RADIO

What is current song?

RSS

ထူးဆန်းထွေလာ


အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါသည်..။


ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိရပါသည်..။


John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။


Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါသည်..။


အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါသည်..။


Space Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အရင်းကတော့  Chayne Hultgren ဖြစ်ပါသည် ၄င်းသည် သူရဲ့အောက်မျက်ခုံးနှင့် 907 ပေါင် အလေးချိန်ရှိတဲ့ အထက်ပါလှည်းကို ဆွဲပြကာ ဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။


Austrain မှ Oliver Gratzer ဆိုသည့် အမျိုးသားတစ်ယောက်သည် ရေခဲသေတ္တာ 24 လေးလုံးကို အဝေးဆုံးသို့ ပျက်စီးအောင်လက်ဖြင့် တွန်းဖယ်ကာ တစ်မိနစ်အတွင်း လုပ်ပြခဲ့ပါသည်..။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး
ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး
ဖြစ်မယ်လို့ ယူဆပါတယ်။
အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။
ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် စုပ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။
ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နိုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။
ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင်အတော်များနေပြီ
ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။
၁။ Motorola W385
ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ရေဒီယိုလှိုင်းစုပ်ယူနိုင်မှု
ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။
၂။ HTC Magic
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်းဖြစ်ပါတယ်။ Android
1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။
၃။ Motorola i335
၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန်ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။
သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။
၎။ Blackberry Bold
ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့
မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၅။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။
၆။ Kyocera Jax S1300
ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်း
မှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။
၇။ Sony Ericsson Xperia X10 Mini Pro
၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။
၈။ Sony Ericsson Satio
Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်းမြန်မာပြည်မှာ အသုံးပြုနေကြပါ
တယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။
၉။ Motorola Droid 2 Global
သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။
၁၀။ Motorola Bravo
Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်
ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။
ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ
တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျှော်
လင့်ပါတယ်။
ကျန်းမာရေး ဗဟုသုတ တိုးပွါးနိုင်ကြပါစေ...။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အောက်တိုဘာ30 ညတွင်အမေရိကန်နိုင်ငံသို့ဝင်ရောက်ခဲ့သော sandy မုန်တိုင်းနှင့် နောက်ဆက်တွဲ အခြေအနေ

ဆန်ဒီ (Sandy) အမည်ရှိ အပူပိုင်းဟာရီကိန်းမုန်တိုင်းသည်အောက်တိုဘာ ၂၉ ရက်ကနယူးယောက်မြို့မှ မိုင် ၄၀၀ ခန့် အကွာ၊ ကိတ်ဟက်တာရက်စ်မြို့ မှ အရှေ့တောင်ဘက်မိုင် ၂၆၀အကွာပင်လယ်ပြင်ကို ဗဟိုပြုလျက် တစ်နာရီကို ၁၀ မိုင်နှုန်းဖြင့် အမေရိကန်ပြည်ထောင်စုသို့ဦးတည်ရွေ့လျားလျက်ရှိပြီးအမေရိကန် အရှေ့ပိုင်းကမ်းခြေဒေသများကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် ၀င်ရောက်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
အဆိုပါမုန်တိုင်းကြောင့် မြောက်ကာရိုလိုင်းနားနှင့် ဗာဂျီး နီးယားပြည်နယ်တစ်လျှောက် စတုန်ရန်းမိုင် ၇၀၀ အတွင်းမုန်တိုင်း ဒဏ်ပြင်းထန်စွာခံရဖွယ်ရှိကြောင်း သတိပေးအမိန့်ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းကြောင့် အမေရိကန်အရှေ့ပိုင်းကမ်းရိုးတန်း ဒေသများတွင်
ရေလွှမ်းမိုးမှုနှင့် ကြီးမားသည့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်နိုင်သဖြင့် ကမ်းရိုးတန်းနေပြည် သူများဘေးကင်းရာသို့ရွှေ့ပြောင်း နေထိုင်ကြရန် အမေရိကန်ပြည် ထောင်စုမိုးလေ၀သဌာနမှ ကြိုတင် သတိပေးအမိန့်ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် နယူးယောက်မြို့ရှိ ခရီးသွားလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားပြီး၊ လေယာဉ်ခရီးစဉ် များအားလုံးကိုလည်း ယာယီဖျက် သိမ်းထားသည်။ အောက်တိုဘာ ၂၉ ရက်မှစ၍ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးကိုလည်း ပိတ် ထားပြီး အရေးကြီးအစည်းအဝေး များကိုလည်း ရွှေ့ဆိုင်းထားရသည်။
အဆိုပါမုန်တိုင်းကြောင့်လာမည့် နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမဲဆွယ်စည်း ရုံးမှုများကိုလည်း ဖျက်သိမ်းထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ခဲ့သော Sandy ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိ ကန်တွင် သေဆုံးသူ ၂၆ ဦးခန့် ရှိခဲ့ပြီ မုန်တိုင်းဖြတ်သန်းခဲ့ရာ ကာရေဘီယံဒေသ တွင်လဲ သေဆုံးသူ ၆၇ ဦးခန့် ရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၅ ခုမှ လူဦးရေ၇သန်းခွဲကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရကာ မြေအောက်၇ထားလမ်းများလဲပြတ်တောက်သွားပြီးရေလွှမ်းနေကာ လေကြောင်းလိုင်းပေါင်း ၅၀၀၀ ခန့်မှာ ခရီးစဉ်များ ရပ်ဆိုင်းသွားကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၂၀ ဘီလီယံကျော်ခန့် ရှိနိုင်ကြောင်းခန့်မှန်းချက်များထွက်ပေါ်လျှက်ရှိသည်။ သေဆုံးသူများမှာ ယာဉ်တိုက်မှုများ ၊ သစ်ပင်ပြိုလဲမှုများ ၊ နေအိမ်ပြိုလဲခြင်းများကြောင့်သေဆုံးခြင်းများဖြစ်ကြောင်းသိရသည်။
ယခုထပ်မံရရှိသောသတင်းများအရ သေဆုံးသူအရေအတွက်မှ ၂၉ဦးသို့တိုးမြင့်သွားကြောင်းသိရသည်။

အမေရိကန် အရှေ့ဘက်ခြမ်းဒေသစံတော်ချိန် အောက်တိုဘာ ၃၀ ရက်နေ့ ည ၁၀နာရီခွဲမှာ စန္ဒီမုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း ၅၀ ရှိသွားပြီလို့ အေပီ သတင်းက ဆိုပါတယ်။ သတင်းဌာနတွေမှာ ကွဲလွဲချက်တွေတော့ ရှိနေပါတယ်။ မကြာခင်တော့ အစိုးရက တရားဝင် ကြေငြာနိုင်ပါတယ်။ အခုထိတော့ နေရာအနှံ့မှာ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေစဲမို့ သေဆုံးသူအရေအတွက် အများကြီးတိုးလာနိုင်တယ်လို့ ယူဆကြပါတယ်။
.အများစုကကျိုးကျလာတဲ့ သစ်ပင်တွေ ပိပြီး သေဆုံးခဲ့ကြတာပါ။ ပျက်စီးမှုတွေအတွက် ဆုံးရှုံးမှုကိုတော့ ဘီလီယံများစွာလို့ တွက်ဆနေပြီး ဒီအရေအတွက်တွေဟာလည်း ဆက်ပြီးမြှင့်တက်နေပါတယ်။
လတ်တလော မုန်တိုင်းရိုက်ခတ်တဲ့ဒေသက လူသန်းပေါင်း၈.၂သန်းကျော်လျှပ်စစ်မီးမရဘဲ မြို့အတော်များများမှာလည်း
ရေလွှမ်းနေစဲ ဖြစ်ပါတယ်။ရာသီဥတုကြောင့် နယူးယောက် စတော့ဈေးကွက် ၂ ရက်ဆက်တိုက် ပိတ်တယ်ဆိုတာက လွန်ခဲ့တဲ့ နှစ်တရာကျော် ၁၈၈၈ ခုနှစ်က နောက်ဆုံး ဖြစ်ခဲ့ဖူးပါတယ်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ပုံမှန်အတိုင်း မနက် ၉ နာရီခွဲမှာ ပြန်ဖွင့်မယ်လို့ ကြေငြာထားပါတယ်
နူးယောက်ခ်မြေအောက်ရထားစနစ် နာလန်ထူနိုင်ရန် တစ်ပတ်ကျော်ကြာနိုင်

အဂ္ဂမဟာ စူပါမုန်တိုင်းကြီးဖြစ်သည့် ဟာရီကိန်း စန္ဒီ (Hurricane Sandy) နူးယောက်ခ်မြို့ကို ကျော်ဖြတ်၍ နိဂုံးခပတ် အဆုံးသတ် သွားခဲ့သော်လည်း ယခုအခါ မုန်တိုင်း၏ နောက်ဆက်တွဲ အနေဖြင့် နူးယောက်ခ်၏ လမ်းပန်းဆက်သွယ်ရေး မြေအောက်ရထားစနစ် (Subway) ရပ်တန့်သွားခဲ့ရပြီး နူးယောက်ခ်မြို့ကြီး ဒုက္ခိတ ဖြစ်ခြင်းတည်း ဟူသော အကျိုးဆက်ကို ထားရစ်ခဲ့ပါတယ်။ ဒီလို ရပ်တန့်သွားမှုကို ပြန်လည် ထူထောင်ပြီး နာလည်ထူလာနိုင်ဖို့ ရက်သတ္တပတ် တစ်ပတ်ကျော်ကြာနိုင် သလို ကုန်ကျစရိတ်အားဖြင့် အမေရိ ကန်ဒေါ်လာ လီလျံချီပြီး ကုန် ကျနိုင်ကြောင်း Bloomberg သတင်းဌာနက ခန့်မှန်းထားပါတယ်။

ယမန်နေ့က လေပြင်းတိုက်ခတ် မြစ်ရေတက်မှုတွင် MTA ၏ မြေအောက် ဥမင်လိုဏ်ခေါင်း ၇ ခု ရေများပြည့်လျှံသွား ခဲ့ရပြီး၊ နေ့ စဉ် နူးယောက်ခ်သူ/ သား ၈.၇ သန်းကျော်တို့ အသုံးပြုနေတဲ့ မြေအောက်ရထားစနစ် ရပ်တန့် သွားခဲ့မှုကြောင့် ၎င်းစနစ်ကို အသုံးပြုပြီး ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဆက်စပ်လုပ်ငန်းများ ရပ်တန့်သွားခဲ့ရပါတယ်။ "အချိန်သည် ငွေ၊ ငွေသည် အချိန်" လို့ ဆိုတဲ့အတိုင်း ၎င်းစနစ် နာလန်ထူထောင်နိ

ုင်ဖို့ တစ်ပတ်ကျော် ကြာနိုင်မယ်လို့ ခန့်မှန်းထားပြီး ဘီလျံချီ ကုန်ချနိုင်တာမို့၊ သူ့ကို အမှီသဟဲပြု တဲ့ စီးပွားရေးလုပ်ငန်းများဟာလည်း ရှုံးငွေ တစ်နေ့ကို ဘီလျံနဲ့ ချီပြီး ရှိနိုင်ပြန် ပါတယ်။
လူဦးရေ ၅ သန်းကျော် အသုံးပြုနေတဲ့ နယူးယောက်မြို့ရဲ့ရထားခရီးစဉ်တွေ
လုံးဝရပ်တန့်သွားပါတယ်။ ဒါကလည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ အခြေအနေတရပ်ပါ။ ဘယ်လောက်ကြာမှ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲနိုင်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ နယူးယောက်မြို့နဲ့ ၀န်းကျင်မှာ လျှပ်စစ်မီးပြန်ရဖို့ တပတ်လောက် အချိန်ယူရမယ်လို့ လျှပ်စစ်ကုမ္မဏီက ပြောပါတယ်။

မုန်တိုင်းကြောင့် နေအိမ်အဆောက်အဦ ပျက်စီးမှုတန်ဖိုး ဒေါ်လာ ၂၀ ဘီလီယံ၊ စီးပွားရေး လုပ်ငန်းတွေမှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၁၀ ကနေ ၃၀ ဘီလီယံ လို့ ခန့်မှန်းပါတယ်။ အမေရိကန်သမိုင်းမှာ သဘာဝဘေးဒဏ်ကြောင့် တန်ဖိုးအကြီးဆုံး ပျက်စီးဆုံးရှုံးမှုလို့ ပြောနိုင်ပါတယ်။

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သင့်ရဲ့အွန်လိုင်းမိတ်ဆွေကို အကောင်းအဆိုး ဘယ်လို ဆန်းစစ်ကြည့်မလဲ ?

နင် အထီးကျန်ဖြစ်ဘူးလား။ တစ်ယောက်ယောက်နဲ့ စကားတစ်ခုခုလောက် ပြောလိုက်ချင်စိတ်တွေ ပေါ်ဘူးမှာပေါ့။ ဒါဆို အွန်လိုင်းပေါ်က နင့်စကားကို နားထောင်ပေးမဲ့သူ၊ ကူပီး ခံစားပေးမဲ့သူ တစ်ဦးဦးကို ရှာကြည့်ချင်မှာပဲ။ အွန်လိုင်းမှာက ချတ်ရွန်းတွေ၊ IM တွေကအစ ကမ္ဘာအနှံ့က သူတွေနဲ့ ပေးဆုံတွေ့နိုင်တဲ့ ဆားဗစ်တွေ အပုံအပင်ကိုး...အွန်လိုင်းပေါ်ကနေ အလွန်လွယ်ကူစွာ တစ်ဦးဦးနဲ့ ခင်မင်နိုင် ပီးတော့ ပိုပြီး ရင်းရင်းနှီးနှီး အကျွမ်းဝင်စေနိုင်တယ်လေ...

ဘာပဲဖြစ်ဖြစ် နင် သူ့အာဝဇွန်းမမိခင်၊ သူလှည့်ဖျားတာ မခံရခင်မှာ...ဦးဆုံးသိထားဘို့က...သူ့ကိုယ်သူ ပြောပြောနေတဲ့ "သူ" ဟာ "အမှန်အကန်" လားဆိုတာ သေချာမှ ဖြစ်မယ်။ ဒီလို ပြောလို့ စိတ်မကွက်ပါနဲ့။ အွန်လိုင်းပေါ်ကနေ တွေ့ဆုံရင်းနှီးခင်မင်ပြီး ထာဝရ လက်တွဲသွားကြတဲ့ ဇတ်လမ်းတွေလည်း အများကြီးရှိသလို...အွန်လိုင်းပေါ်က လူစိမ်းကို ယုံမိလို့ အကွက်ဆင်ခံရ၊ အလွဲသုံးစားပြုခံရ၊ အသတ်တောင်ခံရတဲ့ ဇတ်လမ်းတွေလည်း ဒုနဲ့ဒေးဆိုတာ နင် သိမှာပါ။

အွန်လိုင်းပေါ်က သူငယ်ချင်းကို ဆန်းစစ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါရဲ့...

(၁) ပြီးပြည့်စုံသော လူဟူ၍မရှိ (Nobody Is That Perfect)

တကယ်လို့ နင်တွေ့တဲ့ သူ တစ်ယောက်က ဘားမှ ပြောစရာမလိုအောင် ကောင်းနေတယ်ဆိုပါစို့.. ဒါဆို နင် ပြန်လှန် စဉ်းစားကြည့်ပါ။ ဘယ်သူမှ အောက်ပါအရည်အချင်းတွေ အကုန်လုံးနဲ့ မပြည့်စုံ နိုင်ဘူးလေ။ ဥပမာ သဘောလည်းကောင်း၊ ရုပ်ရည်လည်းချောမော၊ ပါရမီရှင်၊ ပီးတော့ ဆွဲဆောင်အားလည်းကောင်းတယ်ဆိုရင် ဒါ တစ်ခုခုတော့ မှားနေလိမ့်မယ်။ သူ့မှာ ဘာအားနည်းချက် အမှားမှ မရှိနေဘူးလား...ခဏလေး စဉ်းစားကြည့်ပါဦး..ဒါဆို သူလို ဘာမှ ပြောစရာ မလိုအောင် ကောင်းမွန် ပြည့်စုံနေတဲ့ သူက နင့်ကို ဘာအတွက် အလောတကြီး အွန်လိုင်းကနေ ချဉ်းကပ်လာတာလဲ ဆိုတာကိုပေါ့...။

နင့် အွန်လိုင်း သူငယ်ချင်း တစ်ဦးဦးကများ နင့်ကို ဒီလို အင်တိုက်အားတိုက်နဲ့ ပိပိရိရိ ချဉ်းကပ်နေတယ်ဆိုရင်...နင် သူ့ အပြုအမူအပေါ် ဆန်းစစ်ဖို့တော့ လိုလာပါပြီ။

(၂) စကား စကား ပြောပါများ စကားထဲက ဇာတိပြ (Read Between The Lines)

အွန်လိုင်းမှာ တွေ့တဲ့သူထက်စာရင် အပြင်မှာ လူချင်းတွေ့တဲ့ သူကို အကောင်းအဆိုး ဝေဖန် ပိုင်းခြားရတာ လွယ်ပါတယ်။ သူ့ အမူအရာ၊ မျက်နှာသွင်ပြင်၊ ကိုယ်နေဟန်ထား၊ လေသံ အပြောအဆိုကနေတဆင့် သူပြောနေတာ အမှန်အကန် ဟုတ်မဟုတ် သိနိုင်တယ်လေ။ ဆိုင်ဘာကမ္ဘာထဲက အွန်လိုင်းရွာမှာတော့ နင့်အနေနဲ့...သူ သုံးနှုန်းတဲ့ စကားလုံးနဲ့ ဖြစ်မြဲကိစ္စတစ်ချို့အပေါ် သူ့လုပ်ဆောင်ချက်တွေကပဲ သူ အမှန်အကန် ဟုတ်မဟုတ် ဆန်းစစ်ခွင့် ရှိပါရဲ့..
အွန်လိုင်း သူငယ်ချင်း တစ်ယောက်ဟာ အလိမ်အညာလား ဘာလားဆိုတာ အမိဖမ်းဖို့ရာ.. သူ ပြောတဲ့ စကားတွေကို အသေအချာ အာရုံစိုက်ကြည့်ဘို့ လိုပါတယ်။ လူမျိုးရေး၊ ဘဝခံယူချက်၊ဘာသာရေး၊ အိမ်ထောင်ကွဲခြင်းအပေါ်ခံယူချက်နှင့် နင့်အတွက် အရေးပါတဲ့ တခြားကိစ္စတွေ အပေါ်မှာ သူ ဘယ်လို တုံ့ပြန်သလဲဆိုတာ စောင့်ကြည့် မှတ်သားရပါမယ်။ လူလိမ်၊ လူညာတွေဟာ ကိစ္စအမျိုးအမျိုး အတွက် မုသားမပါတဲ့စကားတွေ ကြိုမပြင်ထားနိုင်ပါဘူး။ နင် သူ့ကို စကားများများ ပြောကြည့်ရင် ပေါ်တာပါပဲ...။

(၃) သူ အရမ်းဟော့နေလား (Too Hot To Handle)

တကယ်လို့ နင် မနုဿမုဆိုးရဲ့ သားကောင် မဖြစ်ချင်ရင်တော့ လိင်ကိစ္စအလို့ငှါ ပို့လာတဲ့ မက်ဆေ့ခ်ျတွေကို သတိထား ကိုင်တွယ်ရလိမ့်မယ်။ နင့် အွန်လိုင်းသူငယ်ချင်းက ဒါမျိုးမှာ အလွန်ဟော့နေတယ်ဆိုရင်တော့ တနေ့နေ့ နင့်ကို သူ့ လိင်ဝက်ဘ်ဆိုက်ကို ရောက်အောင် မျှားခေါ်လိမ့်မယ်။ နင့်ကို တန်ဖိုးထားတဲ့ သူဆိုရင် ဒီလို လုပ်မှာ မဟုတ်ဘူးနော်။

၎) သူများမကောင်းကြောင်းချည့် အတင်းကပ်တုပ်နေတတ်လား
(Rants About Almost Everything)

သူများ မကောင်းကြောင်းချည့် အတင်းကပ်တုပ်နေတဲ့ သူမျိုးနဲ့ ဆုံမိတယ် ဆိုရင်...သူ့ကို နင် သတိထား ဆက်ဆံရလိမ့်မယ်။ နင့် ရွေးလိုက်တဲ့ အွန်လိုင်းကမ္ဘာထဲမှာ သူတွေက ဒီလိုမျိုး အစိုးရမကောင်းကြောင်း၊ ဘောစိမကောင်းကြောင်း၊ တွေ့ဘူးတဲ့လူတိုင်း မကောင်းကြကြောင်း ပြောတဲ့ အသိုင်းအဝိုင်းဖြစ်နေရင် နင် နောက်သာဆုတ်လိုက်ပါ။ နင်ဟာ ဒီလို သူများတကာပေးတဲ့ အပုပ်တွေ၊ အတင်းတွေ လိုက်ယူနေတဲ့ အပုပ်ချခံ တစ်ယောက် မဖြစ်သင့်ပါဘူး။

(၅) အန္တရာယ်အမြဲ လွယ်နေရတဲ့ ဘဝ (Likes To Live Dangerously)

နင့် အွန်လိုင်းဖရန့်ဟာ သူ ဥပဒေ ချိုးဖောက်တတ်တာကို ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ရှိသလား ? လိုက်နာလို့လဲ ကိစ္စမရှိတဲ့ ဘာမဟုတ်တဲ့ ကိစ္စလေးကအစ လိုက်ချိုးဖောက်နေတတ်တယ် ဆိုရင်တော့ သူ့မှာ သူများကို လေးစားတတ်တဲ့ စိတ် အာဏာပိုင်နဲ့ မသင့်မတင့် ဖြစ်တတ်တဲ့ ပြဿနာ ရှိနေပြီ။ ဒီလို လူမျိုးနဲ့ တာရှည် လက်တွဲဘို့ နင် စဉ်းစားမှာ မဟုတ်ဘူး မှတ်လား။

၆) ငွေတောင်းခြင်း (Asks For Money)

လူလိမ်လား လူညာလားလို့ သိနိုင်တဲ့ သင်္ကေတတစ်ခုက နင့်ဆီက ငွေလာတောင်းတာပါပဲ။ ဒီလို မတောင်းခံခင်မှာ နင့်ကို ဘာမှ ဥပါဒ်မပေးပဲ လအတန်ကြာ ချတ်နေတတ်ပါတယ်။ ပထမတော့ နည်းနည်းပေါ့ နောက်တော့ ငွေ ပမာဏအများကြီး တောင်းတတ်ပါတယ်။

(၇) ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လိုချင်ခြင်း
(Wants Personal Information)

နင့် ပါစင်နယ်တွေ ... ဥပမာ အသက်၊ ဝင်ငွေ၊ နာမည် အစစ်၊ လိပ်စာ၊ တယ်လီဖုန်း၊ စီးပွားရေး စတာတွေကို အရမ်း စပ်စုလာပီ ဆိုရင် ဒါလည်း သင်္ကေတတစ်ခုပါပဲ။ နင် နဲ့ သူ ရဲ့ အွန်လိုင်းမှ ရင်းနှီးမှု့ ရဖို့အတွက် ဒါတွေ မလိုအပ်ဘူးလေ။ ဘာလို့ လာမေးတာလဲ ဆန်းစစ်ကြည့်ဦး...။

(၈) အနိုင်ကျင့်တတ်ခြင်း (Loves To Bully)

သူ စိတ်ညစ်အောင်လုပ်တာ၊ အနိုင့်ကျင့်တာ ခံရဘူးလား။ အနည်းအကျဉ်းလောက်ကော...? ခံရဘူးရင်တော့ သူဟာ သူများကို ကြီးနိုင်ငယ်ညှင်းလုပ်တတ်သူ၊ အနိုင်ကျင့်တတ်သူ ဖြစ်ဖို့ များနေပြီ။ အွန်လိုင်းပေါ်ကတောင် ဒီလို အနိုင်ကျင့်တတ်တဲ့၊ စိတ်ညစ်စေတဲ့သူနဲ့ ရေရှည်ဆက်ဆံဖို့ မဖြစ်နိုင်ပါဘူး။

(၉) အခုတွေ့ အခုကြိုက်လား
(Professes His Or Her Love In Just A Few Days)

သူနဲ့ အွန်လိုင်းမှာ တွေ့တာ ရက်သတ္တပတ် အနည်းငယ်အတွင်း နင့်ကို ချစ်ရေးဆိုလာလား? နင်တို့ချင်း တွေ့တောင် မတွေ့ဘူးပဲနဲ့လေ။ ဒါဆိုရင် သူမရိုးသားဘူး။ အန္တရာယ်များပါတယ်။ ချက်ချင်း ချစ်တတ်တဲ့သူတွေဟာ ချက်ချင်းမုန်းလွယ်တဲ့ လူစားမျိုးဆိုတာ သဘောပေါက်ထားပါ။ ဒီထက် ပိုဆိုးတာက လူလိမ်လူညာ ဆိုင်ဘာ ရာဇဝတ်သားတွေ အများစုဟာ နင့်ကို ချဉ်းကပ်ဖို့ရာ ချစ်ချင်ယောင်ဆောင်လေ့ရှိပါတယ်....။

(၁၀) လူချင်းတွေ့ရအောင် လောဆောနေခြင်း
(Forces You To Meet In Person)

အွန်လိုင်းဘော်ဒါက နင်နဲ့ လူချင်းတွေ့ရအောင် လောဆော်နေတယ်ဆိုရင်.. ခဏလေး ဟိုးထားပြီး သူ့အပြုအမူက ဘာကို ရည်ရွယ်သလည်းဆိုတာ ပြန်စဉ်းစားပါဦး။ အတင်းအဓမ္မကြီး ဇွတ် တစ်ခုခုလုပ်ခိုင်းနေတာလား။ ဒါဆို အနိုင်ကျင့်တာပဲ။ အဓမ္မပြုမူခြင်းက သူဟာ အရမ်း အန္တရာယ်များတဲ့ သူတစ်ယောက်ဖြစ်ကြောင်း သင်္ကေတပါပဲ...။

Source http://www.onlinesecurityauthority.com/thoughts-on-security/10-ways... ကို ဘာသာပြန်ဖော်ပြပါသည်။ ကွဲလွဲချက်ရှိပါက ဘာသာပြန်သူ၏ အားနည်းချက်သာ ဖြစ်ပါသည်။ ၎င်းကွဲလွဲချက်များကို ပြင်ဆင်ဖတ်ရှုကြပါရန်။
Sein Nan
HomeNotesBlogPhotosVideoCalendarLinks
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဖုန်းအားသွင်းတုန်းအ၀င်ဖုန်းလက်ခံမိတဲ့သူဒီလိုဖြစ်သွားတယ်တဲ့

မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ -ကျွန်တော် တတ်သလောက်ဘာသာပြန်ပေးလိုက်ပါတယ် .....
ဒါကိုဖတ်ကြည့်ပါ .... MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ်
အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လ
...ာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့ အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါတယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ်ပေါက်ကွဲခဲ့ ပါတယ်.....
ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....
သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်...
သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......မင်းအားသွင်းနေတုန်း ဖုန်းဝင်လာရင် လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......
ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သီတင်းကျွတ်


သီတင်းကျွတ်နဲ့ ပတ်သက်ပြီးတော့ ဘာမှာမတင် နိုင်တာ ခင့်လွတ်ကြပါခင်ဗျာ.......ဘာမှ ဗဟုသုတမပေးနိုင်ပေးမဲ့ ဆုတောင်းလေးတော့ တင်ပေးလိုက်ပါတယ်နော်...ပျော်ရွှင်ချမ်းပြေပြီးလူကြီးတွေကပေးတဲ့
မုန့်  ဖိုးလေးတွေးလည်း များများရကြပါစေနော်.....
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာနိုင်ငံ၌ အမြင့်ဆုံးဖြစ်လာမည့် ၃၄ ထပ်မြင့် အဆောက်အအုံ အင်းလျားကန်အနီး တည်ဆောက်မည်


ဲမြန်မာနိုင်ငံ၌ အမြင့်ဆုံး ၃၄ထပ် အမြင့်ရှိ လူနေကွန်ဒိုမီနီယမ်တစ်ခုကို မရမ်းကုန်း မြို့နယ်၊အင်းလျားကန်အနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် Mandalay Golden Wings(MGW) ဆောက်လုပ်ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀အကုန်အကျခံကာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမည်ဖြစ်သည်။
ဒိုင်းမွန်းအင်လျားကွန်ဒိုကို ဧရိယာ နှစ်ဧကကျော်ကျယ်သည့် မြေကွက်လပ်တွင် လာမည့်နိုဝင်ဘာ
လဆန်းမှ စတင်တည်ဆောက်မည်ဖြစ်သည်။
ထို အဆောက်အအုံသည် အင်းယားလိတ်ခ် ဟိုတယ်အနီး၊ ပါရမီလမ်းမနှင့်လည်း နီးမည်ဖြစ်သည်။
ဒိုင်းမွန်းအင်းလျားကွန်ဒို တည်ရှိရာ နေရာသည် ယခင် အမှတ်(၁)စက်မှု ၀န်ကြီးဌာနပိုင် မျက်နှာ
သုတ်ပ၀ါစက်ရုံ ဟောင်းတည်ရှိခဲ့သည့် နေရာဖြစ်ကာ အစိုးရက လေလံတင်ရောင်းချခဲ့သည့်
မြေကွက်လည်းဖြစ်သည်။
အင်းလျားကန်နှင့် ပေ ၁၀၀ ခန့်သာဝေးကွာပြီး ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများနှင့်ဆိုင်ခန်းများ
တည်ရှိသည်။
၃၄ ထပ်မြင့်မည့် အဆိုပါကွန်ဒိုတွင် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည် ဖြစ်ကာ ပထမထပ်မှ
ဆဋ္ဌမထပ်အထိ ကားစီးရေ ၅၆၀ ဆံ့သော ကားပါကင် အဖြစ် ထည့်သွင်းမည်ဖြစ်သည်။
သတ္တမအထပ်နှင့် ၃၂ ထပ်တွင် ကွန်ဒိုနေထိုင်သူများအတွက် ၀န်ဆောင်မှု ပေးမည့် Service floor
facilities ၄၅ ရာခိုင်နှုန်းနှင့် အခန်းဧရိယာ ၅၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။
ဖျော် ဖြေရေးအတွက် ရုပ်ရှင်ရုံငယ်လေးများ အပြင် အားကစားအတွက်လည်း အဆင် ပြေစေမည့်
နေရာများ ဖန်တီးပေးထား မည်ဖြစ်သည်။
အဋ္ဌမထပ်မှ ၃၄ ထပ်အထိ လူနေ အခန်းများဖြစ်ကာ အများဆုံး အိပ်ခန်း လေးခန်းပါရှိသည့်
စတုရန်းပေ ၃,၀၀၀ အကျယ်မှ အကျဉ်းဆုံး အိပ်ခန်းတစ်ခန်း သာပါဝင်သည့် စတုရန်းပေ ၈၅၀
အကျယ် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည်ဖြစ်သည်။
အပေါ်ဆုံးထပ်တွင် တစ်လုံးလျှင် စတုရန်းပေ တစ်သောင်းကျော် ကျယ်သည့်ခေါင်မိုးအိမ်လေးလုံး
လည်းပါရှိ မည်ဖြစ်သည်။
"တိုင်းရင်းသားပိုင် ဖြစ်ပါတယ်။အခန်းတွေကို ပြည်တွင်းကော နိုင်ငံခြားသားတွေကိုပါ မျှပြီး
ရောင်းချမှာ ဖြစ်ပါ တယ်"ဟု အဆိုပါစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းအဆောက်အအုံသည် အင်္ဂလိပ်အက္ခရာ အယ်လ်ရှိတ်ဖြစ်ပြီး အဆောက်အအုံသုံးခုတွဲထား
သည့် ပုံစံဖြစ်ကာ ဓာတ်လှေကား စုစုပေါင်း ၁၄ စင်း ပါရှိမည် ဖြစ်သည်။
အများသုံးနေရာများ၊ အိုလံပစ်အဆင့်ရှိ ရေကူးကန်၊ အားကစားခန်းမ၊ မီနီမတ်ကက်တို့ ပါရှိမည်
ဖြစ်ပြီး လုံခြုံရေးအတွက် စီစီတီဗီကင်မရာများ နေရာ အနှံ့တပ်ဆင်ထားမည်ဟု ဆိုသည်။
"အရေးပေါ် မီးသတ်ဖို့အတွက် ထွက် ပေါက်တွေ၊ အချက်ပေးကိရိယာတွေ၊ မီးသတ်စက်အကြီးစား
နဲ့ ဂါလန်သုံးသိန်းကျော်ဆံ့တဲ့ မီးသတ်ရေကန်လည်း ပါရှိပါမယ်"ဟု အဆိုပါစီမံကိန်းမှအင်ဂျင်နီယာ
ချုပ် ဦးချစ်ဆွေညွန့်က ပြောသည်။
"အခန်းတိုင်းလိုလိုကို မီးလောင်တာနဲ့ အချက်ပေးမယ့်ကိရိယာတွေပါရှိမယ်။ ဒီအတွက် မီးလောင်
ရင် အချိန်မရွေး သုံး နိုင်မယ့် ဓာတ်လှေကားလည်းပါဝင်မယ်"ဟု စီမံကိန်းအင်ဂျင်နီယာဦးချစ်မောင်
က လည်း ပြောသည်။
အဆိုပါ ကွန်ဒိုမီနီယမ်စီမံကိန်းတွင် ၃၄ ထပ်အမြင့် ရှိမည်ဖြစ်သောကြောင့် အင်းလျားကန်နှင့်
နီးသဖြင့်လည်း မြေစမ်းသပ်မှုများကို လနှင့်ချီဆောင်ရွက်ထားပြီး လေတိုက်နှုန်း တစ်နာရီ မိုင်
၁၂၀ ဒဏ်နှင့် ငလျင်ဒဏ်ကိုလည်း ၈ ဒသမ ၅ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိအောင်
တည်ဆောက်မည်ဖြစ်သည်။
ဒိုင်းမွန်းအင်းလျားကွန်ဒိုကို ထိုင်းနိုင်ငံ အခြေစိုက် Process Myanmar အဖွဲ့ က ဒီဇိုင်းရေးဆွဲပေးပြီး
မြန်မာအင်ဂျင် နီယာများနှင့်အတူ တည်ဆောက်မည် ဖြစ်သည်။
ထို့ပြင် အဆောက်အအုံ အရည်အသွေးနှင့်ပတ်သက်ပြီး ထိုင်း နိုင်ငံရှိ AIT တက္ကသိုလ်မှ ပညာရှင်
တစ်ဦး ဦးဆောင်သည့်အဖွဲ့ကလည်း ကူညီမည် ဖြစ်သည်။
လူနေအိမ်ခန်းများကို နိုဝင်ဘာ ၁ ရက် နေ့မှ စတင်အရောင်းဖွင့်မည်ဖြစ်ကာ ဘဏ်ချေးငွေများဖြင့်
အရစ်ကျဝယ်ယူ နိုင်ရန်လည်း စီစဉ်မည်ဖြစ်သည်။
ယခုဒိုင်းမွန်းအင်းလျားကွန်ဒိုမီနီယမ်ကို တည်ဆောက်မည့် ဆောက်လုပ်ရေးကုမ္ပဏီသည်
မန္တလေးမြို့ရှိ ရတနာပုံဒိုင်းမွန်းပလာဇာကို တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီလည်း
ဖြစ် ကာ အစုရှယ်ယာဝင် အများအပြား ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံ၌ အမြင့်ဆုံးအထပ်မြင့် အဆောက်အအုံမှာ ကုန်သည်ကြီးများ ဟိုတယ်
ဖြစ်ပြီး စုစုပေါင်း ၂၂ ထပ် မြင့်မားသည်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ထွက်ပြေပြီတဲ့

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS