RADIO

What is current song?

RSS

ကြည့်ချင်စဖွယ် ပုံဖော်ဖန်တီးမှုလေးတွေ.&တခြားအိုင်ဒီယာ အလန်းလေးတွေ....

ပုံဖော်ထားတာလေးတွေ တွေ့လို့ တင်ပေးလိုက်ပါတယ် ။ 

credit : http://perierga.gr/
perierga.gr - Impressive food ... sculptures!


perierga.gr - Impressive food ... sculptures!
Eggplants, watermelons, apples, bananas and whatever else is in the kitchen came in sight of the artist ... and "transformed" into works of art! With detailed and carefully moves the Ilian Iliev demonstrated that sculpture in food is his specialty ...
perierga.gr - Impressive food ... sculptures!
How else to say this, when an eggplant is ... shoe and a watermelon transformed into spectacular flower? The least we can say is that these edible sculptures are visual amenity and not taste!
Perierga.gr - Flower Festival in Germany!
Perierga.gr - Flower Festival in Germany!
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
Perierga.gr - Flower Festival in Florida
ပုံလေးတွေကို ကြည့် ပြီး သယ်ချင်းတို့ ကြည်နူးနိုင်ကြပါစေနော်......ပျော်စရာနေလေးပါ
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ



  •  ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ 
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်) 
  • သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

  • ရတနာသုံးပါး
၁။ ဘုရား
၂။ တရား
၃။ သံဃာ
  
  • ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်


  • သံဝေဇနိယ လေးဌာန
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ


  • သတ္တဌာန ခုနှစ်ပါး
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်


  • ဘုရားဂုဏ်တော်ကိုးပါး
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။


  • တရားဂုဏ်တော် ခြောက်ပါး
၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။


  • သံဃာ့ဂုဏ်တော် ကိုးပါး
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။


  • အနှစ်သုံးပါး
၁။ ဒါန   ၂။ သီလ   ၃။ ဘာဝနာ

  • ပစ္စည်းလေးပါး
၁။ ဆွမ်း     ၂။ ဆေး      ၃။ သင်္ကန်း      ၄။ ကျောင်း

  •  ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း



  • ဆွမ်းအကျိုး ငါးပါး
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း


  • ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။


  • သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။


  • တရားနာခြင်း၏ အကျိုး ငါးပါး
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။


  • မေတ္တာအကျိုး ၁၁ ပါး
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။


  • သည်းခံခြင်းအကျိုး ငါးမျိုး
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။


  • အပယ်လေးပါး
၁။ ငရဲ        ၂။ တိရိစ္ဆာန်       ၃။ ပြိတ္တာ     ၄။ အသူရကာယ်

  • ကပ်သုံးပါး
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်


  • ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။


  • ရန်သူမျိုး ငါးပါး
၁။ ရေ       ၂။ မီး      ၃။ မင်းဆိုး      ၄။ သူခိုး      ၅။ မချစ်မနှစ်သက်သောသူ

  • ၀ိပတ္တိတရား လေးပါး
၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း


  • ဗျသနတရား ငါးပါး
၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း


  • ကိလေသာ သုံးပါး
၁။ လေဘ       ၂။ ဒေါသ       ၃။ မောဟ

  • ကာလ သုံးပါး
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ


  • အဂတိတရား လေးပါး
၁။ ဆန္ဒ        ၂။ ဒေါသ       ၃။ ဘယာ       ၄။ မောဟ

  • မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း


  • သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း          ၂။ သေဆုံးခြင်း

  • ကံသုံးပါး
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း


  • အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ


  • ပိဋကတ် သုံးပုံ
၁။ သုတ္တန်        ၂။ ၀ိနည်း       ၃။ အဘိဓမ္မာ

  • စေတနာ သုံးတန်
၁။ ပုဗ္ဗ = ကြိုတင်စေတနာ 
၂။ မုဉ္စ = ပြုဆဲစေတနာ 
၃။ ပရ = ပြုပြီးစေတနာ


  • လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊

  • လောက သုံးပါး
၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက


  • ဗြဟ္မစိုရ်တရား လေးပါး
၁။ မေတ္တာတရား       ၂။ ကရုဏာတရား       ၃။ မုဒိတာတရား      ၄။ ဥပက္ခာတရား

  • သမ္ပတ္တိတရား လေးပါး
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။


  • သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု


  • ခန္ဓာ ငါးပါး
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ

၅။ ၀ိညာဏက္ခန္ဓာ

  • သစ္စာ လေးပါး
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ 
၃။ နိရောဓသစ္စာ 
၎။ မဂ္ဂသစ္စာ

  • စေတီ လေးမျိုး
၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ 
၃။ ဥဒ္ဓိဿစေတီ 
၎။ ပရိဘောဂစေတီ

  • ဥပါယ်တံမျဉ် လေးမျိုး
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကြင်လင် နှင့် မယားတို့ ကိုယ်စိတ်နှတ်ဖြာ ချမ်းသာစေနိုင်သော နည်း ၇ နည်း

အကြင်လင် နှင့် မယားတို့ ကိုယ်စိတ်နှတ်ဖြာ ချမ်းသာစေနိုင်သော နည်း ၇ နည်း
ဥပဒေသ အမှတ် ( ၁ )။ ။နားပူနဆာ မလုပ်ပါနှင့်
ဥပဒေသ အမှတ် ( ၂ )။ ။အကြင်လင်မယားတို့သည် တစ်ဦးကို တစ်ဦး ငြီးငွေ့အောင်မလုပ်သင့်ပါ
ဥပဒေသ အမှတ် ( ၃ )။ ။ဆူပူကြိမ်းမောင်းခြင်း မပြုပါနှင့်
ဥပဒေသ အမှတ် ( ၄ )။ ။စေတနာဖြင့် ချီးကျူးရန် မမေ့နှင့်
ဥပဒေသ အမှတ် ( ၅ )။ ။တဖက်သားကို ကြင်နာယုယ ပါ
ဥပဒေသ အမှတ် ( ၆ )။ ။ရိုသေလေးစားပါ
ဥပဒေသ အမှတ် ( ၇ )။ ။အိမ်ထောင်သည်တို့ ၏ ရာဂစိတ် ပြေငြိမ်းကြောင်း စာအုပ်ကောင်းကို ဖတ်ပါ
၁၉၉၃ ခု ဇွန်လတွင်ထုတ်ဝေသော် အမေရိကန်မဂ္ဂဇင်း တစ်စောင်တွင် အမ္မက်ကရိုဇီယာ ရေးသားသော `အိမ်ထောင်များ အဘယ့်ကြောင့်ပျက်ရသနည်း` ဆောင်းပါးတစ်စောင်ပါရှိလေသည်။ အောက်ပါမေးခွန်းတို့သည် ထိုဆောင်းပါးမှ ကောက်နုတ်၍ ဖော်ပြလိုက်ချင်း ဖြစ်ပါသည်။ ထိုမေးခွန်းများ ကို သင်ကိုယ်တိုင်ဖြေဆိုနိုင် အကျိုးရှိပေလိမ့်မည်။ `ဟုတ်ကဲ့` ဟု ဖြေနိုင်သော အဖြေတိုင်းကို အမှတ် ၁၀ မှတ်ပေးပါ။ အားလုံးကို ဖြေပြီးလျှင် သင်အမှတ်မည်မျှရသည်ကို တွက်ကြည့်ပါလေ။
ယောက်ျားများအတွက်
၁။ သင်သည် သင်၏ မိန်းမကို မညားမီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေးက အစ လက်ဆောင်ကလေးအစ ပေးလျက်ရှိပါသေးသလား။ မညားမီကကဲ့သို့ သင်၏ မိန်းမအပေါ်တွင် ကြင်ကြင်နာနာနှင့် ယုယ ထွေးပိုက်ခြင်းရှိပါသေးရဲ့လား။
၂။ အခြားလူများရှေ့တွင် သင့်မိန်းမကို ပြစ်တင် ဆူပူကြိမ်းမောင်းခြင်း မျိုးမှ အထူဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။
၃။ သူ သဘောကျ သလို သုံးစွဲနိုင်ရန် သင့်မိန်းကို အိမ်စရိတ် အပြင် ငွေပိုများ ပေးပါရဲ့ လား။
၎။ သင့်မိန်းမ၏ လိုအင်ဆန္ဒတို့ကို ကောင်းစွာ သိရှိအောင် သင်ကြိုးစားပါရဲ့လား။ သင့်မိန်းမသည် ပင်ပန်းနွမ်းလျက်ရှိသောအခါ ၌ လည်းကောင်း၊ စိတ်မအီမသာ ဖြစ်နေသောအခါ ၌ လည်းကောင်း သင်သည် သင့်မိန်းမကို အကူအညီပေးပါရဲ့လား။
၅။ သင်သည် သင်ရသော အားလပ်ချိန်ကို တစ်ဝက်ခွဲ ၍ သင့်မိန်းမနှင့် အတူတူ ကြည်ဖြူစွာ နေထိုင်ပါရဲ့လား။
၆။ သင့်မိန်းမ ၏ အချက်အပြုတ်နှင့် အိမ်ထောင်ထိန်းသိမ်းမှုသည် သင်၏ မိခင် (သို့) ကိုဖြူ့ ၏ မိန်းမ အချက်အပြုတ် အိမ်ထောင်ထိန်းသိမ်း မှု့ထက် ညံ့သည်ဟု မပြောပဲ ပို၍ကောင်းသည် ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား။
၇။ သင်မိန်းမ ဖတ်ကြားသောစာအုပ်များ သင့်မိန်းမ၏ အပေါင်းအဖော်များ မြို့ရွာအရေး နှင့် စပ်လျှင်း ၍ သင့်မိန်းမ၏ ယူဆချက်များပေါတွင် သင်သည် အသေအချာ စိတ်ဝင်စားပါရဲ့ လား။
၈။ သင်သည် သ၀န်ကြောင်သောစကားမျိုးကို မသုံးပဲနှင့် သင့်မိန်းမအား အခြားယောက်ျားများနှင့် စကားပြေဆိုသည်ကို လည်းကောင်း၊ မိတ်ဆွေတို့၏ ဘာဝ ဂရုတစိုက်ပြုသည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါရဲ့လား။
၉။ အခွင့်အလမ်းများပေါ်တိုင်း သင့်မိန်းမကို ချီးကျူးရန်နှင့် မြှောက်စားရန် သင့်မှာ အသင့်ရှိပါရဲ့လား။
၁၀။ သင့်အင်္ကျီ ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း၊ သင့်ခြေအိတ်ပေါက်နေသည်ကို ဖားပေးခြင်း၊ သင့်အ၀တ်အစားများလျှော်ဖွတ်ပေးခြင်း စသောအလုပ်လေးများအတွက် သင်သည် သင့်မိန်းမအား ကျေးဇူးတင်စကားပြောပါရဲ့လား။
မိန်းများအတွက်
၁။ သင့်ယောက်ျား၏ အလုပ်တွင် ၀င်မစွက်ပဲ သီးသန့်နေပါရဲ့လား၊ သူ့အပေါင်းသင်းများကို ဘယ်သူနဲ့ မပေါင်းပါနဲ့၊ ဘယ်သူဟာ လူရှုပ်ပဲ အစရှိသဖြင့် အပြစ်ပြောခြင်း၊ သူ့အလုပ်လက်ထောက်ကို ခန့်ထားရာ၌ ၀င်ရောက်ပြောဆိုခြင်း၊ သူသွားရောက်လည်ပတ်ရာ၌ ဆူပူခြင်းများမှ ကင်းလွတ်ပါရဲ့လား။
၂။ သင့်နေအိမ်နှင့် တကွ သင့်အပေါတွင် သင့်ယောက်ျားသည် စိတ်ဝင်စားအောင် သင်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား။
၃။ ယနေ့တော့ ဟိုဟင်းကြီးစားရအုံးမှာပဲ ဟူ၍ စိတ်ထဲမှာ မတွေးနိုင်အောင် စားဖွယ်သောက်ဖွယ် အမျိုးမျိုးတို့ကို သင်ကိုယ်တိုင် စီမံ၍ သင့်ယောက်ျားအား ချက်ပြုတ်ကျွေးမွေးပါရဲ့လား။
၎။ သင့်ယောက်ျားသည် သူ့အလုပ်အတွက် သင့်ထံမှ အကူအညီလိုချင်ခဲ့ပါလျှင် အကူအညီပေးနိုင်အောင် သင့်ယောက်ျား၏ အလုပ်အေကြောင်းကို သင့်လေ့လာပါရဲ့လား။
၅။ စီးပွားပျက်သောအခါ ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာပဲ၊ သူ့လုပ်ပုံကို ကဒီလိုဖြစ်မှာပေါ့ အစရှိသဖြင့် သင့်ယောက်ျားကို ဆူပူခြင်း မလုပ်ပဲ အေးအတူ ပူအမျှ ခံနိုင်သော သတ္တိ သင့်မှာ ရှိပါရဲ့လား။
၆။ သင့်ယောက်ျား၏ မိခင်နှင့်သော်လည်းကောင်း၊ ဆွေမျိုး ဉာတိများနှင့် သော်လည်းကောင်း၊ သင့်တင့်ညီညွတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန် ကြိုးစားပါရဲ့လား။
၇။ အ၀တ်အစားဝတ်ရာ၌ လည်းကောင်း သင့်ယောက်ျား မကြိုက်သော အဆင်နှင့် အ၀တ်အစားများကို ရှောင်ရှားပြီးလျှင် သင့်ယောက်ျးကြိုက်သော အဆင်နှင့် အ၀တ်အစားများကို ၀တ်ဆင်ပါရဲ့လား။
၈။ လင်မယားခြင်း သင့်မြတ်စွာပေါင်းသင်း ဆက်ဆံနိုင်ရန်အတွက် အနည်းငယ် သဘောကွဲလွဲချက်များကို သင်သည် လျှော့ပေးပါရဲ့လား။
၉။ သင့်ယောက်ျားနှင့် အားလပ်ချိန်များတွင် အတူတူ နေနိုင်ရန် သင့်ယောက်ျား ၀ါသနာပါသော အားကစားများကို သင်ကြားထားပါရဲ့လား။
၁၀။ သင့်ယောက်ျား၏ ပါရမီကို ကူညီသောအားဖြင့် နေ့စဉ် သတင်ထူး၊ စာအုပ်များ အကြံသစ်များကို သင်ကိုယ်တိုင်စုဆောင်ပေးပါရဲ့လား။
တိုက်တွန်းချက်
အိမ်ထောင်သည် ယောက်ျားတိုင်း မိန်းမတိုင်း အထက်ပါမေးခွန်းများ အနက် မိမိတို့နှင့်ဆိုင်ရာ မေးခွန်းများကို ဖြေပြီးလျှင် အမှတ် ၁၀၀ မရမချင်း မလျှော့သော လုံ့လဖြင့် အမှတ် ၁၀၀ ရနိုင်အောင်း ကြိုးစားကြပါစေသတည်း။
ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ရေးကို တည်ဆောက်နိုင်ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကွန်ပျူတာကို လန်းလန်းလေးသုံးသုံးကြည့်ရအောင်နော်.............


ကျွန်တော် Online မှာဟိုသွားဒီသွားနေရင်းနဲ့ တွေခဲ့တဲ့ Software လေးပါအရမ်းကိုကောင်း
ပါတယ် Windows သုံးတဲ့ Computer တွေအတွက် Ipad Design လိုလုပ်လိုရတယ်အရမ်း
ကိုကြည့်လိုကောင်းပါတယ် ပြီးတော့ ဒီ Software ဟာနှစ်မျီုးရှိပါတယ် နှစ်မျီုးစလုံးသုံးရင်
လဲတော်တော်အဆင်ပြေပါတယ် အောက်မှာဒေါင်းပါ။

Download Here




နောက်ပြီးတာ့ ကိုလိုခြင်တဲ့ဟာတွေကိုပြန်ပြီးတော့ ဖြည့်လိုရပါတယ် Windows 8 မသုံး
တဲ့သူတွေလဲ Windows ပုံစိလိုမျီုးလဲ ဒေါင်းပြီးတော့သုံးလိုရတယ် Player လှလှလေးတွေ
လဲဒေါင်းလိုရတယ် အကုန်လုံးပြောမနေတော့ဘူး ကိုယ်ဟယကိုဘဲ ကြည့်လိုက်တော့
အောက်မှာလေ့လာနိုင်တယ်။

Download Here

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝက်ခြံကြောင့်စိတ်ညစ်နေသောသူငယ်ချင်းများအတွက်ပါ


သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်းလမ်းတွေ ကြိုးစားပမ်းစား ရှာထားပေးပါတယ်။ ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။ သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စားစရာလေးတွေရဲ့ ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။ အကုန်အကျလည်းအများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊ ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။ စမ်းကြည့်ကြပါအုံး။
ပန်းသီး

ပန်းသီးလေးရဲ့အစွမ်းနဲ့ သင့်အသားအရေကို ပြောင်းလဲရအောင်။ ပန်းသီးလေးကို ပါးပါးလှီးပြီး ရေနွေးပူလောင်းလိုက်ပါ။ ရေတွေကိုစုပ်ပြီး ပန်းသီးအသားလေးပိုနူးညံ့သွားပါစေ။ပြီးရင် ခဏအအေးခံထားပြီး ၀က်ခြံရှိတဲ့နေရာတွေပေါ်မှာ ကပ်ထားလိုက်နော်။ ဒီနည်းလေးက အရေပြားအထူးကု ဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုပါ။ ၀က်ခြံကို မြန်မြန်ပျောက်ကင်းစေတဲ့ ပန်းသီးအက်ဆစ်ရဲ့ နူးညံ့ချောမွတ်စေတဲ့အစွမ်းကို သူငယ်ချင်း အရမ်းကြိုက်သွား မှာ သေချာတယ်နော်။
သရက်သီး
“အသီးမှာသရက်”တဲ့။ သရက်သီးလေးကတော့ အကောင်းဆုံးအရသာကိုပေးသလို အသားအရေအတွက်လဲ အရမ်းကောင်းပါတယ်။ မျက်နှာအသားအရေကို ထိန်းသိမ်းတာကို ဆိုင်မှာအကုန်အကျခံပြီး သွားလုပ်စရာမလိုပဲ အိမ်မှာပဲလုပ်နိုင်မယ့် နည်းလေးပဲလေ။ သရက်သီးကို အခွံခွာပြီး သရက်သီးအသားတွေကို ခရင်းနဲ့ ကြေညက်အောင် ချေပေးပါ။ ပြီးတော့ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး စက်ဝိုင်းသဏ္ဍာန်သေချာလေးနှိပ်ပေးနော်။ ၅-၁၀မိနစ်ကြာရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက သန့်စင်ချောမွတ်ပြီး ချွေးပေါက်တွေပါ ကျဉ်းသွားပါလိမ့်မယ်။
သံပုရာသီး နဲ့ ဒိန်ခဲ

ဒီနှစ်မျိုးကလည်း သင့်ရဲ့ဝက်ခြံပြသနာကို ကူညီပေးနိုင်တယ်နော်။ ဒိန်ခဲနဲ့သံပုရာရည်လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာစီ ကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်လေးတွေကို ၀ါဂွမ်းနဲ့ဆွတ်ပြီး ၀က်ခြံပေါ်ကပ်ထားလိုက်ပါ။ မျက်နှာတပြင်လုံး မလုပ် ရဘူးနော်။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလုပ်ရင် ၀က်ခြံတွေ တဖြည်ဖြည်းပျောက်သွားပါလိမ့်မယ်၊
ရေနွေးကြမ်း နဲ့ မုန်လာဥနီ

ဒီနှစ်မျိုးအတွဲက နည်းနည်းတော့ထူးဆန်းမှာပဲနော်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက် ရထားတဲ့နည်းလေးပါ။ အနေတော်မုန်လာဥနီတစ်လုံးကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်း နဲနဲနဲ့ရောပြီး ညက်အောင်ချေပေးပါ။ သေချာကျေညက်တဲ့ အနှစ်လေးတွေ ရပြီဆိုရင်တော့ ၀က်ခြံတွေပေါ်အုံလိုက်ပါ။
၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။
လိမ္မော်သီးနဲ့ကြက်ဥ

အရွယ်တော်လိမ္မော်သီးတစ်လုံးကို အရေညှစ်ပြီး ကြက်ဥအကာနဲ့ ရောမွှေလိုက်နော်။ ရလာတဲ့အနှစ်ကို ၀က်ခြံပေါ် အုံပြီး ၁၅ မိနစ်ထားပါ။ ပြီးတော့ ရေဆေးချတာနဲ့ ၀က်ခြံက ရောင်တာရော နာတာပါ သက်သာသွားစေတဲ့အတွဲလေးပါ။
ခု ဒီနည်းလေး ၅ မျိုးကို အရင်စမ်းကြည့်အုံးနော်။ ဒီလို စားကောင်းသောက်ဖွယ်လေးတွေ..
အဲလေ.. နည်းကောင်းလေးတွေ အများကြီးရှိသေးတယ်နော်။
အော်.. လောကြီးပြီး မျက်နှာမသစ်ပဲ မလုပ်လိုက်နဲ့နော်။ အပေါ်က နည်းတွေအားလုံးကို မျက်နှာသစ်ပြီးမှ လုပ်ရမှာပါ။ သဘာဝသစ်သီးတွေရဲ့ အစွမ်းကို သူငယ်ချင်းတို့ ကျေးဇူးတင်ရမှာပါ။ “မသိသူကျော်သွား သိသူဖော်စား” တဲ့။
တကယ်လည်း စားလို့ရတာတွေပါပဲ။ :P ၀က်ခြံရဲ့ သားကောင်အဖြစ်က အမြန်လွတ်နိုင်ပါစေ သူငယ်ချင်းတို့။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
အခုခေတ်လူငယ်တွေသိထားသင့်ထင်လို့အခုလိုမျိုးမျှဝေလိုက်တာပါ
ဒါလေးလဲမှတ်ထားသင့်တယ်လို့ထင်ပါတယ်........
(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။
(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။
(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။
(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။
(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။
(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။
(၈)စေတနာသည် ကံတရား၏အရင်မြစ်ဖြစ်သည် ။
(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။
(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။
(၁၁)ကံကြမ်မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။
(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်း
နေတာပါပဲ ။
(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။
(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။
(၁၅)ဒုက်ခအနီးတွင် သုခရှိ၏ ။
(၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။
(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။
(၁၈)ဘ၀သည်အစမ်းသဘောဖြစ် နေထိုင်ခွင့်မရှိသေားအရာ ။
(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပဲ ။
(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပဲ ။
(၂၁)နာလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။
(၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။
(၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ღღღမိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်းღღღ

လူတစ်ယောက်က လမ်းဘေးဖုန်းဆိုင်မှာ ဖုန်းလာဆက်တယ် ။ ဖုန်းဆိုင်ပိုင်ရှင်ကလည်း မသိလိုက် မသိဘာသာ
အဲဒီလူပြောတဲ့စကားသံတွေကိုနားစွင့်နေတယ် ။

ဖုန်းဆက်သူ - “ ဟလို မခင်မြင့် လားခင်ဗျ -- အော် ဒီလိုပါ ကျွန်တော်တစ်ခုလောက်စုံစမ်းချင်လို့ပါ မခင်မြင့် ခြံ
ထဲက မြက်တွေရှင်းဖို့ ကျွန်တော့်ကိုအလုပ်တစ်ခုလောက်ပေးနိုင်မလားခင်ဗျ ”
တစ်ဖက်မှ - “ ကျွန်မဆီမှာ မြက်ခင်းတွေရိတ်ဖို့ လူရှိပြီးသားပါရှင် ”
ဖုန်းဆက်သူ “ မခင်မြင့်ရေ ဒီလိုလုပ်ပါလားခင်ဗျ အခု မခင်မြင့်ဆီမှာ လုပ်နေတဲ့ မြက်ခင်းပြင်ရိတ်တဲ့သူထက်
ကျွန်တော်က တစ်ဝက်လျော့ယူပါ့မယ် ကျွန်တော့်ကို အလုပ်ပေးလို့ရမလားခင်ဗျ ”
တစ်ဖက်မှ - “ အခု လက်ရှိလုပ်နေတဲ့ အလုပ်သမားကိုပဲ ကျွန်မ ပိုသဘောကျပါတယ်ရှင် ”
ဖုန်းဆက်သူ ( သည်းခံ နှိမ့်ချသောလေသံဖြင့် ) “ မခင်မြင့်ရေ ဒါဆိုလည်း ကျွန်တော့်ကို
အဲဒီအလုပ်လေးပဲပေးပါခင်ဗျာ ကျွန်တော် အိမ်တစ်ခုလုံးရဲ့ကြမ်းပြင်နဲ့ လှေကားတွေကို ပိုက်ဆံမယူပဲ
သန့်ရှင်းရေးလုပ်ပေးပါ့မယ် ”
တစ်ဖက်မှ “ ဟင့်အင်း---ကျေးဇူးတင်ပါတယ်ရှင် ”

@@@@@@@@@@@@@@@

ဖုန်းဆက်တဲ့လူရဲ့မျက်နှာတစ်ချက်ပြုံးလိုက်တယ် ။ ပြီးတော့ဖုန်းခွက်ကို ပြန်ချထားလိုက်တယ် ။ ဖုန်းဆိုင်ပိုင်
ရှင်က ဖုန်းဆက်တဲ့သူဆီလျှောက်လာတယ် ။

ဖုန်းဆိုင်ပိုင်ရှင် “ လူလေး မင်းရဲ့ စိတ်နေသဘောထားကိုငါသဘောကျတယ် ဒီလို အကောင်းမြင် စိတ်နဲ့
အလုပ်တစ်ခု ရဖို့ ကြိုးစားတာကိုငါသဘောကျတယ် မင်းကို ငါအလုပ်ပေးချင်တယ် ”
ဖုန်းဆက်သူ “ ဟင့်အင်း ကျေးဇူးတင်ပါတယ်ခင်ဗျ ”

ဖုန်းဆိုင်ပိုင်ရှင် “ ဒါပေမယ့် မင်း အလုပ်ရဖို့အတွက် ငါ့ရှေ့မှာတင် အသနားခံနေတာငါတွေ့တယ်လေ ”
ဖုန်းဆက် သူ “ မဟုတ်ပါဘူးခင်ဗျ ကျွန်တော့်ရဲ့လုပ်ရည်ကိုင်ရည်ကို ကိုယ့်ဘာသာစမ်းသပ်ကြည့်တာပါ တ
ကယ်တော့ ကျွန်တော်ဖုန်းဆက်နေတဲ့အလုပ်ရှင်ဆီမှာ ကျွန်တော်က လက်ရှိအလုပ်လုပ်နေတဲ့သူပါ ”

@@@@@@@@@@@@@@@@@@@@@@@@@@

“ အဲဒါကို မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း လို့ခေါ်တယ်-- လူဆိုတာ ကိုယ်လုပ်နေ
တဲ့အလုပ် ကိုယ်ရောက်နေတဲ့နေရာကို အမြန်တမ်း ဆင်ခြင်သုံးသပ်မှုရှိနေမှသာ တိုးတက်နိုင်မယ် ဒီလိုမှ
မဟုတ် ပဲ ရောက်တဲ့နေရာမှာ ရတဲ့အရာလေးနဲ့ပျော်နေရင်တော့ ကိုယ့်အရည်အသွေးဟာ ဘယ်တော့မှ
တိုးတက် လာမှာ မဟုတ်ဘူး ”
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

zawgyi font and unicode

zawgyi font and unicode


ဇော်ဂျီဖောင့်ကို ၀င်းဒိုးအသုံးပြုသူများအတွက် အခြေခံအားဖြင့် စနစ်၂ ခုရှိပါတယ်။
မိမိအသုံးပြုသော ၀င်းဒိုး ဟာ ၃၂ ဘစ် သို့မဟုတ် ၆၄ ဘစ် ဆိုသည်ကို မိမိတို့ ကိုယ်တိုင်သိရှိရမည်ဖြစ်ပါတယ်။
ဘယ်လိုသိနိုင်လဲ ...
မိုင်ကွန်ပျူ အပေါ်တွင် ညာကလစ်ထောက်လိုက်ခြင်းဖြင့် properties ကို နှိပ်လိုက်ပါ။
ထိုကဲသို့ ပေါ်လာမည်။ လေးထောင့်ထဲမှ နေရာကို ကြည့်ပါ. ၃၂ သို့မဟုတ် ၆၄ ကို သင်မြင်တွေ့ရမည်။
ဤသို့နည်းဖြင့် သင်သိသောအခါ ဇော်ဂျီဖောင့်ကို စက်ထဲသို့ သွင်းရန် ဒေါင်းလုပ်ချပါ။
၃၂ ဘစ်အတွက်
ဒီလင့်လေးကိုနှိပ်လိုက်ပါ။
http://thantsinkok.minus.com/lhlnfs0BnS4VX
၆၄ ဘစ်အတွက်
ဒီလင့်လေးကို နှိပ်လိုက်ပါ။
http://thantsinkok.minus.com/lZnrZ67ykOuVM
ိုထိုလင့်ကိုနှိပ်၍ ဇော်ဂျီ ၆၄ ဖောင့်ကို ဒေါင်းလုပ်ရယူပြီးသောအခါ Winrar.exe ဖြင့် ပြန်လည် ဖြေယူလိုက်ပါ။ ထို့နောက် စက်ထဲတွင် အင်စတောလုပ်ပါ။
ဒေါင်းလုပ်လုပ်ဖို့ရန် သူက Save လုပ်မလား Run လုပ်မလားဆိုတဲ့ dialog box လေးတစ်ခု ပေါ်လာသောအခါ Save ခလုပ်လေးကို နှိပ်လိုက်ပါ။
ဒေါင်းလုပ်ပြီးသောအခါ သင့် အနေဖြင့် Run ပေးရမည်။ သို့မဟုတ် ဒေါင်းလုပ်ဖိုင်ကို Double Click ၂ ချက် နှိပ်လိုက်ပါ.. သင့်စက်ထဲတွင် ဇော်ဂျီဖောင့်စနစ်ကို တပ်ဆင်သည့်အခါ စောစောက Winrar ဖြင့် ဖြည်ထားသော  zawgyi keyboard L setup ဖိုင်ကိုရှာ၍ ဖွင့်လိုက်ပါ.. ထိုဖိုင်ထဲတွင်
zawgyiL amd64
zawgyiL i386
zawgyiL ia64
တို့ကို တွေ့ရမည်။ မိမိစက်တွင် သင့်တော်မည့် ဟာသာ ရွေးလိုက်ပါဗျာ.. သူက မတည့်ရင် အင်စတောလုပ်ခွင့်မပေးဘဲ error တစ်ခုခုပေးမှာပါ.. တည့်သွားတဲ့အခါ အလိုလို ဆက်လက်ပြီးဖောင့်ကို အင်စတောလုပ်သွားမှာ ဖြစ်ပါတယ်။

32 ဘစ်သမားများအတွက်အထက်က ပေးထားသော လင့်တွင် winrar ဖြင့်တင်ပေးထားခြင်းမဟုတ်ဘဲ. .တိုက်ရိုက် exe ကို တင်ပေးထားခြင်းဖြစ်သည့်အတွက် သင့်စက်တွင် ဒေါင်းလုပ်ပြီးပါက တစ်ပါတည်း အင်စတောလုပ်သွားရန် Run သို့မဟုတ် Save ကိုတောင်းပါလိမ့်မည်။
Save ကိုအရင် လုပ်ပြီးမှ Run ခြင်းက ပိုမို ကောင်းမွန်ပါသည်။

ဝင်းဒိုးသုံးသူများအတွက် အထက်ပါ ဖောင့်များ မိမိစက်ထဲ ထည့်ပြီးသောအခါ ကီးဘုတ်ကို လည်း ထပ်မံ အင်စတောလုပ်ရန်လိုပါသည်။
ကွန်ပျူတာတွင် ကီးဘုတ်သွင်းနည်းအဆင့်ဆင့်
 - ပထမဆုံး Control Panel ကိုသွားပါ။
- ထို့နောက် Clock, Language and Region ကို ထပ်နှိပ်ပါ။
- Change keyboard or other input method ကို နှိပ်ပါ။
ွှ အောက်ပါပုံအတိုင်း အဆင့်ဆင့် ဆက်လုပ်လိုက်ပါ။



တစ်ခါတရံ ကီးဘုတ်သည် ဤ သို့ ဖြစ်တတ်သေးသည်။ သို့သော် ကိုယ်သုံးတဲ့ ကွန်ပျူတာ နင်ဘာမိုလို့လဲ ဆိုပြီး ဒီအတိုင်းသာ ထပ်လုပ်ဗျာ.
နောက်ထပ် ကွန်ပျူတာမှာ ကီးဘုတ် သေးသေးလေး မြင်နေရဖို့လည်း ဒီလိုဆက်လုပ်ဗျ..


 Linux Operation system နဲ့ Mac(Apple) အသုံးပြုသူများအတွက်
ဒီလင့်လေးမှာ (http://www.zawgyi.net/) တိုက်ရိုက်သွားရောက် ယူနိုင်ပါသည်။
Mobile Phone များအတွက် ဒီနေရာမှာ ချန်လှပ်ထားခဲ့ပါ့မယ်..
ဒါပေမယ့် အန်းဒရိုက် ဗားရှင်း 2.2 အထက်ဆိုရင်တော့ အောက်ပါအတိုင်းလေး စမ်းကြည့်ပါလားဗျာ. အဆင်ပြေတယ်လို့ ထင်တယ်ဗျ
Download Type Fresh and AndExplorer App from Android Market
Type Fresh----http://www.mediafire.com/?fwjjg8wdoq6p3dp (download လုပ်ကြည့်ပါ)
AndExplorer----http://www.mediafire.com/?wtykwydmozn (download လုပ်ကြည့်ပါ)
Copy your your font file (e.g. Zawgyi.ttf) to your SDCard
Click on DroidSansFallback.ttf and choose your font file (Zawgyi.ttf) from your SDCard to swap the font
Click Android menu button and choose Apply Fonts and restart your Android device
Unicode အတွက်ကတော့..
မြန်မာ ယူ နီ ကုဒ် အသုံးပြု နည်း လမ်းညွှန်
စကား ဦး
ယခု မြန်မာ ယူ နီ ကုဒ် လမ်း ညွှန် လေး ဟာ end user တွေ အတွက် ဖြစ် ပါ တယ်။ ယခု လမ်း ညွှန် လေး ကို ဖတ် ပြီး ယူနီ ကုဒ် အသုံးပြု ဖို့အတွက် အထောက် ကူ ပြုတယ် ဆို ရင် ပဲ ကျေနပ် ပါ တယ်။ မြန်မာ ယူ နီ ကုဒ် စနစ် ဟာ နိုင်ငံ တကာISO အဖွဲ့ကြီး နှင့် ကမ္ဘာ့ ယူ နီ ကုဒ် အဖွဲ့ စည်း မှ စံ အြဖစ် သတ် မှတ် ပေး ထား ပြီး သား ကွန် ပြူတာ သုံး မြန်မာ စာ စနစ် ဖြစ် ပါ တယ်။ ယခု အချိန် ၌ မြန်မာ ယူ နီ ကုဒ် စနစ် သည် တည် ငြိမ် နေ ပြီ ဖြစ် ကာ Windows, Mac နှင့် iPhone တို့တွင် အဆင်ေပြေချာ မွေ့စွာ ဖတ် ရှုနိုင် ပြီ ဖြစ် ပါ တယ်။ နောင် တစ် ချိန် မှာ လည်း နိုင်ငံ တကာ အသိ မှတ် ပြုပြီး ကွန် ပြူ
တာ သုံး မြန်မာ စာ စနစ် ဖြစ် လို့မည် သည့် ဒေသ တိုင်း ပြည် ကို ရောက် ရှိ သည် ဖြစ် စေ မြန်မာ စာ နှင့် မြန်မာ လက် ကွက် တွေ ဟာ ကွန် ပြူ တာ များ မှာ ပါရှိ လာ တော့ မှာ ဖြစ် ပါ တယ်။ သို့ ဖြစ် ၍ မြန်မာ ယူ နီ ကုဒ် ကို စတင် အသုံးပြုလို သူ
များ အတွက် ယူ နီ ကုဒ် စနစ် ကို ရင်းနှီး ကျွမ်းဝင် မှု ရှိ စေ ရန် ဤ လမ်း ညွှန် လေး က အသုံး တည့် လိမ့် မယ် လို့ မျှော် လင့်ပါ တယ်။
မြန်မာ ယူ နီ ကုဒ် ဖောင့် မျိုး ကွဲ များ
မြန်မာ ယူ နီ ကုဒ် ဆို တာ ကွန် ပြူတာ သုံး မြန်မာ စာ စနစ် ဖြစ် ပါ တယ်။ မြန်မာ ယူ နီ ကုဒ် စနစ် ကို အြေခ ခံ ပြီး အခ မဲ့ ထုတ်ဝေ ထား တဲ့ ဖောင့် မျိုး ကွဲ (ဒီ ဇိုင်း ကိုယ့် စိတ် ကြိုက် ပြင်ဆင် ထား မှု) တွေ ရှိ ကြ ပါ တယ်။ ဒါ ပေ မယ့် ထူးခြား ချက် က ယူ နီကုဒ် စနစ် ကို အြေခ ခံ တဲ့ ဖောင့် အမျိုး စား တစ် ခုခု ရှိ ယုံ နဲ့အခြား ယူ နီ ကုဒ် ကိုအခ ခံ သည့် မည် သည့် ဖောင့် နှင့်ရေးသား ထား သည် ဖြစ် စေ ကောင်းမွန် စွာ ဖတ်ရှု နိုင် တာ ပါ ပဲ။ လက် ရှိ အခ မဲ့ ပေး နေ တဲ့ ယူ နီ ကုဒ် စနစ် ကို လိုက်နာ တဲ့ အခ မဲ့ ဖောင့် တွေ ကေတာ့
(၁) မြန်မာ ၃ (Myanmar3)
(၂) ပုရပိုက် (Parabaik)
(၃) ပိတောက် (Padauk)
(၄) သံလွင် (Thanlwin)
(၅) ဝင်း ယူ နီ အင်း ဝ (Win Uni Innwa)
(၆) YungKio
(၇) မိုင် မြန်မာ( MyMyanmar)
(၈) မာ စ တာ ပိစ် (Masterpiece) Mac အတွက် တို့ဖြစ် ကြ ပါ တယ်။
from : http://www.myanmarsar.info/myanmar-unicode-guide/
www.mysteryzillion.org
အထက်ပါ font များကို Mysteryzillion.org က  Font ဆိုတဲ့ Folder မှာ သွားရောက် ယူနိုင်ပါတယ်။
ယူနီကုတ် Font သွင်းခြင်း
Windows တွင် Font သွင်းခြင်း
၁။ Fonts Folder ထဲက နှစ်သက်ရာ font တစ်ခုဖြစ်စေ အားလုံးဖြစ်စေ Copy ကူးပါ။ ( Right Click-> Copy or Ctrl + C)
၂။ C:\Windows\Font ကို သွားပါ။ Mouse Right Click နှိပ်ပြီး Paste လုပ်လိုက်ပါ။
Windows 7
သွင်းလိုသော font များကို select လုပ်ပြီး Right Click လုပ်ပါ။ ပြီးလျှင် Install ကိုနှီပ်ပြီး
သွင်းယူနိုင်ပါသည်။
သင်သည် Administrator Level ဖြစ်ရန်လိုအပ်သည်။ သာမာန် user account ဖြစ်ပါက paste
လုပ်ခွင့်ရ မဟုတ်ပါ။
Ubuntu
Fonts Folder မှ သွင်းလိုသော Font ကို Double Click နှိပ်လိုက်ပါ။ အောက်ပါ Install Font ကို နှိပ်ပြီး သွင်းနိုင်သည်။
Font တစ်ခုထက် ပိုသွင်းလိုလျှင်
၁။ Home folder အောက်တွင် myfont ဆိုသည့် folder ဆောက်လိုက်ပါ။ ထို့နောက် ထည့်လိုသော font များကို ထည့်ထားလိုက်ပါ။
၂။ Terminal ကို ဖွင့်ပါ။
၃။ $ cd /user/local/share/fonts/truetype ကို ရိုက်က်ပြီး Enter နှိပ်ပါ။ ( အချို့ distro များသည် /
usr/share/fonts/truetype လမ်းကြောင်းဖြစ်သည် )
၎။ $ sudo mkdir myunicode လို့ ရိုက်လိုက်ပါ။ password တောင်းလျှင် ထည့်လိုက်ပါ။
၅။ $ sudo mv ~/myfont/* myunicode/* လို့ ရိုက်လိုက်ပါ။
၆။ $ fc-cache လို့ ရိုက်လိုက်ပါ။ ထိုအခါ font သွင်းပြီးဖြစ်သွားပါလိမ့်မည်။
( လက်ရှိ ဇော်ဂျီ UI ကေန font တွေအားလုံးက unicode default ဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် ဇော်ဂျီနှင့် နာမည်ပေးထားသည်များ ဖတ်လို့ရတော့မည် မဟုတ် )
Mac
၁။ Application မှ Font Book ကို ဖွင့်ပါ။

၂။ အလယ် column ၏ အောက်ဘက်မှာ ရှိတဲ့ + button လေးကို နှိပ်လိုက်ပါ။
၃။ Fonts folder ကိုသွားပီး masterpiece.ttf ကို ရွေးလိုက်ပြီး open လုပ်လိုက်လျှင် ရသွားပါမည်။
Myanmar Unicode Keyboard
Myanmar Unicode လက်ကွက်မျိုးကွဲများလက်ရှိ လူသုံးများတဲ့ လက်ကွက် ၃ မျိုးရှိသည်။
၁။ NHM Keyboard ( ဇော်ဂျီ လက်ကွက်နှင့် ဆင်တူသည် ။ NHM ဖွင့်ထားလျှင် အဟောင်း ဇော်ဂျီ ကိုရိုက်မရပေ။ )
၂။ keymagic ( ဇော်ဂျီ လက်ကွက် အတိုင်းရိုက်က်လို့ရသည်။ ဇော်ဂျီလက်ကွက်ကိုလည်း ပြောင်းသုံးလို့ရသည် )၃။ အက္ခရာ ( မြန်မာစာ စာလုံးပေါင်း သတ်ပုံအတိုင်း ရိုက်ရသော လက်ကွက်ဖြစ်သည် )
NHM Keyboard (Windows Only)
NHM ကီး ဘုတ် ဟာ အရင် က ဝင်း လက် ကွက်၊ ဇော်ဂျီ လက် ကွက် များ နှင့် ရင်းနှီး ကျွမ်းဝင် သူ များ အတွက် ဖြစ် ပါတယ်။ ဒီ ကီး ဘုတ် လေး ဟာ ဇော်ဂျီ လက် ကွက် အသုံးပြု ပုံ နှင့် ဆင် တူ ပါ တယ်။ ပါဋ် ဆင့် တွေ ရိုက် တာ ကို လည်းဇော် ဂျီ အတိုင်း Tilde ~ key ကို အသုံးပြုပြီး ရိုက် လို့ ရ ပါ တယ်။ NHM ကီး ဘုတ် ဆော့ဖ် ဝဲ ဟာ New Horizon Media ဆို တဲ့ ကုမ္ပဏီ က အခ မဲ့ ဖြန့် ဝေ တဲ့ ဆော့ဖ် ဝဲ ဖြစ် ပြီး ဒီ ကီး ဘုတ် ရဲ့ မြန်မာ လက် ကွက် ကို တော့ ကို ရာ ဗီ ကစည်းမျဉ်း ပေါင်း တစ် သိန်းကျော် ပါဝင် တဲ့ Keyboard File ကို ရေး ပေး ထား တာ ပါ။
၁။ Keyboards folder အောက်က NHM.zip ဖိုင်ကို copy ကူး ပြီး နှစ်သက်ရာ နေရာမှာ paste
လုပ်ပါ။
၂။ အဲဒီဖိုင်ကို Double Click နှစ်ချက်ဖြင့် နှိပ်ဖွင့်ပြီး အထဲက Folder ကို ကိုယ်ထားချင်တဲ့နေရာပေါ်ကို Drag ဆွဲချပါ။ (Unzip လုပ်ပါ။)
၃။ NhmWriter.exe ကို ဖွင့်ပါ။ Taskbar ပေါ်မှာ ခေါင်းလောင်းပုံ အိုင်ကွန်လေး ပေါ်လာတာကို
တွေ့ရပါလိမ့်မယ်။
၎။ စာစမ်းသပ်ရိုက်ထည့်ဖို့ Notepad ကို ဖွင့်ပါ။ Format>Font ထဲမှာ Myanmar3 ကို ပြောင်းပါ။
၅။ Alt+1 ကို နှိပ်ပါ။ ခေါင်းလောင်းပုံလေး ဝါသွားရင် မြန်မာလက်ကွက် ဖြစ်သွားပါပြီ။ Alt+1 ပြန်နှိပ်ရင်
အင်္ဂလိပ်လက်ကွက် ပြန်ဖြစ်ပါတယ်။
ထူးခြားချက်များ
၁။ တစ်ချောင်းတင်လုံးကြီးတင်၊ အသတ်အောက်ကမြစ်စတဲ့ စာလုံးစီပုံအမှားတွေကို အလိုလို ပြင်ပေးသွားပါတယ်။
၂။ ဥသတ်၊ သရရစ်၊ သေဝထိုးသရရစ်ရေးချေရှထိုး၊ စလုံးယပငင့် စတဲ့ မြန်မာစာမှာ မရှိတဲ့ စကားလုံးတွေကို
သက်ဆိုင်ရာ ဉေလးသတ်၊ အက္ခရာဩ၊ အက္ခရာဪ၊ ဈမျဉ်ဆွဲ စတာတွေကို အလိုလို ပြောင်းပေးပါတယ်။
၃။ လေးထောင့်ကွင်းအပိတ် "]" ကို အင်္ဂလိပ်အက္ခရာတစ်လုံး ရိုက်ချင်ရင် သုံးပါတယ်။ ဥပမာ
မြန်မာစာတွေရိုက်နေရင်းနဲ့ အင်္ဂလိပ်အက္ခရာတစ်လုံးတည်းဖြစ်တဲ့ "A" ကို `ရိုက်ချင်ရင် "]" ကို အရင်ရိုက်ပါ၊
ပြီးတော့ "A" ကိုရိုက်ပါ။
##သတိပြုရမှာကေတာ့ NHM သုံးနေတုန်းမှာ Ctrl+Shift စတဲ့ ဝင်းဒိုးထဲမှာ အင်စေတာလုပ်ထားတဲ့ကီးဘုတ်လက်ကွက်တွေအတွက် Shortcut ကို သုံးမရပါဘူး။
http://www.myanmarlanguage.org/tools/nhm-keyboard-unicode
http://www.myanmarsar.info/myanmar-unicode-keyboards/#

ုကီးမက်ဂျစ် အသုံးပြုလိုသူများအတွက် အောက်ပါအတိုင်းလေး အဆင်ပြေသည်။
Keymagic (Windows, Mac, Linux)
Windows အတွက်
Keymagic မသွင်းခင် မိမိ ရဲ့ Windows က 32 bits လား 64 bits လားဆိုတာကို
စစ်ဆေးဖို့လိုပါတယ်။
စစ်ဆေးဖို့အတွက် Start button ကို နှိပ်ပါ။ Control Panel > System and Maintenance >
System ကို click ပါ။ System အောက်မှ system type မှာ ကြည့်ပါ။
Keyboards folder အောက်က keymagic-32bit သို့မဟုတ် keymagic-64 bit ကိုသွင်းပြီး
အသုံးပြုနိုင်ပါတယ်။
Mac အတွက်
Keyboards အောက်က KMZ.pkg ကို run ပြီး အသုံးပြုနိုင်ပါတယ်။
Ubuntu Linux အတွက်
terminal တွင် sudo apt-get install libibus-dev autopoint automake
sudo mkdir -p /usr/share/keymagic
mkdir -p ~/.keymagic
keyboards folder ထဲက ibus-keymagic-1.0.tar ကို Downloads folder ထဲ ထည့်လိုက်ပါ။
ပြီးလျှင် terminal မှာ
cd ~/Downloads/
tar -xvf ibus-keymagic-1.0.tar
cd ibus-keymagic
./autogen.sh --prefix=/usr
make
sudo make install
Keyboard သွင်းခြင်း
Keyboards အောက်က ibus folder ထဲတွင် km2 file များရှိသည်။ ထို file များမှ မိမိ နှစ်သက်ရာ
သွင်းနိုင်သည်။
cp "~/Downloads/Zawgyi L - Unicode.km2" "~/.keymagic/Zawgyi L -
Unicode.km2"
Keyboard ကို Activate လုပ်ခြင်း
iBus ကို restart ချပါ။ ( iBus icon ကို ှိပ်ပီး Restart ချလျှင် ရသည် )
iBus icon ကို နှိပ်ပါ။ Preferences ကို သွားပါ။
Input Methods tab ကို သွားပါ။
English-> ZawgyiUnicode ကို ရွေးပါ။
Add နှိပ်ပါ။
Close နှိပ်ပါ။
အက္ခရာ ( Windows )
အခြား ကီး ဘုတ် တစ် ခု ကေတာ့ အက္ခရာ ကီး ဘုတ် ဖြစ် ပါ တယ်။ အက္ခရာ ကီး ဘုတ် ကို တော့ Thanlwinsoft.org မှ ထုတ် ဝေ ပေး ထား တာ ဖြစ် ပြီး MyanmarNLP.org.mm မှာလည်း ဒေါင်း လုပ် ရ ယူ နိုင်ပါ တယ်။ ဒီ ကီး ဘုတ် လေး ကေတာ့ မြန်မာ စာလုံးပေါင်း သတ်ပုံ အတိုင်း ရိုက် ရ တာ ဖြစ် ပါ တယ်။
ဥပမာ- မ ရ ရစ် န ငယ် သတ် မ+ြ+န+် ဆို
တဲ့ သတ်ပုံ အတိုင်း ရိုက် ရ တာ ပါ။ မြန်မာ စာ လက် ကွက် ကို အခု မှ စတင် ရင်းနှီးကျွမ်းဝင် သူ များ ဆို ရင် တော့ ဒီ ကီး ဘုတ် လေး က ပိုမို လွယ်ကူ စေ ပါ လိမ့် မယ်။ အက္ခရာ keyboard ကို သွင်းရန် Windows 32 bits လား 64 bits လား သိရန် လိုအပ်ပါသည်။ Keyboards folder အောက်တွင် ရှိပြီး သွားရောက်သွင်းယူနိုင်သည်။
How to set your Browser ( mrdba.info)
လူတွေ အဓိက အသုံးများတဲ့ Major Browser ၂ခုဖြစ်တဲ့ IE and Fire Fox တွေမှာ မိမိစက်ထဲမှာယူနီကုဒ်ဖောင့် မရှိပင် မရှိသော်ငြားလဲ ဖတ်လို့ရအောင် လုပ်ထားပါတယ်။
ပထမဆုံး IE မှာ မြန်မာလို ဖတ်လို့ရအောင် setting လေးတွေ စစ်ကြည့်လိုက်ရေအာင်။
IE ရဲ့Tools -> Internet Options ကိုရွေးလိုက်ပါ။

အဲဒီကမှတဆင့် ပွင့်လာတဲ့ Dialogue Box ထဲကမှ General Tab အောက်က Accessbility Button ကိုနှိပ်ပေးပါ။ အောက်ကပုံမှာ ပြထားပါတယ်။

နောက်တစ်ဆင့်ပေါ်လာတဲ့ နေရာမှာ Check Box ကေလးတွေ မြင်ရပါမယ်။
အဲဒီမြင်ရတဲ့ လေးထောင့် အကွက်ကေလးတွေထဲက Formatting ဆိုတဲ့ ခေါင်းစဉ်အာက်က အကွက်သုံးခုထဲက Ignore font style specified on webpages ဆိုတဲ့နေရာမှာ အမှန်ခြစ်များ ဖြစ်နေခဲ့လျှင် အဲဒီအမှန်ခြစ်ကို ဖြုတ်ပေးပါ။ ပြီးရင်တော့ OK Button လေး နှိပ်ပေးဦးခင်ဗျ။

တစ်ချိန်ယူဆာတွေ ဟိုးလွန်ခဲ့တဲ့ ၂နှစ်သုံးနှစ်လောက်က ဇော်ဂျီဖောင့်ကို စက်ထဲ သွင်းဖူးကြလိမ့်မယ်။ အဲဒီအခါမယ်
အဲဒီအချိန်တုန်းက ဖောင့်သွင်းရင်းနဲ့ အိုင်အီးရဲ့ Settings ကို အလိုလို ပြင်သွားတာ ရှိဖူးပါတယ်။ အဲဒီလူမျိုး
အခုအချိန်ရှိနေသးရင် သူရဲ့ IE Browser မှာ အခုနေရာရောက်ရင် User Style sheet ဆိုတဲ့
ခေါင်းစဉ်အောက်မှာရှိတဲ့ လေးထောင့်ကွက်မှာပါ အမှန်ခြစ်ဖြစ်နေပြီးသား ဖြစ်နေမှာပါ။ အဲဒါဆိုရင်လည်း အဲဒီအမှတ်ခြစ်ကို ဖြုတ်ပေးဖို့လိုပါမယ်။ အဲဒီလိုဖြုတ်လိုက်ရင် အရင်က အိုင်အီးနဲ့ဖတ်နေလို့ရတဲ့ ဇော်ဂျီသုံးတဲ့
ဘလော့တွေ ဖတ်မရဖြစ်သွားမှာပေါ့ဆိုရင် ဟုတ်ပါတယ်။ သို့သော် မိတ်ဆွေအေနနဲ့ ဘာလုပ်လို့ရနိုင်သလဲဆိုရင် ဇော်ဂျီနောက်ဆုံးဗားရှင်းကို စက်ထဲ သွင်းလိုက်ပါ၊ ပြီးနောက် Mozilla Fire Fox နဲဖတ်ရင် ဇော်ဂျီသုံးသော ဘလော့တွေကို ဆက်ဖတ်လို့ ရနေမှာပါ။ ဘလော့ တစ်ခုဖတ်ဖိုအတွက် ငါ့ IE ကို မပြောင်းပေါင်ဆိုလည်း
ဟုတ်ကဲ့ မပြောင်းပါနဲ့ခင်ည။ သို့သော် Mozilla Fire Fox လေးတော့ စက်ထဲ သွင်းထားပေးပါ။ အဲသာဆိုရင် နောက်တစ်မျိုးဖြစ်တဲ့ Mozilla Fore Fox မှာ ဖတ်လို့ရအောင် လုပ်နည်းလေး ဆက်ဖတ်ကြည့်ပေးပါဦး။
မှတ်ချက်။ ။ IE တွင် ဖောင့်မရှိပဲ စာဖတ်၍ ရခြင်းမှာ ထိုဘေလာ့တွင် EOT Font သုံးထား၍ ဖြစ်ပါတယ်။
EOT font မသုံးထားလျှင် အထက်ပါ setting များ ပြောင်းသော်လည်း ဖတ်၍ရမည်မဟုတ်ပါ။
မ မြင်ဖူးသေးဘူး မသုံးဖူးသေးဘူး ဆိုသူများလဲ ပုံကြည့်နိုင်အောင် နမူနာပြရပါတယ်။ ဆိုတော့ စက်ထဲမှာ Mozilla Fire Fox ရှိပြီးသွားပြီး ဆိုကြပါတော့။ အဲဒါဆိုရင် Tools -> Options ကိုသွားပါ။
firefox အမြင့်တွေမှာဆိုရင် bookmark. histroy , download တို့ရဲ့အောက်မှာ တစ်ခါတည်းပါပါတယ်။
အဲဒီကနေပွင့်လာတဲ့ Dialogue Box ကေနမှ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Content Tab ကိုသွားပါ။

Default Font မှာ Zawgyi-One လုပ်ထားရပါမယ်။ ဒါမှ ဇော်ဂျီနဲ့ရေးသော ဘလော့များကို
အေးအေးဆေးဆေး ဖတ်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ဘေးနားက Advanced button ကိုနှိပ်ပေးရပါမယ်။ နောက်ထပ်ပွင့်လာတဲ့ Dialogue Box မှာ အောက်ကပုံမှာ ပြထားတဲ့အတိုင်း အနီရောင် ဝိုင်းပြထားတဲ့ နေရာလေးမှာ လုပ်ထားတဲ့ အတိုင်း ပြောင်းထားလိုက်ရုံပါပဲ။

ဒီနေရာမှာ အရေးကြီးတာက အောက်နားလေးက Check Box လေးတစ်ခုဖြစ်တဲ့ Allow pages to choose their own fonts, instead of my selections above ဆိုတာရယ် အောက်ဆုံးက
Default Character Encoding ကို Unicode (UTF-8) ဆိုတာလေး ရွေးထားလိုက်ဖို့ပါပဲ။
အဲဒီလိုလုပ်ပြီးရင်တော့ OK Button ကေလး နှိပ်လိုက်ပြီးရင် အားလုံးပြီးပါပြီ။
နောက်ဘရိုစာ တစ်ခုအနေနဲ့ Google Chrome ပါ။
- ခရုန်းကိုဖွင့်လိုက်တဲ့အခါမှာ ညာဘက် အပေါ်ဘက်နားမှာ ဂွ ပုံသဏ္ဍန် တစ်ခု ကိုတွေ့ပါမယ်.
-  အဲဒိဂွကို နှိပ်လိုက်ပါ.. ပြီးတော့ အောက်က ကျလာတဲ့ စာတွေထဲက setting ကို ရွေးဗျာ.
- ပြီးတော့ စာမျက်နှာရဲ့ အပေါ်မှာ လေးထောင့်လေးနဲ့ Search setting ဆိုတဲ့နေရာလေးမှာ font ဆိုပြီးရိုက်ထည့်လိုက်
- ဒီလိုပေါ်လာမယ် ဒီလိုဆက်လုပ်ပါ.. အဆင်ပြေသွားပါလိမ့်မည်။



အပေါ်က ဇော်ဂျီတွေပြောင်းပြီးသကာလ အောက်ဆုံးမှာတော့ ယူနီကုတ် - utf-8 လေးကို ပြောင်းပြီး အိုကေသာ နှိပ်လိုက်တော့ဗျာ.. မြန်မာစာဖောင့် ဖတ်လို့ ရေးလို့ ရသွားပါမယ်။
ဒါဆိုရင် သင့်စက်ထဲ ဇော်ဂျီဖောင့်ရော ယူနီကုဒ်ဖောင့်ပါ နှစ်မျိုးစလုံးရှိနေရင်တောင်မှ ဇော်ဂျီသုံးသော
ဘေလာ့များကို ဇော်ဂျီဖောင့်ဖြင့်ဖတ်နိုင်ပြီးတော့ ယူနီကုဒ်သုံးထားသော ဘေလာ့များကိုလဲ ယူနီကုဒ်အတိုင်း ဖတ်လို့ရနိုင်မယ်ဖြစ်ပါတယ်။ (မှတ်ချက်၊ ၊ Facebook တွင်တော့ ဖောင့်၂မျိုးလုံး သေသချာချာ မြင်ရမည်မဟုတ်ပါ။ default font လုပ်ထားသော ဇော်ဂျီများသာ မြင်ရပါမယ်။)
ယေူနီကုဒ်စံသုံး ဘေလာ့များနှင့် ဇော်ဂျီဖောင့်သုံး ဘေလာ့များကို မည်ကဲ့သို့ အဆင်ပြေပြေ ဖတ်နိုင်မည့်အကြောင်း စာဖတ်သူဖက်မှ ယခုကဲ့သို့ လုပ်လိုက်ခြင်းဖြင့် အဆင်ပြေသွားမှာဖြစ်ကြောင်း ပြောပြခြင်း ဖြစ်ရပါတယ်။
Bookmarklet
Font family မသုံးထားတဲ့ website များအတွက် bookmarketlet များကို အသုံးပြုနိုင်ပါတယ်။
bookmarklet.saturngod.net ကို သွားပါ။
Zawgyi Force ကို မိမိ ရဲ့ bookmarket toolbar ကို drag & drop ဆွဲချပြီး ထည့်လိုက်ရုံပါပဲ။
ဇော်ဂျီနဲ့ ရေးထားတဲ့ site တွေကို မြမင်ရရင် Zawgyi Force ကို အသုံးပြုနိုင်ပါတယ်။ Unicode အတွက် Mac သမားတွေကေတာ့ masterpiece force ကို အသုံးပြုနိုင်ပြီး windows သမားတွေကို Yunghkio force ကို အသုံးပြုနိင်ပါတယ်။
ဒီလင့်လေးမှာလည်း သွားရောက် လေ့လာနိုင်ပါသေးတယ်။
www.mysteryzillion.org
နောက် ထပ် အလွယ်ဆုံးနည်းတစ်ခု ကိုထပ်ရှင်းပြပါဦးမည်။
Myanmar IT Development မှ ကို Who Am I ရဲ့ ပိုစ်ကို အတိုချုပ်ပြီးပြန်ဖော်ပြပေးတာဖြစ်ပါတယ်။
Google Search မှာ Key Magic 1.3.2 or 1.4, or 1.5 ကိုရှာလိုက်ပါ။
အကယ်၍ မိမိစက်ဟာ ၆၄ ဘစ် ဖြစ်နေတယ်ဆိုရင်တော့ ၁.၄ သို့မဟုတ် ၁.၅ ကိုသုံးနိုင်ပါတယ်။
အဲဒိ ဗားရှင်း ၁.၄ နဲ့ အထက်ကို ၀င်းဒိုး ၆၄ ဘစ်မှာ အသုံးပြုဖို့ရန် လိုအပ်ချက်ကတော့ Microsoft Visual C++ 2008 SP1 Redistributable Packageကို ဒေါင်းလုပ်လုပ်ထားရမှာဖြစ်ပါတယ်။
ပထမဆုံး ကီးမက်ဂျစ်ကို ဒေါင်းလိုက်ပါ.
download Key Magic 1.5.1
ထို့နောက် ၀င်းဒိုး ၃၂ ဘစ်သမားများအတွက်
Microsoft Visual C++ 2008 SP1 Redistributable Package ကို အောက်က လင့် ၂ခုစီမှ ဒေါင်းယူလိုက်ပါ။
http://www.microsoft.com/download/en/details.aspx?id=21
http://www.microsoft.com/download/en/details.aspx?id=5582
၆၄ ဘစ်သမားများအနေနဲ့ကတော့ နောက်ထပ် တစ်ခု ထပ်ဒေါင်းရပါလိမ့်မယ်။
ဒါကိုဒေါင်းပြီး အင်စတော လုပ်ပါ။ http://www.microsoft.com/download/en/details.aspx?displaylang=en&am...
အထက်ပါ အရာများကို ဒေါင်းလုပ်နဲ့ အင်စတော ပြီးမှသာလျှင် ကီးမက်ဂျစ်ကို ဒေါင်းလုပ်နဲ့ အင်စတောလုပ်ပါ။
စာရိုက်စနစ် စုစုပေါင်း ငါးမျိုးပါဝင်ပါတယ်။
အသေးစိတ်ကို KeyMagic Developer ကိုသန့်၊သက်ခင်ဇော်ရဲ့ blog မှာ ဆက်လက်လေ့လာနိုင်ပါတယ်။
ဖောင့်အင်စတောအတွက် microsoft Visual C ++ တို့ ကီးမက်ဂျစ်တို့ကို ဒေါင်းလုပ်ပီးလို့ ကီးမက်ဂျစ်ကို အင်စတောလုပ်ပီးသောအခါ ကွန်ပျူတာရဲ့ desktop ပေါ်မှာ ကီးမက်ဂျစ် အိုင်ကွန်လေး တင်ထားလိုက်ပါ။ စက်ဖွင့်ပြီးသော် အဲဒိကီးမက်ဂျစ်အိုင်ကွန်လေး ကိုနှစ်ချက်နှိပ်လိုက်ပါ။ ကွန်ပျူတာရဲ့ ညာဘက် ဘောက်နားမယ် keymagic ဆိုတာလေးပေါ်နေမယ်. .အဲဒါကို နှီပ်ပြီး မိမိအလိုရှိရာဖောင့်ကို ရွေးယူအသုံးပြုနိုင်ပါတယ်။

မရရင် MITT သာ သွားပြီး ကိုဝှူးကို နားညီးအောင်လုပ်ဗျာ. သူလည်း အဲဒိ ဖောင့်ကိစ္စနဲ့ တစ်နှစ်နီးပါး အလုပ်ရှုပ်ခံပြီး ဒိုင်ခံဖြေရှင်းပေးနေပါတယ်။ ယူနီကုတ်ကို ပြောင်းသုံးဖို့ သင့်ပါပြီလို့ ကျွန်တော် ကိုသန့် တိုက်တွန်းချင်ပါတယ် မိတ်ဆွေတို့..

ကျွန်တော် ရေးသားထားသည်များ ကူးယူထားသည်များသည် မြန်မာစာဖောင့်အတွက် ပြည့်စုံချင်မှလည်း ပြည့်စုံပေလိမ့်မည်။ လိုအပ်လျှင် လူကြီးမင်းများ ထပ်မံ ဖြည့်စွက်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS