RADIO

What is current song?

RSS

ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan လေယာဉ်အမှတ်(W-9011) ဟဲဟိုးလေဆိပ်သို့အဆင်းတွင်ပျက်ကျမှု

ယနေ့(ဒီဇင်ဘာလ ၂၅ ရက်နေ့) မနက် ၇နာရီခွဲခန့်တွင်  ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းသော Air Bagan  လေယာဉ်အမှတ်(W-9011)သည် မန္တလေးမှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ကွင်းနှင့် ၂-မိုင်အကွာခန့်တွင် ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လေယာဉ်မှာ ဟဲဟိုးလေဆိပ်သို့အဆင်းတွင် လေယာဉ်ဘီး ထုတ်နိုင်ခြင်းမရှိဘဲ ဆင်းသက်ခဲ့ရမှု ကြောင့် လေယာဉ်ခါးကျိုးပြီး မီးလောင်ခဲ့ရခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ကွင်းအတွင်းမှာမဟုတ်ဘဲ ကွင်းအနီးမှာဖြစ်တာပါ။ လောပိတ ဓါတ်အားလိုင်းကိုဝင်တိုက်တယ်။ ပြီးတော့ အောက်က သစ်ပင်တွေ လျှပ်စစ်ကြိုးတွေကို ထပ်တိုက်တယ်။ ကားလမ်းပေါ်က ဖြတ်သွားပြီး ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကိုပါ ထပ်တိုက်တာ တစ်ဦးသေသွားတယ်။လေယာဉ်က စိုက်ပျိုးရေး မျိုးသန့်ခြံကို အရောက်မှာ ပျက်ကျပြီး ခါးထပ်ပိုင်း ကျိုးသွားတယ်။ လောလောဆယ်တော့ ဒဏ်ရာမရတဲ့သူလည်းရှိတယ်။ ဒဏ်ရာရတဲ့သူအချို့ကိုတော့ ဆေးရုံကိုပို့တာတွေ့ရတယ်။ ကနဦး စစ်ဆေးမှုအရ ၇ယောက်ပျောက်တယ်လို့တော့ ပြောကြတယ်။ဒါပေမယ့် အပြီးသတ် စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မှာပါ။ အခုနောက်ဆုံးသတင်းအရတော့ လေယာဉ်ထဲမှာ တစ်ဦး ပြန်တွေ့တယ်။ဒါပေမယ့် သေဆုံးပြီလို့ သိရတယ်။သူ့ကိုတော့ လေယာဉ်ထဲက သယ်ထုတ်သွားပါပြီ”ဟု ဟဲဟိုး ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
“လေယာဉ်ကွင်းနားကို ထိုးကျပြီး လေယာဉ်ခါးကျိုးသွားတယ်။ လူအသေအပျောက်မရှိဘူးလို့တော့ ကနဦးသတင်းအရ သိရတယ်၊လေယာဉ်မှူး နှစ်ဦးကိုတော့ ဆေးရုံတင်ထားရတယ်လို့ ကြားတယ်”ဟု ဟဲဟိုး ရှိ ဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် ခရီးသည် စုစုပေါင်း ၆၅ ဦးပါရှိပြီး ၄၈ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရှိရသည်။ယခုလက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းလည်း စုံစမ်းသိရပါသည်။
Air Bagan facebook စာမျက်နှာတွင်မူ ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း နှင့် Air Bagan  Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက်၍ လိုအပ်သည့်အကူအညီများ ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
(လတ်တလောရရှိသော သတင်းများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး တရားဝင်ထုတ်ပြန်ချက်များနှင့် နောက်ဆုံးရရှိသော သတင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။)

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စိုင်းစိုင်းခမ်းလှိုင်-ဒိတ်ဒိတ်ကြဲ (MP3 သီချင်းများဒေါင်းရန်)

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Christmas Eve နှင့် ပန်းသီးတစ်လုံးအကြောင်း

ဒီကနေ့ဟာ Christmas Eve (၂၄) ရက် ဒီဇင်ဘာနေ့ဖြစ်သည်။ ဒီနေ့ ညနေခင်းဘက်လောက်မှာပဲ ကျွန်တော့်ကို ငယ်သူငယ်ချင်း တရုတ်မလေးတစ်ယောက်က လက်ဆောင်ပန်းသီးလေးတစ်လုံးလာပေးတော့ အံ့သြတကြီး ပြန်မေးလိုက်မိသည်။ ဘာလို့ပေးတာလည်းပေါ့။ နောက်ဆက်တွဲ သူ့ရှင်းပြချက်ကြောင့် Christmas Eve နှင့် ပန်းသီးတစ်လုံးအကြောင်းကိုသိခဲ့ရတာမို့ ဒီပို့စ်လေး ရေးလိုက်ပါတယ်။

(၂၄) ရက်နေ့၊ ဒီဇင်ဘာလ၊ “ည” အခါတွင် တရုတ်လူမျိုးများသည် ပန်းသီးလက်ဆောင်ပေးသည့် ရိုးရာဓလေ့ကို ယခုအချိန်ထိ ကျင်းပမြဲဖြစ်သည်။

Safe (အသက်ရှည်ခြင်း/ကျန်းမာခြင်း) ကို တရုတ်ဘာသာစကားဖြင့် =Ping An(ဖျင်န်အန်)
Apple (ပန်းသီးပေးခြင်း ) ကို တရုတ်ဘာသာစကားဖြင့် =Ping Guo(ဖျင်န်ကွာန်)
Safe(အသက်ရှည်ခြင်း/ကျန်းမာခြင်း) =Apple(ပန်းသီးပေးခြင်း)ဟု အဓိပ္ပါယ်သက်ရောက်သည်။

ထို့အတွက် “ပန်းသီးလက်ဆောင်ရသောသူသည် ထိုနေ့မှစ၍ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေရန်” ကံကောင်းခြင်း လက်ဆောင်အဖြစ် သတ်မှတ်ပြီး အချင်းချင်းအပြန်အလှန် ပန်းသီးလက်ဆောင် ပေးကြခြင်းဖြစ်သည်။

ထိုပန်းသီးလက်ဆောင်ကို (၂၄) ရက်၊ ဒီဇင်ဘာ ညအချိန်ခါတွင်သာ သတ်မှတ်ပြီးပေးခြင်းကြောင့် ထိုညကို Safe Night = Ping An Ye (ဖျင်န်အန်ယဲ့) ဟု ခေါ်ဆိုပြီး “ကျန်းမာပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသော ကံကောင်းခြင်း လက်ဆောင် ပန်းသီးပေးသော ည” ဟု တင်စားခေါ်ဆိုကြကြောင်း ဗဟုသုတအနေဖြင့် တင်ပြရင်း (၂၄)ရက်၊ ဒီဇင်ဘာညမှာ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတို့ကို ပန်းသီးလက်ဆောင်ပေးကြရအောင်လားခင်ဗျာ။ Christmas Eve ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေခင်ဗျာ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မှတ်သားစရာလေးတွေ

ဘ၀မှာ
       ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထားတာ
မသိနိုင်တာကိုက  ပိုပြီးတော.
            စိတ်ဝင်စားစရာကောင်းတယ်
    ပိုပြီးတော.လည်း နိုးကြားမှု.ရှိတယ်..။

မေတ္တာဆိုတာ  သူတပါးအတွက်
    အာဟာရဖြစ်သလို  ကိုယ်.အတွက်လည်း
အာဟာရဖြစ်ပါတယ်...။
         ငါလုပ်တဲ.အလုပ်ဟာ
လွတ်လပ်တဲ.စိတ်နဲ.
   လုပ်တာလား...
        အနှောင်အဖွဲ. ခံနေရတဲ.စိတ်နဲ.
  လုပ်တာလား...။
လူတိုင်းလူတိုင်း ဘ၀တခုလုံးမှာ နေ.စဉ်နဲ.အမျှ
ရွေးချယ်မှု.တွေ လုပ်နေရပါတယ်...
ရွေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို.လိုပါတယ်...
  လူမှာ လုပ်နိုင်တဲ.
           စွမ်းရည် သတ္တီတွေ အများကြီးရှိတယ်...
  အဲဒီ လုပ်နိုင်တဲ.စွမ်းရည် သတ္တိတွေကို
          များများထုတ်သုံးရမှ အဲဒီလူဟာ
  ဘ၀ကိုကျေနပ်မှု.ရမယ်...။
      လူ.ဘ၀မှာ စွန်.စားရတာနဲ.
အခက်အခဲတွေကို
    ရင်ဆိုင်ကျော်လွှားရတာ
 နဲနဲ၇ှိမှ ကောင်းတယ်....
         သို.မဟုတ်ရင်  ဘ၀ဟာ
   ပျင်းစရာကောင်းလိမ်.မယ်...။
ဘ၀အတွက် ပြင်ဆင်နေရင်းနဲ. ဘ၀ဆိုတာ ကုန်သွားတယ်...။
ဘ၀မှာ
    ဘာဖြစ်လာမယ်ဆိုတာ  ကြိုတင်သိမထားတာ
 မသိနိုင်တာကိုက ပိုပြီးတော.
       စိတ်ဝင်စားစရာကောင်းတယ်
ပိုပြီးတော.လည်း နိုးကြားမှု.ရှိတယ်...။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

CHRISTMAS CARDS လေးပါ.....


christmas cards

 သူငယ်ချင်းအားလုံးပဲ ပျော်စရာကောင်းတဲ့ ခရစ်စမတ်ညလေး ကို ပျော်ရွှင်စွာဖြတ်သန်ကြပါစေနော်....
သူငယ်ချင်းတို့ အတွက်လက်ဆောင် ကဒ်လေး ယူလာခဲတယ် နော်......
အပေါ်ကchristmas cards လေးကို ကလစ် လိုက်နော်.....သယ်ချင်တို့ အတွက် ခရစ်စမတ်ကဒ်လေးပေါ့
သူရဲ့လုပ်နည်းလေးကိုပြောပြမယ်နော် ...သယ်ချင်းတို့ christmas cards ကို ကလစ်လိုက်တာနဲ့ စာမျက်နှာအသစ်တက်လာမယ်နော်.အင်းအဲ့မှာ ကွန် ကောင်းရင်တော့ (လိုင်းကိုပြောတာနော်) ဟိဟိ မြန်မြန်မြင်ရတာပေါ့နော်....ထားပါတော့ မြင်ရပြီပဲလို့ လေ အဲ့မှာစာအုပ်လေးတစ်ခုတွေ့ လိပ်မယ်နော် အဲစာအုပ်လေး ကို မှားလေးနဲ့  ကလစ်တစ်ချက်ပေးပြီး ဖွင့် လိုက်ပါ ...စာအုပ်လေးဖွင့်လာမယ်နော်....ဖွင့်လာပြီးရင် နောက်ထက်စာရွက်တွေ လှန် ကြည့်ကြတာပေါ့နော် စာအုပ်လေးဆုံးအောင်ပေါ့...ဘယ်လိုလုန်ကြည့်ကြမလည်း ဆိုရင် စာအုပ်လေးရဲ့ ဘယ်ဘက် ၊သယ်ချင်းတို့  ကြည့်နေတာဆိုတော့ သယ်ချင်းတို့ ရဲ့ ညာဘက်ဖြစ်မှာပေါ့နော်...ဘာပဲဖြစ်ဖြစ်ပါ
စာအုပ်လေးရဲ့ဒေါင့်လေးမှာ next page ဆိုတဲ့စာလေးပေါ် လာမယ်လေးးးးးးးအဲလိုပေါ်လာရင် မျှားလေးနဲ့  ကလစ်ပြီ စာရွက်တွေကိုလုန်ကြည့်လိုက်ပါနော်....ဘာပုံလေးတွေးလည်းဆိုတာတော့မပြောပြတော့ဘူးနော်
ပျော်စရာကောင်းတဲ့ christmas လေးဖြစ်ပါစေနော်......
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လဒ နားခြင်းနဲ့  အယူတော်မင်္ဂလာ

လဒ နားခြင်းနဲ့  အယူတော်မင်္ဂလာ =================== အခုတလော ဖွနေတဲ့ အကြောင်းလေးနဲ့  ပတ်သက်ပြီး တတ်သမျှ မှတ်သမျှ ရှယ်လိုက်တာ ဖြစ်ပါတယ်။ ဘုရားမှာ လဒနားရင် ဘာဖြစ်မလဲ။ အခုအချိန် နကတ်အလိုအရ ဒီဇင်ဘာ ၂၅ ကျော်ရင် အကောင်းတွေ ရောက်မယ်။ အခုကာလက စနေနဲ့  ပါပ စုံသက်ရောက်နေတဲ့ အချိန် ဖြစ်တယ်။ အခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့  ရောက်ရင် မြန်မာနိုင်ငံ စတင်ပြီး လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ တုန်းက ဂြိုလ်ခွင်တွေ အနေအထားအတိုင်း တစ်သွေမတိမ်း နီးပါး တူညီနေတဲ့ အချိန်ကို ရောက်မယ်။ ရောက်ရင် ဟိုတုန်းကလို မြန်မာနိုင်ငံ အစိပ်စိပ်အမွှာမွှာနဲ့  ရောင်စုံသူပုန် ထလေမလား မစိုးရိမ်ပါနဲ့ ။ ဂြိုလ်ခွင်တွေသာ အရင်ပုံစံ ပြန်ခင်းမှာ ကံကြမာက အရင်ပုံစံ ပြန်မလာဘူး။ သမိုင်းတစ်ပတ်ပြန်လည်တတ်တယ်ဆိုပေမယ့် အယူ တော်မင်္ဂလာအလိုအရ ပိုမိုကောင်းမွန်မယ့် နိမိတ်တွေ ထွန်းနေတယ်။ ပြီးတော့ နားတဲ့ဘုရားက ရွှေတိဂုံစေတီတော်မြတ်ကြီး ဖြစ်နေတဲ့ အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  တန်ခိုးအာနုဘော်ကိုလည်း ထည့်တွက် ရမယ်။ နှစ်တန့်  မှာ ကသစ်ဥယျာဉ် ရတဲ့အတွက် မင်္ဂလာပေါ် မင်္ဂလာဆင့်မယ်။ အကောင်းတွေ လာတော့မယ် ဆိုတဲ့ သဘောပဲ။ လူတွေက လဒ နားတာကိုသာ ပြောနေတာ။ ရွှေတိဂုံ ဖြစ်နေတာကို မပြောဘူး။ ဒီကြားထဲ အချောင်သမား ဘင်္ဂါလိမ်တွေက အကြောင်းရှာပြီး ဖွနေတာ တွေ့ ရတယ်။ ကိုဒင်္ဂါးရေးထားတာက ကညာဆက်တဲ့ဟာကိုပဲ အယူတော်မင်္ဂလာ ဦးနိုးက ကောက်ယူတာကို ပြောထားတာ။ လဒဟာ ဗုဒဟူးနဲ့  စနေ ပေါင်းထားတဲ့ အတွက် ဒီနာမ်ကိုပဲ ယူရမယ်။ လဒ ဘာကောင်ဆိုတာကို ထည့်တွက်ပေမယ့် ဒီလောက်အထိ အရေးမကြီးတော့ဘူး။ လဒ နားတဲ့အချိန်ကိုလည်း ထည့်တွက်ရမယ့်။ ညနေစောင်း ဖြစ်တဲ့အတွက် လဒရဲ့ မူရင်း သက်ရောက်မှုတွေ လျော့နည်းသွားပြီဆိုတာလည်း သဘောပေါက်ဖို့ လိုတယ်။ အဓိပါယ် ကတော့ လူတွေ မသိနားမလည်ဘဲ လျှောက်ပြောနေသလို မကောင်းတဲ့ အနက် မထွက်ဘူး။ အကောင်းထက် အကောင်းဆင့်တဲ့ အနက်ကို အယူတော်မင်္ဂလာက ကောက်ယူတယ်။ "ရွှေတိဂုံဘုရား လဒနားက-တိုင်းခြားပြည့်ရှင် ခန့် ညားလျှင် ဖိုဝင်ဇော်ဂျီ-တပသီနှင့် ပြည်တန်ပတမြား-ပေါ်ထွက်ငြားအံ့" ဆိုတာ အယူတော်မင်္ဂလာကိန်းအရ ပတမြားအား ပြည်တန်တယ်။ ပြီးတော့ အထွတ်အမြတ် လို့  သတ်မှတ်ခဲ့ကြတယ်။ ဒီတော့ မြန်မာနိုင်ငံတစ်ဝှမ်း အသရေလွှမ်းမယ့် ဇမူဒိတ် အောင်နိမိတ်လို့  ပဲ ဖွင့်ဆိုနိုင်တယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သီချင်လေးပါ..............

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရန်ကုန်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်ဒဏ်ရာရ သံဃာတော်များ ပတ်စ်ပို့ရရှိရေးအတွက်စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း

ရန်ကုန်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာသည့်  ကြေးနီစီမံကိန်း သပိတ်စခန်း ဒဏ်ရာရ သံဃာတော်များ ပတ်စ်ပို့ရရှိရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်ကြားသည်။
ဆရာတော်ဦးဝိမလက'' ဒဏ်ရာရ သံဃာတော်တွေကို လိုအပ်ရင် ထိုင်းနိုင်ငံသွားပြီး ဆေးကုသတဲ့အခါ အဆင်သင့်ဖြစ်အောင် သံဃာတော်တွေ ပတ်စ်ပို့ရရှိရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်က ကူညီဆောင်ရွက်ပေးနေပါတယ်။လက်ရှိ အခြေအနေမှာ သံဃာတော်တွေရဲ့ ဒဏ်ရာအခြေအနေက တိုးတက်လာ တယ်လို့ ပြောနိုင်ပေမယ့် စောင့်ကြည့်ရအုံးမယ်''ဟု မိန့်ကြားခဲ့သည်။                                       ရန်ကုန်သို့ ဆေးကုသမှု လာရောက်ခံယူသည့် သံဃာတော် လေးပါးအနက် မုံရွာမြို့၊ မြို့မရွှေကူကျောင်းတိုက်မှ အရှင် သဇ္ဇနမှာ ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး အရှင်သဇ္ဇနနှင့် အခြားသံဃာတစ်ပါးတို့၏ ပတ်စ်ပို့ကိစ္စအား စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်သို့ ဆေးဝါးလာရောက်ကုသမှုခံယူသည့် သံဃာတော်များအတွက်သာမက အခြားဒဏ်ရာရ သံဃာများ ပြည်ပသို့ သွားရောက်ရန်လိုအပ်ပါက ပတ်စ်ပို့ အမြန်ရရှိစေရေးနှင့် အခြားလိုအပ်သော အကူအညီများ လုပ်ဆောင်ပေးသွားမည်ဟု မန္တလေးမြို့တွင် လက်ပံတောင်း တောင်အရေးနှင့် ပတ်သက်ပြီး သံဃာတော်များအား အစိုးရအဖွဲ့ကိုယ်စား   တောင်းပန်မှုပြုလုပ်ခဲ့သည့်   ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။                     
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်လာ ၁၇ရက်နေ့က ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ရန် လာရောက်စဉ် ဒဏ်ရာရသံဃာတော်များ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ဆရာတော်ဦးဝိမလ၏ မိန့်ပါသည်။
''ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာတုန်းက သံဃာတော်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဦးဇင်းနဲ့ စကားပြောဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကလည်း ဒဏ်ရာရ သံဃာတွေရဲ့ ကျန်းမာရေးကို အစစအရာရာ တာဝန်ယူမယ်လို့ ကတိပေးခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ဆရာတော် ဦးတိက္ခဥာဏကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။လက်ရှိအချိန်မှာ အရှင်သဇ္ဇနရဲ့ ဒဏ်ရာက အခြားသံဃာသုံးပါးထက် ဒဏ်ရာပိုပြီး ပြင်းထန်ပေမယ့် စိုးရိမ်ရတဲ့အခြေအနေ မရှိပါဘူး။ဆေးကုသပုံကုသနည်း နည်းစနစ် ကျမယ်၊အရည်အသွေးကောင်းတဲ့ ဆေးဝါးတွေ အသုံးပြုမယ်ဆိုရင် ဘယ်မှာကုကု ရောဂါသက်သာမှာပါ။လိုအပ်ရင် အဆင်သင့်ဖြစ်အောင် စီစဉ်ထားပါတယ်''ဟု ဆရာတော် ဦးဝိမလက ထပ်မံ မိန့်ကြားခဲ့သည်။
ဒဏ်ရာရ သံဃာတော်လေးပါးမှာ ဦးဝိသုဒ္ဓ(ဘုရားကြီးအလယ်တိုက် မန္တလေး)၊ ဦးစန္ဒောဘာသ(ပခုက္ကူ အလယ်တိုက်)၊ ဦးသုစိတ္တ(စောတိကရာမတိုက်၊မုံရွာ)၊ ရှင်သဇ္ဇန (မြို့မရွှေကူတိုက်၊မုံရွာ) တို့ ဖြစ်ကြပြီး ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်မြို့သို့ ဆေး ကုသမှုခံယူနိုင်ရန် မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ဒီဇင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ထွက်ခွာလာကာ ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်

194
နိုဝင်ဘာလကုန်ပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများကို တွေ့ရစဉ်
အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် အကျဉ်းစခန်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများ အနေဖြင့် ရဟန်းဝတ်လိုပါက ခုနစ်ရက်မှ ရာသက်ပန်အထိ သာသနာ့ဘောင်သို့ ၀င်ရောက်နိုင်ရန် လှူဒါန်းမည့် အလှူရှင်များလည်း အသင့်ရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုပါသည်။
“အကျဉ်းကျခံရတဲ့သူတွေထဲမှာ အများစုကခိုး၊ ဆိုး၊ နှိုက် အမှုတွေများတယ်။ သူတို့တွေ ကံငါးပါး လုံသွားရင် သူတို့အတွက် ကောင်းသလို နိုင်ငံအတွက်လည်း ကောင်းမယ်။ ဒီတော့ သူတို့ကို အကျဉ်းထောင်က လွတ်တာနဲ့မေးတယ်။ ကိုရင်အရွယ်ဆို ကိုရင်ဝတ်မလား။ ရဟန်းအရွယ်ဆို ရဟန်းဝတ်မလား မေးတယ်။ တကယ်လို့ ၀တ်ချင်တယ်ဆိုရင် သင်္ကန်းစည်းချင်တယ်ဆိုရင် ခုနစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ ကြိုက်သလောက် ၀တ်နိုင်ပါတယ်။ အကယ်၍ ရာသက်ပန် ၀တ်ချင်တယ်ဆိုရင် ရာသက်ပန် သင်္ကန်းစည်းပေးမယ့် အလှူရှင်တွေက အဆင်သင့်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
“တကယ်လို့ ရဟန်းဝတ်ပြီးနောက် တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည်ကြာ လို့ မနေချင်ရင် ထွက်ပြီး အလုပ်လုပ်ချင်လား။ ဒါကြောင့် အလုပ်လုပ်ချင်တယ်ဆိုရင် အလုပ်ပါပေးမယ်။ ကုမ္ပဏီတွေမှာ အလုပ်ရှာပေးမယ်။ ချိတ်ဆက်ထားတာတွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အင်းစိန်အကျဉ်းထောင်အတွင်း ဘာသာပေါင်းစုံအတွက် ဘာသာရေး ပြုလုပ်နိုင်ရန် နေရာများ စီစဉ်ပေးထားကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ အစရှိသည့် ဘာသာပေါင်းစုံအတွက် ဘာသာရေး ဆောင်ရွက်နိုင်ရန် နေရာများ ထားရှိပေးထားကြောင်း သိရှိရသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မာယန်ပြက္ခဒိန်Mayan Calendar ဆိုတာဘာလဲ။

ဒီတော့ မာယန်ပြက္ခဒိန်Mayan Calendar ဆိုတာဘာလဲ။
BC 2000 မှ AD 250 အထိ Mayan Civilization မာယန် ယဉ်ကျေးမှု ခေတ်ကြီးတစ်ခု ထွန်းကားခဲ့ပါသည်။
မာယန် နှောင်းခေတ် တစ်ခုကတော့ 250 AD မှ 900 AD အတွင်းအထိ ရှိနေ ခဲ့သေးတယ်လို့ ယူဆကြရပါတယ်။
အဲဒီ မာယန် ယဉ်ကျေးမှုရဲ့ အင်ပါယာ ကြီးက မက္ကဆီကို အလယ်ပိုင်းမှသည် Honduras-Guatemala North El Salvador စတဲ့ မြောက်အမေရိကနဲ့ တောင်အမေရိကကို ဆက် သွယ်ထားတဲ့ ကျွန်းဆွယ် တစ်ခုလုံးက ၄င်း မာယန်ယဉ်ကျေးမှု ခေတ်ရဲ့သြဇာ လွှမ်းမိုးခဲ့ဖူးပါသည်။
မာယန် ယဉ်ကျေးမှုခေတ်မှာ တခြား ခေတ်ကြီးများနှင့် တစ်မူ ထူးခြားနေခဲ့တာကတော့ သူတို့ခေတ် မှာ သင်္ချာ ဘာသာရပ်များနှင့် Astronomy အာကာသ သိပ္ပံပညာရပ် များ ထွန်းကား နေခဲ့ခြင်းပင်ဖြစ်ပေသည်။
သူတို့မှာ မူပိုင်းအာကာသ ဝေါဟာရ (Astronomy Terms) များ နှင့် သင်္ချာ ကိန်းဂဏန်းတွေ ရှိနေခဲ့ကြသလို မာယန်တို့ နှစ်ပေါင်း ၄၀၀၀ လောက်ဆီက ပြက္ခဒိန် စနစ်က တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက် သတ်မှတ်ထားသော မျက်မှောက်ခေတ် ပြက္ခဒိန်နှင့် ထပ်တူထပ်မျှ ရှိနေတာကို ဘယ်လိုမှ ငြင်းမရနိုင်အောင် မာယန်ပြက္ခဒိန်က သက်သေ ပြထားနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။
တကယ်တော့ မာယန်တို့မှာ သူတို့ဘုရားဟာ အာကာသ တစ်နေရာမှာ ရှိနေတယ်လို့ ဆိုတဲ့ယုံကြည်မှု တစ်ခုတည်းဖြင့် အာကာသ ကောင်းကင်မှာ ဘုရားသခင်ကို ရှာဖွေ ခဲ့ကြရာမှ မာယန်တို့ဟာ Astronomy အာကာသ စူးစမ်းလေ့လာရေး နှင့် အာကာသ တွက်ရိုး ပညာရှင်များ ဖြစ်လာ ခဲ့ကြရခြင်းသာ ဖြစ်သလို အချို့မှာ ယနေ့ NASA ၏တွက်ကိန်းနှင့်ပင် ကွာဟမှု သိပ်မရှိတာ ကိုလည်း တွေ့ နေရပေသည်။
မာယန်တို့က နေ-လ နဲ့ သောကြာဂြိုဟ် တို့ကို အနီးကပ် လေ့ကြရာဝယ် သောကြာဂြိုဟ်ကို ပိုမို စိတ်ဝင်စားခဲ့ကြသည်။ သောကြာ ဂြိုဟ်က ကမ္ဘာနဲ့ အနီးကပ်ဆုံး အချိန် နေနှင့် ပူးယှဉ်ခြင်း Inferior Conjunction နှင့် သောကြာ-ကမ္ဘာနှင့် အဝေးဆုံး အချိန် superior conjunction နေနှင့် သောကြာတို့၏
အပူးအယှဉ် များကို လေ့လာ မှတ်သား ထားနိုင်ခဲ့ကြသလို သောကြာဂြိုဟ်က-ကမ္ဘာနှင့် အနီးဆုံး Inferior Conjunction ကမ္ဘာနှင့် နေအကြား ပူးယှဉ်ပြီး နောက်နေ့ နေအထွက် နံနက်ခင်းနှင့် ထိုနေ့ တစ်နေ့လုံးကို ပိုပြီးကြောက်တတ် ကြပြီး ဒီလိုနေ့မှာ လူတွေ ဒုက္ခ ပိုရောက်တတ်တယ်။ သဘာဝဘေး အန္တရာယ်များ၊ စစ်မက် အင်္ဂါရပ်များလည်း ဖြစ်ပွား တတ်တယ်လို့ ယုံကြည် ထားခဲ့ကြပါသည်။
နောက် မာယန်တို့ဟာ လကို လေ့လာကြရာ မှာလည်း လဟာ ကမ္ဘာကို တစ်ပတ် ပတ်မိဖို့ နွေရာသီမှာ ရက်ပေါင်း ၂၉ ရက်ကြာတတ်ပြီး ကျန်ရာသီ တွေမှာတော့ ရက်ပေါင်း ၃၀ ကြာတတ်တာကို သူတို့ တွက်ချက် ထားကြရာမှာ ယနေ့ NASA ၏ တွက်ရိုး ၂၉.၅ ရက်နှင့် ဆိုပါက ထပ်တူထပ်မျှ ရှိနေသည်ဟု ဆိုနိုင်ပေသည်။
သည်မာယန်တို့ခေတ်၌ အာကာသကြည့် မှန်ပြောင်းပင် မပေါ် သေးမီ ကတည်းက ခေတ်နှင့်မတန် မယုံကြည်နိုင်လောက်အောင် အာကာသနှင့် ပတ်သက်သော တွက်ရိုးများနှင့် စူးစမ်းလေ့လာသမှု များကရှိနေခဲ့ပြီး နေကြတ်-လကြတ်ခြင်း များကိုပင် နှစ် ရာနှင့်ချီလို့ ကြိုတွက် ထားနိုင်ခဲ့ကြသလို ဤနေစကြဝဠာ အပြင် Milky Way နဂါး ငွေ့တန်းကဲ့သို့သော
အလင်းနှစ် ထောင်ပေါင်းများစွာ ဝေးကွာလှ သော စကြဝဠာတိုင်း လေ့လာတွက်ချက် ထားတာများကိုလည်း အံ့မခန်းနိုင် လောက်အောင် တွေ့ရှိနေရပြီး သူတို့ခေတ်မှာ ဆောက် လုပ်ထားခဲ့တဲ့ နန်းတော်ရာများ၊ ဘုရားကျောင်း ပိရမစ်ကြီးများနှင့် ထင်ရှားသော အဆောက်အအုံများကို အာကာသ သင်္ချာဗေဒများနှင့် အသေအချာ တွက်ချက်ပြီးမှသာ တည်ဆောက် ထားခဲ့ကြတာကို တွေ့နေရသလို များသော အားဖြင့် နန်းတော်ရာနှင့် ပိရမစ်များကို တောင်လတ္တီတွဒ် တွင် တည်ဆောက်လေ့ရှိကြသည်။
ဤသို့ တည်ဆောက်ရခြင်းကလည်း နေသည်တစ်နှစ်မှာ နှစ်ကြိမ် သူတို့၏ မွန်းတည့်မျဉ်းများအပေါ် ဖြတ်သန်းတာကို သိရှိထား၍ နန်းတော်ရာ များအပေါ် နေမင်းကိုဖြတ်သန်း စေခြင်းဖြင့် နေမင်း၏ စွမ်းပကား ကြောင့် မင်း၏ ဘုန်းကံတန်ခိုး ကြီးမြင့်စေရန် ရည်ရွယ်ခဲ့ကြခြင်း၊ နေထွက်ရောင်ခြည်ကို နန်းတော်ရာနှင့် ပိရမစ်များပေါ်သို့ အား ကောင်းစွာ ရရှိရေးကို လိုလားခဲ့ကြခြင်း ကြောင့်ပင် ဖြစ်ပေသည်။
သည်သို့ဆိုလျှင် မာယန်တို့က နှစ်ထောင်နဲ့ချီ ကာလကတည်း က လတ္တီတွဒ်မျဉ်းများက ရှိနေတာမို့ သူတို့သူတို့ခေတ်၏ အာကာသ သိပ္ပံ၏အဆင့်ကို ဘယ်လိုမှ လျှော့တွက်၍ မရနိုင်တော့သလို မာယန် တို့က သာမန်အာကာသ သိပ္ပံမျိုးမဟုတ်ဘဲ ဖြစ်ခြင်းပျက်ခြင်း၏ အချိန်အကူးအပြောင်း (Timeline Transition) များကို ရှာဖွေ ထားခဲ့တာမို့ သူရိယ နေမင်းတို့၏ သက်တမ်းနှင့် နေကြတ် လကြတ် ခြင်းများ တင်မကဘဲ Milkey Way နဂါးငွေ့တန်း၏ အလယ်ဗဟို အီကွေတာနှင့် သူရိယနေမင်း တစ်တန်းတည်း ကျရောက်မည့် နေ့ ရက် လ-ခုနှစ်ကိုပင် အတိအကျ တွက်ချက် ထားနိုင်ခဲ့ကြပေသည်။
သို့ဖြစ်၍ မာယန်တို့က ကမ္ဘာပျက်ကိန်းကို အဟောထုတ်ကြရာဝယ် သာမန် ဗေဒင်တွက်ရိုး ဗေဒင်နှင့် တွက်ချက် အဟောထုတ်ခဲ့ကြတာ မဟုတ်ဘဲ Astronomy အာကာသ တွက်ရိုးတို့ဖြင့် ဖြစ်ခြင်းပျက်ခြင်းတို့ ၏ Timeline များကို တွက်ချက် ရှာဖွေခဲ့ကြရာဝယ် မာယန်တို့ ကျွန်ုပ်တို့ နေ၏ သက်တမ်းကို ရှာဖွေခဲ့ကြရာမှာ ဒီအရင် နေမင်း လေးလုံး ပျက်သုဉ်း သွားခဲ့ကြပြီးဖြစ်သလို လက်ရှိနေမင်းမှာ ပဉ္စမ မြောက် နေမင်းဖြစ်ကြောင်းနှင့် ဤနေမင်း၏ သက်တမ်းမှာ လာမည့် December 21, 2012 သောကြာနေ့တွင် ကုန်ဆုံး သွားရတော့မည်။ နေမင်းသည် တစ်စစီပေါက်ကွဲ ပျက်စီးသွားမည် ဖြစ်ကြောင်းကို တွက်ချက်၍ ဤမည်သော ကမ္ဘာပျက်ဟောကိန်း ကို ထုတ်ထားခဲ့ကြ ခြင်းပင်ဖြစ်ပေသည်။
နေမင်းသက်တမ်း ကုန်ဆုံးသွားမည့် အချိန်ကိုတော့ Milkey Way နဂါးငွေ့တန်း၏ အီကွေတာ အလယ် ဗဟိုအမှတ်နှင့် ကျွန်ုပ်တို့၏ သူရိယနေမင်းတို့ တစ်တန်းတည်း ကျရောက်သွားမည့်ွှTransit နေ့ရက် အချိန်ကို တွက်ချက် စံထားခဲ့ကြဟန် ရှိနေပါသည်။
မာယန်တို့ ၏ ဟောကိန်းအတိုင်း ကမ္ဘာ မပျက်နိုင်ဟု ယူဆနိုင်ပါသော်လည်း မာယန်ပြက္ခဒိန် ကြောင့်ပင် ယနေ့ NASA နှင့် အာကာသ သိပ္ပံပညာ ရှင်တို့က ကမ္ဘာကြီးသို့ ကျရောက်လာနေသော ရာသီဥတု ဖောက်ပြန်မှု များနှင့် သဘာဝ ဘေးရန်များကို ပိုမို စိတ်ဝင်စားလာခဲ့ကြရပြီး မာယန် တို့တွက်ချက်ထားသော Galactic Transit က နှစ်သန်းပေါင်း ၆၄ သန်း မှာမှ တစ်ကြိမ်ကြုံတွေ့ ရနိုင်ပြီး
၂၀၁၂- ၂၀၁၃ မှာတော့ ကမ္ဘာပေါ်ရှိ (Satellite) ဂြိုဟ်တုဆက်သွယ်ရေး ယန္တရားများနှင့် အင်တာနက်များ၊ ဆဲလ်ဖုံးများ စသည့် ကမ္ဘာ့ဆက်သွယ်ရေး ယန္တရားကြီး တစ်ခုလုံးသို့ အနှောင့်အယှက် များစွာ ဖြစ်လာနိုင်သည် ဟု ဆိုလာကြပြန် ပါသည်။
သို့ဖြစ်၍ အထက်ဖော်ပြခဲ့ပါ အတိုင်း သတ္တဝါတို့၏ အကြောင်း တရားတို့က သန်းပေါင်း ခုနစ်ထောင်တို့ အတွက် တစ်သားတည်း မကျနိုင်သလို ဘုရား သာသနာ ၅၀၀၀ ပင် မကုန်ဆုံး သေးတာမို့ ဘုရားသာသနာ တည်နေသရွေ့ ကမ္ဘာကြီး လုံးဝ ပျက်သွားနိုင်စရာ အကြောင်းမရှိနိုင်သေးပေ။ သို့သော် မာယန်တို့က သူရိယ နေမင်းကြီး သက်တမ်းက ပေါက် ကွဲလို့ ပျက်သုဉ်းသွားမည် ဆိုသလို NASA က နေ၏ပေါက်ကွဲမှု တွေက ၁၁နှစ်တစ်ကြိမ် ပိုမို အားကြီးလာမည်။
နေမှာ အားကောင်း သော ပေါက်ကွဲမှုကြောင့် နေမှာ သံလိုက် မုန်တိုင်းတို့က ကမ္ဘာကြီး ၏ သံလိုက်ဝင်ရိုးစွန်း ဒေသများသို့ ကျရောက် လာခြင်းဖြင့် ကမ္ဘာ မြေသို့ သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှုတို့ကို ပိုမိုဖြစ် ပေါ်လာစေနိုင်သည် ဟု ဆိုထား ကြရာဝယ် ယနေ့ Solar Cycle 24 သို့ရောက်ရှိနေပြီး ဖြစ်တာမို့ ၂၀၁၂-၂၀၁၃ တွင် သဘာဝ ဘေးရန်နှင့် ရာသီဥတု ဖောက်ပြန်မှုတို့က ပိုမိုအားကောင်း လာဖွယ် ရှိနေလိမ့်မည် ဟု မှတ်ချက် ပေးထားကြသလို တစ်ခါ နက္ခတ်ဗေဒင် Astrological Science Throry အရကတော့ Sidereal System နိယနစနစ်၏ အာယန ဒီဂရီ မြင့်လာလေလေ ကမ္ဘာမြေသို့ သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှု အားကြီးလေ ဖြစ်မည်ဟု ဆိုထားရာ ယနေ့ ၂၀၁၂ တွင် နိယန စနစ်၏ အာယန အံသာ ဒီဂရီမှာ ၂၄ ဒီဂရီ ရှိနေပြီးဖြစ်သည်။
သို့ဖြစ်၍ ကမ္ဘာ မပျက်နိုင်ပေမယ့် ကမ္ဘာမြေကြီး ပေါ်ဝယ် ရှေ့လျှောက် တစ်မူ ထူးခြားသော သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှုတွေကတော့ ဧကန်ရှိလာ နေမှာဖြစ်သည်။
အာယန ဒီဂရီ တစ်ဒီဂရီကို ၇၂ နှစ် ကြာတတ်တာမို့ လာမည့် ၃၅ နှစ်အတွင်း အာယန ဒီဂရီ ၂၅ ဒီဂရီ မပြည့်ခင်မှာပင် ကမ္ဘာကြီး ၏ External – Internal Element တွေ ပြောင်းလဲလာမှာ ဖြစ်သလို ရေကြောမြေကြော များ စတင်ရွေ့လျား ပြောင်းလဲ လာနိုင်ပါသည်။
သို့ဖြစ်၍ ဤကမ္ဘာမြေ ပေါ်သို့ တစ်မူထူးခြားလို့ ကျရောက် လာနိုင်သော သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှု များကိုကြိုတင် ကာကွယ်နိုင် သော နည်းလမ်းများ ကိုရှာ၍ ကြိုတင်ပြင်ဆင်မှု စီမံကိန်းများ ကိုတော့ ရေးဆွဲ ထားသင့်ပေသည်။
မာယန်တို့ ဟောကိန်းအတိုင်း နေကြီးပဲ ပေါက်ကွဲလို့ဖြစ်စေ Magnetic Pole Reverse သံလိုက်ဝင်ရိုးမှ သံလိုက်လှိုင်းများ လာရာ ဗြောင်းပြန်သွားလို့ ကမ္ဘာကြီး ဗြောင်းဆန်လို့ ပျက်သုဉ်း သွားတာမျိုးက လူသားတို့၏ ဘဝကို တစ်ကြိမ်ပဲ သေကျေပျက်စီး သွားစေနိုင်ပါ သည်။
သို့သော် တိုင်းပြည်၌ အမျိုးသားချင်း အာဃာတမီးတွေ လောင်ကျွမ်း နေခြင်းက တစ်မျိုးသားလုံးကို အရှင်လတ်လတ်သေ သွား စေနိုင်ပြီး နောက်ဆုံး ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်ကိန်းသို့ပင် ဧကန်ဆိုက်ရောက် သွားစေနိုင်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာပျက်မည်ဆိုသော မာယန်တို့၏ ပစ်မှတ် ဒီဇင်ဘာ ၂၁ က ရက်ပိုင်းသာ လိုတော့သည်

_December 21, 2012 ခုနေ့မှာ ကျွန်ုပ်တို့ကမ္ဘာကြီး ပျက်လိမ့် မည် လို့ဆိုတဲ့သတင်းက ၂၀၁၀ လောက်ဆီ ကတည်း
က ရေပန်းစား နေခဲ့သလို မကြာခင်မှာပဲ ထိုမာယန်တို့၏ ပစ်မှတ်ဒီဇင်ဘာ၂၁ ရက်ကို ရောက်ဖို့ ရက်ပိုင်းသာ လိုတော့သည်။ကမ္ဘာပျက် မည်ဆိုသော ဟောကိန်းက မဖြစ်နိုင်ပေမယ့် ထိုဟောကိန်းကို ရုပ်ရှင်ဖြင့် သရုပ်ဖော် ရိုက်ကူးလို့ ဒေါ်လာသန်း ရာပေါင်းများစွာကို သဲ့ယူသွား ကြသလို Website တွေကို လူစိတ်ဝင်စား လာရအောင် ဖန်တီး ယူနေကြပြီး အများစုက မာယန်ပြက္ခဒိန်ကို မှီ၍ စီးပွားတွေ ဖြစ်သွားကြသူတွေ ကလည်း ဒုနဲ့ဒေး ရှိနေကြလျက်၊ မာယာပြက္ခဒိန်ရဲ့  ဟောကိန်း မတိုင်ခင်မှာလည်း ၁၉၉၉ ဇူလိုင်လမှာ ကမ္ဘာ့ အဏုမြူ စစ်ကြီး ဖြစ်လိမ့်မယ်၊
ကမ္ဘာပျက်လိမ့်မယ်လို့ နော်ထရာဒမ်မတ်စ် Notradamus ရဲ့ ဟောကိန်းကိုမှီပြီး စာအုပ် ထုတ်သူတွေကလည်း သူတို့စာအုပ် Bestseller ရအောင် သတင်းမီဒီယာ တွေနဲ့ပေါင်းပြီး လုပ်ဇာတ်များ ဖြည့်စွက် ဖန်တီးခဲ့ကြသူ များကလည်း ရှိနေခဲ့ကြသလို အထူးသဖြင့် ဂျပန်မှာ အဏုမြူ ရောင်ခြည်ဒဏ်မှ လွတ်ရန် မြေအောက်ခန်း တွေ ကို ဆောက်ကြလို့ Gas Mask များကလည်း ၁၉၉၈ ကတည်းက ရောင်းပန်းတွေ လှနေခဲ့ဖူးသည်။
ဘယ်လောက်တောင်လည်း ဆိုတော့ ရုရှား မော်စကိုမှ အကြား အမြင် ဆရာမ တစ်ယောက်က ရုရှားအစိုးရ၏ အစီအစဉ်ဖြင့် ကမ္ဘာလှည့် ၍ ၁၉၉၉ မှာ ကမ္ဘာပျက်မည့် အကြောင်းကို ရုရှားသံရုံးမှ တစ်ဆင့် သံအမတ် ကတော်များကို ဖိတ်ကြား၍ ဟောပြောပွဲများ လုပ်ခဲ့ဖူးသည်။ ၁၉၉၉ ခုနှစ်ဦးမှာ ထိုအကြားအမြင် ဆရာမလေးက မြန်မာပြည် ရုရှား သံရုံးကို ရောက်လာ ခဲ့ဖူးသည်။
ဒီတုန်းက ရုရှားသံရုံး၏ ဖိတ်ကြား ချက်ကြောင့် ဆရာဒဂုန်နဲ့ စာရေးသူက ရုရှားသံရုံး၌ ကျင်းပသော ထိုဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။ အကြားအမြင် ဆရာမလေးက လည်း နော်ထရာဒမ်မတ်စ် Notradamus ၏ဟောကိန်းကို သရုပ်ဖော် ဟောပြောခဲ့ပြန်သည်။
ဟောပြောပြီးလို့ ဧည့်ခံ ကျွေးမွေးတာကို စားသုံး နေကြစဉ်မှာတော့ စာရေးသူနဲ့ သတင်းထောက်ဆရာ ဦးအောင်ရွှေဦး တို့က မယောင်မလည်နှင့် ဆရာမလေးဆီ ချဉ်းကပ်ပြီး ဘာကိုမှ မယုံတဲ့ ကွန်မြူနစ် ရုရှားက ဘာလို့ ဒီလိုဗေဒင်ဆရာမကို ကမ္ဘာပတ်ပြီး နိုင်ငံတော်စရိတ်နဲ့ ဒီလိုဟောပြောပွဲတွေ လုပ်ခိုင်းရတာလဲလို့ ဆရာ ဦးအောင်ရွှေဦးက မေးလိုက်တော့ ဒီလို ရှင်းပြခဲ့ဖူးသည်။
ဒီဆရာမ လေးက “ဘောရစ်ယဲလ်ဆင်”ကို လူတွေ ပခုံးပေါ် မြှောက်တင်ထားကြ တာကို ကျွန်မမျက်စိ မြင်ကွင်းထဲ ကွင်းကွင်းကွက်ကွက် မြင်လိုက်ရ တော့ ကျွန်မက ရဲရဲတင်းတင်း “ယဲလ်ဆင်”သမ္မတ ဖြစ်လာလိမ့်မယ်လို့ ကြိုဟောကိန်း ထုတ်ခဲ့တာပါပဲ။ အဲဒီအတိုင်း ဖြစ်လာတော့ ကျွန်မကို နိုင်ငံတော်က လူသားအားလုံးကို အသိအလင်းပေးဖို့ အခုလို စေလွှတ် ခဲ့တာပါပဲလို့ ပြောခဲ့သည်။
ဒီတော့ ကျွန်တော့်ဆရာ ဦးအောင်ရွှေဦးက ဖြစ်နိုင်ရင် ကျွန်တော်တို့နိုင်ငံ အခြေအနေလေးကို တစ်ခုခု ပြောပေးနိုင်မလားလို့ မေးလိုက်ပါသည်။ ဒီတော့ ရုရှားဆရာမလေးက အတန်ငယ်စဉ်းစား ပြီး ကျွန်မ မြင်တာလေးကိုတော့ ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီမရောက်ခင် ကတည်းက မြန်မာပြည်မှာ နိုင်ငံရေးတွေနဲ့ ပတ်သက် လို့ ဘာမှမပြော မဟောဖို့ ကျွန်မတို့ဆီက သတိပေး ထားတာလေး ရှိနေတာမို့ ပြောရမှာတော့ ခက်ပါတယ်။
ဒါကလည်း ကျွန်မအတွက် ထက် ရှင်တို့မှာ အန္တရာယ် ရှိသွားနိုင်တာမို့ပါ။ ဒါပေမဲ့ မြင်တဲ့မြင် ကွင်းလေးတစ်ခုကိုတော့ ပြောပြခဲ့ပါ့မယ်။ ဟောကိန်းတော့ မထုတ် ပါရစေနဲ့။ ရှင်တို့ဘာသာ အဖြေ ရှာယူကြပါလို့ပြောပြီး သူမက "ကျွန်မ လေယာဉ်ပျံပေါ်က ဆင်းလာတော့ ရုတ်တရက် ကျွန်မ မျက်စိမြင်ကွင်း မှာ ပန်းပန်ထားတဲ့ မိန်းမတစ်ယောက် ရှေ့မှာ စစ်သားတွေ လက်နက် ချနေတာကို ကွင်းကွင်းကွက်ကွက် မြင်လိုက်ပါတယ်" လို့ ပြောပြီး သတင်းတော့ မဖြစ်ပါစေနဲ့လို့ ပြောခဲ့ဖူးသည်။ သည်တုန်းကတော့ အမှတ် တမဲ့ပါပဲ။
ဒါပေမဲ့ ဆယ်စုတစ်စု ကျော်သွားတော့မှ မီဒီယာဇာတ်ခုံ ပေါ်မှာ ခြိမ့်ခြိမ့်သဲဖြစ်နေတဲ့ အဲဒီပန်း ပန်ထားတဲ့မိန်းမကို တွေ့လိုက် ရသည်။ ဒီအချိန်မှာတော့ ဆရာဦးအောင်ရွှေဦး ကတော့ လောကကြီး ကို မမျှော်လင့်ဘဲ စွန့်ခွာလို့သွားပြီ ဖြစ်ပါတယ်။
ဒီတုန်းက အတိုက်အခံ ခေါင်းဆောင်က မီဒီယာ စာမျက်နှာများပေါ် မရောက်သေးသလို သူပန်းပန်တာကို ရုရှားဆရာမလေး သိဖို့နေနေသာသာ ကျွန်တော်တို့ တောင် သတိမထား မိခဲ့ကြပေ။
ဆရာမလေး မြင်ခဲ့ သလို ပန်းပန်ထားတဲ့ မိန်းမတစ်ယောက်ရှေ့မှာ စစ်တပ်က လက်နက် ချနေကြတယ် ဆိုခဲ့သလိုပဲ အတိုက်အခံ ခေါင်းဆောင် လွတ်ပြီးတဲ့ အချိန်က စပြီး စစ်အစိုးရ ကလည်း အာဏာကို Surrender လုပ်သွားသကဲ့ သို့ပင်။ တိုင်းပြည်က စစ်အစိုးရနဲ့ ကင်းဝေးသွားခဲ့ပြီး ဖြစ်သည်။
ဆိုလိုချင်တာက ဟောကိန်းတစ်ခုကို လူတစ်ယောက် အတွက် ဟောမည်ဆိုပါက ဆယ်စုနှစ်နဲ့ ချီပြီး ကြိုပြီး ဟောကိန်းထုတ်သော် မှန်နိုင်ပေသည်။ သို့သော် ကမ္ဘာနဲ့ ချီပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်းခုနစ်ထောင် အတွက်ကို စုစည်းလို့ ကမ္ဘာပျက်မည် ဆိုသောဟောကိန်း မျိုး ကတော့ အထက်ပါ အတိုင်း နော်ထရာဒမ်မတ်စ် ပဲ ဟောဟော Mayan Calendar တို့လို ကမ္ဘာပျက်မည် ဆိုသောဟောကိန်း မျိုးတွေ ကတော့ ပါစင်အောင် လွဲမှားသွားတတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ သတ္တလောကကြီးကို သဘာဝတရား တို့ ဖြင့်ဖန်ဆင်းထားပြီး လူသတ္တဝါ အပေါင်းတို့ကိုတော့ အကြောင်း တရားတို့ဖြင့် ဖွဲ့စည်းထားပါသည်။
ဒီတော့ လူသားတို့၌ တစ်ဦးနဲ့ တစ်ဦး တစ်ယောက်နဲ့ တစ်ယောက် အကြောင်းတရားချင်းက မတူနိုင် သလို အကြောင်းတရားက ပေးထားသော သေခြင်းတရား၏ Timeline သက်တမ်းတွေကလည်း လုံးဝမတူနိုင်ပေ။ သို့ဖြစ်၍ သန်းပေါင်း ခုနစ်ထောင်လုံး၏ သေခြင်းတရား တို့ကလည်း တစ်ချိန် တည်း တစ်ရက်တည်း၌ စုံ၍ မကျရောက်နိုင်ပေ။
သို့ဖြစ်၍ ၁၉၉၉ ခုနှစ်တွင် အဏုမြူစစ်ကြီး ဖြစ်မည်၊ ကမ္ဘာကြီး ပျက်မည် ဆိုသော နော်ထရာဒမ်မတ်စ်၏ ဟောကိန်းကြီး ကလည်း ပါစင်အောင် လွဲမှားသွားခဲ့ရခြင်းပင် ဖြစ်သလို မာယန် ပြက္ခဒိန်၏ ဒီဇင်ဘာ ၂၁ ရက် ၂ဝ၁၂ ခုနေ့ ကမ္ဘာပျက်မည် ဆိုသောဟောကိန်းကြီး ကလည်း ပါစင်အောင် လွဲမှား သွားရတော့မည်သာ။
သို့သော် မာယန်တို့၏ ဟောကိန်းက ဗေဒင်ဟောကိန်းတွေ မဟုတ်ဘဲ Astronomy အရ အာကာသဖြစ်စဉ် အာကာသ တွက်ရိုးတို့ ဖြင့် တွက်ချက် ဟောထားသော ဟောကိန်းများ ဖြစ်နေတာမို့ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမ္ဘာ မပျက်နိုင်ပေမယ့် ကျွန်ုပ်တို့ ကမ္ဘာမြေသို့ အသွင်မတူ သော သဘာဝ ဘေးရန်ကြီးနှင့် ရာသီဥတု ဖောက်ပြန်မှုကြီးများတော့ တစ်နှစ်ထက်တစ်နှစ် တစ်မူ ထူးခြားလို့ ကျရောက် လာနိုင်ဖွယ်တော့ ရှိမည်ဆိုတာ ကိုတော့ မာယန်ပြက္ခဒိန်က မီးမောင်းထိုး ပြထားခဲ့ ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၆ ရက်ရှိပြီ ဖြစ်သော်လည်း ပုပ်ပွပျက်စီး သွားခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွားသကဲ့သို့ ဖြစ်ပေါ်လျက်ရှိ


တောင်ငူခရိုင်၊ ထန်းတပင်ကျေးရွာတွင် ၀ါတော် ၇၅ ၀ါရှိ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၆ ရက်ရှိပြီ ဖြစ်သော်လည်း ပုပ်ပွပျက်စီး
သွားခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွားသကဲ့သို့
ဖြစ်ပေါ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည် ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့
ကေတုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။

ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင် ဆရာတော်၏ ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော ပွင့်ဖတ်ဖြူဖြူပုံစံများ
ပေါ်ပေါက်နေသည်ကို သတိထားမိရာမှ သိမ်ကျောင်းဂေါပက လူကြီးများနှင့် ရွာသူရွာသားများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြ
လျှောက်ထားကြပြီး ရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုးထားခြင်း မရှိကြောင်းနှင့် ရွာသူရွာသားများကလည်း မီးသင်္ဂြိုဟ်ရန် ဆန္ဒမရှိသေးဘဲ ရုပ်ကလာပ်အား ဆက်လက်ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ မှန်းခေါင်းအတွင်း ထားရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင်
သိမ်ကျောင်း ဂေါပကအဖွဲ့ဝင် ဦးချစ်လှိုင်က ပြောကြားသည်။

“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က
ပျော့ပျောင်းနေတယ်၊ အေးပြီးတောင့်နေတာမျိုး မရှိဘူး၊ ၁၅ ရက်
လောက်ကြာပြီး ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်တော့ ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူး” ဟု ဆရာတော်၏ ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က ပြောကြားသည်။

ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော်
ဦးခိုင်လေး၊ မယ်တော်ဒေါ်ထွေးညိုတို့မှ ဖွားမြင်ကာ မွေးချင်း ၇ ယောက်အနက် သုံးယောက်မြောက် သားဖြစ်ပြီး ငယ်နာမည်မှာ
မောင်ဟန်တင်ဖြစ်သည်။ ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့စိုးမြစ်ဆိပ်သို့သွားရာ အရှေ့ဘက်
ကျောက်လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊ စစ်တောင်းမြစ်အနီး မြစ်ကမ်းပါး
အတိုင်း တောင်ဘက် တောင်သာရွာသို့ ဆိုင်ကယ်ဖြင့် ၂၅ မိနစ်ခန့်
မောင်းနှင်ရပြီး ထိုမှမြစ်ကို စက်လှေဖြင့်ကူးကာ တောင်ဘက်သို့ ငါးမိနစ်ခန့် ဆိုင်ကယ်မောင်းလျှင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ရှိရာ ကြိမ်တောမြောင်
ကျေးရွာ သိမ်ကျောင်းတော်သို့ ရောက်ရှိကြောင်း သိရှိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စင်္ကပူ မှာ အိမ်ဖော် လုပ်ကိုင်ရသော မိန်ကလေးရဲ ရင်ဖွင့် သံ

သူမရဲ့  အသက်ကတော့  ၂၀ကျော်သွား ပါပြီး ...မြန်မာပြည်မှာ သူမ အနေနဲ့  အလုပ်လုပ်စားရာမှာ
မိသာစုကို လုံလုံလောက်လောက်  ထောက်ပံနိုင်မှု မရှိတာကြောင့် ပြည် ပထွတ်ခွာဘို့  စဉ်းစားခဲ့ ပါတယ် ....
အဲလိုတွေးနေတဲ့ အချိန်လေးတွေမှာပဲ စလုံးသွားဘို အတွတ် ခေါ်တဲ့ ပွဲစားနဲ့ တွေ့ ခဲ့ ရတယ် ...သူမကံကောင်းခြင်တာလား
ကံဆိုးတာလားတော့ အဲအချိန်က မသိခဲ့ ဘူး ....သူစင်္ကပူမှာ အလုပ်သွားလုပ်ရန်အတါတ်  ပိုတ်ဆံလဲ သူတို့ က စိုတ်ပေးမယ်   ..
ဟိုရောက်မှ  သူတို့ ကို အလုပ်လုပ်ပြီး ပြန်ဆပ်၇မယ်လိုပြောပါတယ် ...အဲလို လေး သူမကိုပြောတော့  သူမ၀မ်းသာခဲ့ တယ် ....
သေမင်းက ခေါ်ဆောင်ဟန်ပြင်နေတဲ့ ရောဂါသည်အမေရယ်  အသက်အရွယ်မရောက်သေးတဲ့ မောင်လေးရယ်ကို
လုံလုံလောက်လောက် ထောက်ပံနိုင်မယ်လို့ တွေးပြီး ရှေ့ရေးအတွတ် တွေးပြီးပျော်နေခဲ့ တယ် .....သွားခါနီးမှ ပွဲစားက
ဟိုမှာ သူမလို ပညာအရည်းအချင်းနဲ့   အလုပ်အခက်အခဲရှိတဲ့ အတွတ်  အိမ်ဖော်အလုပ်ပဲရတယ်လို့ ပြောတယ် ...
သွားခါနီးရက်ကလဲ နီးနေတဲ့ အတွတ်   သူမ ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်တော့ မယ်လို့  ဆုံးဖြတ်ခဲ့ တယ် ..မိသားစုကို
ထောက်ပံခြင်တဲ့ စိတ်တစ်ခု ထဲပဲစိတ်ထဲမှာရှိတာလေ ...ဘာအလုပ်ပဲဖြစ်ဖြစ်ပေါ့  .....ပြီးတော့ အိမ်ဖော်ရဲအသက်က
၂၃  ကနေ၅၀ အထိလို သတ်မှတ်ထားလို့  သူအသက်က ၂၀ကျော်ဆိုတော့ အသက်လဲ လိမ်ခဲ့ ရပါတယ် ....
.ပြီးတော့ အိမ်ဖော် တွေအတွတ် စာမေးပွဲလဲ  ဖြေခဲ့ ရတယ်  ..အောင်မြင်ခဲ့ ပါတယ် ...
သူမဒီရောက်ပြီး အလုပ်စလုပ်တော့  ထင်သလောက်မလွယ်ကူခဲ့ ဘူး .....အိမ်အလုပ်တွေက ပုံမှန် ဆိုပေမဲ့   သူတို့ ပြောတာ
သူမမသိ ...သူမပြောတာ သူတို့ မသိ ...သူတို့  အထာလေးတွေမသိတော့ လွဲချော်မှုတွေ ဖြစ်တာပေါ့  ......
၂လလောက်ကြာတော့  အိမ်ရှင်က အဆင်မပြေဘူး ဆိုပြီး  ပွဲစားဆီပြန်အပ်တယ် ....အဲလုပ်ခဲ့ တဲ့ လစာ ၂လစာလဲ
သူမရရှိခဲ့ ပါဘူး   အိမ်ရှင်က ပွဲစားကို တိုက်ရိုက်ပေးတာပါ .....ပွဲစား ကတော့  သူ၆လစာ ယူမယ်လို့ ပြောပါတယ် ....
ပြီးတော့ ပွဲစားက သူအလုပ်ထည့် ပေးတဲ့  အိမ်ရှင်နဲ့  အိမ်ဖော်လုပ်တဲ့ သူနဲ့ အဆင်မပြေပဲ  အိမ်ရှင်က ပွဲစားဆီပြန်အပ်ပြီး 
အိမ်ဖော်အတွတ် အိမ်ဖော်အလုပ်ထပ်ရှာပေးရတယ်ဆိုပြီး နောတ်ထပ် ၂လစာ ထပ်တောင်းပါတယ် ...အဲတော့ ကျမဘ၀က
အလုပ်တခါ အဆင်မပြေတာနဲ့ ၂လ  အခမဲ့ လုပ်ပေး၇တော့ တာပေါ့  ...အိမ်ရှင်က တစ်ခါမကြိုတ်လို
ပွဲစားလက်ထဲပြန်ရောက်ရင်  အလုပ်ရှာခ ၂လ စာအလကား လုပ်ပေးနေ၇တော့   ကျမလဲ ဒုတိယ အိမ်ရှင်ကျတော့ 
တော်တော်လေး ဂရုစိုတ်ပြီး အလုပ်လုပ်ကိုင်ခဲ့ ပါတယ် .....နောတ်မိသားစုလေးကတော့ မလေး လူမျိုးတွေပါ...
သူတို့ တွေက ကျမကိုတော်တော်လေး ချုပ်ချယ်ကြတယ် ...ထမင်းစာချိန်လဲ မစားရဘူး ...အိပ်ချိန်လဲ လုံလုံလောက်လောက်
မရရှိဘူး ....ကျမ တော်တော်လေး သီခံပြီး လုပ်ပါတယ် .......အဆိုးဆုံးဖြစ်လာတာကတော့   သူတို့ အိမ်က အဖိုးကြီးကတော့ 
ကျမ လုံခြုံေ၇းကို  အန္တာရာယ်ပေးလာပါတယ် ...ကျမအသိမြန်ခဲ့ လိုပေါ့  ....အဲတော့ ကျမလဲ သီးမခံနိုင်တဲ့ အဆုံး
အဲအိမ်က လွတ်မြောတ်အောင်ကြံတော့ တာပဲ ...ကျမသတိကြီးစွာလဲ ထားနေရတယ် ....ကျမ ကံကောင်းခြင်တော့ 
ကျမနေတဲ့ အိမ်အပေါ်မှာနေတဲ့  သဘောကောင်းတဲ့ မြန်မာ အစ်ကိုကြီးတွေနဲ့ ဆုံ တွေ့ ခွင့် ရခဲ့ တယ် ....သူတို ကို
ကျမအဖြစ်လေး ပြောပြတော့  သူတို့ က ကူညီကြပါတယ် .....ကျမ အိမ်ရှင်ဖြစ်တဲ့ သူကို သူတို့ စကား သွားပြောပါတယ် ....
ပြီးတော့ အဲအိမ်ကနေ အ၀တ်အစားတွေ  ကောက်ခိုင်ပြီး သူတို့ အခန်လေးမှာ သွားနေဘို့  သော့ ပေးပါတယ် .......
ပြီးတော့ ကျမကို သူတို့ အခန်းထဲ  နာခိုင်းပြီး   ပွဲစားဆီ ဆတ်သွယ်လို့ ရမဲ့ ဖုန်းနံပါတ် တောင်းကာ  အားပေးစကားပြောပြီး
သူတို့ အလုပ်သွားကြပါတယ် ....သူတို့ ပြန်လာတော့  လက်ထဲမှာစားစရာအထုပ်တွေနဲ့  ...ကျမတို့  ၃ယောက်
ညစားစာ၇င်းနဲ့ စကားပြောဖြစ်တော့  သူတို က အကြောင်းစု့ပြောပြပါတယ် ...မလေးမိသာစု အိမ်က ထွတ်ခွာလို့ ၇အောင်
သူတို့ ကောင်းကောင်းမွန်မွန်ပြောတယ်တဲ့  ...ပြောမ၇ဘူးတဲ့ . အိမ်ရှင်တွေက ကျမကို မလွှတ်ခြင်ဘူးပေါ့  ....သူတို့ လဲ
နောတ်ဆုံးတော့  ပြောမရတော့ တာနဲ့    မင်တို့ အိမ်က မင်းတို့ အဖေက   ကောင်မလေးကို ကြံစည်တာတွေ အာလုံး
သိထားတယ်ပေါ့    ..တရာစွဲမယ် ..ဘယ်လိုတွေ ဖြစ်နိုင်လဲ မင်းသိလား   ...ဘာညာပြောတော့ မှ ခေါင်းရှုပ်ပြီး  သွားဘို့ 
သဘောတူတယ်ဆိုတဲ့ အကြောင်း ပြောပြတယ်......ပြီးတော့ ကျမရဲ ပွဲစားနဲ့ လဲ အကျိုး အကြောင်း သူတို
့ပြောထာပြီးပြီးဖြစ်ကြောင်း ...ရှေံေ၇း အလုပ်အတွတ်လဲ တိုင်ပင်းထားပြိးပြီး  ..ကျမအတွတ်အလုပ်ကတော့ သူတို့  boss
ကို ပြောထားတယ်ပေါ့  ...သူတို့ boss uလဲ လက်ခံတယ် မနတ်ဖြန်ပွဲစားနဲ့ တွေ့ ပြီး  ပြောကြည့် မယ်ပေါ့  ...
သူတို့ ပြောတာကြားပြီး ကျမ မယုံတ၀တ် ယုံတ၀တ်ပဲ ..အစစအ၇ာရာအဆင်ချောနေတာကို ...သူတို့ နှစ်ယောက်က ကျမကို
အိပ်စရာအတွတ် သူတို့ နှစ်ယောက်ထဲက တစ်ယောက်သောသူရဲအခန်ပေးပြိး  သူတို့ နှစ်ယောက်ကတော
့ပေါင်းအိပ်ကြပါတယ် ....
တဂယ်တော့  ကျမတို့  အိမ်ဖော် ဘ၀တွေ က လူနင်းပြားဘ၀ကို ရောက်နေကြသလိုပဲ ....ဘာမှ လုပ်ပိုင်ခွင့် 
မရှိဘူး ...စက်ရုပ်အတိုင်းပဲ့ သူတို့ ခိုင်းတာလုပ်  ပြီတော့  နိုင်ငံကူးလက်မှက် စင်္ကပူအစိုးရ ကပေးအပ်ထားတဲ့ 
အလုပ်လုပ်ခွင့် ကပ်ပြားလေးကလဲ  သူတို့ ကိုယ်တိုင် သိမ်းထားတာလေ ထွတ်ပြေမှာကြောက်လို့ ထင်ပ ...
အခုမှ လက်ထဲေ၇ာက်လာတဲ့  နိုင်ငံကူးလက်မှက် စင်္ကပူအစိုးရ ကပေးအပ်ထားတဲ့ အလုပ်လုပ်ခွင့် ကပ်ပြားလေး
ကိုကြည့် ပြီး သူအတေါးတေါက ချာချာလည်နေခဲ့ တယ် .....ကျမလဲ   သူတို့ ကို သံတယ ၀င်မိတယ် ..
ဟုတ်ပဟုတ်ပမလားပေါ့  ...စဉ်းစားရင်နဲ့ အိပ်မပျော်တာမိုးလင်းခါနီမှအိပ်ပျော်တယ် ...မနတ်ရောက်တော့ 
သူတို့  အလုပ်သွားခါနီး  လာနှိုး မှပဲနိုးတော့ တယ် ....
သူတို့ အလုပ်သွားတော့ ကျမပါ တခါတည်းခေါ် သွားပြိး  သူတို့  boss နဲ့ တွေ့ ပေးတယ် .....ပြီးတော့ 
ကျမ ပွဲစားကိုခေါ်ပြီး  အလုပ်အတွတ် စကားပြောပြိးတာနဲ့    ကျမအတွတ် သူတို့ boss က အစစအရာရာ
တာဝန်ယူပေပြီး  ကျမက ပွဲစားကို အားလုံးပေါင်း ၁၀ လစာ လုပ်ခ ပေးရမယ်လို့   သဘော တူညီမှု ပေးခဲ့ တယ် ...
ကျမလဲ ကူညိပေးတဲ့  အစ်ကို နှစ်ယောက်ကို  ကျေးဇူးတင်လွန်လို့  အဲနေရာမှာပဲ  ထိုင်ကန်တော့ မိတယ် ...
သူတို့ လေးတွေရဲ ကူညီမှုလေး ဟာ တဂယ်လေးစားဖို့ ကောင်းပါတယ် .....ချောက်ထဲ ကျတော့ မဲ့ ကျမ
ဘ၀ကိုဆွဲတင်ပေးခဲ လို့ ပဲ ...နောတ်ပိုင်းအနေကြာလာတော့ အဲလို လူမျိုးတွေအပြင်  ယုတ်မာတတ်တဲ့ 
သူတွေ ကို လဲ တွေလာရတယ် ကြားလာရတယ် ....ကျမလိုပဲ ဘ၀တူတွေကို  စည်းရုံးပြီးရင် ဘ၀ပါ သိမ်းကြတဲ့ 
သူတွေရှိတာ သိလာ၇တယ် ........ကြားလာရတယ် ......ကျမ တိုလို့ ပဲ အိမ်ဖော် ဘ၀နဲ့ လာ  ဒီရောက်တော့ 
အဆင်မပြေ  အလုပ်ပြောင်းခံထိ  တခါပြောင်း အလုပ်ပြောင်းခ  ၂လစာ ထိနေတဲ့  ဘ၀တွေက နေ 
လွတ်မြောတ်ပြီး ကျမလို  သူတော်ကောင်းတွေကနဲ့ တွေပြီး စည်းရုံးကာ  ဘ၀ပါယူနေကြသော လူယုတ်မာတွေ
နဲ့ မတွေ့ ပါစေနဲ့ လို့   ဆုတောင်းပေလိုတ်ပါတယ်  ....ကျမကို ကူညိပေးကြသော  အကို နှစ်ယောက်ကို လဲ ဒီနေရာကနေ
ထပ်ကန့် တော့ လိုတ်ရပါတယ် ...အကိုတို့ လို လူမျိုး များများ ရှိပါစေလို့  ဘုရာရှိခိုးတိုင်း  ဆုတောင်နေပါတယ် ....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

♪♥♪ပေးသူနဲ့ ယူသူ ဘယ်သူကရပါသလဲ??♪♥♪


သူငယ်ချင်းမောင်နှမများအားလုံး..မင်္ဂလာပါနော်...။ဒီနေ့ လည်း  ခါတိုင်း week end နေ့ များလိုပဲ  ကျွန်မဖေကြီး
ဆီကို  ကျွန်မသွားခဲ့ပါတယ်...။ဖေကြီးရှိရာ  စာသင်ကျောင်းထဲ ၀င်ဝင်ချင်းပဲ  လူစုစု  စုစုကို ကျွန်မမြင်လိုက်ရပါတယ်။
ဖေကြီးကိုမေးကြည့်တော့   ဆရာကန်တော့ပွဲရှိတာလို့ ပြောပါတယ်..။အဲဒါနဲ့   ကျွန်မဖေကြီးအတွက်  မနက်စာပြင်ပေး
အပြီး  သားအဖနှစ်ယောက်  တိုင်ပင်စရာရှိတာလေးတွေတိုင်ပင်ရင်း...ကျွန်မစာသင်ခန်းဆီဦးတည်ခဲ့ပါတယ်..။
နှစ်နာရီအကြာ စာသင်ခန်းကနေ ကျွန်မ ပြန်ထွက်လာတဲ့အခါမှာ  ကျွန်မဖေကြီးနားမှာ  သူ့ ရဲ့တပည့်တွေဝိုင်းအုံနေ
ပါတယ်လွန်ခဲ့တဲ့  နှစ်နှစ်ဆယ်ကျော်က  တပည့်တွေလို့ သိရပါတယ်။အဲဒီထဲက  အကိုတယောက်က  ကျွန်မဖေကြီးကို
""ဆရာကြီး  ခုဒီနားက ရှိတဲ့သူတွေကို  နာမည်မှတ်မိလားခင်ဗျ..."'
လို့ မေးလာပါတယ်...။ကျွန်မလည်းအသာလေးနားစွင့်နေတုန်း..ဟောတစ်ယောက်  ဟောတစ်ယောက်နဲ့ ..နာမည်တွေ
ကိုပြောသွားလိုက်တာ  ကျွန်မတောင် မျက်လုံးပြူးသွားခဲ့ပါတယ်..။အော်...နှစ်နှစ်ဆယ်ကြာတာတောင်  ငါ့အဖေ  သူ့ 
တပည့်တွေကို မမေ့သေးပါလား..ငါဆို  လွန်ခဲ့တဲ့နှစ်နှစ်လောက်က  တပည့်လာနှုတ်ဆက်ရင်  နာမည်မေ့နေတတ်တာ
ဆိုပြီး  ကိုယ့်ဘာသာတွေးနေမိပါတယ်..။
ကျွန်မဖေကြီးနဲ့   သူ့ တပည့်တွေ  နှုတ်ဆက်စကားပြောပြီး  အသီးသီး ပြန်သွားပြီးတဲ့နောက်မှာတော့...ကျွန်မဖေကြီး
မျက်နှာမှာ  ပီတိတွေဝေနေတာကို  ကျွန်မတွေ့ ခဲ့ရပါတယ်..။ကျွန်မဖေကြီး  အင်မတန်ပျော်နေရှာမှာ...။ကျွန်မလည်း
ဘာမှမပြောဘဲ  ကျွန်မဖေကြီးရဲ့ပီတိကို  အလိုလိုဘေးကနေတိတ်တိတ်လေး  မျှဝေခံစားပေးနေမိပါတယ်..။အဲဒီအချိန်
မှာပဲ...ကျွန်မဖေကြီး  ကျွန်မကို  မေးလာတာက...
""သမီးကြီး  ပေးသူနဲ့ ယူသူမှာ  ဘယ်သူကရတယ်လို့   သမီးကြီးထင်လဲ""
"'ဟင်..ဖေကြီးကလည်း...ယူတဲ့သူက  ရတာပေါ့.."'
ကျွန်မရဲ့ စကားကို ဖေကြီးက အသာအယာပြုံးကြည့်ပြီး  ခုလိုဆက်ပြောလာပါတယ်...။
"'အပေါ်ယံတွေးကြည့်ရင်တော့  ယူတဲ့သူက ရတာသမီး..သေသေချာချာတွေးကြည့်ကြည့်ပါ...ပေးတဲ့သူက
ရတာလေ..ယူတဲ့သူက  ယူလိုက်တဲ့အချိန် တခဏလေးပဲ ရလိုက်တာပါ..။ပေးတဲ့သူကတစ်သက်လုံး
ပြန်ပြန်တွေးတိုင်း..ခဏခဏရနေတာလေ.."'
အော်..ဟုတ်ပေသားပဲနော်...။ကျွန်မသူငယ်ချင်းတွေလည်း  ပေးသူနဲ့ ယူသူဘယ်သူဖြစ်ချင်လဲလို့  ကျွန်မမေးရင်ဘယ်လို
ဖြေကြမလဲဟင်..???
(အားလုံးတွေးဆဆင်ခြင်နိုင်ကြပါစေရှင်..)
ချစ်ခင်လေးစားလျှက်
ဆုဂျေ
(၁၅.၁၂.၂၀၁၂)
ဖူးဇာရှင်လေးမှကူးယူလာတာပါ........မှတ်သားစရာလေးမှို့လေ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Gmail အကောင့်အတွက် ဖုန်းမလိုတဲ့ နည်းလမ်းသစ်

ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..
ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.com ကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ်

အဲဒီထဲက mobile phone အောက်ကအကွက်ထဲမှာ United States ရဲ့အလံတံဆိပ်ဘေးမှာ +1 ဆိုပြီး ပေါ်နေတာလေးကို သတိထားမိမှာပါ .. အဲဒီ +1 လေးရဲ့နောက်မှာ နံပါတ်တစ်ချို့ ရိုက်ထည့်ရမှာမို့ သတိထားမိအောင်လည်း ပြောထားတာပါ .. သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးဖြည့်တာတွေ I agree to .. ရဲ့ရှေ့မှာ အမှန်ဖြစ်လေးတပ်တာတွေကို လုပ်ထားပါ .. Next step ကိုတော့ မနှိပ်သေးပါဘူး +1 ရဲ့နောက်မှာ ထည့်ဖို့ ဖုန်းနံပါတ်လေး သွားတောင်းရဦးမှာမို့ပါ ..
ကဲ .. ဘယ်မှာသွားတောင်းမလဲ .. အများကြီးရှိတယ် .. (Free နော် ..)

သူငယ်ချင်းတို့ရဲ့ Browser ကို Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ ..
ပွင့်လာတဲ့ tab အသစ်ရဲ့ Address Bar မှာ www.pinger.com/tfw/ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ

အောက်ကပုံအတိုင်း Website တစ်ခုဖွင့်လာပါလိမ့်မယ် .. အကြောင်းကြောင်းကြောင့် အောက်က ပေ့ကို မရောက်ဘူးဆိုရင် http://pinger.com/tfw/ လို့ ပြောင်းပြီးပြန်ရိုက်ထည့်ကြည့်ပါ

အဲဒီထဲက Sing Up Free ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်

အဲဒီထဲက ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလိုလိုက်ဖြည့်ပေးပါ .. email နေရာမှာတော့ အစောပိုင်းက သူငယ်ချင်းတို့ gmail အကောင့်သစ် Form မှာ ထည့်ထားတဲ့ email လိပ်စာကို ထည့်ပေးလိုက်ပါ . (တစ်ကယ်တော့ စိတ်ကူးထဲရှိရာ email လိပ်စာကို ထည့်ပေးလိုက်လို့ရတယ်)
ပြီးရင် I agree to ... ရဲ့ရှေ့မှာ အမှန်ဖြစ်ထည့် သူရိုက်ခိုင်းတဲ့စာလုံးကို မှန်အောင်ရိုက်ထည့်ပေးပြီး Create ကိုနှိပ်ပေးလိုက် (ပြောထားဦးမယ် username နေရာမှာ စာလုံးအသေးတွေပဲထည့်ရမယ် 16 လုံးထက်လားမသိဘူး မကျော်ရဘူး) .. Create ကိုနှိပ်ပြီးရင် နံမည်တူတာတို့ password နှစ်ခုမကိုက်တာတို့ သူရိုက်ထည့်ခိုင်းတဲ့စာလုံး မှားတာတို့ဖြစ်ရင် နောက်ထပ်ပြန်ပြင်ပေးရပါတယ် ..
ကဲ .. Create ကိုနှိပ်ပြီး အဆင်ပြေသွားပြီဆိုရင်တော့ အောက်ကပုံလေးတက်လာပါမယ် ..

အဲဒီထဲက ကျွန်တော် 12345 လို့ပြထားတဲ့နေရာမှာ အဲဒီအတိုင်းရိုက်ထည့် (တစ်ခြားဂဏန်း ၅ လုံး လည်းရတော့ရတယ် error တက်တာများတယ် .. ဒါကြောင့် 12345 ကိုပဲ ရိုက်ထည့်လိုက်ပါ)
Gender နေရာမှာ ကျား/မ ကြိုက်တာရွေးပြီး အမှတ်တပ်ပေး Age နေရာမှာ ကြိုက်တဲ့အသက်ကို ရွေးပေး (၁၃ နှစ်အောက်ရွေးမိရင် Error တက်လာတတ်ပါတယ်)
ပြီးရင်တော့ Find ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်းပေါ်လာပါမယ် ..

အဲဒီလို ကျလာတဲ့ ဖုန်းနံပါတ်တွေထဲက ကိုယ်ကြိုက်တဲ့ တစ်ခုကို ကလစ်ပေးပြီး Confirm ကိုနှိပ်ပေးလိုက်ပါ .. (မအားတော့တဲ့ နံပါတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းပြီး ကလစ် Confirm ကိုထပ်နှိပ် ..) ကျွန်တော်က အပေါ်ဆုံးကနံပါကိုရွေးပြီး Confirm ကိုနှိပ်လိုက်တာ အဆင်မပြေလို့ တစ်ခုပြီး အဲဒီလိုရွေးသွားလိုက်တော့ 1(518) 293-2077 ဆိုတဲ့ လေးခုမြောက်က ဖုန်းနံပါတ်ကိုရလိုက်တယ် ..
ကဲ .. ဖုန်းနံပါတ်အလွတ်တစ်ခုကိုရလို့ Confirm ကိုနှိပ်ပြီး နောက်တစ်ဆင့်တက်သွားရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..

အဲဒီထဲက Cancle ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံလေးပွင့်လာပါမယ် . ( cancel ကိုပဲ နှိပ်ရမှာပါ ok ကိုသွားနှိပ်ရင် တိုင်ပတ်ပြီနော်)


အဲဒီထဲက ညာဖက်အပေါ်ထောင့်နားက options ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..

အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်ထဲက 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို
ကော်ပီကူးယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ .. ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခွင့်ရပါပြီ .. (gmail form မှာက +1 ဆိုတာလေး ပါပြီးသားလေ . ဒါကြောင့် 1 မလိုဘူး)
နံပါတ်ကို ကော်ပီယူပြီးပြီဆိုရင်တော့ gmail အကောင့်ဖွင့်ဖို့ Form ဖြည့်ထားတဲ့ tab ကိုပြန်လာပါ ..
အဲဒီထဲက mobile phone ဆိုတဲ့အကွက်ထဲက +1 နောက်နားပါကပ်ပြီး ကလစ်ပေးလိုက်ပါ .. ပြီးရင် ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို Paste (ctrl + V ) လုပ်လိုက်ပါ .. အောက်မှာကျွန်တော်ရခဲ့တဲ့ နံပါတ်ကို ထည့်ပြထားပါတယ် .

အဲဒီထဲမှာ +1 ရဲ့နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဂဏန်းပဲရှိတာကို သတိပြုပါ .. +1 ရဲနောက်မှာ space bar တစ်နေရာမှမခြားပဲ ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို ထည့်လိုက်တာဖြစ်ပါတယ်(ဒီဖုန်းနံပါတ် ထည့်တဲ့နေရာမှာ မှားရင် ဂွမ်းပါပြီ)
I agree မှာ အမှန်ခြစ်တပ်ထားမထား ပြန်စစ်ပါ .. Location မှာ United States ဟုတ်မဟုတ် သေချာစစ်ပါ ..
အားလုံးမှန်ပြီဆိုရင်တော့ Next step ကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံလေး ပွင့်လာတာကို တွေ့ရလိမ့်မယ်

အဲဒီထဲက Next step ကိုနှိပ်လိုက် .. အောက်ကအတိုင်းပွင့်လာမယ်

အဲဒီထဲက Continue to Gmail ကိုနှိပ် .. အောက်မှာဘာပွင့်လာသလဲကြည့်လိုက်ပါ

ဟိုက်ရှားစ်ပါးစ် ... gmail အကောင့်အသစ်တစ်ခု သေချာပေါက် ပိုင်သွားပြီကွ ..

ပြင်းနေပြီလားဗျ .. မပြေင်းသေးရင် .. အဲဒီအကောင့်ကို Sign Out လုပ်ပြီး ထွက်လိုက်ပါဦး ..
ပြီး ရင် .. Gmail အကောင့် အသစ်ဖွင့်တဲ့အဆင့်ကိုပဲ အစကနေပြန်သွားပါ ..
အကောင့်သစ်အတွက်ဖြည့်ရမယ့် Form မှာ အဆင်ပြေသလိုဖြည့်ပြီး mobile phone အကွက်ထဲမှာ United States ကိုရွေး +1 ရဲ့နောက်မှာ စောစောက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြန်ပြီးထည့်
Location နေရာမှာလည်း United States ကိုပြန်ရွေး
သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးကို ရိုက်ထည့်
I agree to .... ရဲ့ရှေ့မှာ အမှန်ခြစ်တပ်
Next step ကိုနှိပ် ..












ဟိုက် ... နောက်ထပ် အကောင့်အသစ်ခု ထပ်ရပြန်ရောဟ ..
ဗျာ .. တတိယမြောက်အကောင့်လား ... တော်ရောပေါ့ဗျာ .. ဘာဖုန်းမှလည်း မသုံးပဲ google ဆီက ဘတ်ကီးပြပြီးယူလိုက်တာ .. တတိယမြောက်အကောင့်ရောက်ရင်တော့ google က သူငယ်ချင်းကို သတိထားမိသွားပြီး Verification Code တောင်းလာပါလိမ့်မယ် .. ဟုတ်ကဲ့ .. မဖြစ်မနေ ရချင်ရင်တော့ ဒီပို့စ်ကြီးရဲ့ အစအဆုံးပြန်လုပ်ပေါ့ဗျာ ..
ကြိုက်သလောက် လုပ်လို့ရပါတယ် ..
ဟို Pinger မှာဖွင့်ထားခဲ့တဲ့ tab ကိုတော့ ပိတ်ချင်ပိတ်ပစ်လိုက် .. လျှောက်ကလိချင်သေးရင် ကလိလိုက်ဦး .. ကျွန်တော်တို့က သူ့ကို ဖုန်းနံပါတ်လေး ခဏလောက် သွားငှားရုံပဲ သုံးလိုက်တာလေ ..
တစ်ခုခုမရှင်းတာတို့ရှိလာခဲ့ရင် ပြန်ပြောပါဗျာ ..
အဆင်မပြေစရာ Error တွေ တွေ့လာရင်လည်း ကျွန်တော့်ကို ပြန်ပြီး မျှဝေကြပါဦး
ကဲ .. gmail အကောင့်တွေ တစ်လှေကြီး မြန်မာနိုင်ငံသား သူငယ်ချင်းအပေါင်း  ပျော်ရွှင်နိုင်ကြပါစေဗျာ .

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အာလုံးပဲအဆင်ပြေပါစေ...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့သိသင့်တဲ့ အချက်များ

၁. အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်..
ဒါပေမယ့် ကိုယ်ဟာမိန်းကလေးဆိုရင် ချစ်သူတောင်းဆိုတိုင်းမလိုက်လျော့သင့်ပါဘူး
ယောက်ျားလေးတယောက်ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင် ရမ္မက်ပါတာမျိုးကို မတောင်းဆိုသင့်ပါဘူး.။ကိုယ့်ချစ်သူကို တန်ဖိုးထားသင့်ပါတယ်..။
မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ..။
၂. အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့်အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ.. ဖြေရှင်းချက်ပေးပါ... ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ် တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ...
၃. ကိုယ့်ချစ်သူက မှားကြောင်းဝန်ခံပြီး ဖြေရှင်းချက်ပေးတာက အကျိုးအကြောင်းသင့်လျော်ရင် ခွင့်လွှတ်ပေးလိုက်ပါ.. တစ်ခုတော့ ရှိပါတယ် သစ္စာမရှိတဲ့ လုပ်ရပ်ဆိုရင်တော့ ပြန်စဉ်းစားလိုက်ပါတော့.....။
၎. သင်ဟာ သင့်ချစ်သူကို စိတ်ဆိုးခဲ့ပြီဆိုရင်လည်း သူ ဘာ့ကြောင့် ဒီလိုဖြစ်တယ်.. သူ့ကို ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကို ပြောပြပါ... သူက အကြားအမြင်ရနေတဲ့ လူတစ်ယောက်မဟုတ်သလို သင့်စိတ်ထဲကိုလည်း သူအကုန် ၀င်ကြည့်လို့ မရပါဘူး သင်မှ မပြောရင် သူမသိနိုင်ပါဘူး ..
၅. စိတ်ဆိုးလို့ ဖုန်းမကိုင်တာ အဆက်အသွယ် မလုပ်တာမျိုးတွေကို ရှောင်ပါ.. သူ့ဖြေရှင်းချက်ကို ဆုံးအောင်နားထောင်ပြီးမှ ဆုံးဖြတ်ပါ.. တစ်ခဏ အတွေးတိမ်ခြင်းဟာ ဘ၀တစ်ခုလုံး အတွက် နောင်တရစရာဖြစ်နိုင်လို့ပါ.
၆. ချစ်သူကို စိတ်ချမ်းသာအောင်ထားပါ။ သင့်ကြောင့် စိတ်ဆင်းရဲ စေမယ်ဆိုရင် ကြာရင် စိတ်ကုန်သွားပြီး နောက်ထပ် အသစ်ရှာသွားနိုင်လို့ပါပဲ..။စိတ်ချမ်းသာအောင်ဆိုတဲ့နေရာမှာလည်း သူ့နေရာနဲ့ သူ့အတိုင်းကို ဆိုလိုခြင်းဖြစ်ပါတယ်..။
၇. ချစ်သူအချင်းချင်း ကိုယ့်ဘက်က မှားတာရှိရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့..။မိန်းကလေးမို့ ယောက်ျားလေးကပဲ ချော့ရမယ်ဆိုပြီး မတောင်းပန်တာမျိုးကိုရှောင်ပါ...။ယောက်ျားလေးမို့သိက္ခာကျတယ်ဆိုပြီး မတောင်းပန်တာမျိုး မလုပ်မိပါစေနဲ့..။ချစ်သူတွေမှာ ကိုယ်နာတာ သူသာတာမရှိပါဘူး ..
၈. ဆွယ်တော်ရွက်လိုသဘောထားနိုင်ပါစေ...။၂လွှာပေါင်းမှ တရွက်ဆွယ်တော်ရွက်လိုပဲ ချစ်သူ၂နှစ်ကလည်း ၂ယောက်ပေါင်းမှ တစ်ဘ၀ဆိုတာ အမြဲသတိရနေပါ.။ စိတ်ညစ်စရာကအစ ပျော်စရာအဆုံး ဖွင့်ဟနိုင်အောင်လုပ်ပါ. မိသားစု အရေးက အစ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ပြောပါ.. ဘာလို့လဲဆိုတော့ တစ်နေ့ဒီလူနှစ်ယောက်ပဲ တစ်သက်လုံးပေါင်းဖက်မှာ မို့လို့ပါပဲ..။ရှက်စရာမဟုတ်သလို သရော်လှောင်ပြောင်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး .။
၉. ရိုးသားပွင့်လင်းကြပါ..။တစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်မထားပါနဲ့..။အခု မသိလည်း နောင်သိမယ့် ကိစ္စတွေပဲဆိုတာ သတိရပါ...။
၁၀. စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စမှန်သမျှကို ရှင်းပါ.. ။ အခုရှုပ်မှ နောင်ရှင်းမည်ဖြစ်သည်..( အခုရှင်းမှ နောင်မရှုပ်မည်... :P )
မသိချင်ယောင်ဆောင်မနေပါနဲ့ .။ ရင်ထဲက အလုံးတွေများလာရင် တစ်ချိန်ချိန်မှာ အစုလိုက်အပုံလိုက်ပေါက်ကွဲထွက်ပြီးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်စရာတွေ ဖြစ်လာပါလိမ့်မယ်.. ။ တစ်ခုကို တစ်ခု ဖြစ်ဖြစ်ချင်းရှင်းတတ်ကြပါစေ.....
၁၁. ကိုယ့်ရဲ့ ချစ်သူရည်းစားမှာ ယောက်ျားလေး သူငယ်ချင်း မိန်းကလေးသူငယ်ချင်းဆိုတာ အနည်းနဲ့ အများရှိမှာပဲလေ.. ချစ်သူကို ယုံကြည်တယ်ဆိုရင် သိပ်မချုပ်ချယ်ပါနဲ့.။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ သစ္စာတရားကို အထင်မလွဲမိပါစေနဲ့..။ပညာရှိနည်းသုံးပြီး သူ့သူငယ်ချင်းအားလုံးကို ကိုယ်နဲ့ ခင်အောင်ပေါင်းထားပေါ့..။ သူ့အကြောင်းတောင် စုံစမ်းလို့ရသေး :P
၁၂. မိမိကိုယ်တိုင်လည်း သစ္စာရှိပါစေ.. ။ ချစ်သူက ဘယ်လောက်ပဲ သစ္စာရှိနေပါစေ..။ ကိုယ်က ရှုပ်နေခဲ့မယ်ဆိုရင် အဲ့လိုအချစ်မျိုးက ကြာကြာခံမယ် မထင်ပါနဲ့..။ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ ကျန်တဲ့ချစ်သူတွေက အလကားပါလို့ ပြောတိုင်း မယုံမိပါစေနဲ့..။ ပါးစပ်ပါရင် စကားဆိုတာဖြစ်မှာပါ..။ကိုယ်တိုင်သစ္စာရှိမှ ချစ်သူက သစ္စာရှိနိုင်မယ်ဆိုတာ အမြဲတွေးထားပါ..။
၁၃. ကြားစကားများကို တတ်နိုင်သလောက်မယုံမိအောင်ကြိုးစားပါ..။ ပတ်ဝန်းကျင်ဆိုတာ လိုတဲ့လူတွေ ရှိသလို မလိုတဲ့လူတွေ မနာလိုတဲ့လူတွေဆိုတာကလည်း ရိုက်သတ်လို့ ကုန်မယ်မထင်ပါဘူး.။ ဒီတော့ ကိုယ်ကိုကိုယ် ချင့်ချိန် စဉ်းစားပြီးမှ ယုံပေါ့...။ မျက်စိနဲ့ တပ်အပ်မြင်တာမျိုးဖြစ်ဖြစ် သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာမျိုးပဲဖြစ်ဖြစ် ကိုယ်တကယ် ကိုယ့်အပေါ်ကောင်းစေချင်တဲ့ လူမျိုးက ပြောမှ ယုံသင့်ပါတယ်..။ ကြားလေသွေးလို့ ဝေးသွားရတာမျိုးမဖြစ်စေရအောင် ကိုယ့်ဦးနှောက်နဲ့သေချာစဉ်းစားပြီး ယုံသင့်ပါတယ်.။
၁၄. နားလည်မှုရှိတတ်ကြပါစေ..။ချစ်သူတွေကြားမှာ အရေးကြီးဆုံး က နားလည်မှုပါပဲ..။ နားလည်မှုနဲ့ အရာရာကို တည်ဆောင်နိုင်လို့ပါပဲ။ ကိုယ့်ချစ်သူကို အချစ်စစ်နဲ့ချစ်တယ်ဆိုရင် နားလည်မှု တတ်နိုင်သလောက်ပေးပြီး အစစ အရာရာ အတွက် ညှိနှိုင်းဖြေရှင်းနိုင်ကြပါတယ်...။
၁၅. အကောင်းမြင်တတ်ပါစေ။ ကိုယ်က ချစ်နေတဲ့လူဆိုရင် ကိုယ့်ချစ်သူ ဘာပဲ လုပ်လုပ် ကောင်းတယ်လို့ ဖြစ်တတ်ကြတာသဘာဝ ပါပဲ..။ချစ်သူရဲ့ အပြုအမူတိုင်းဟာ ကိုယ့်အတွက် ချစ်ဖို့ကောင်းပြီး လုပ်သမျှ အကောင်းမြင်လို့ရနေရင် သေချာပါပြီ ကိုယ်ဟာ သူ့အပေါ်အကောင်းမြင်ဝါဒီစွဲ တစ်ယောက်ဖြစ်ခြင်းမသိဖြစ်နေပါပြီ...။
၁၆. ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး အရာရာ အလေးအနက်ထားတတ်ပါစေ..။သင်ဟာ ယောက်ျားလေး ဖြစ်စေ မိန်းကလေးဖြစ်စေ သင့်ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို အလေးအနက်ထားပါ..။
ဥပမာ- ချစ်သူရဲ့ မွေးနေ့ ၊ အမှတ်တရ ရက်စွဲများ ၊ နှစ်ပတ်လည်များကို တတ်နိုင်သလောက် မမေ့ပါစေနဲ့..။ ချစ်သူရဲ့ အလေးအနက်ထားတတ်ခြင်းက ချစ်ခံရသူရဲ့ စိတ်ကို 90% လောက်အထိ အချစ်တွေ တိုးတက်လာစေပါတယ်...
အားလုံး ချစ်ရသူနဲ့ အဆင်ပြေပြီး ထာဝရ လက်တွဲသွားနိုင်ကြပါစေ...။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"၁၂ ဂဏန်းတွေ စုံတဲ့ နေ့ မှာ ပြုလုပ်တဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ ရဲ့ မင်္ဂလာပွဲ"

"၁၂ ဂဏန်းတွေ စုံတဲ့ နေ့ မှာ ပြုလုပ်တဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ ရဲ့ မင်္ဂလာပွဲ" အနဂ္ဂနဲ့ သံသာဝင်းတို့ ရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာ ၁၂ရက် မနက်၉နာရီက St. Augustine's Catholic Church မှာ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ချစ်သူသက်တမ်း (၄)နှစ်ပြည့်တဲ့ နေ့ မှာ ပြုလုပ်တာဖြစ်ပြီး၊ ၁၂ဂဏန်းတွေ စုံတဲ့ နေ့ မှာ မင်္ဂလာပွဲကို ကျင်းပဖြစ်ခဲ့ခြင်းကလည်း ဘ၀အတွက် အမှတ်တရ ဖြစ်ချင်လို့ ပဲဖြစ်ကြောင်း အနဂ္ဂနဲ့ သံသာဝင်းတို့ ကပြောပါတယ်။ မင်္ဂလာပွဲကို နှစ်ဖက်သော မိဘဆွေမျိုးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့  အနုပညာ မောင်နှမများစုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။ လင်းအက္ခရာ ဓါတ်ပုံ - အိသွဲ့(တန့်ယန်း) Popul
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Windows 8 တွင် မြန်မာဖောင့် ထည့်နည်း

ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ  setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။ 
အဆင့်(၁) Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။

အဆင့်(၂) အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။


အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် zawgyi  font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

 
To download  (For zawgyi-keyboard)  >> Mediafire
To download  (For IEZawGyiGtalkfont) >> Mediaifre
အားလုံးကိုလေးစားလျက်.....
ဗဟုသုတတိုးပွားကြပါစေနော်.....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ရဲ၊ ဆေးရုံ၊ ကုလားတို့ ပေါင်းပြီး အိမ်ဖော်မလေး မနှင်းနှင်းလှိုင်တို့ အမှုပိတ်ပစ်ဖို့ ကြံစည်နေ”


မန္တလေး နိုဝင်ဘာ(၁၆)
မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ၅-၁၁-၂၀၁၂ ရက်နေ့က ဆေးကုသမှုခံယူနေသော မကွေးမြို့၊ ကန်ဖျားရွာမှ အိမ်ဖော်မလေး မနှင်းနှင်းလှိုင်(၁၂)နှစ်နှင့် ၎င်း၏အစ်မ မတင်တင်ဌေး (၁၄)နှစ်(လူနာစောင့်) တို့ အမှုကို ကုလားမိသားစုမှ ငွေသိန်းသုံးဆယ်ကျပ်ပေးပြီး လူမသိသူမသိ ပိတ်ပစ်ဖို့ ကြံစည်မှုတစ် ရပ် ဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ ညီနောင်စတီးဆိုင်ပိုင်ရှင် မိသားစုက မနှင်းနှင်းလှိုင်တို့ ညီအစ်မနှစ်ယောက်၏ မိခင်ဒေါ်ခင်မာရီကို တိတ်တဆိတ်စည်းရုံးပြီး ကြေအေးလက်မှတ်ထိုးခိုင်းခြင်းဖြစ် သည်။ ကြေအေး လက်မှတ်ထိုးဖို့အတွက် ငွေကျပ်သိန်းသုံးဆယ် ပေး၍ စည်းရုံးကြောင်းသိရသည်။ ကျူးလွန်သူ အစန်း(ခ)ဖတ်တီး(ခ)မုဆိတ်၏ မိခင်ကြီးမှာ အစန်းထောင်ကျသွားလျှင် စိုးရိမ်သောကရောက်၍ အသက်သေဆုံးသွားနိုင်သည့်အတွက် အကူအညီတောင်း အသနားခံကာ တောင်းပန်ကြသော ကြော င့် ဒေါ်ခင်မာရီက လက်မှတ်ထိုး၍ ကြေအေးပေးလိုက်ခြင်း ဖြစ်ကြောင်းသိရ၏။
အမှတ်(၈)ရဲစခန်းမှ အမှုစစ် ဦးလှဦးကလည်း ဆေးစာမကျသေး၍၎င်း၊ တရားရုံးမတင်ရသေး၍၎င်း၊ အမှုပိတ်၍ရသည်ဟုဆိုကာ ကျူးလွန်းခံရသူ ကာယကံရှင်ကို အသိမပေးဘဲ မိခင်ကြီးကို ကြေအေးလက် မှတ်ထိုးခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ထို့သို့ ကာယကံရှင်ကို အသိမပေးဘဲ ကြေအေးလက်မှတ်ထိုးခိုင်းသည့် ကိစ္စကြောင့် အမှတ်(၈) ရဲစခန်းမှ စခန်မှူးနှင့် ပါဝင်ပတ်သတ်သူများကို တိုင်းရဲတပ်ဖွဲ့က စစ်ဆေးအရေးယူဖို့ ပြင်ဆင်နေကြောင်း၊ ဘယ်ပုံဘယ်နည်း အရေးယူမည်ကို မသိရသေးကြောင်း၊ ကာယကံရှင်မပါဘဲ မိခင်တစ်ယောက်တည်း သဘောနှင့် ကြေအေးခွင့်ရနိုင်ကြောင်းသိရသည်။
၅-၁၁-၂၀၁၂-ရက်နေ့မှ စ၍ ၄င်းအမှုကို ဦးဝီရသူစိတ်ဝင်စားခဲ့ကြောင်း၊ ခိုကိုးရာမဲ့သော အညတရ မိသားစု ဖြစ်၍ ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းခဲ့ရာ ယခုဆိုလျှင် အလှူရှင်များစွာ ပေါ်ထွန်းလာ ခဲ့ကြောင်း၊ ဆေးရုံဆင်းလျှင် စားစရိတ်၊ နေစရိတ်၊ အမှုရင်ဆိုင်စရိတ်စက ကုန်ကျမှုများကို ကူညီဖို့နှင့် အလုပ်အကိုင် ရှာဖွေပေးသည့် အဆင့်ထိ ကူညီမည်ဖြစ်ကြောင်း ကတိစကားပြော အားပေးခဲ့ကြောင်း သိရသည်။
ဆေးရုံအုပ်ကြီးနှင့် ဆေးရုံတာဝန်ခံ ဆရာဝန်ကြီး ဦးဌေးဦးတို့၏ ကုလားမိသားစုကို တံခါးမရှိ ဓားမရှိ ဝင်ခွင့်ပေးထားခြင်း၊ ဗမာများကို ပိတ်ပင်ထားခြင်း၊ ဗမာများကို တွေ့ခွင့်ပေးလျှင်လည်း နည်းမျိုးစုံတင်းကြပ်၍ အစောင့်အကြပ်များ ချထားခြင်း၊ ခြိမ်းခြောက်ဟိန်းဟောက်လွှတ်ခြင်း၊ အမှတ်(၈)ရဲစခန်းမှူးမှ “ပစ္စည်းကိုင်ခိုင်းတိုင်း တရားစွဲလို့မရဘူး၊ သက်သေရှိလား၊ သက်သေမရှိဘဲ လာမပြောနှင့်” စသည်ဖြင့် ကုလားဘက်မှ အကာအကွယ်ပေးကာ ဗမာများကို ချိုးနှိပ်ပစ်ခြင်းတို့မှာ ရဲ၊ ဆေးရုံနှင့် ကုလားတို့ ပူးပေါင်း၍ မြန်မာအချင်းချင်း မရိုင်းပင်းပဲ ဝိုင်းဝန်းညှဉ်းပန်း နေကြောင်း သိသာစေပါသည်။
ယခု အမှုကြေအေးဖို့အတွက် ကုလားမိသားစုမှ ငွေကျပ်သိန်းတစ်ရာကျော် ကုန်ကျခံရ မည် ဖြစ်ကြောင်း၊ ကလေးမလေးအတွက် သိန်းသုံးဆယ်ဆိုလျှင် တစ်ခြားဌာနများအတွက်လည်း သိန်းသုံးဆယ်အောက် လျှော့မည်မထင် ကြောင်း၊ ဌာနဆိုင်ရာအရာရှိတစ်ယောက်က မှတ်ချက်ပြုပြော ကြားခဲ့ပါသည်။
သွေးမတော်သားမစပ်ဘဲ ဝိုင်းဝန်းထောက်ပံ့ကူညီလှူဒါန်း စောင့်ရှောက်လျှက်ရှိသော ရဟန်းရှင် လူ ပြည်သူများ၏ မျက်နှာကို မထောက်ထား သမီးဖြစ်သူမျက်နှာကို မငဲ့ညှာဘဲ ငွေသိန်းသုံး ဆယ်နှင့် ကြေအေးခဲ့သော မိခင်ဒေါ်ခင်မာရီမှာ ငိုပြသူကို သနားအားနာခြင်း၊ ငွေကြေးချို့တဲ့ခြင်းတို့ ကြောင့် ဖြစ်ကြောင်း၊ ဝေဖန်ပြောဆိုနေကြလျှက် ရှိကြပါသည်။(လူထုသတင်းထောက်(၉၆၉)
ဆရာတော်ဦးဝီရသူ(မစိုးရိမ်) ဆိုဒ်မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“မြန်မာမြေပေါ်မှာ လူပါးဝနေတဲ့ ကုလားတွေ”

(ကုလားညီးအစ်ကိုနှစ်ယောက်ရှိတယ် ဦးကိုလေးနှင့် ဦးဖေစိန်လို့ခေါ်တယ်။ ဦးကိုလေးက ဒေါ်အေးအေးနှင့် အိမ် ထောင်ကျသွားပြီး ဗုဒ္ဓဘာသာခံယူသွားတယ်။ ဖခင်ဖြစ်သူ ဦးဖိုးဆောင်းက ညီအစ်ကိုနှစ်ယောက်လုံးကို အိမ်ဝိုင်းတစ်ဝိုင်း ထဲမှာ ၃၁၇/၂၀၀၀ နှင့် ၃၁၈/၂၀၀၀ အိမ်ခွဲအမွေပေးခဲ့တယ်။ ဦးကိုလေးသေဆုံးသွားတဲ့အခါ ၎င်း၏ညီ ဦးဖေစိန်က ‘အစ္စလာမ်မြေပေါ် ဗမာမထားနိုင်ဘူး’ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ဒေါ်အေးအေးကိုနှင်ချဖို့ လုပ်ကြံတယ်။ ဒေါ်အေး ခရီးထွက်ချိန်မှာ ဒေါ်အေး၏ မောင်ဖြစ်သူ အိမ်စောင့်နေခိုက် တရားစွဲတာပါ။ ကာယကံရှင်ဒေါ်အေးက အမှုရင်ဆိုင်မှု လုံးဝမပြုလိုက်ရဘဲ ဂရံတုနှင့် စတင်တိုက်ခိုက်တာကို ထုံးစံအတိုင်း မြန်မာ့ရဲ၊ မြန်မာ့တရား သူကြီးနှင့် မြန်မာ့အာဏာပိုင်တို့က ကုလားနှင့်ပူးပေါင်းပြီးဝိုင်းဝန်းအနိုင်ကျင့်လိုက်တာပါ။
ဖခင်ဖြစ်သူ ဦးဖိုးဆောင်သေတာက ၁၉၆၂-ခု၊ ဦးကိုလေးအိမ်ဆောက်တာက ၁၉၈၂-ခု၊ ဖခင်ဦးဖိုးဆောင်အမည်နှင့် ဂရံလုပ်တာက ၂၀၁၂-ခု၊ ဂရံအတုကိစ္စကို အာဏာပိုင်များက ဖုံးကွယ်ထားလောက်အောင် ညီဖြစ်သူဦးဖိုးစိန် (ကုလား မြေပေါ်မှာ ဗမာမထားနိုင်ဘူး ဟု ပြောဆိုသူ) ပေါက်ရောက်နေသည်မှာ ကိုယ်ပျောက်လက် အဖွဲ့တော့ ရှိနေမှာသေချာ ပါတယ်။ နေရာတကာမှာ စနစ်တကျနဲ့ ဗမာတွေကို အနိုင်ကျင့်နေတာတွေဟာ ကိုယ်ပျောက်လက် အဖွဲ့အစည်းကြီးရဲ့ ဗျူဟာမြောက် ဂျီဟဒ်အနုစားလေးလား………?
အတူနေမူဆလင်တွေကိုယ်တိုင်က ဒေါ်အေးမတရားခံရတာ ဦးဖေစိန်မတရားလုပ်တာ သက်သေပြကြပေမယ့်၊ ကိုယ်ပျောက်လက်ရဲ့ လက်ချက်နှင့် ဒေါ်လာမှိုင်းမိကုန်ကြတဲ့ တာဝန်ရှိတွေရဲ့ သစ္စာမဲ့မှုတွေပါ။
မြန်မာမြေပေါ်မှာ ကုလားတွေ လူဝါးဝလွန်းနေပြီနော်။ ကုလားယူတဲ့ အမျိုးသမီးတွေ သေတဲ့အထိ အခုလို ပညာ အပြ ခံရလိမ့်မယ်နော်…….။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မွေးနေ့ ရက်များက ပြောသော လူတယောက်ရဲ့ အမူအကျင့်များ

ဒီနေ့ ဖူးစာက သူငယ်ချင်းတွေကို  ၂၀၀၅ ခုနှစ် နိုဝင်ဘာလက ဖူးစုံ ဆယ်ကျော်သက် မဂ္ဂဇင်းထဲက ဆောင်းပါးရှင် ၀င်းကိုကို ရေးသားထားတဲ့ မွေးနေ့ အလိုက် တိရိစ္ဆာန်အကောင်လေး များနဲ့ တင်စားထားတဲ့လူတယောက်ရဲ့ အမှုအကျင့်တွေ ဘယ်လိုရှိတယ်ဆိုတာ ကိုယ့်မွေးနေ့ရက်လေးနဲ့တွက်ကြည့်ရတဲ့  ဗေဒင် လေးကို ပြန်လည်ကူးယူတင်ပြပေးလိုက်ပါတယ်..ရှင်  ကျွန်မ တွက်ကြည့်တော့ အားလုံးနီးပါး မှန်နေတယ်လေ။ သူငယ်ချင်းတို့လည်း ဗေဒင် ၀ါသနာ ပါသည်ဖြစ်စေ ၀ါသနာ မပါလည်း အပျော်သဘောလေးတော့ တွက်ကြည့်လိုက်နော်........ ။
(၁)ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့
(၂)ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်
(၃)မတ်
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်
(၄)ဧပြီ
၀၁ - ၀၃ ခွေး
၎ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်
(၅)မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့
(၆)ဇွန်
၀၁ - ၀၃ ကြွက်
၎ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်
(၇)ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်
(၈)သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်
(၉)စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး
(၁၀)အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်
(၁၁)နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်
(၁၂)ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်
(၁)ခွေး မွေးနေ့
၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကိုစိတ်ရင်း အားဖြင့် လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကိုရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်း လိုက်ဖက်သည့်အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်း အသင်းများ အလယ်တွင်ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။
(၂)ကြွတ် မွေးနေ့
၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလား ကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ် ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်ကစကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။
(၃)ခြင်္သေ့ မွေးနေ့
၃။ အကယ်၍ သင့်မွေးနေ့သည် ခြသေ့င်္င့်္ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်း နိုင် သူလည်း ဖြစ်သည်။ သူတပါး၏ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။
(၄)ကြောင် မွေးနေ့
၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်များကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကိုလေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျားလိုက်တတ် သည်။ ပုံမှန်အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများ က သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။
(၅)လိပ် မွေးနေ့
၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူ ဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှနောက်ကွယ် မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။
(၆)ချိုးဌက် မွေးနေ့
၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ဂယက်ရိုက်မှုနှင့်ကင်းကွာ နေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလို လား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦးဖြစ်သည်။
(၇)ကျားသစ်နက် မွေးနေ့
၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများ ကို ကူညီတတ်သူဖြစ်သည်။
(၈)မျောက် မွေးနေ့
၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက် လိုသူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ် သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ် ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည်။
အကောင်းအဆိုးတွေနဲ့ တွဲနေတတ်တဲ့ သူငယ်ချင်းတို့ရဲ့ မွေးနေ့ ဗေဒင်လေးမှာ အကောင်းလေးတွေဆိုယင်တော့ ၀မ်းသာမိမှာပေါ့
 အဆိုးအညံ့လေးတွေ ဆိုယင်လည်း ကိုယ့်ရဲ့ အကျင့် စိတ်ဓါတ် ခံယူချက်လေးတွေကိုပြုပြင်ပြီး  မိမိဘ၀ရဲ့ အောင်မြင်မှုကို ကိုယ်တိုင်ပဲ့ကိုင်ကြရအောင်နော်။
ဆောင်းပါးရှင် ကိုဝင်းကိုကို  ကျေးဇူးပါ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်းတို့ရဲ့ Desktop Screen အတွက် Christmas လက်ဆောင်

ဒီဇင်ဘာလ အတွက် ခရစ်စမတ် skin လေးနဲ့ ကိုယ့် စက်ကို အလှဆင်ဖို့ ပါ Window 7 အတွက် ကြိုက်ရင်အောက်မှာ ဒေါင်းလိုက်နော်

Download
မူရင်းမှာလည်းဒေါင်းလို့ရပါတယ်နော်
http://www.hackinguniversity.in/2011/11/christmas-skin-pack-windows...

ဒါလေးက နောက်တခု

Download
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီဇင်ဘာလအတွက်ဗေဒင်...

ဗေဒင်

ဆရာမျိုးဟန်ကို - 2012, Decembre လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက် 

ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်  မပြေဘဲဖြစ်မည်။ နေရာ ထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ရမည်။              ငွေကြေးကိစ္စများ ရသလောက် ကုန်ကျမှုများ နေမည်။ လူလိမ်ခံရမည်။ မိမိထက် ကြီးကဲ သူများနှင့် စကားများရမည်။ ယခုလအတွင်း ဆုံးဖြတ်ရ ခက်သော ကိစ္စများ ဖြစ်ပေါ်နေမည်။ လူဝင်မည် ရွှေဝင်မည်။ ဘာသာရေးကိစ္စများ အလှူအတန်း ကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကံညံ့နေမည်။ ခရီးယာယီ သွားလာရမည်။ လက်ဆောင်ပစ္စည်းများ ဝင်မည်။ အချစ်ရေး ကိစ္စများ ချစ်သူနှင့် အထင်လွဲမှုများ စကားများမှုများ ဖြစ်မည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေလာမည်။ ကျန်းမာရေး မျက်စိအားနည်း ၊ ကိုယ်ခန္ဒာ ညောင်းညာခြင်း ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အုန်းနို့ဆွမ်း ၅ ပွဲကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၉၈၀၇၇
                                                    ၂။ တနင်္လာ သားသမီးများ အတွက်
ယခုလအတွင်း ဆုံးဖြတ်ချက် မှားတာတွေ ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ အလုပ်နှင့် ပက်သက်၍ ခရီးထွက် ရမည်။ ငွေဝင် သော်လည်း ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ ခရီးဝေး ထွက်ရမည်။ မိမိလက်အောက် ငယ်သားများနှင့် စကားများရမည်။ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရမည်။ အဝတ် အထည်ဝင်မည်။ ကြွေးတင်မည်။ ကြာသပေးတေးနံ ထွက်မည်။ ပညာရေး တိုးတက်လာမည်။ အချစ်ရေးကိစ္စများ ယခုအချိန်တွင် အဆင်မပြေ သေးပါ။ အိမ်ထောင်ရေး စိတ်နေ သဘောထား စကားများနေရမည်။ ကျန်းမာရေး အိပ်ရေးပျက် ၊ ခေါင်းမူးခြင်း ကိစ္စများ ၊ ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက်တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကိတ်မုန့် ၅ ချပ်ကို နေအိမ်ဘုရားတွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၄ ၀ ၅ ၃
၃။ အင်္ဂါ သားသမီးများ အတွက် 
ယခုလ အတွင်း မိမိရည်ရွယ်နေသာ စိတ်ကူးများ အဆင်မပြေသေးပါဘူး။ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကို နည်းနည်းလေး စောင့်ရဦးမှာပါ။ ယခု အချိန်မှာ စမ်တူကိစ္စများကို
စနစ်တကျ ပြုလုပ်ဆောင်ရွက်ပါ။ မမျှော်လင့်ပဲ အဖက်ဖက် ကူညီသူပေါ်မည်။ စီးပွားရေးတိုးတက်လာမဲ့ လမ်းစပေါ်မည်။ ငွေကြေးကိစ္စများ အဆင်ပြေနေသာ လာမည်။
အဖမ်းအဆီး အစစ်အဆေး ကိစ္စများ ကြုံမည်။ မိသားစု ကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ခရီးကိစ္စများ ပုံမှန်လေး အဆင်ပြေပါသည်။ ပညာရေး ကြိုးစားမှု နည်းနေမည်။ အချစ်ရေးမှာ အဆင်ပြေသော ချစ်သူ ရရှိမည်။ အိမ်ထောင်ရေးကိစ္စများယာယီခွဲနေရမည်။ ကျန်းမာရေးကိစ္စများ သွေးသားနဲ့ ပက်သက်သော ကျန်းမာရေးညံ့မည်။ ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ဆီထမင်း ၃ပွဲ ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၂ ၇ ၀ ၈
       ၄။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
ယခုလအတွင်း အလုပ်အကိုင်များ ပုံမှန် အနေအထား လေးမှာ တည်ရှိနေမည်။ မိမိက ကြိုးစားသော်လည်း ပတ်ဝန်းကျင် အနှောင့် အယှက် ရှိနေပါသည်။ ပေါင်းသင်း ဆက်ဆံရေးတွင် ယုံကြည်မှု အလွဲသုံးစားခံရခြင်း နှင့်အတူ အတိုက်အခံများ ရှိနေသောလည်း အောင်မြင်မည်။ ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ထီကံစမ်းပေးပါ။
ငွေကြေးကိစ္စများ အနည်းငယ် ကူညီမည့်သူ ရှိနေမည်။ မိမိ မိသားစုအတွင်း ပြသာနာများ အတွက် စိတ်ညစ်နေရမည်။ မိသားစု နှစ်ဖက်စလုံး ဖြေရှင်းရမည်။
ပညာရေး ကံကောင်းပါသည်။ အချစ်ရေးကိစ္စများ ချစ်သူနှင့် အဆင်ပြေနေသော် မလိုအပ်သော ကိစ္စများ ပြသာနာများကို ချစ်သူ နှင့် အတူ ဖြေရှင်းနေရမည်။
အိမ်ထောင်ရေးမှာ စိတ်ပျော်နေသော အချိန်လေးပါ။ မိသားစုအတွင်း စိတ်ညစ်မှု ပျော်ရွှင်မှု ပေးနိုင်သော အချိန်ဖြစ်သည်။ ယခုလ ကျန်းမာရေးမှာ လေရောဂါ ၊
စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် ရေခဲမုန့် ၃ခွက် ကပ်လှူ၍ လိုရာ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၇ ၉ ၀ ၎
 ၅။ ကြာသပတေး သားသမီးများ အတွက် 
ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ကြိုးစားလုပ်ဆောင် နေရမည်။ စိတ်ပင်ပန်း ကိုယ်ပန်းဖြစ်နေ သော်လည်း အောင်မြင်နေသော အချိန်လေးပါ။
ယခုလအတွင်း ကြာသပတေး သားသမီးများ အနေဖြင့် အခွင့်လမ်းကောင်းကြုံတွေ့နိုင်မှုနှင့် အတူ နာမည်ကြီးခြင်း နာမည် ကောင်းရခြင်းများ ကြုံမည်။
ငွေကြေးကိစ္စများ ငွေဝင် ကိန်းရှိပါသည်။ ငွေကြေးကိစ္စများနှင့် ပက်သက်၍ ကူညီပေးသူ ပေါ်မည်။ မိတ်ဆွေများ သူငယ်ချင်းများ အတွက်နဲ့
အနည်းငယ် စိတ်ညစ်ရမည်။ ပညာရေကိစ္စများ ကြိုးစား လုပ်ဆောင် ရမည်။ ခရီးကိစ္စများ သွားလာမှု ကိစ္စများ နေမည်။ အချစ်ရေးမှာ အဆက်အသွယ်များ
ရရှိလာမည်။ လွမ်းနေရသော်လည်း ပျော်စရာ ကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ ဒီလအတွင်းအိမ်ထောင်ရေး ကိစ္စများရန်ဖြစ်လိုက် ပြန်ချစ် လိုက်နဲ့ ပျော်စရာ ကောင်းသော နေ့ရက်လေးကို ဖြတ်သန်းနေရမည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပြောင်းဖူး ၃လုံး ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၇ ၆ ၅ ၎
၆။ သောကြာ သားသမီးများ အတွက် 
ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အကူအညီပေးသူ ပေါ်မည်။ လုပ်ငန်းကိစ္စများ အားလုံး အဆင်မပြေပေမဲ့ စိတ်ပူစရာ မရှိပါ။
အဆင်ပြေလာမည်။ လုပ်ငန်းကိစ္စများ နေရာတိုင်ခင်းကိစ္စများ ပြောင်းရွေ့မှု ရှိသော်လည်း အဆင်ပြေလာမည်။ မိမိထက်ကြီးသူ မိမိကို ကူညီသော်လည်း
မိမိအား စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ စကားများရကိန်း မရှိပေမဲ့ အနည်းတော့ စိတ်ညစ်နေမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်နေမည်။
ငွေကြေး ကူညီပေးသူရှိပါသည်။ အဖတ်မတင်ပါ။ ရသလောက် ကုန်ကျမှုများ ရှိသည်။ ခရီးယာယီကိစ္စများ အမြဲသွားလာနေရမည်။ ပညာရေးမှာ ကံညံ့နေသော အချိန်လေးပါ။
အချစ်ရေးကိစ္စများ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ ပြသာနာ ကြီးကြီးမားမား မရှိပေမဲ့ စကားများရနေမည်။ ခဏ ယာယီ ခွဲခွာရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။
စကားပြောဆိုမှုများလည်း အောင်မြင်ပါသည်။ ဒီလအတွက် ကျန်းမာရေးမှာ သွားနာခြင်း ၊ အအေးမိခြင်း ဖြစ်မည်။
ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ် နေအိမ်ဘုရားတွင် သံပရာရည် ၁ခွက် ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၆ ၅ ၈ ၇
                                                    ၇။ စနေသား သမီးများ အတွက်
ယခုလအတွင်း အလုပ် အကိုင်ကိစ္စများ မိမိ လုပ်ဆောင်နေသော ကိစ္စများ အဆင်ပြေလာမည်။ မိမိနှင့် ဆက်ဆံ နေရသူများက မိမိအား ငြိုငြင်နေမည်။ ဂရုစိုက်၍ ပေါင်းသင်းပါ။
ငွေကြေး အဆင်ပြေသေးပါ။ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို ဖြစ်နေမည်။ ငွေကြေးများ ကူညီသူ ရှိသော်လည်း စိတ်ညစ်မှုများ ရှိနေပါသည်။ ငွေဝင်ကိန်း ရှိပါသည်။ အဝတ်အထည် အသစ်ဝင်မည်။ ခရီးကိစ္စများ မမျှော်လင့်ပဲ သွားရမည်။ စက်ပစ္စည်းဝင်မည်။ ပညာရေးကိစ္စများ တိုးတက်လာမည်။ စနေနံပစ္စည်းများ ဝင်မည်။ ဘာသာရေးကိစ္စများ ပါဝင်ကူညီလုပ်ဆောင်ရမည်။ ကျန်းမာရေး ထိမိခိုက်မိ မကြာခဏဖြစ်ပေါ်မည်။ အချစ်ရေးကိစ္စများ ကံကောင်းပါသည်။ ရည်ရွှယ်သူနှင့် ဖူးစာဆုံရမည်။ အိမ်ထောင်ရေး
ကိစ္စများ အဆင်ပြေပါသည်။
ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဒူရင်းသီးကို မိမိ နေအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုး ပေးသောဂဏန်းများမှာ ။ ။ ၃ ၇ ၅ ၁

(အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ကေအယ် ၊ ကိုတာရာယာ ၊ ဖုန်း- ၀၁၇ ၂၂၆၀ ၇၁၅ ) ယခုလလေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

အဘ ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို -
Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force

Photo: ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။ တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။ ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ -- Ref: autoblog Photo courtesy of autoblog. All Rights Reserved. <a href=http://www.colayonline.com.mm/automobile/ http://blog.techspace.com.mm/2012/12/mercedes-benz-ener-g-force.html --" height="378" width="504" />
ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။

တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။

ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Video,Photo တွေကိုဆလိုက်ရှိုး လုပ်ဘို့ အကောင်းဆုံး၊အပေါ့ပါးဆုံး Effect တွေအစုံဆုံး Photodex ProShow Producer v5.0.3280


 

အွန်လိုင်းမိတ်ဆွေများအားလုံး မင်္ဂလာပါ 
ဒီနေ့တော့ Video Editing လုပ်တဲ့ Santhoes  ဆိုသူ သူငယ်ချင်းတစ်ယောက်က
 “ကိုနိုင် photo slideshow လုပ်တဲ့ program effect လှလှလေးနဲ့ လိုချင်တယ် ဘယ်ဟာကောင်းလဲဗျာ ” လို့မေးလာလို့ 
ကျနော် ကိုယ်တိုင်လဲ အမြဲသုံး နေတဲ့  Partable လုပ်ထားပြီးသား Photodex ProShow Producer v5.0.3280  နောက်ဆုံး Version လေးကို  တခြားလိုချင်တဲ့သူတွေလည်း
အသုံးပြုလို့ရအောင် တင်ပေးလိုက်ပါတယ်
အရမ်းကိုပေါ့ပါးပြီးတော့ Video,Photo တွေကိုဆလိုက်ရှိုး လုပ်ဘို့ အကောင်းဆုံး၊အပေါ့ပါးဆုံး Effect တွေအစုံဆုံးလို့တောင် ပြောရမှာပါ ။ 
စတိုင်တွေလည်းတော်တော်စုံပါတယ်  မိမိစိတ်တိုင်းကျ Edit လုပ်လို့လည်းရပါတယ်  
USB device တွေထဲ Copy လုပ်ထည့်ပြီး  အခြား ကွန်ပြူတာ များမှာလည်း  Install လုပ်စရာမလိုပဲ အလွယ်တကူ အသုံးပြုနိုင်ပါတယ် 
ဖိုင်ဆိုဒ်လည်း သိပ်မကြီးလှပါဘူး 60 MB ပဲရှိပါတယ် ပြန်ဖြည်လိုက်ရင်တော့ 90 MB ရှိပါတယ်

လိုချင်သူများ အောက်က Link ကိုတဆင့်သွားပြီးယူလိုက်ကြပါ ။


အားလုံး အဆင်ပြေကြပါစေဗျာ...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS