RADIO

What is current song?

RSS

သုံးခွ ရေရှားမှု ပြဿနာ ကြာရှည်ဖွယ်ရှိ

သုံးခွ ရေရှားမှု ပြဿနာ ကြာရှည်ဖွယ်ရှိ
သုံးခွမြို့ နယ်ကျေးရွာတရွာမှာ တွင်ရေ ကို ခပ်ယူနေစဉ် (ဓါတ်ပုံ-MNN)
ဧပြီ ၂၅၊ ၂၀၁၂ ခုနှစ်

မုတ္တမ ပင်လယ် ကမ်းစပ်အနီး ရှိ သုံးခွမြို့နယ် ကျေးရွာများ၏ သောက်ရေကန်များ ခမ်းခြောက်မှုကြောင့် ကြုံတွေ့နေရသည့် ရေရှားမှု ပြဿနာမှာ ရက်သီတင်းပတ်အနည်းငယ် ဆက်လက် ကြာရှည်ဖွယ်ရှိသည်ဟု သွားရောက်လှူဒါန်းသူ များနှင့် မိုးလေ၀သပညာ ရှင် များကဆိုသည်။

ဧပြီလဆန်းပိုင်းမှ စ၍ ကြုံတွေ့ခဲ့ရသည့် သုံးခွသောက်သုံးရေပြဿနာ၏ အဓိကအကြောင်းရင်းမှာ သောက်ရေကန်များ ပုံမှန်ထက်စောလျင်စွာ ခမ်းခြောက် သွားခဲ့သည့် အတွက်ကြောင့်ဖြစ်၍ ယင်းရေကန်များ ပြန်လည်ပြည့်ရန် ရာသီဥတုအခြေအနေအရ တလ၀န်းကျင် ကြာမြင့်ဦးမည်ဖြစ်ကြောင်း သောက်ရေများသွားရောက်လှူဒါန်း နေသည့်သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD )မှ အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်ဦးမျိုးတင့် ကပြောသည်။

“ပြီးခဲ့တဲ့နှစ်ကဆို မေလကျော်ကျော် မိုးရွာခါနီးလောက်မှရေကန်တွေ ရေခမ်းပြီး သောက်ရေရှားတာလေ ၊ဒီနှစ်က အခုကစပြီး ရှားနေပြီးဆိုတော့ ရေပြသာနာကတော့ အနည်းဆုံးရက် ၂၀ ၀န်းကျင်လောက်တော့ ဆက်ရှိနေဦးမှာပဲ”ဟု ၎င်းကဆိုသည်။

မိုးလေ၀သနှင့်ဇလ ဗေဒ ညွှန်းကြားမှဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်၏ ပြောကြားချက်အရဆိုလျှင် မြစ်ဝကျွန်းပေါ် ဒေသများဖြစ်သည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် လာမည့်မေလ ၂၂ ရက်မှသာ မုတ်သုန် စတင်ဝင်ရောက်မည် ဖြစ်သည့်အတွက် ရေပြဿနာမှာ ဆက်လက် ရှိနေဦးမည် သဘောရှိသည်ဟုဆိုသည်။

သို့သော်မုတ်သုန်မကျခင်ကြားကာလများတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ပြန်ကျမိုးများ ရွာသွန်းနိုင်သည်ဟု ၎င်းကခန့်မှန်းပြော ကြားသည်။

ယခုကဲ့သို့ ဒေသအချို့ လျင်မြန်စွာ ရေရှားပါးလာခြင်းနှင့်ပတ်သက်၍
“ဒီနှစ်က အပူချိန်လွန်ကဲလို့ ရေရှားတာမဟုတ်ပါဘူး၊ဒီနှစ်ရန်ကန်ုအပူချိန်တွေက မနှစ်ကအပူချိန်ကိုမမှီသေးပါ ဘူး အဓိကကတော့ အခုနောက်ပိုင်း ရေသုံးစွဲတဲ့ လူဦးရေရော၊ လုပ်ငန်းတွေရော ပိုများလာလို့ပါ ၊ နောက်ဆို ရေပြဿနာက ဒီထက်ပိုကြုံလာရမှာပါ”ဟု ဦးချစ်ကျော်ကပြောသည်။

ထို့ကြောင့် သောက်သုံးရေနှင့်ပတ်သတ် ၍ ယခုအချိန်မှစပြီး ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထား သင့်ကြောင်း ၎င်းကဆက်ပြောသည်။

သုံးခွတွင် လက်ရှိသောက်သုံးရေး ပြဿနာကြုံတွေ့ နေရသော ရွာကြီးများမှာ အောင်ပန်း၊ ဓမ္မဓိက၊ အောင်သာတန်း၊ ထွန်းစိန်တင်၊ ခေမဇလာ၊ သာသာမြိုင်၊ မြိုင်ကြီးကျော်၊ ဘိသိတ်၊ မဟာမိတ်၊သြဘာ ညွှန့်၊ မင်းရွာအသင်း အစရှိသည့် ရွာမကြီးများဖြစ်ပြီး အဆိုပါရွာမကြီးမှာ ဖျာထွက်သွားသည့် ရွာငယ်လေး များလည်း သောက်ရေရှားပါးမှုပြသာနာများကြုံနေရသည်ဟု ဦးမျိုးတင့်ကဆိုသည်။
ယင်းကျေးရွာများ၏ လူဦးရေမှာ ရွာကြီးဆိုပါက လူဦးရေ အများဆုံး ၃ ထောင်ဝန်းကျင်ရှိသည်ဟု သိရှိရသည်။

“သောက်ရေလိုအပ်နေတဲ့အနေအထားနဲ့ သွားလှူနေတဲ့အနေအထားက ဆင့်ပါးစပ်နှမ်းပက် သလိုဖြစ်နေတယ် ။ဒီထက်များများပိုလှူပေးနိုင်မှ အဆင်ပြေမယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် NLD မှတနေ့လျင် ကားသုံးစီး ၊ကားတစီးလျှင် ရေသန့်ဗူး ၁၅၀ ၀န်းကျင် ယူဆောင်၍သွားရောက် လှူဒါန်းနေကြောင်း နောက်ရက်မှစ၍ ကားလေးစီး ဖြင့်သွားရောက်မည်ဖြစ်ပြီး အဆိုပါ ကျေးရွာများသို့ ရောက်ရှိရန် သုံးခွမြို့နယ်မှ ကားဖြင့်သွားလျင် နှစ်နာရီခွဲဝန်းကျင် ခန့်ကြာသည်ဟုဆိုသည်။

“ကျွန်တော်တို့ပထမ တရက်သွားလှူတယ် နောက် အလှူငွေပြတ်သွားတော့ ကျွန်တော်တို့လည်း ရပ်သွားတယ် အခု အဖွဲ့ ချုပ် မှဒေါ်စုကိုယ်တိုင်ကလည်း ပံ့ပိုးပေးတယ် ၊တခြားအလှူရှင်တွေလည်း လှူလာတော့ ဆက်လှူနေပါတယ်”ဟုဆိုသည်။

အခြားအဖွဲ့အစည်းများမှလာရောက်လှူဒါန်းမှုများလည်း ရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှလည်း စက်ရေတွင်းအချို့ လိုက်တူးပေးနေသည်များရှိသည်ဟုဆိုသည်။

သုံးခွမြို့နယ်တွင် ယခုကဲ့သို့ သောက်ရေကန်များ သောက်ရေခမ်းခြောက်မှုကို နှစ်စဉ်ကြုံတွေ့လျက်ရှိပြီး ယခုနှစ်တွင်စောစီးစွာ သောက်ရေပြဿနာရင်ဆိုင်ရခြင်းဖြစ်သည်။

ရွာသားများကသောက်ရေအတွက် လှူဒါန်းသူများထံမှ ရရှိကြပြီး သုံးရေအတွက်မူ ရေခမ်းခြောက်သည့် ကန်များကို ထပ်မံတူးဖော် ၍ သုံးနေကြသည်ဟုဆိုသည်။

ကျေးရွာသားများကိုယ်တိုင် စက်ရေတွင်း အချို့ကိုလည်းတူးဖော်နေကြပြီး အလှူရှင်များ လက်လှမ်းမမီနိုင်ဘဲ သောက်ရေပြဿနာရင်ဆိုင် ကြုံတွေ့နေရသည့် ရွာများလည်း ရှိနေသေးသည်ဟု ဦး မျိုးတင့်ကဆိုသည်။ ။

သုံးခွမြို့သောက်သုံးရေအခက်ခဲအတွက် နီးစပ်ရာသူငယ်ချင်းများရော အဝေးရောက်သူငယ်ချင်းများပါ တတ်နိုင်သလောက် အကူညီများ
ပေးနိုင်ဖို့မျော်လင့်လျှက်............

Yangon Press Internationalမှတဆင့်
ကိုလတ်(ပန်ဘဲတန်း)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ်ထံ ပိုလျှံလို့ ရောင်းထားသောလျှပ်စစ်ဓာတ်အားများ နိုင်ငံလိုအပ်ချက်အရ ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးလွတ်တော်တွင်ပြောကြား

တရုတ်ထံ ပိုလျှံလို့ ရောင်းထားသောလျှပ်စစ်ဓာတ်အားများ နိုင်ငံလိုအပ်ချက်အရ ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးလွတ်တော်တွင်ပြောကြား
တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။

“လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက်
ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း
ပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ဖြေကြားသွားခဲ့သည်။
unyantunoo1
ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး အား ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ ဖြစ်သည့် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်ကြည်ကြည်မာ၏ “၂၄ နာရီ မီးရရှိရေးကို မည်သို့ဆောင်ရွက်မည်ကို သိလိုသော မေးခွန်း” နှင့် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာ ဒေါ်ညိုညိုသင်း၏ “ရန်ကုန်တွင် ယနေ့
ပေးဝေနေသော လျှပ်စစ်မီး ပေးဝေရေးမှာ အလှည့်ကျဟု သိရပြီး ယင်းထက် သာလွန်ကောင်းမွန်သော အစီအစဉ် ရှိမရှိ” မေးသော မေးခွန်းတို့အပေါ် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ၇ဝဝ ထိ သုံးစွဲကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင် ပြောကြားသွားသည်။

ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။

အမှတ် ၁ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့ဖူးသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းအတွက် လျှပ်စစ်သုံးစွဲရန် တရုတ်နိုင်ငံထံ ရောင်းချပြီးဖြစ်သော လျှပ်စစ်မဂ္ဂါဝပ် ၁ဝဝ အား မည်သည့်ဈေးဖြင့် မည်သို့ ပြန်လည် ဝယ်ယူမည်ကိုမူ မသိရှိရသေးပေ။

ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင် ရှိသော ကျွန်းချောင်း၊ မန်း၊ ရွှေတောင်၊ မြန်အောင်၊ သထုံ မြို့နယ်တို့တွင် ရှိသော စွမ်းအားပြည့် မလည်ပတ်နိုင်သည့် သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်ရသော ဓါတ်အားပေး စက်ရုံများကိုလည်း ပြန်လည် လည်ပတ်နိုင်ရေး သဘာဝဓါတ်ငွေ့ ထပ်မံတိုးချဲ့ရရှိစေရေး စီမံနေသည်ဟုလည်း ဦးဉာဏ်ထွန်းဦး က ဆိုသည်။

တိုးတက်လာမည့် စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်နှင့် အဆောက်အအုံများအတွက် လျှပ်စစ် ဓါတ်အားပေး စက်ရုံသစ်များ ကိုလည်း ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားခဲ့သည်။
ပြည်တွင်းမှာတော့ သင်္ကြန်ပြီးကတည်းက နေ့စဉ်ရက်ဆက်ဆိုသလို  မြို့နယ်တော်တော်များများမှာ မီးတွေပျက်နေပါတယ်။
နိုင်ငံတော်အစိုးရက ပြည်တွင်းသုံးစွဲသူများရဲ့ လျပ်စစ်ဓာတ်အားကိုပြည်ပကိုရောင်းချလိုက်တာကြောင့်ဖြစ်ပါတယ်။
အခုလိုအပ်ချက်တွေရှိလာတောက ပြန်ပကနေပြန်ဝယ်မယ်ဆိုတာ ကြောင့် ပြည်တွင်းသုံးစွဲသူများထံမှ မိတာခအခွန်တိုးကောက်မှာကို
လဲပြည်သူလူထုကစိုးရိမ်နေကြပါတယ်။
ရန်ကုန် (မဇ္ဈိမ)
ကိုလတ်(ပန်ဘဲတန်း)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုဂံဘုရားပုဂံအလှ

ပထမရွှေစည်းခုံဘုရား
လောကနန္ဒာစေတီ

အင်တာနက်ကနေထက်ဆင့်ကူးယူပြီး
ကုသိုလ်ဖြစ်ပြန်လည်မျှဝေပါတယ် ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

(မြန်မာနိင်ငံသား မှန်ရင် ဖတ်ကိုဖတ်ရပါမယ်)

ကောင်းကြသေးရဲ့လား .............

(မြန်မာနိင်ငံသား မှန်ရင် ဖတ်ကိုဖတ်ရပါမယ်)


၈၈ ကျောင်းသားဟောင်းတွေဆိုတာ ကိုယ်တိုင်ရပ်တည်နိုင်စွမ်း မရှိလို့ NLD သွားလေ ရာ နောက်ကိုလိုက်ပြီး ပံ့ပိုးပေးနေရတာပဲ ဖြစ်ပါတယ်။ ရောက်တဲ့နေရာတွေမှာ အလှူခံပြီး ဆောင် ရွက်နေ ရတာပါ။ ၈၈ ကျောင်းသားတွေဟာ NLD ကို လောင်းရိပ်ခိုပြီး ရှင်သန်နေရာမှ ခုတော့ ရိုဟင်ဂျာနွယ်ဖွား ကုလား မြအေးနဲ့ မင်းကိုနိုင်က ပူးပေါင်းပြီး ရိုဟင်ဂျာတွေကို မြန်မာတိုင်းရင်းသားအဖြစ် သွတ်သွင်းဖို့ NLD ကို တောင်းဆို ထားပါတယ်။ ၈၈ ကျောင်းသားအဖွဲ့မှာ မင်းကိုနိုင်နဲ့ ဌေးကြွယ်က ပြည်သူကို စည်းရုံးပြီး လွှတ်တော်ပြင်ပ ကနေ တောင်းဆိုမယ့်အဖွဲ့နဲ့ ကိုကိုကြီး၊ ဂျင်မီတို့ ပါဝင်တဲ့ ပါတီထောင်မယ်ဆိုတဲ့ အဖွဲ့ဆိုပြီး ခွဲထားပါ တယ်။ ခုလိုရိုဟင်ဂျာ ကိစ္စကို တောင်းဆိုမယ်ဆိုတာကတော့ မြန်မာ့နိုင်ငံရေး သမိုင်းကို ရိုင်းသွားစေမှာပါ။ ရိုဟင် ဂျာဆို တာ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိတဲ့ လူမျိုးဖြစ်ပြီး ဘာသာရေးအစွန်းရောက်တဲ့ အစ္စလမ် ဘာသာ ၀င်တွေ ဖြစ်ပါတယ်။ မြန်မာလူမျိုးနဲ့ လုံးဝမတူတဲ့ ရိုဟင်ဂျာကို NLD က လွှတ်တော်မှာ တင်ပြတောင်းဆိုရင် NLD ပါတီကို ပြည်သူတွေ ထောက်ခံတာကျဆင်းသွားနိုင် ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ အမျိုးဘာသာ သာ သနာကို ထိန်းသိမ်းစောင့်ရှောက်ရမှာ မြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။


၈၈ ကျောင်းသားအဖွဲ့ရဲ့ ရည်ရွယ်ချက်ကို လေ့လာကြည့်ရင် ရည်ရွယ် ချက်က ခုဆိုရင် ၈၈ မှာပဲ နိုင်ငံရေးလောကထဲ ၀င်လာတဲ့ လူချင်း အတူတူ ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်သမီးဆိုပြီး လူထုက အပြည့်အ၀ ထောက်ခံကြတယ်။ ၈၈ ကျောင်းသားတွေ ကိုတော့ ထောက်ခံ မှုနည်းပါတယ်။ ၈၈ ကျောင်းသားဟောင်းအဖွဲ့ ပါတီထောင် မယ်ဆိုရင် NLD ကို မှီခိုနေရမှာပဲ ဖြစ်တယ်။ ဒါကြောင့် မြန်မာ တစ်နိုင်ငံလုံးက လက်မခံတဲ့ ရိုဟင်ဂျာ ကိစ္စကို NLD ကနေ တဆင့်လွှတ်တော် ထဲ တင်သွင်းရင် NLD ကို လူထု က ထောက်ခံမှု ကျဆင်းသွားမှာဖြစ်တယ်။ ဒီလိုအချိန်မှာ ၈၈ ကျောင်းသားဟောင်းတွေက ပါတီထောင် လိုက်ရင် ထောက် ခံမှုပိုများလာမှာဖြစ်တယ်ဆိုတဲ့ အတွေးတွေလည်း ပါမှာဖြစ်ပါတယ်။ နောက်တချက်က ရိုဟင်ဂျာတွေက မြန်မာနိုင်ငံထဲ ၀င်ရောက်လာဖို့ ဘယ်လိုနည်းလမ်းမျိုးကို မဆို အသုံးပြုနေကြပါတယ်။ ရန်ပုံငွေလိုနေ တဲ့ ၈၈ အဖွဲ့တွေ က ကုလားတွေထောက်ပံ့ပေးမှုကို ယူပြီး ပါတီရန်ပုံငွေ အဖြစ်သုံးစွဲနိုင်ပါတယ်။


NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံခြားမှာ အကြောင်း အမျိုး မျိုးကြောင့် အချိန်အကြာကြီး နေခဲ့ရလို့ လူမျိုးခြား ကိုယူခဲ့ရတာကို နား လည်ပေးနိုင် ပါပေမယ့်ဒေါ်စု ကြည်မွေးလာတဲ့ သားတွေက ကု လားဖြူလေးတွေ ဖြစ် လာ တာပဲမလား။ ခုလို ရိုဟင်ဂျာ ကိုသာ မြန်မာနိုင်ငံ သား အဖြစ် သတ်မှတ်ပေး လိုက်ရင်တော့ တစ်နိုင်ငံလုံး တိမ်ကော သွား မှာဖြစ် ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်တောင် ပြင်မရ တော့တဲ့ အမှားမို့ လို့ လက်ခံ ထားတာပါ။ ဗိုလ်ချုပ် ရဲ့မြေးတွေ ဟာ ဗိုလ်ချုပ် တိုက်ထုတ်ခဲ့တဲ့ အင်္ဂ လိပ်တွေ ဖြစ်နေလိမ့်မယ်လို့ ဗိုလ်ချုပ်လုံးဝထင်ထားမှာ မဟုတ်ပါဘူး။ ဒါတွေပြန်ပြောနေ လို့လည်း အသစ်ဖြစ်မလာနိုင်တော့ပါဘူး။ လက်ရှိ အရေး အကြီး ဆုံးက ရိုဟင်ဂျာကို မြန်မာလူမျိုးအဖြစ်မသတ်မှတ်ဖို့ပါပဲ။


ရိုဟင် ဂျာကို မြန်မာ လူမျိုးလို့ သတ်မှတ်ပေးပြီး နိုင်ငံအတွင်း လွတ်လပ်စွာသွား လာခွင့်ပေး ပါက မြန်မာနိုင်ငံက ကု လားနိုင် ငံဖြစ် သွားမှာ ပါ။ ဗုဒ္ဓဘာသာညှိုးနွမ်းပြီး ရွှေရောင်ဝင်းဝင်း ဘုရားတွေ အစား ဗလီတွေက နေရာ ယူလာ မှာပါ။ မင်းကိုနိုင်မှာလဲ နှမသားချင်းတွေ ရှိမှာပါ။ တစ်ယောက်လောက်က ကုလားနဲ့ယူပြီး ဗလီ တတ်နေ တာကို မြင်နေ ရရင် ဘယ်လိုခံစားရမလဲ။ မင်းကိုနိုင်တို့ မျိုးဆက်တွေက ကုလားလေးတွေပဲဆို ဘယ်လို ခံစား ရမလဲ။ နောက်ဆုံးပြော ချင်တာ ကတော့ ၈၈ ကျောင်းသားတွေကို အထင်ကြီးတဲ့ ကျွန်တော်ရဲ့စိတ်ကို ခုရိုဟင်ဂျာ ကိစ္စက လုံးဝ ဖုံးလွှမ်း သွားပါပြီ။ ကျွန်တော့်လိုပဲ ဒီသတင်းကို သိတဲ့လူ ဘယ်လောက်များများက ၈၈ကျောင်း သားဟောင်းတွေ ကို အထင်သေးသွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် အဖွဲ့အစည်း အထောက် အပံ့ရဖို့အတွက်နဲ့ ရိုဟင်ဂျာခေါ် မွတ်စလင်ကုလားတွေကို တိုင်းရင်းသား အဖြစ် သွတ်သွင်း လို့ အောင်မြင်ခဲ့ရင် မြန်မာလူမျိုးတွေကို ရိုဟင်ဂျာ ခေါ် မွတ်စလင်ကုလားတွေက ၀ါးမျိုသွားမှာကို မသိဘူးလား။ ဒီမိုကရေစီ လှုပ်ရှားမှုရှိသူတိုင်း မျိုးချစ်စိတ်ကတော့ ရှိရမယ်။ ၈၈ ကျောင်းသားဟောင်းတွေဟာ မွတ်စလင် ကုလားတွေ ပါဝင်ပြီး ဖွဲ့စည်းထားတာဆိုရင် မြန်မာပြည်သူတွေ အားလုံးက ရွံရှာစွာဆက်ဆံဖို့ပဲ ရှိပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS