အကူအညီလိုအပ်လာတဲ့အခါ ဒီခြူကလုံးလေးကို လှုပ်လိုက်ပါ သူငယ်ချင်း......... ဘယ်လောက်ပဲ ဝေးလံနေပါစေ ငါ မင်းဆီကို မရောက်ရောက်အောင်လာပြီး ကူညီမယ်နော် သူငယ်ချင်း.........´´ 
   ကျားက သူ့သူငယ်ချင်းဖြစ်တဲ့ နွားကိုပြောပြပြီး ခြူကလုံးလေးကို ပေးလိုက်တာပေါ့....... အဲလိုပေးတော့ နွားကလည်း
  ``ကျေးဇူးပါပဲ သူငယ်ချင်းရာ ငါ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့လာတဲ့အခါ သူငယ်ချင်းပြောသလို ခြူကလုံးလေးကိုလှုပ်လိုက်ပါ့မယ် သူငယ်ချင်း.......´´  လို့ပြောပြီး သူငယ်ချင်း ကျားကပေးတဲ့ ခြူကလုံးလေးကို ယူပြီး သူ့ရဲ့လည်ပင်းမှာ ကြိုးနဲ့ချီပြီး ချိတ်ဆွဲထားလိုက်တာပေါ့........
   အဲလိုပေးပြီး နောက်နေ့မနက်မှာ သူငယ်ချင်းနှစ်ယောက် အစာရှာထွက်ဖို့ ပြောကြပြီး တောအုပ်ထဲကို ကိုယ်ဆီကိုယ်ဆီ တစ်နေရာဆီ အစာရှာထွက်ခွာသွားကြတာပေါ့......... ဒီလိုနဲ့ နွားဟာ အစာရှာထွက်နေရင်း စဉ်းစားသတဲ့လေ........ အင်း ငါ့ရဲ့လည်းပင်းမှာ သူငယ်ချင်းကျားက ပေးထားတဲ့ ခြူကလုံးလေးရှိတယ်........... ငါ့သူငယ်ချင်းကျားဟာ ငါ့အပေါ်မှာ တကယ်ချစ်မချစ်ဆိုတာ စမ်းကြည့်အုံးမှပဲ....... သူငယ်ချင်းကျားကို စနောက်ကြည့်လိုက်အုံးမှာပဲဆိုပြီး နွားဟာ သူ့ရဲ့လည်ပင်းက ခြူကလုံးလေးကို တအားလှုပ်လိုက်သတဲ့လေ........
   အဲလို နွားဟာ သူရဲ့လည်ပင်းက ခြူကလုံးလေးကို တအားလှုပ်လိုက်တော့ အခြားနေရာမှာ အစာရှာထွက်နေတဲ့ သူ့ရဲ့ သူငယ်ချင်း ကျားဟာ ကြားပြီး....... ဟာ ငါ့သူငယ်ချင်းနွားရဲ့ ခြူကလုံးသံပဲ....... ငါ့သူငယ်ချင်း အန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့နေရပြီ....... ငါအမြန်ဆုံးသွားပြီး ကူညီမှဖြစ်မယ်လို့ စဉ်းစားပြီး ခြူကလုံးအသံကြားရာဘက်သို့ ဦးတည်ကာ ကျားဟာ မနားတမ်းပြေးလွှားပြီး သွားလိုက်တာ သူ့သူငယ်ချင်း နွားရှိရာဆီသို့ ရောက်လာတာပေါ့.........
   သူ့သူငယ်ချင်းရှေ့ လည်းရောက်ရော
  `` သူငယ်ချင်း ဘာဖြစ်တာလဲ......... ဘာအန္တရာယ်နဲ့ ကြုံတွေ့နေရာတာလဲ သူငယ်ချင်း....... ဘာမှစိတ်မပူနဲ့နော်သူငယ်ချင်း  မင်းရှေ့ မှာ ငါရောက်နေပြီ သူငယ်ချင်း........ ဘာမှမကြောက်နဲ့နော် သူငယ်ချင်း.......´´
   အဲလို ကျားဟာ မောပန်းစွာနဲ့သူငယ်ချင်း နွားကို အားပေးစကားတွေ လှိုင်လှိုင်ပြောနေတော့ နွားဟာ ရယ်ချင်လာတာနဲ့ ရယ်မောပြီး.......
  `` ဟားဟား........ သူငယ်ချင်းကလည်း ခဏလေးနားပြီးမှ ပြောပါ သူငယ်ချင်းရ........ ငါဘာမှ မဖြစ်ပါဘူး သူငယ်ချင်းရ...... ဘာအန္တရာယ်မှလည်း မကြုံပါဘူး သူငယ်ချင်းရ......´´
   အဲလိုနွားကပြောလိုက်တော့ ကျားကလည်း
   ``ဒါဆို ဘာဖြစ်လို့ ခြူကလုံတအားလှုပ်နေရတာလဲ သူငယ်ချင်းရ.......´´
   အဲလိုကျားကမေးတော့ နွားကလည်း..... 
   ``သူငယ်ချင်းငါ့ကို တကယ်ချစ်မချစ်ဆိုတာ သိချင်လို့ စမ်းကြည့်တာ..... သူငယ်ချင်းကို စနောက်လိုက်တာပါ သူငယ်ချင်းရ......´´
  အဲလိုနွားကပြောတော့ ကျားကလည်း......
   ``မသိပါဘူး သူငယ်ချင်းရာ ငါက သူငယ်ချင်းတကယ်အန္တရာယ်နဲ့ ကြုံတွေ့နေရပြီထင်လို့ မနားတမ်းပြေးလာခဲ့တာ...... ဘာမှ အန္တရာယ်မရှိဘူးဆိုတော့ တော်သေးတာပေါ့ သူငယ်ချင်းရာ........ ငါလည်း ဘာမှမစားရသေးဘူး...... စောစောကနေရာ ပြန်ပြီး အစာရှာသွားလိုက်အုံးမယ် သူငယ်ချင်း..........´´ လို့ပြောပြီး ကျားဟာ အစာရှာဖို့ စောစောကနေရာပြန်သွားသတဲ့လေ........
   အဲလိုနဲ့ သွားနေရင်း လမ်းတစ်ဝက်လောက်လဲ ရောက်ရော သူ့သူငယ်ချင်းနွားဆီးက ခြူကလုံသံ တအားလှုပ်နေတာကို ကြားပြန်သတဲ့လေ...... အဲလိုကြားတော့ ကျားကလည်း စောစောလေးကမှ သူ့ဆီက ပြန်လာတာပါ....... အော် သူငယ်ချင်း ငါ့ကို စနောက်နေတာနေမှာပါလေ ဆိုပြီး ကျားဟာ ခြူကလုံသံကြားပေမယ့် သူသူငယ်ချင်းနွားက သူ့ကို စနောက်နေတယ်ထင်ပြီး မသွားပဲနေလိုက်သတဲ့လေ......
   ဒီလိုနဲ့ ညနေအိမ်ပြန်ချိန်ကြ ကျားဟာပြန်လာပြီး ခါတိုင်းဆုံနေကြ လမ်းဆုံက သစ်ပင်ကြီးအောက်မှာ သူငယ်ချင်းနွား မရောက်သေးလို့ စောင့်နေသတဲ့လေ....... အဲလိုစောင့်နေတာ အချိန်းကလည်း  တော်တော်ကြားသွားတော့ ကျားက စဉ်းစားလိုက်တယ်......... အော် ခါတိုင်းဆို ငါ့သူငယ်ချင်းက ဆုံနေကြ ဒီသစ်ပင်ကြီးအောက်မှာ သူအရင်ရောက်နေတာပါ........ ဒီနေ့ ဘာဖြစ်လို့ နောက်ကြနေရတာလဲ ဆိုပြီး ကျားဟာ စိတ်ပူလာတာနဲ့ မနက်က သူ့သူငယ်ချင်နွားနဲ့ တွေ့ခဲ့တဲ့ နေရာကို သွားပြီး လိုက်ရှာတာပေါ့.......
   အဲလိုရှာနေရင်း တစ်နေရာရောက်တော့ ကျားဟာ သူလက်ဆောင်ပေးထားတဲ့ ခြူကလုံးလေးကို တွေ့သွားတယ်....... အဲလိုတွေ့တော့ ကျားဟာ သူ့သူငယ်ချင်းအတွက်အရမ်းစိတ်ပူသွားပြီး အနီးအနား ရှာကြည့်တော့ သူ့ရဲ့သူငယ်ချင်နွားကို သွေးသံရဲရဲနဲ့ သတ်ဖြတ်ခုတ်ထစ်ခံရပြီး  သေနေတာကို တွေ့လိုက်တော့ ကျားဟာ အရမ်းဝမ်းနည်သွားတယ်........ ကျားဟာ ငိုကြွေးပြီး...........
   ``သူငယ်ချင်း မင်းအခုလိုဖြစ်သွားတာ ငါမကူညီလိုက်ရတာ ငါအရမ်းဝမ်းနည်းတယ် သူငယ်ချင်းရာ........ မင်းအပေါ်ကြရောက်နေတဲ့ အန္တရာယ်ကို မကူညီလိုက်ရလို့ ငါ့ကို ခွင့်လွှတ်ပါသူငယ်ချင်းရာ........ မနက်က မင်း ခြူကလုံ အရမ်းလှုပ်လိုက်တာ အန္တရာယ်နဲ့ ကြုံတွေ့နေရလို့ လှုပ်လိုက်တာပေါ့နော် သူငယ်ချင်း....... မင်းဆီက ခြူကလုံသံ ငါမကြားလို့ ရောက်မလာတာ မဟုတ်ပါဘူး သူငယ်ချင်း....... ငါကြားပါတယ် သူငယ်ချင်းရာ........အဲဒီတုန်းက ခြူကလုံသံ ကြာပေးမယ် သူငယ်ချင်း စနောက်နေတယ်ထင်ပြီး မလာခဲ့မိတာ ငါ့ကို ခွင့်လွှတ်ပါသူငယ်ချင်ရာ...... အဲဒီတုန်းက ငါ မင်းဆီကို ပြေးလာပြီး ကူညီရင် ငါ့သူငယ်ချင်း အခုလို အသေဆိုးနဲ့ သေရမှာမဟုတ်ဘူး........ ´´ လို့ ပြောဆိုပြီး ချူကလုံလေးကို လက်ထဲမှာဆုပ်ကိုင်ထားရင်း ကျားဟာ သူ့သူငယ်ချင်းနွားအတွက် စိတ်မကောင်ဖြစ်ပြီး ပူဆွေးဝမ်းနည်းစွာနဲ့ ငိုကြွေး နေပါတော့တယ်..............................။ 
   ကိုယ်က တစ်ဖက်လူကို စနောက်တော့မယ်ဆိုရင် အချိန်ကာလ၊ နေရာဒေသကို အရင်ကြည့်ပြီး  စနောက်သင့်သလား၊ ပြောသင့်သလားဆိုတာ အရင်စဉ်းစားပြီမှ စနောက်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ စနောက်မှုတွေဟာ ပျော်စရာတွေနဲ့ ဝေးကွာသွားတတ်သလို  ကိုယ်စနောက်လိုက်တဲ့ စကားတစ်ခွန်းကြောင့် နှစ်ဦးနှစ်ဖက် ပျော်ရွှင်မှုတွေ ရောက်ရှိမလာပဲ စိတ်ညစ်စရာ ဖြစ်ရပ်တွေ၊ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ရောက်ရှိလာတတ်ပါတယ်..............။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ.............................။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

/မြန်မာပြည်မှ အင်မတန်ထူးဆန်းနေတဲ့  (၁ဝ)ချက်အကြောင်း..

♣♣//အဲဒီ (၁၀) ချက်က မြန်မာ နိုင်ငံမှာပဲ ရှိတာပါ ...

၁။ အုပ်ချုပ်ရေး အကြီးဆုံး ရာထူးရှိတဲ့ သမ္မတက စစ်မတိုက်ဖို့ ပြောထားသော်လည်း စစ်ပွဲများမှာ ထူးဆန်းစွာ ဆက်ဖြစ်နေခြင်း

၂။ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီမှာ ဒေါ်လာ သန်းပေါင်း ထောင်ချီသော လုပ်ငန်းများ မြောက်များစွာကို ပိုင်ဆိုင် လုပ်ကိုင်နေသော်လည်း ထူးဆန်းစွာဖြင့် .. အောက်ခြေ စစ်သားများ ဝင်ငွေ မလောက်င သဖြင့် နည်းမျိုးစုံဖြင့် ဝမ်းရေး ဖြေရှင်းနေရခြင်း

၃။ မြန်မာနိုင်ငံသားတိုင်းတွင် မိဘ (၄) ပါး ထူးဆန်းစွာ ရှိနေခြင်း။ မွေးမိဘ နှစ်ပါး၊ စစ်တပ်က မိဘ တစ်ပါး၊ အစိုးရက မိဘ တစ်ပါးဟူ၍ ထူးဆန်းစွာ မိဘလေးပါး ရှိနေခြင်း

၎။ အဆိုပါ မိဘ ၄ ပါးထဲမှ .. အစိုးရနှင့် စစ်တပ်ဆိုသော မိဘ နှစ်ပါးမှာ .. ထူးဆန်းစွာဖြင့် အနန္တော အနန္တ (၅) ပါးထက် ပို၍ မြင့်မြတ်နေခြင်း (ဥပမာ ... သံဃာတော်များကို ဆုံးမပိုင်ခွင့် ရှိခြင်းကို ကြည့်လျှင် သိနိုင်သည်။)

၅။ လယ်ယာမြေများသည် ထူးဆန်းစွာဖြင့် စစ်တပ်ပိုင်မြေများ ဖြစ်သွားပြီး ... ထူးဆန်းစွာပင် .. မူရင်း လယ်ပိုင်ရှင်များက ထွန်ယက်စိုက်ပျိုးရပြီး .. စစ်တပ်ကို လယ်ငှားခ ပေးနေရခြင်း

၆။ စစ်တပ် အကြီးအကဲများအားလုံးသည် မိမိတို့ တရားဝင် လစာ၊ ခံစားခွင့်နှင့် ဝင်ငွေထက် ပိုသော ငွေကြေးများ ရှိနေကြပြီး .. ထူးဆန်းစွာ ချမ်းသာနေကြခြင်း

၇။ ဝန်ကြီးဌာနများမှာ သိန်းပေါင်း ထောင်သောင်းချီသော ငွေကြေး အလွဲသုံးစားမှုများ ရှိသည်ဟု တရားဝင်ကြေငြာထားသော်လည်း အဆိုပါ ငွေကြေး အလွဲသုံးစား လုပ်သူများမှာ ကိုယ်ပျောက် ဝိဇ္ဇာများဖြစ်နေကြသဖြင့် ထူးဆန်းစွာပင် တရားခံကို ရှာဖွေ မတွေ့နိုင်ခြင်း

၈။ လွန်ခဲ့သည့် ရက်ပိုင်းကမှ ဖြစ်ခဲ့သော သံဃာတွေကို အကြမ်းဖက် ဖြိုခွင်းရန် အမိန့်ပေးသူသည်လည်း ကိုယ်ပျောက်ဝိဇ္ဇာ တစ်ယောက် ဖြစ်နေသဖြင့် ထူးဆန်းစွာ ရှာဖွေ မတွေ့ရှိနိုင်ခြင်း

၉။ မြန်မာပြည်တွင် အင်မတန် ကောင်းမွန်သော ပညာရေး စနစ်ကို အနှစ် ၂၀ ကျော် နေ့မအား၊ ညမနား တည်တောင်ခဲ့ကြသော်လည်း .. တည်ထောင်သူ ဗိုလ်ချုပ်ကြီးများ၏ သား သမီး၊ မြေးမြစ်များမှာ ထူးဆန်းစွာပင် အနစ်နာခံ၍ ပြည်ပတွင် သွားရောက် ပညာ သင်ယူနေကြခြင်း

၁၀။ ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း နိုင်ငံတကာ အဆင့်မှီ ဆေးရုံကြီးများနှင့် နိုင်ငံတော်၏ ထောက်ပံ့မှု အပြည့်အဝရှိသော်လည်း စစ်ဗိုလ်ကြီးများ နေမကောင်းဖြစ်လျှင် .. ထူးဆန်းစွာပင် နိုင်ငံခြား တိုင်းပြည်များတွင် ဆေးကုသမှု ခံယူနေကြ့ခင်း

"ဒါတွေကိုမှာ ထူးဆန်းတယ် မခေါ်ရင် ဘယ်အရာကို ထူးဆန်းတယ် ခေါ်မလဲ။ ဒီလောက် ထူးဆန်းမှုများတဲ့ မြန်မာပြည်ကြီးအတွက် ထူးဆန်းစွာနဲ့ ... တိုးတက်မှု အများဆုံး၊ အချမ်းသာဆုံး နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်မပြုကြတာ .. ကမ္ဘာနိုင်ငံတွေက မနာလိုမှု ဘယ်လောက် ကြီးနေကြသလဲဆိုတာကိုပါ .. ထူးဆန်းစွာ တွေ့လိုက်ရတာပဲ မဟုတ်လား"
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟာသလေးတွေနဲ့ အမောဖြေကြရအောင်

သွားမှဖြစ်မယ်
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက ဖုန်းလှမ်းဆက်သည်။
"ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့"
ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။
"ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်"
ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။
"အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"

ကြောက်သွားပြီ
သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။
"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်"
အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။
"တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"

နားမလည်ဘူး
မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။
"ဖေဖေ မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်"
ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်
"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"

စောစောပြန်မယ်
မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ အပြင်ထွက်လည်ကြသည်။ နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌ ၀င်ထိုင်ကြရင်း အမျိုးသားကမေးသည်။
"ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား"
အမျိုးသမီးက ပြန်ဖြေသည်။
"ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင် ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်"

နေလိုလူ
အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ ၀ိုင်းမေးကြသည်။
"ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ"
မိန်းကလေးကဖြေသည်။
"ငါ့ယောက်ျားက နေလို ယောက်ျားဟ"
သူငယ်ချင်းများက ၀ိုင်းပြောသည်။
"တယ်လဲ ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့"
မိန်းကလေးက ရှင်းပြသည်။
"ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင် ပျောက်သွားတယ်မဟုတ်လား"
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွန်ပျုတာထဲမှာ MP3-MP4 ပြောင်းဖို့ အခွေကူးဖို့  ဗီဒီယိုရိုက်ဖို့  ပုံရိုက်ဖို့ 







ဒီဆော့ဝဲလေးက  စွယ်စုံရတဲ့  ဆော့ဝဲကောင်း တစ်ခုပါ ။ ဖုန်းထဲသွင်းဖို့  Mp3-Mp4

ပြောင်းလို့ ရတယ် ။မပြောင်းခင် စကားပြောခန်းပါလို့ သီချင်းကို ဖြတ်ချင်ရင်လည်း

လွယ်ပါတယ် ။ နည်းပညာရှင်တွေအနေဖြင့် ပညာရပ်တစ်ခုခုကို ရှင်းပြချင်တဲ့အခါ

ကွန်ပျုတာ Screen ကို ဗီဒီယိုဖိုင်အဖြစ် ရိုက်ထားလို့ ရသလို ကွန်ပျုတာသုံးနေရင်း

Snap ရိုက်လို့ ရပါတယ်။မသိနားမလည်တဲ့နေရာမှာ ပြဿနာတစ်ခုခုကို ပုံရိုက်ပီး

ပြချင်တဲ့အခါ  ကွန်ပျုတာကို ပုံရိုက်ဖို့ အဆင်ပြေပါတယ် ။အခွေကူးချင်တဲ့သူတွေ

အတွက်  အခွေဘမ်းဖို့ လည်းပါတယ် ။ အခွေဆက်ချင်သူတွေ  ဖုန်းနဲ့  အပိုင်းပိုင်း

ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ ပြန်ဆက်ဖို့ လည်း  ဒီဆော့ဝဲမှာ ပါပါတယ် ။ပလေယာ

တစ်ခုလည်း ပါလာသေးတယ် ။ ရုပ်ရှင်ကားတွေ  အခွေတွေ ကြည့်တဲ့အခါ သုံးဖို့ 

အဆင်ပြေ  ပြည့်စုံကောင်းမွန်တဲ့ဆော့ဝဲတစ်ခု ဖြစ်ပါကြောင်း .........................။







ဒီလင့်မှာ Download ယူပါ - တိုတယ်ဗီဒီယို Converter 3.7 with ကီး

ဒီလင့်မှာ Download ယူပါ - တိုတယ်ဗီဒီယို Converter 3.7 with ကီး



အင်စတောလုပ်ပီးရင် Register ကိုနှိပ်၍ ကီးဖြည့်လိုက်ပါ.............။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘဟားမားမှ ကြောက်စရာ ရေလွှာချောစီး

ဘဟားမားနိုင်ငံမှာ ရှိတဲ့ Mayan Temple ရေလွှာချောစီးကန် တစ်ခုမှာ ဖြစ်ပါတယ်။ ရေလွှာချောစီးကို ပုံမှာ မြင်တွေ့ရတဲ့အတိုင်း မာယာဗိသုကာ ကျောင်းဆောင် ကနေ ပြုလုပ်ထားပေးပါတယ်။ ပေ ၆၀ အမြင့်လောက်ကနေ ချောဆင်းပြီး တစ်နာရီ ၃၅ မိုင်နှုန်းလောက် မြန်ပါတယ်။ ကန်ထဲမှာ အသားစား ငါးမန်းများ မွေးမြူထားတဲ့အတွက် ချောစီးရင် ငါးမန်းတွေကို အနီးကပ် ကြည့်ရှု ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူသွားတဲ့ ပိုက်လိုင်းကို မှန်နဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ လုံခြုံ ရေး စနစ် အပြည့်အဝ ထားရှိပြီး ရေလွှာချောစီး ကန်မှာ ငါးမန်းများ မွေး ထားတဲ့အတွက် ကမ္ဘာ့လှည့်ခရီးသွားများ အတွက် လည်ပတ်စရာ နေရာ တစ်ခု အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်ဒိုနီးရှားမှာ လူသေပြုစုပွဲ တဲနော် လိုက်ကြည့်မလား

အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့  ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန်တူးဖော်ခွင့်ရရှိကြသည်။ အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊ သားသမီး၊ ဇနီးခင်ပွန်း အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို သန့်စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။ အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာသို့ ပြန်လည် မြှုပ်နှံပေးသည်။
ယင်းကဲ့သို့ ပွဲတော် Ma' Nene festival သည် အင်ဒိုနီးရှားတို့၏ ကမ္ဘာကျော် ရိုးရာပွဲ တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
--- Ref:renews.cn
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့တက်တူ အများဆုံး ထိုးသောပုဂ္ဂိုလ်

ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ ကမ္ဘာ့ တက်တူးအများဆုံး ထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူဖြူလူမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  တစ်ကိုယ်လုံး ပြည့်နေတဲ့ တက်တူးကြောင့် လူမည်းတစ်ဦးပမာ ထင်ချင်စရာ ရှိပါတယ်။ တက်တူးထိုးတာမှ မျက်ခွံအထဲထိတောင် ထိုးထားပါ တယ်။ ပြီးတော့ အမျိုးသား အစိတ်အပိုင်းပါမချန် နေရာအားလုံး တက်တူး ထိုးထားသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းပြည့် တက်တူး ထိုးထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၀ ကျော်ပြီဖြစ်တဲ့ ဆက်ကပ်အဖွဲ့သား တစ်ဦးဖြစ်ပြီး အာခေါင်ကို ဓားထိုး၊ စတန့်စက်ဘီး၊ ကျွန်းဘား၊ ဘောလုံးလက်ပစ် အစရှိသဖြင့် စတန့်ပြကွက်တော်တော်များများကိုလည်း ပိုင်နိုင်သူ ဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးကတည်းက တက်တူးထိုးတာ ဝါသနာ ပါသူ ဖြစ်ပြီး ကမ္ဘာ့စံချိန်တင် တက်တူးထိုးသူများကိုလည်း လေ့လာစောင့်ကြည့်ခဲပါတယ်။ ထို့နောက် သူကိုယ်တိုင်လည်း တက်တူးအများဆုံး ထိုးနိုင်တယ်ဆိုပြီး တစ်နှစ်ထက် တစ်နှစ် တက်တူးများ ဆက်တိုက် ထိုးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ရောက်မှ မူလ တက်တူးအများဆုံး ပိုင်ဆိုင်သူ Tom Leppard ကို ကျော်လွန်ပြီး ကမ္ဘာ့နံပါတ် ၁ ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ထက် တက်တူးထိုးသူ ပေါ်လာနိုင်ချေနည်းသွားပါပြီ။ ဘာလို့လဲ Lucky Diamond Rich ဟာ ယနေ့ချိန်ထိ တက်တူးထိုးခြင်းကို မရပ်တန့်သေး တဲ့ ဆေးမဲပေါ်မှာ တက်တူးဆေးဖြူများ ထပ်ထိုးလျက် ရှိကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တွေ.့ကြုံတတ်တဲ့အချစ်များ တူနေကြရင်ပြောနော်...


(၁) ချစ်သူသေဆုံးပြီးနောက် အသက်ရှင်ကျန်ရစ်သူက မေ့မရနိုင်တဲ့အမှတ်တရတွေနဲ့ ချစ်သူကို ဆက်ပြီးချစ်နေသတဲ့ ဒါကြောင့်...အချစ်အတွက် အသက်ပေးရတာကို "အချစ်"လို့ မထင်လိုက်နဲ့...တကယ်ချစ်ရင် ချစ်သူအတွက် အသက်ရှင်ပါ။ အိုမင်းတဲ့အထိ အသက်ရှင်ပါ။
(၂) ကိုယ့်ကို သူမချစ်တော့တဲ့အခါ၊ ခွဲသွားတော့မယ့်အခါ သူ့ကိုချစ်သေးလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ကိုယ်လည်းသူ့ကိုမချစ်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုသနားပြီး သူ့ကိုမခွဲနိုင်မဖြစ်ပါနဲ့.... တကယ်လို့ သူ့ကို ကိုယ်ချစ်သေးတယ်ဆိုရင် သူပျော်ရွှင်တာကိုပဲ ကိုယ်မြင်ချင်ခဲ့တယ်။ သူပျော်ရွှင်ဖို့ သူချစ်တဲ့သူနဲ့အတူနေခွင့်ပေးလိုက်ပါ။ သူထွက်သွားဖို့ မတားပါနဲ့.... သူပျော်ရွှင်ဖို့ကိုယ်တားခဲ့မိရင် သူ့ကိုကိုယ်တကယ်မချစ်တော့လို့ပါပဲ။ သူ့ကို တကယ်မချစ်တော့ဘူး ဆိုမှတော့ သူ နောက်တစ်ယောက်ပြောင်းတာကို ကိုယ်ဘာလို့ ငြိုငြင်နေဦးမလဲ??????
(၃) ချစ်သူတွေလမ်းခွဲပြီးနောက် သူငယ်ချင်းဆက်မဖြစ်နိုင်တော့ဘူး။ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရခဲ့စေလို့....ချစ်သူတွေလမ်းခွဲပြီးနောက် ရန်သူလည်းမဖြစ်နိုင်ဘူး။ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ဖူးလို့.... ချစ်သူတွေလမ်းခွဲပြီးနောက် အရင်းနှီးဆုံးသူစိမ်းတွေပဲ ဖြစ်ခဲ့ကြတယ်။
(၄) ကိုယ်ချစ်တဲ့မိန်းကလေးကို မင်္ဂလာဝတ်စုံဝတ်မပေးနိုင်ရင် ကျေးဇူးပြုပြီး သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတဲ့ ရှင့်လက်တွေရပ်လိုက်ပါ။
(၅) ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်အတွက် "သူ့ကိုဘာကြောင့်ချစ်ရတယ်"ဆိုတဲ့ အကြောင်းပြ ချက်တွေ မလိုဘူး။ ကိုယ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ ကိုယ့်ဘေးမှာ သူရှိစေချင်ခဲ့တယ်။တကယ်အချစ်ဆိုတာ အခက်အခဲကြုံချိန် လက်တွဲမဖြုတ်ခဲ့ဘဲ၊ တောင်းဆိုမှုတွေမများဘဲ အချင်းချင်းပေးဆပ်နေတာပဲ ဖြစ်တယ်။
(၆) ကမ္ဘာပေါ်မှာ ထက်မြက်တဲ့ယောက်ျား၊ လှပတဲ့မိန်းကလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်နဲ့သင့်တော်တာ တစ်ယောက်ပဲရှိတယ်။ သူတစ်ပါးရဲ့အမြင် အပြောကြောင့် ကိုယ့်အချစ်ကို မပြောင်းလဲလိုက်ပါနဲ့။ သူတစ်ပါးရဲ့အမြင်ထဲမှာ ရှင်သန်ပြီး ကိုယ့်ကိုမပျောက်ဆုံးစေနဲ့ နောက်ပြီး လောဘမကြီးပါနဲ့.။
(၇) တကယ်လို့ လူတစ်ယောက်က ကိုယ့်ကို "ချစ်တယ်" လို့ပြောတဲ့အခါ သူ့ကိုယုံကြည်လိုက်ပါ။ တကယ်လို့ ကိုယ့်ကို "မချစ်တော့ဘူး" လို့ပြောတဲ့အခါ သူ့ကို ယုံကြည်လိုက်ပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက် ကိုယ့်အနားကခွဲထွက်သွားတာကို ကံကောင်းခြင်းတစ်မျိုးလို့ မှတ်ယူလိုက်ပါ။
(၈) လူတစ်ယောက်ကိုချစ်တယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ သူ့ကိုချစ်ကြောင်းဖွင့်ပြောပါ။ အဖြေမရခဲ့လည်း အနည်းဆုံးတော့ ကိုယ်ကြိုးစားခဲ့ဖူးလို့ နောင်တဆိုတာ ရှိမှာမဟုတ်ဘူး။

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"သတိထားဖွယ်ရာ မြန်မာယောင်ဆောင်ထားတဲ့ မူဆလင်တွေ "

မြန်မာယောင်ဆောင်ထားတဲ့ မူဆလင်တွေ အားလုံးကို ဘန်းပါမယ်။
မြန်မာအယောင်ဆောင်၊ ဒီမို အယောင်ဆောင်၊ ဘုန်းကြီးအယောင်ဆောင် ၊ နိုင်ငံရေးအယောင်ဆောင် ၊ တိုင်းရင်းသားအယောင်ဆောင်၊ ခရစ်ယာန် အယောင်ဆောင်၊ တရုတ်အယောင်ဆောင်၊ စစ်ဗိုလ်အယောင်ဆောင် ထားတဲ့ မူဆလင်တွေ အားလုံးကို ဘန်းပါမယ်။

ဥပမာ - ၀ါးလုံးရှည် အတီးဆိုတဲ့ အကောင့် ဟာ မွတ်ဆလင် ပါ ။ တရုတ်ယောင်ယောင်၊ မြန်မာယောင်ယောင် ဒီမိုယောင်ယောင် လုပ်ထားတဲ့ မွတ်ဆလင်ပါ။အခုလည်း ဟိုလိုလို ဒီလိုလို အရေခြုံ ၀ံပုလွေတွေ တွေ့နေရလို့ ပါ။
ဗေဒါလမ်းဆိုတဲ့ အကောင့် ရဲ့ ပုံကို ကြည့် ပါ။
ရုတ်တရက် ၈၈ ကျောင်းသား တွေရယ်၊ ဘုန်းကြီး ရဟန်း ပုံတွေ တင်ထားပါတယ်၊ နာမည် က ဗေဒါလမ်းဆိုတော့....ရုတ်တရက်ကြည့်ရင် မြန်မာလိုလို ၊ ဒီမို လိုလို နဲ့ ဒီမှာ လာဖတ်တော့ မှ မူဆလင် ရုပ်ပေါ်သွားပါတယ်။ဒါမျိုး အယောင်ဆောင်ထားတဲ့ အကောင့်ဖွင့်ထားတဲ့ မူဆလင်တွေ အများကြီး ရှိနေပါတယ်။ အားလုံး သတိရှိကြပါမြန်မာတွေ ထဲမှာ စိမ့်ဝင်နေဖို့ မွတ်ဆလင်မ် ကွန်ယက်တွေကနေ ညွှန်ကြားထားပြီးဖြစ်ပါတယ်။
ဘုန်းကြီး ပုံပဲတင်တင်၊ စစ်သားပုံပဲတင်တင်၊ ဒီမိုပုံပဲတင်တင်၊ တိုင်းရင်းသား အလံပဲ တင်တင်၊ အဲဒီအကောင့်တွေ ရဲ့.... မူဆလင်အရေး ရပ်တည်ချက်ကို ပဲ ကြည့်ပါ။မူဆလင်ဆိုရင်တော့ သူများနိုင်ငံတွေကို အစ္စလာမ်ဇာတ်သွင်းခိုင်းတဲ့ ( အစ္စလာမ်ကုရ်အာန်ညွှန်ကြားချက်အတိုင်း ) ကျရာနေရာ က နေ မသေမချင်း လုပ်နေကြမှာပါပဲ။ သိတယ်ဟုတ်။ဘက်ပေါင်းစုံက နည်းလမ်းအမျိုးမျိုး၊ ပရိယာယ်အသွယ်သွယ်နဲ့ သွပ်နေအုန်းမှာ ဖြစ်ပါတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေဟာ ရိုးအ ကြပါတယ် ၊ သတိရှိကြပါ။
ဒဲ့ပြောတဲ့ မူဆလင်ထက် မြန်မာအယောင်ဆောင်၊ ဒီမို အယောင်ဆောင်၊ တိုင်းရင်းသားအယောင်ဆောင်၊ ခရစ်ယာန် အယောင်ဆောင်၊ တရုတ်အယောင်ဆောင်၊ စစ်ဗိုလ်အယောင်ဆောင် မူဆလင်တွေ တွေ့နေရပါတယ်။
မူဆလင်တွေ ကို သတိထားကြပါ။ မူဆလင်တွေ ဟာ အင်မတန်ကောက်ကျစ်တတ်ပါတယ်။
မြန်မာတွေ ရဲ့ အချင်းချင်း မတည့်ချင်စိတ်ကို.... အခွင့်ကောင်းယူပြီး အဖွဲ့တိုင်းမှာ ဒီကောင်တွေ ရှိနေပါတယ်။
ဘယ်လိုပဲ မွတ်ဆလင်တွေ ဟန်ဆောင်ပါစေ၊ ဒီကောင်တွေရဲ့ သောက်ကျင့် က ဘင်္ဂလီ(အယောင်ဆောင် ရိုဟင်ဂျာ) အရေးမှာ ဖုံးဖိလို့ မရပါဘူး။ ကျနော်တို့ မြန်မာလူမျိုးတွေဟာ ရိုးအ ကြပါတယ်၊သတိရှိကြပါ။ မူဆလင်တွေကို သတိထားကြပါ။ မူဆလင်တွေဟာအင်မတန်ကောက်ကျစ်တတ်ပါတယ်။ဒီလိုမြန်မာအယောင်ဆောင်၊ ဒီမို အယောင်ဆောင်၊ တိုင်းရင်းသားအယောင်ဆောင်၊ ခရစ်ယာန် အယောင်ဆောင်၊ တရုတ်အယောင်ဆောင်၊ စစ်ဗိုလ်အယောင်ဆောင် မွတ်ဆလင်မ်အကောင့်တွေရှိတယ်ဆိုတာ သတိထားဖို့ပါပဲ၊
ဂရုစိုက်စရာတော့ မလိုပါဘူး။ သိထားစေချင်လို့ပါ။
မှတ်ချက်။ ။ (facebook) မှတဆင့် ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) ပြန်လည် ဖော်ပြခြင်းပါ...........
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ ဥပမာကောင်းလေးတစ်ခု"

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့တယ် ။ မြည်းဟာ သနားစဖွယ်ကောင်းလောက်အောင် နာရီပေါင်းများစွာ အော်ဟစ်ငိုကြွေးနေခဲ့တယ် ။ လယ်သမားဟာ မြည်းရဲ့အော်သံကိုကြားရပြီးတော့ သူဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားတယ် ။

ဒါနဲ့ပဲ မြည်းဟာလည်းအသက်ကြီးပါပြီ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်းတွေကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ် ။
ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်းသွားခဲ့ရတယ်။
မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက်ရတာကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီးမြေကြီးတွေကို ဆက်ဖို့စေခဲ့တယ် ။
လူတိုင်းလူတိုင်းဟာ ကျောပေါ်တင်လာတဲ့မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်နေခဲ့ရပါတယ် ။ ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ် ။
#####################################
ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင်လာတဲ့ လောကဓံနဲ့ ဒုက္ခတွေကို ခါချပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ်ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲလိုတယ် ။ ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီးတဆင့်ချင်းစီ လှမ်းတက်သွားလိုက်ပါ။ (သက်တန့်ချို)
မှတ်ချက်။ ။ Facebook မှကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Spitfire ၁၈ စင်း မြစ်ကြီးနားမှာ တွေ့

Spitfire ၁၈ စင်း မြစ်ကြီးနားမှာ တွေ့ DVB - ၁၀ ဇန်န၀ါရီ ၂၀၁၃ မြန်မာအစိုးရနဲ့ ဗြိတိန်ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့ မြစ်ကြီးနား၊ ရန်ကုန်နဲ့ မိတ္ထီလာတို့မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယား (Spitfire) တိုက်လေယာဉ်တွေကို ပြန်လည် တူးဖော်နေပါတယ်။ မြစ်ကြီးနားမှာ ၁၈ စင်းကို တူးဖော်နိုင်ခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်း အနီး ပေ ၃၀ အောက်မှာ မြှုပ်နှံထားတဲ့ လေယာဉ်တွေကို ဆက်လက်တူးဖော်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ တူးဖော်ရှာဖွေရေးမှာ ပါဝင်တဲ့ ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ Spitfire လေယာဉ်တူးဖော်မှု နောက်ဆုံးအခြေအနေ သိချင်ပါတယ် ဆရာ။ “မြစ်ကြီးနားမှာ ၁၈ စင်း နေရာသတ်မှတ်ပြီး သေတ္တာကိုဖောက်လိုက်ပြီ။ သေတ္တာပေါ်က သံပုံးတွေဓာတ်ပုံရိုက်တယ်၊ မနေ့ကရှင်းပြတယ်။ သေတ္တာထဲဖောက်ပြီး ကျနော်ဝင်တယ်။ လေယာဉ်ပျံကိုယ်ထည်ကို ဖောက်ပြီး ဓာတ်ပုံရိုက်ပြီး ရှင်းလင်းပွဲမှာ ရှင်းပေးလိုက်တယ်။ မင်္ဂလာဒုံမှာ ၃၆ စင်း။ ၃၆ စင်းကို ကျနော်တို့က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရှာထားပြီးသား။ အဓိက လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရှာထားပြီးသား ပြန်သေချာအောင်လုပ်နေတာ။ မိတ္ထီလာမှာက ၆ စင်း သတင်းရတာပဲရှိသေးတယ်။ ဘာမှမလုပ်ရသေးဘူး။ မြစ်ကြီးနားမှာတွေ့ရတဲ့ လေယာဉ်တွေက လေတပ်ထဲမှာတွေ့တာ။” မြစ်ကြီးနားမှာတွေ့ရတဲ့ ၁၈ စင်းက အကောင်းအတိုင်းတွေ့ရသေးလား။ “သေတ္တာလိုက်လေ၊ ဘာမှမဖြစ်ပါဘူး။ အကောင်းအတိုင်းပဲ။ မင်္ဂလာဒုံမှာလည်း အကောင်းတွေချည်းပဲ။ မိတ္ထီလာမှာက လေယာဉ်ပျံအစင်းလိုက်မြှုပ်ထားတော့ ဘယ်လောက် ကောင်းမယ် မကောင်းမယ် မသိဘူး။ ပါကင်မဖောက်ရသေးတာတွေ။ ဖောက်လိုက်တော့ အင်ဂျင်ဝိုင်အရည်တွေတက်လာတာတော့ ရှိတယ်။” တူးဖော်ဖို့လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသေးလဲ။ “မြစ်ကြီးနားမှာတော့ ရေပေါ့။ မြစ်ကြီးနားတမြို့လုံးက ကျောက်ခဲမာတယ်လေ။ တူးပြီးမြှုပ်ထားတော့ တူးတဲ့နေရာမှာ ကျောက်ခဲတွေကပျော့၊ ရေက မနိုင်ခဲ့ဘူး။” လေယာဉ်တွေ ဒီနေရာမှာရှိခဲ့မှန်း ဆရာ ဘယ်လိုအတည်ပြုခဲ့လဲ။ ဒါလေးပြောပြပေးပါ။ “မြန်မာပြည်ကို လေယာဉ်ပျံတွေ ပို့လိုက်တာက ဂျပန်ကိုတိုက်ဖို့ပေါ့။ ပတ်ကင်ပိတ်ပြီး ပို့လိုက်တာ။ အရင်က လေယာဉ်ပျံတင်သင်္ဘောတွေမရှိတော့ ကုန်သေတ္တာသဘောင်္ကြီးတွေနဲ့ ပို့လိုက်တာ။ အစီး ၁၄၀ ရောက်တယ်။ လေယာဉ်ပျံတွေ ဖြန့်တယ်။ ဒါတွေကို ဖောက်ပြီး ဆင်ပြီးရင် ဂျပန်ကိုသွားတိုက်မယ်ပေါ့ အဲလို။ အဲလိုဖြန့်ပြီးတော့မှ စစ်ဆင်ရေးပြောင်းသွားတယ်။ လေယာဉ်ပျံနဲ့ သွားမတိုက်ဘဲ နျူကလီးယားဗုံးချလိုက်တော့ စစ်ကပြီးသွားတယ်။ အဲတော့ ဒါတွေက ပိုနေတဲ့အတွက် မောင့်ဘတ်တန်အမိန့်နဲ့ ဗမာပြည်တပြည်လုံး ၁၄၀ မြှုပ်ထားခဲ့တယ်။ တချို့က ဒါကို သေချာ မှတ်တမ်းတင်ထားခဲ့တယ်။ အဲထဲမှာ မနေ့က သတင်းစာရှင်းလင်းပွဲမှာပါတဲ့ ၉၂ နှစ် အဖိုးကြီးက ဒါကို မှတ်တမ်းလုပ်ထားတယ်။ သူတို့ဆီက မှတ်တမ်းပြန်ဝယ်ရတာပေါ့။” အခု မြစ်ကြီးနား၊ မင်္ဂလာဒုံနဲ့ မိတ္ထီလာ အပါအ၀င် စုစုပေါင်း ၅၀ ကျော်လောက်တွေ့တယ်။ ကျန်တဲ့ အစင်းတွေက ပျောက်နေတာပေါ့နော်။ “မင်္ဂလာဒုံမှာတင်နောက်ထပ် အစင်း ၂၄ စင်း ရှိသေးတယ်။ လူနေရပ်ကွက်ထဲရောက်နေလို့။” လူနေရပ်ကွက်မှာကျ ဘယ်လိုလုပ်ဖို့ ရှိလဲ။ “အဲဒါက ၃၆ စင်းပြီးမှ လုပ်မယ်လေ။ တော်ကြာ ဆန္ဒပြခံရတဲ့အထဲ ကျနော်တို့ ပါနေဦးမယ်။” တူးဖော်ရတဲ့ရည်ရွယ်ချက်လေ။ “ဒါတွေက သူတို့နိုင်ငံရဲ့ အင်္ဂလန်ရဲ့ ဂုဏ်ထူးဆောင်လေယာဉ်တွေဖြစ်နေတယ်။ ဂျာမန်ကို တိုက်တော့ နိုင်တဲ့လေယာဉ်ပျံ။ သူတို့နိုင်ငံမှာ ရှားပါးနေတဲ့အတွက် အသစ်တွေ ဒီမှာက အသစ်အတိုင်းမြှုပ်ထားခဲ့တော့ ဒါတွေ ပြန်သုံးဖို့၊ နောင်ကလေးတွေ မျိုးဆက်သစ်ကျောင်းသားတွေကို ဒါတွေကို ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကအစ ပြန်ပြချင်တယ်။ ဂုဏ်ယူတဲ့ပစ္စည်း။ လေယာဉ်ပျံက ပိုက်ဆံအားဖြင့် တန်ဖိုးမရှိပေမယ့် တိုင်းပြည်အတွက် ဂုဏ်ယူတဲ့ပစ္စည်းဖြစ်တယ်။” ဒီလိုတူးဖော်ရရှိပြီး လေယာဉ်ပျံတွေပေးလိုက်တော့ မြန်မာပြည်အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရရှိမလဲ။ “စာချုပ်ချုပ်ကတည်းက ကြေးမုံသတင်းစာမှာပါတယ်။ မြန်မာနိုင်ငံအစိုးရက လေယာဉ်ပျံ ၁ စင်းယူမယ်။ ၅၀ ရာခိုင်နှုန်း ယူမယ်။ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း။ အင်္ဂလန်က တူးတဲ့ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း။ အဲလိုအကျိုးအမြတ်ခွဲယူပါတယ်။ မြန်မာပြည်တပြည်လုံးက ဘာကြိုက်မလဲ၊ မြေကြီးထဲဘာရှိရှိ ဒါက နိုင်ငံပိုင်ချည်းပဲ။ ဒါ ဥပဒေပေါ့။” တူးဖော်မှုနဲ့ ပတ်သက်လို့ တခြား ဘာများပြောချင်တာရှိပါလဲ။ “မြှုပ်နှံထားတဲ့ပစ္စည်းတွေကို သိကြလို့ ဖော်ကြမယ်ဆိုရင် နိုင်ငံတော်ကို ခွင့်တောင်းဖော်ကြရင်ကောင်းမယ်။ နိုင်ငံတော်ကို အကျိုးခံစားခွင့်ပေးပြီးတော့ တ၀က်ပေးလုပ်ရမယ်။ လူတွေက မြေကြီးထဲက ပစ္စည်းဆို တူးကြတယ်။ အမှန် ဥပဒေမှာ တူးခွင့်မရှိဘူး။ ကိုယ့်ခြံထဲရှိရင်သာ တူးလို့ရတာ။”
DVB - ၁၀ ဇန်န၀ါရီ ၂၀၁၃
မြန်မာအစိုးရနဲ့ ဗြိတိန်ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့ မြစ်ကြီးနား၊ ရန်ကုန်နဲ့ မိတ္ထီလာတို့မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယား (Spitfire) တိုက်လေယာဉ်တွေကို ပြန်လည် တူးဖော်နေပါတယ်။ မြစ်ကြီးနားမှာ ၁၈ စင်းကို တူးဖော်နိုင်ခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်း အနီး ပေ ၃၀ အောက်မှာ မြှုပ်နှံထားတဲ့ လေယာဉ်တွေကို ဆက်လက်တူးဖော်ဖို့ လုပ်ဆောင်နေပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ တူးဖော်ရှာဖွေရေးမှာ ပါဝင်တဲ့ ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
Spitfire လေယာဉ်တူးဖော်မှု နောက်ဆုံးအခြေအနေ သိချင်ပါတယ် ဆရာ။

“မြစ်ကြီးနားမှာ ၁၈ စင်း နေရာသတ်မှတ်ပြီး သေတ္တာကိုဖောက်လိုက်ပြီ။ သေတ္တာပေါ်က သံပုံးတွေဓာတ်ပုံရိုက်တယ်၊ မနေ့ကရှင်းပြတယ်။ သေတ္တာထဲဖောက်ပြီး ကျနော်ဝင်တယ်။ လေယာဉ်ပျံကိုယ်ထည်ကို ဖောက်ပြီး ဓာတ်ပုံရိုက်ပြီး ရှင်းလင်းပွဲမှာ ရှင်းပေးလိုက်တယ်။ မင်္ဂလာဒုံမှာ ၃၆ စင်း။ ၃၆ စင်းကို ကျနော်တို့က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရှာထားပြီးသား။ အဓိက လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရှာထားပြီးသား ပြန်သေချာအောင်လုပ်နေတာ။ မိတ္ထီလာမှာက ၆ စင်း သတင်းရတာပဲရှိသေးတယ်။ ဘာမှမလုပ်ရသေးဘူး။ မြစ်ကြီးနားမှာတွေ့ရတဲ့ လေယာဉ်တွေက လေတပ်ထဲမှာတွေ့တာ။”
မြစ်ကြီးနားမှာတွေ့ရတဲ့ ၁၈ စင်းက အကောင်းအတိုင်းတွေ့ရသေးလား။“သေတ္တာလိုက်လေ၊ ဘာမှမဖြစ်ပါဘူး။ အကောင်းအတိုင်းပဲ။ မင်္ဂလာဒုံမှာလည်း အကောင်းတွေချည်းပဲ။ မိတ္ထီလာမှာက လေယာဉ်ပျံအစင်းလိုက်မြှုပ်ထားတော့ ဘယ်လောက် ကောင်းမယ် မကောင်းမယ် မသိဘူး။ ပါကင်မဖောက်ရသေးတာတွေ။ ဖောက်လိုက်တော့ အင်ဂျင်ဝိုင်အရည်တွေတက်လာတာတော့ ရှိတယ်။”
တူးဖော်ဖို့လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသေးလဲ။
“မြစ်ကြီးနားမှာတော့ ရေပေါ့။ မြစ်ကြီးနားတမြို့လုံးက ကျောက်ခဲမာတယ်လေ။ တူးပြီးမြှုပ်ထားတော့ တူးတဲ့နေရာမှာ ကျောက်ခဲတွေကပျော့၊ ရေက မနိုင်ခဲ့ဘူး။”
လေယာဉ်တွေ ဒီနေရာမှာရှိခဲ့မှန်း ဆရာ ဘယ်လိုအတည်ပြုခဲ့လဲ။ ဒါလေးပြောပြပေးပါ။
“မြန်မာပြည်ကို လေယာဉ်ပျံတွေ ပို့လိုက်တာက ဂျပန်ကိုတိုက်ဖို့ပေါ့။ ပတ်ကင်ပိတ်ပြီး ပို့လိုက်တာ။ အရင်က လေယာဉ်ပျံတင်သင်္ဘောတွေမရှိတော့ ကုန်သေတ္တာသဘောင်္ကြီးတွေနဲ့ ပို့လိုက်တာ။ အစီး ၁၄၀ ရောက်တယ်။ လေယာဉ်ပျံတွေ ဖြန့်တယ်။ ဒါတွေကို ဖောက်ပြီး ဆင်ပြီးရင် ဂျပန်ကိုသွားတိုက်မယ်ပေါ့ အဲလို။ အဲလိုဖြန့်ပြီးတော့မှ စစ်ဆင်ရေးပြောင်းသွားတယ်။ လေယာဉ်ပျံနဲ့ သွားမတိုက်ဘဲ နျူကလီးယားဗုံးချလိုက်တော့ စစ်ကပြီးသွားတယ်။ အဲတော့ ဒါတွေက ပိုနေတဲ့အတွက် မောင့်ဘတ်တန်အမိန့်နဲ့ ဗမာပြည်တပြည်လုံး ၁၄၀ မြှုပ်ထားခဲ့တယ်။ တချို့က ဒါကို သေချာ မှတ်တမ်းတင်ထားခဲ့တယ်။ အဲထဲမှာ မနေ့က သတင်းစာရှင်းလင်းပွဲမှာပါတဲ့ ၉၂ နှစ် အဖိုးကြီးက ဒါကို မှတ်တမ်းလုပ်ထားတယ်။ သူတို့ဆီက မှတ်တမ်းပြန်ဝယ်ရတာပေါ့။”
အခု မြစ်ကြီးနား၊ မင်္ဂလာဒုံနဲ့ မိတ္ထီလာ အပါအ၀င် စုစုပေါင်း ၅၀ ကျော်လောက်တွေ့တယ်။ ကျန်တဲ့ အစင်းတွေက ပျောက်နေတာပေါ့နော်။
“မင်္ဂလာဒုံမှာတင်နောက်ထပ် အစင်း ၂၄ စင်း ရှိသေးတယ်။ လူနေရပ်ကွက်ထဲရောက်နေလို့။”
လူနေရပ်ကွက်မှာကျ ဘယ်လိုလုပ်ဖို့ ရှိလဲ။
“အဲဒါက ၃၆ စင်းပြီးမှ လုပ်မယ်လေ။ တော်ကြာ ဆန္ဒပြခံရတဲ့အထဲ ကျနော်တို့ ပါနေဦးမယ်။”
တူးဖော်ရတဲ့ရည်ရွယ်ချက်လေ။
“ဒါတွေက သူတို့နိုင်ငံရဲ့ အင်္ဂလန်ရဲ့ ဂုဏ်ထူးဆောင်လေယာဉ်တွေဖြစ်နေတယ်။ ဂျာမန်ကို တိုက်တော့ နိုင်တဲ့လေယာဉ်ပျံ။ သူတို့နိုင်ငံမှာ ရှားပါးနေတဲ့အတွက် အသစ်တွေ ဒီမှာက အသစ်အတိုင်းမြှုပ်ထားခဲ့တော့ ဒါတွေ ပြန်သုံးဖို့၊ နောင်ကလေးတွေ မျိုးဆက်သစ်ကျောင်းသားတွေကို ဒါတွေကို ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကအစ ပြန်ပြချင်တယ်။ ဂုဏ်ယူတဲ့ပစ္စည်း။ လေယာဉ်ပျံက ပိုက်ဆံအားဖြင့် တန်ဖိုးမရှိပေမယ့် တိုင်းပြည်အတွက် ဂုဏ်ယူတဲ့ပစ္စည်းဖြစ်တယ်။”
ဒီလိုတူးဖော်ရရှိပြီး လေယာဉ်ပျံတွေပေးလိုက်တော့ မြန်မာပြည်အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရရှိမလဲ။
“စာချုပ်ချုပ်ကတည်းက ကြေးမုံသတင်းစာမှာပါတယ်။ မြန်မာနိုင်ငံအစိုးရက လေယာဉ်ပျံ ၁ စင်းယူမယ်။ ၅၀ ရာခိုင်နှုန်း ယူမယ်။ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း။ အင်္ဂလန်က တူးတဲ့ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း။ အဲလိုအကျိုးအမြတ်ခွဲယူပါတယ်။ မြန်မာပြည်တပြည်လုံးက ဘာကြိုက်မလဲ၊ မြေကြီးထဲဘာရှိရှိ ဒါက နိုင်ငံပိုင်ချည်းပဲ။ ဒါ ဥပဒေပေါ့။”
တူးဖော်မှုနဲ့ ပတ်သက်လို့ တခြား ဘာများပြောချင်တာရှိပါလဲ။
“မြှုပ်နှံထားတဲ့ပစ္စည်းတွေကို သိကြလို့ ဖော်ကြမယ်ဆိုရင် နိုင်ငံတော်ကို ခွင့်တောင်းဖော်ကြရင်ကောင်းမယ်။ နိုင်ငံတော်ကို အကျိုးခံစားခွင့်ပေးပြီးတော့ တ၀က်ပေးလုပ်ရမယ်။ လူတွေက မြေကြီးထဲက ပစ္စည်းဆို တူးကြတယ်။ အမှန် ဥပဒေမှာ တူးခွင့်မရှိဘူး။ ကိုယ့်ခြံထဲရှိရင်သာ တူးလို့ရတာ။”
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုံလေးတွေကို Funny Photo Maker နဲ့ဒီဇိုင်းအမျိုးမျိုးပုံဖော်ရအောင်

ဒီ Software ထဲမှာ သူငယ်ချင်းတို့သဘောကျတဲ့ ဒီဇိုင်းလေးတွေအများကြီးပါတယ်နော်
ပုံအစားထိုးတဲ့ပုံ ၊ ပြက္ခဒိန်လှလှလေးတွေ ၊ ဒီဇိုင်းလှတဲ့ Frame လေးတွေ အများကြီးပဲ
ပြီးတော့ အဲဒီလိုနေရာလေးတွေ ရှိသလို မူရင်းပုံလေးကို စိတ်ကြိုက်ကိုယ်ပိုင်ဖန်တီးလို့ရတဲ့
Edit Original Image ဆိုတာလည်းရှိတယ်နော် အောက်မှာ ပုံလေးတွေနဲ့သေချာရှင်းပြထားပါတယ်
ထက်ထက်ပြောထားတာမရှင်းဘူးထင်ရင် မူရင်းလင့်မှာ ဖတ်ရူနိုင်ပါတယ် အရင်ဆုံး အောက်ပါဒေါင်းလိုက်ပါ
Download

မူရင်းလင့်  http://www.funny-photo-maker.com/frame-pictures-with-free-frame-pic...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS