RADIO

What is current song?

RSS

အဆုတ်မှာ spot တွေ့တာ အန္တရာယ်ဖြစ်နိုင်လား၊ ကုလို့ရနိုင် သလား သိချင် နေကြတဲ့သူတွေသိဖို့အတွက်

အဆုတ်မှာ spot တွေ့တာ အန္တရာယ်ဖြစ်နိုင်လား၊ ကုလို့ရနိုင် သလား သိချင် နေကြတဲ့သူတွေနှင့်
အဆုတ်မှာ spot တွေ့တာ အန္တရာယ် ရှိနိုင်လား
အဆုတ်မှာ spot တွေ့တာ အန္တရာယ်ဖြစ်နိုင်လား၊ ကုလို့ရနိုင် သလား သိချင် နေကြတဲ့သူတွေနှင့် spot ဖြစ်ရခြင်း အကြောင်းတို့ကို အဆုတ်နှင့် ရင်ခေါင်း ရောဂါအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးဝင်းနိုင်နှင့် မြန်မာပို့စ်ဂျာနယ်မှ ခဏတာ သွားရောက်မေးဖြစ်ခဲ့တယ်။ အဲဒီမေးမြန်းချက် တွေနဲ့ ပတ်သက်ပြီး တင်ပြလိုက်ပါတယ်။
အဆုတ်မှာ အစက်( spot )တွေ့ရခြင်းက ဘယ် လိုလက္ခဏာ ကနေတွေ့ရတာလဲ ဆရာ။
သွေးကြောလေး ဆိုတာ သွေး ကြောကနေရိုက်လိုက်တဲ့အခါ vascular end-on effect လို့ခေါ် တယ်။ သွေးကြော လေးပေါ်လာတယ်။ အဆုတ်မှာရှိတဲ့ အကျိတ်( gland ) တကယ်လို့ ထုံးဓာတ်( CALCIFY )၀င် သွားရင် လည်း အစက်ပေါ်တယ်။ ဒါ တွေက ရောဂါ မဟုတ်ဘူး။ နောက် တစ်ခု အဆုတ်မှာ အစက်ကလေး ( spot )နှင့်စပြီး တီဘီဖြစ်တာရှိသလို တီဘီ ရောဂါဖြစ်ပြီးလို့ ကောင်းသွား ရင်လည်း အစက် ကလေးကျန်ရစ်ခဲ့ တတ်တယ်။ အဲဒါကြောင့် spot လို့ ပြောလိုက်တဲ့ အချက်က အစက် ကလေး တစ်ခုတွေ့တာဖြစ်တဲ့အတွက် အဲဒီအစက် ကလေးက ဘာမှမဖြစ် တာကနေ အသက် အန္တရာယ်ရှိနိုင် သည်အထိ သူများကို ကူးစက်နိုင်တဲ့ ရောဂါထိဖြစ်နိုင်တယ်။
တီဘီဖြစ်ပြီးတဲ့လူတိုင်း မှာ အဆုတ်ထဲ အစက် ( spot )ရှိနိုင်ပါလား။ ရောဂါကောင်းပြီး အ ဆုတ်မှာ အစက်ကျန်ခဲ့တဲ့သူ ရာခိုင်နှုန်း အားဖြင့် ဘယ်လောက်ထိရှိနိုင်ပါလဲ။
တီဘီဖြစ်တဲ့ လူတိုင်း အဆုတ် မှာ အစက်ကျန်ခဲ့တဲ့သူကို ရာခိုင်နှုန်း နဲ့ခန့်မှန်း လို့မရဘူး။ တီဘီဖြစ်တိုင်း လည်း အစက်ကျန် ရမယ်မဟုတ်ဘူး။ တချို့က တီဘီ ရောဂါ နှစ်ခါကနေ သုံးခါဖြစ်ပါစေ အစက်( spot )မကျန် ခဲ့ဘူး။ တချို့ကျ တော့ တီဘီရောဂါ ဖြစ်တယ်။ ခဏပေါ့ ဆေးသောက် တော့ ပျောက်သွားတယ်။ ဒါပေမယ့် အဆုတ်ထဲ မှာ အစက်ကျန်နေခဲ့တယ်။ အဲဒါကြောင့် တီဘီဖြစ်တဲ့လူ ရာခိုင် နှုန်းဘယ် လောက်က အမာရွတ်ကျန် ခဲ့တယ်၊ မကျန်ခဲ့ဘူး ခန့်မှန်းလို့မရ ဘူး။ မှန်းထားတာလည်း မရှိဘူး။ ကျန်ချင်တဲ့ သူကျန်ခဲ့မယ်။
အဲဒီလိုမျိုး အဆုတ်မှာအစက်( spot )တွေ့ပြီ ဆိုရင် အဲဒီအစက်( spot )ကိုပျောက်အောင် ကုသနည်းတွေ၊ သောက်ဆေးတွေရှိပါသလား။
အစက်( spot )က သွေးကြော ကြောင်းဖြစ်တယ်။ ဒါသဘာဝပဲ။ အနာကျက်သွားလို့ ကျန်နေခဲ့တဲ့ အကျိတ်တွေ ထုံးဓာတ်ဝင်သွားပြီး ပျက်စီးတာ။ အဲဒါကို ကုဖို့လို သလား ဆိုတော့ မလိုဘူး။ တီဘီဖြစ်ပြီးလို့ အမာရွတ် ကျန်တာ ဒါလည်းကုဖို့မ လိုဘူး။ သို့သော် အနာစဖြစ်မယ့်နေ ရာ သန္ဓေတည်တဲ့နေရာက အစက် ( spot )ဆိုရင်ကုရမယ်။ ကင်ဆာ လည်း ဖြစ်နိုင်တယ်။ အမာရွတ်ဆို တဲ့ဟာ က မပျောက်ဘူး။ ပျောက်ချင်တယ် ဆိုရင် အမာရွတ်ကို လှီးထုတ်မှ ရ မယ်။ ဥပမာ ဓားထိ တယ်။ အမာ ရွတ် ကျန်နေခဲ့ တယ်။ အမာရွတ်ကို ပျောက်ချင်ရင် အမာရွတ်ကိုလှီးထုတ် မှရမယ်။ ဆေးသောက်လို့လည်း မပျောက်နိုင်ဘူး။ အဲဒါဆို အမာရွတ် ကိုလှီးထုတ်ရင် သင့်သလား ဆိုတဲ့ မေးခွန်း ထုတ်လာနိုင်တယ်။ အစက် ကလေးတစ်စက် ကျန်တဲ့အတွက် ခွဲထုတ်ရမယ့်အန္တရာယ်နှင့်အဆုတ် ခွဲစိတ်တယ် ဆိုတာ major operation အဲဒါမျိုးရော သင့်တော်ပါ့မ လား မတန်ဘူး။ ဒါပေမယ့် မခွဲစိတ် ရဘဲနှင့် ပျောက်အောင်လုပ်လို့လည်း မရဘူး။
အဆုတ်မှာအစက်( spot )တွေ့ရင် နိုင်ငံခြားက လက်မခံ နိုင်တာ ဘာကြောင့်များလဲဆရာ။
အမာရွတ်ဟုတ်တယ် မဟုတ်ဘူး ဆိုတာကိုက ရှာဖို့ခက်တယ်။ အစ က ပြောတဲ့အတိုင်း အမာရွတ်စဖြစ် မယ့်နေရာ၊ သန္ဓေတည် တဲ့နေရာက နေ ကင်ဆာ ရောဂါထိဖြစ်နိုင်တဲ့အ တွက် အဲဒါကို တိတိကျကျခွဲခြားဖို့ ကိုက ဘယ်သူမှ အာမခံ ချက်မပေး နိုင်ဘူး။ နိုင်ငံခြားကနေ လက်မခံနိုင် ဘူးဆိုတဲ့ဥစ္စာမှာ အဆုတ်မှာ အစက် ( spot )တွေ့ပြီ။ အဲဒါကို သေချာ အောင်ခွဲခြား သိဖို့အတွက် စစ်ဆေး တဲ့ကုန်ကျ စရိတ်က အရမ်းများတယ်။ ဒါလည်း သေချာချင်မှ သေချာမယ်။ သုံးလကနေ ခြောက်လစောင့်ကြည့် ရမယ်။ တစ်နှစ် စောင့်ကြည့်ရမယ် တို့ရှိတော့ နိုင်ငံခြားကအလုပ်ရှင် တွေက အလုပ်ခန့်ဖို့အတွက် အဲ လောက်ထိစောင့်မနေဘူး။ အဲဒါ ကြောင့် ပြန်လွှတ် တာတို့ရှိတယ်။
တချို့ မြန်မာနိုင်ငံမှာစစ်တယ်၊ အကောင်း၊ ဟို ရောက်တော့ရောဂါတွေ့တယ်။ အဲဒါ ဘာကြောင့် လဲဆရာ။
မြန်မာနိုင်ငံမှာစစ်တုန်းက မ ပေါ်ဘူး။ normal ပဲ။ နိုင်ငံခြား ရောက်မှ ရောဂါတွေ့တယ် ဆိုတာ အကြောင်း အမျိုးမျိုးကြောင့်ဖြစ်နိုင် တယ်။ စပြီးစမ်းသပ်တဲ့အချိန်မှာ ရောဂါ မဖြစ်သေးလို့လည်းဖြစ်နိုင် တယ်။ ပိုးဝင်နေတဲ့ အချိန်မှာလည်း ရောဂါလက္ခဏာ မပေါ်ဘူး။ အဲဒါ ကြောင့် ဓာတ်မှန်မှာမတွေ့ရတာ။ တီဘီ၊ ကင်ဆာတို့ ဆိုတာက အချိန် အခါမရွေးဘူး။ ပိုးဝင်ပြီးအချိန်ကျမှ အနာဖြစ်ပြီဆိုတော့ မှသာ ဓာတ်မှန် မှာပေါ်တာ။ အဲဒီ အတွက် အချိန် ကာလကွာလို့ဖြစ်မယ်။ နောက်ပြီး စစ်ဆေးတဲ့ ပစ္စည်း၊ စက်ကိရိယာရဲ့ အရည်အသွေးနဲ့ လည်း ဆိုင်တယ်။
နိုင်ငံခြားသွားတဲ့သူတွေအတွက် ကျန်းမာရေးကို မသွားခင် ဘယ်လိုပြင်ဆင်ထားဖို့လိုမလဲ။
သွားခါနီး သေချာစစ်ကြည့် မရှိဘူးဆိုမှသွား၊ စစ်လိုက်တယ်။ တွေ့တယ်၊ ရှိတယ်။ သူတို့က လက် မခံနိုင်ဘူးဆိုရင် မသွားဖို့ဘဲရှိတယ်။ စစ်တဲ့အခါမှာလည်း အရည်အသွေး ကောင်းတဲ့နေရာမှာစစ်ပေါ့။ ဒါပေ မယ့် ရှိရင်တွေ့အောင်စစ်ဖို့ တာဝန် က ကိုယ့်ရဲ့တာဝန်ပဲ။ စစ်ဆေး ချက်ဆိုတာကလည်း မှန်းလို့မရဘူး။ တစ်ပတ် အတွင်းမှာ ပြောင်းသွားနိုင် တယ်။ ဒီနေ့စစ်တာအကောင်း၊ တီ ဘီက ကိုယ်ထဲဝင်နေ၊ အဆုတ်ထဲ ရေ၀င်နေတယ်။ နောက်တစ်ပတ်မှာ စစ်တော့တွေ့တယ်။ ဒီမှာစစ်သွား လို့မတွေ့ဘူး။ ဟိုကိုရောက်ရင်ရော ချက်ချင်းစစ်မှာလား။ တချို့ဆို တစ် လလောက်ကြာမှစစ်တယ်။ တစ်လ လည်း အာမခံလို့မရဘူး။ ဆေးပညာ ကိုက အဲဒီလိုဖြစ်နေတာ။
တီဘီရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ မသိဘူး။
တီဘီပိုးဝင်နေတာ ဘယ်လိုသိမလဲ ဆရာ။
တီဘီပိုးဝင်မ၀င်ကို အရေပြား အောက်မှာ ဆေးထိုးပြီးစမ်းရတဲ့ နည်းရှိတယ်။ အဲဒါလည်း ရာနှုန်း ပြည့်မ သေချာ ဘူး။ နောက်သွေးစစ် ပြီးစမ်းတဲ့နည်းရှိတယ်။ အဲဒီနည်းက လုံးဝစိတ်မချရဘူး။ WHO က အဲဒီ နည်းကို တီဘီရောဂါသတ်မှတ်ဖို့အ တွက် မသုံးဖို့ပြောပြီးသား၊ ဘယ်တစ် ခုမှ သေချာတာမရှိဘူး။ တီဘီပိုး ၀င်တာနဲ့ ရောဂါဖြစ်တာနဲ့ ကွာသေး တယ်။ ဆရာတို့လို တီဘီအဖြစ်များ တဲ့နိုင်ငံမွှျှာံဥ ခန့်မှန်းထားတာ က လူသုံးဦး ထဲမှာ တစ်ဦးဟာ ပိုးဝင် ပြီးသား၊ ရောဂါဖြစ်ဖို့ပဲကျန်တော့ တယ်။ အဲဒီရောဂါဖြစ်မယ့်အချိန် သည် ဘယ်နေ့လဲ၊ ဘယ်အချိန်လဲ ဆိုတာမသိဘူး။ တီဘီ ရောဂါပိုးတွေ့ တာနဲ့ ဆေးမကုဘူး။ ရောဂါပေါ်မှ ကုတယ်။ အဲဒါကြောင့် ဒါကု လို့မရ ဘူး။ ရောဂါလက္ခဏာပြတယ်ဆိုမှ ကုလို့ရတယ်။ ဓာတ်မှန်မှာပြမလား၊ သလိပ်မှာပြမှာလား။ ဒါတွေက ပို သေချာအောင် လုပ်ရတာပေါ့။ ရော ဂါလက္ခဏာလည်းပြတယ်။ ဓာတ် မှန်မှာလည်း ရောဂါရှိတာကိုတွေ့ ရင်တော့ ဒါကုရတော့မှာ၊ ပိုးဝင်ရုံနဲ့ တော့ကုလို့မရဘူး။
ဝေဟင်သစ်
Posted by www.themyanmarpost.com
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

ယနေ့(၂၁-၁-၂၀၁၂) မွန်းလွဲ ၂နာရီ မှစတင်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အချက် ၉ ချက်ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းစာဆရာများအပါအ၀င် လူဦးရေ ၆၀၀ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။
၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။
၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။
၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။
၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။
၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။
၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။
၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါတယ်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

CES မှစိတ်ဝင်စားဖွယ် နည်းပညာပစ္စည်းအသစ်များ


CES ( Consumer Electronics Show) ဆိုတာကတော့ ဆယ်စုနှစ် လေးခုလောက် အောက်မြင်မှုရထားတဲ့ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ထုတ်ကုန် ပြပွဲဖြစ်ပါတယ်။ Consumer Electronics Association (CEA) မှာပါဝင်တဲ့ ကုမ္ပဏီများမှ ထုတ်ကုန်များ၊ ဒီဇိုင်းများ၊ ဆော့ဝဲများ စသည်ဖြင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ အားလုံးကို ၀ယ်သူနဲ့ မိတ်ဆက်ပေးတဲ့ပြပွဲကြီးဖြစ်ပါတယ်။ အခုနောက်ဆုံးပြုလိုက်သွားတဲ့နေရာကတော့ Las Vegas, Nevada, USA မှာဖြစ်ပြီး ဇန်န၀ါရီလ ၃ ရက်ကနေ ၆ ရက်နေ့အထိပြုလုပ်သွားတာ ဖြစ်ပါတယ်။ အဲဒီပြပွဲမှာ ပြသသွားတဲ့ ထုတ်ကုန်တွေ ထဲက စိတ်ဝင်စားဖွယ် အကောင်းဆုံးများကတော့ .....
Samsung Galaxy Note

ဆိုက်ကတော့ ၅.၃ လက်မ ဖြစ်ပါတယ်။ Addroid ဖုန်းဆိုလည်း ဟုတ်သလို android tablet ဆိုရင်လည်း ဟုတ်ပါတယ်။ အထူကတော့ iPhone နဲ့အတူတူပါပဲ။ ခဲခြစ်ပုံများ ဆွဲချင်သူအတွင် pen strokes နဲ့ကောက်ကြောင်းများ ကောင်းမွန်စွာ ဖန်တီးလို့ရနိုင်ပါတယ်။
Dell XPS 13 Ultrabook

Dell ရဲ့ အပါးလွှာဆုံး ကွန်ပြူတာ ဖြစ်တဲ့ XPS 13 ကိုပဲ Ultrabook ဖြစ်အောင် ပြန်လည် ပြုပြင်ထားတာဖြစ်ပါတယ်။ အလူမီနီယံ အဖုန်း၊ ကာဘွန် ဖိုင်ဖာ နှစ်မျိုးအသုံးပြုထားတာဖြစ်ပါတယ်။ 13.3-inch screen ဖြစ်ပေးမယ် မော်နီတာ ဘေးအနားများကို ခပ်ကျဉ်းကျဉ်းပဲ နေရာယူပြီး ပြုလုပ်ထားတဲ့အတွက် ခရီးသွားရင်တော့ ၁၁ လက်မ ကွန်ပြူတာ သယ်သွားသလိုလောက်ပဲ ဖြစ်နေမှာပါ။ ဘက်ထရီကတော့ ၉ နာရီခံပါမယ်လို့ အာမခံထားပါသေးတယ်။ အလေးချိန်ကတော့ ၂.၉၈ ပေါင်။ အထူကတော့ ၀.၇၅ လက်မပါ၊ ဖေဖ၀ါရီ နှောင်းပိုင်းလောက်မှာ ၉၉၉ ဒေါ်လာလောက်နဲ့ ဖြန့်ချိမယ်လို့ သိရပါတယ်။
Toshiba Excite X10

Toshiba ရဲ့နောက်ဆုံးထွက်မယ့် tablet က တော့ အလွန်ပါးပြီး အလွန်ပေါ့ပါးတယ်လို့ပဲ ယူဆရမှာပါ။ TV နဲ့ အလွယ်တကူချိတ်ဆက်လို့ရသလို တစ်ခြား အရံပစ္စည်းများစွာနဲ့လည်း အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၈ ပေါင်ဖြစ်ပြီ။ ၀.၃ လက်မ လောက်ပဲထူပါတယ်။ ဖေဖ၀ါရီလလောက်မှာ USD 529 လောက်နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။
Intel Smartphone Reference Design

Intel ကတော့ စမတ်ဖုန်းထဲကို စတင်ခြေချဖို့ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ အခုထုတ်မယ့် intel-designed android စမတ်ဖုန်းကို မော်တော်ရိုလာ ရဲ့ ရှိပြီးသား ဒီဇိုင်းများ နဲ့ လေး ငါး နှစ်လောက် အတူတွဲပြီး စမတ်ဖုန်း ဈေးကွက်ထဲ ၀င်ရောက် ယှဉ်ပြိုင်မယ် လို့လည်းဆိုပါတယ်။ ဒီနှစ်ဝက်လောက်မှာပဲ Intel-powered Motoraola စမတ်ဖုန်းဆိုပြီး ထုတ်မယ်လိုလည်း ဆိုထားပါသေးတယ်။ ဈေးနှုန်းကတော့ တစ်ခြား စမတ်ဖုန်းများ နည်းတူပါပဲတဲ့။
Samsung Series 9 Notebook


samsung ရဲ့ဒုတိယမျိုးဆက် ultrabook ပါ။ ၁၃.၃ လက်မ ကတော့ ၂.၅ ပေါင်လေးပြီး လက်မ၀က်လောက်ပဲ ထူပါတယ်။ ၁၅ လက်မ ဆိုရင်တော့ ပေါင်အနည်းငယ်ပိုလေးလာတာပဲ ရှိမှာပါ။ နှစ်ခုစလုံးက 1600X900 resolution screens နဲ့ဖြစ်ပြီး အရင်နှစ်က ထုတ်ထားတဲ့ 1366X 768 screens ကိုပဲ ပိုကောင်းအောင် ပြုပြင်ထားတာပါ။ ဖေဖ၀ါရီလထဲမှာ ပဲ အမေရိကန် ဒေါ်လာ ၁၃၉၉ နဲ့ ဖြန့်ချိမှာပါ။
Nokia Lumia 900

Nokia ပထမဆုံး 4G LTE Windows ဖုန်းပါ။ အနည်းငယ်ကြီးသယောင်ရှိတဲ့ screens နဲ့ polycarbonate ဟန်းဆက် ဖြစ်ပါတယ်။ တစ်ချိန်က မိုဘိုင်းဈေးကွက်မှာ နေရာယူမှ ကြီးမားလှတဲ့ nokia အခုတစ်ဖန် ပြန်လည်နေရာယူဖို့ ကျိုးစားနေသလိုပါပဲ။ ၄.၃ လက်မ စကရင်။ 4G LTE, Windows phone 7.5 software နဲ့ပါ။ ဖေဖ၀ါရီလထဲမှာပါ ဈေးကွက်မှာဖြန့်ချိမှာဖြစ်ပြီး ဈေးနှုန်းတော့မသိရသေးပါဘူး။
Eye-Controlled Computing

မောက်စ် သုံးစရာမလိုပဲ စကရင်ပေါ်ကို မျက်လုံး လိုက်ကြည့်တဲ့နေရာကို mouse pointer က ရွှေ့သွားအောင် ပြုလုပ်ထားတဲ့ နည်းပညာပါ။ consumer တွေအသုံးပြုဖို့ အတွက်ကတော့ နောက်တစ်နှစ်လောက် စောင့်ရအုံးဖြစ်ပေမယ့် CES မှာကတော့ ပြသသွားပါတယ်။ ဆေးပညာလောကမှာတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အသုံး ပြုနေပြီးဖြစ်ပါတယ်။
Motorola Droid Razr MAXX

စမတ်ဖုန်းရဲ့ နောက်မျိုးဆက် တစ်ခုဖြစ်တဲ့ 4G LTE network ရဲ ဘထရီ အလွန်စားတဲ့ ပြဿကို ဖြေရှင်းထားတဲ့ စမတ်ဖုန်း အသစ်ပါ။ ဘက်ထရီက နာရီ ၂၀ ခံမယ်လို့ အာမခံထားပါတယ်။ အထူကတော့ ဈေးကွက်ထဲရှိတဲ့ တစ်ခြား စမတ်ဖုန်း တွေ အတိုင်းပဲ ဖြစ်ပါတယ်။ ၄.၅ လက်မ 960X540 display, 3,300 mAh, ဘက်ထရီ ၂၁ နာရီပြောနိုင်ပါတယ်။ android 4G LTE, အထူ ၀.၃၅ လက်မ
Windows 8 Tablet/Laptop Hybrids

Microsoft က Windows 8 ကို touch အသားပေးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ကီးဘုတ်နဲ့ မောက်စ် ကို အသုံးပြုရတာ အားသန်နေတုန်းဖြစ်တဲ့အတွက် Microsoft ရဲ့ ပါတနာ ကုမ္ပဏီတွေက နှစ်မျိုးလုံး သုံးလို့ရမယ့် ဟာမျိုး ထုတ်ဖို့ ရည်ရွယ်နေကြပါတယ်။ tablet နဲ့ Notebook နှစ်မျိုးလုံးသုံးလို့ရမယ့်ဟာမျိုးပါ။ windows 8 ထွက်မှ ဒီနှစ်ကုန်ပိုင်းမှာ ပဲ ထွက်လာဖို့ ရှိပါတယ်။
OnLive Desktop

တော်တော်များများကတော့ Onlive ကို cloud gaming service လို့သိကြပါတယ်။ windows user တွေအတွက် application တွေ စက်ထဲ တင်စရာ မလိုပဲ server ပေါ်က application တွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
3D Body-Mapping

Microsoft's Kinect camera က Bodymetrics leverages နည်းပညာကို အသုံးပြုပြီး စကရင် ပေါ်မှာ 3D ပုံစံနဲ့ပြန်ပြပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ အဲဒီ 3D ဓါတ်ပုံကို online clothing store မှာ တင်လိုက်ပြီး သင်ကြိုက်တဲ့ အင်္ကျီ ဒီဇိုင်းက ကိုယ့်ကိုယ်ခန္ဓာ နဲ့ တော်မတော် စမ်းသပ်ကြည့်လို့ရမှာဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာတော့ စတိုးဆိုင်တွေမှာ တပ်ဆင် အသုံးပြုမှာဖြစ်ပြီး အိမ်သုံးအတွက်တော့ မကြာခင် ဖြန့်ချီမှာ ဖြစ်ပါတယ်။
Asus MeMo Tablet

၇ လက်မ andorid tablet ဖြစ်ပါတယ်။ Nvidia tegra 3 နဲ့ quad-core processor, 1280X800 display resolution, နောက်ဆုံးထွက် Android, 16-gigabytes, 8 megapixel camera. ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၀
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များ




AddThis Social Bookmark Button
 
w7_162
Sanctions အပေါ်အမြင်
''ပိတ်ဆို့အရေးယူမှုဆိုတာ သူ့အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ တရားတော်မြတ်အတိုင်း။ ဒါကြောင့် ပိတ်ဆို့အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို ဖယ်ရှားဖို့အတွက်ဆိုရင်တော့  ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ပါတယ်။'' (ကိုမင်းကိုနိုင်)
''ကျွန်တော်တို့ Sanctions ကိစ္စ ပြောလို့ရှိရင် ကျွန်တော်တို့ နားလည်တာကတော့ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၂၆ နှစ်စလုံးမှာ ကိုယ့်ဖာသာ ကိုယ် Sanctions လုပ်တာ ကျွန်တော်တို့ ခံခဲ့ရပြီးပါပြီ။ အခုမှ ကျွန်တော်တို့ ဒီ Sanctions ကိစ္စက အင်မတန်ကို ရေပန်းစားနေတဲ့ စကားလုံးဖြစ်နေပေမယ်လို့ ကျွန်တော်တို့ နိုင်ငံကိုယ်နှိုက်က၊ ကျွန်တော်တို့အစိုးရ ကိုယ်နှိုက်က Sanctions လုပ်တာကို နှစ်ပေါင်းများစွာ ကျွန်တော်တို့ ခံစားခဲ့ရပြီးပါပြီ။ နောက်ခုတဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ပွင့်လင်းလာတယ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ မကြာသေးသော ကာလကပဲ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး တယ်လီဖုန်း၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး မော်တော်ကားတွေ ရှိအောင်လည်း ဥရောပသမဂ္ဂက Sanctions လုပ်ထားတာ မဟုတ်ပါဘူး။ အမေရိကန်အစိုးရက Sanctions လုပ်ထားတာ မဟုတ်ပါဘူး။ အဲဒီလို Sanctions ကိစ္စကိုပြောရင် ကျွန်တော်တို့ကပဲ လူထုတွေ ဆင်းရဲနွမ်းပါးအောင်၊ ကျွန်တော်တို့ နိုင်ငံရေးအတိုက်အခံတွေက Sanctions လုပ်ထားတယ်ဆိုပြီးတော့ ဒီဟာကို လက်နက်တစ်ခုအဖြစ်နဲ့ နိုင်ငံရေးအရ ထိုးနှက်ဖို့ အသုံးချနေတာဆိုရင် တော့ ကျွန်တော် လက်မခံပါဘူး။ အဲဒီလို တစ်ကယ့်တကယ်က ကျွန်တော့်တစ်ကိုယ်စာ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ကျွန်တော်ထောင်ထဲ သွားမနေဘူး။ ကျွန်တော် ဒီနိုင်ငံရေးထဲ လာမလုပ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကိုယ်နှိုက်က ဖွံ့ဖြိုးတိုးတက်ချင် လို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး တိုးတက်ချင်လို့ ကျွန်တော်တို့ နိုင်ငံရေး လုပ်တာပါ။ အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့ပြည်သူကို နစ်နာမယ့်ကိစ္စမျိုးဘယ်တော့မှ မလုပ်ဘူး။ ဟိုတုန်းကလည်း မလုပ်ဘူး။ နောက်လည်း မလုပ်ဘူး။ အဲဒီတော့ ကောင်းပြီ။  Sanctions ကိစ္စနဲ့ပတ်သက်ပြီးတော့ ခုနက မင်းကိုနိုင် ပြောထားပြီးပါပြီ။ ဘာကြောင့် လုပ်ထားတာလဲ။  Sanctions လုပ်တဲ့ ကာယကံရှင်နိုင်ငံတွေနဲ့ အခု ထိတွေ့ဆက်ဆံနေပြီပဲ။ ဆွေးနွေးနေပြီပဲ။ အဲဒီတော့ Sanctions  ဖြစ် ရတဲ့အကြောင်းရင်းတွေကို ဖြေရှင်းရင် Sanctions က သူ့ဟာသူ ပြေလည်သွားမှာပါ။ တောင်းဆိုနေစရာ မလိုပါဘူး။ အဲဒီတော့ Sanctions လုပ်ရတဲ့အကြောင်းရင်းတွေကို ကျွန်တော်တို့ပါ ပူးပေါင်းပြီးတော့ ဖြေရှင်းမယ်။ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ အဲဒါက Sanctions နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားပါ။''  (ကိုကိုကြီး)
နိုင်ငံရေးအကျဉ်းသား အပေါ်အမြင်
''နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲဆိုတဲ့မေးခွန်း၊ နိုင်ငံရေးအရ ဖမ်းဆီးထားသူများ ရှိ၊ မရှိ ဆိုတဲ့ ကိစ္စ၊ ကာယကံရှင်တွေ မည်သို့ပင် ရှိတယ်၊ မရှိဘူး ပြောပါသော်လည်း ပြည်သူလူထုကြီးက ဆုံးဖြတ်ပြီးသွားပါပြီ။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့ လွတ်  လာတဲ့အပေါ်မှာ သင်္ဘောဆိပ်၊ ဘူတာရုံတွေ၊ လေဆိပ်တွေ၊ ကားဂိတ်တွေမှာ ပန်းတောင်းကြီး မှောက်ကြသွားသလို လူတွေ ဒလဟော အူလှိုက်သဲလှိုက် ပြေးပြီးတော့ ကြိုကြတယ်။ အဲဒါ သူခိုး၊ ဓားပြတွေ မဟုတ်ပါဘူး။ ဘယ်လိုလူစားတွေလဲဆိုတာ ပြည်သူလူထု သိပါတယ်။ ပြည်သူလူထု ဆုံးဖြတ်ပြီးသွားပါပြီ။ နိုင်ငံရေးအကျဉ်းသား ရှိ၊ မရှိ ဆို တာ။'' (ကိုမင်းကိုနိုင်)
နိုင်ငံရေးပါတီအဖြစ် ရပ်တည်၊ မတည် အပေါ်အမြင်
''ကျွန်တော်တို့ ၁၉၈၈ ခုနှစ် အရေးအခင်းစပြီးတော့ ပေါ်ပေါက်လာတဲ့အကြောင်း အရင်းခံကိုကကို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်မျိုး၊ နိုင်ငံရေးစနစ်မျိုးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းတိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ၂၀၀၈ ခုနှစ်၊ ၂၀၁၀ ခုနှစ်တွေ ကာလတွေအတွင်းမှာလည်း ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ကိစ္စကို  မမေ့ မလျော့ သတိပြုစေချင်လို့ ထပ်ပြီးတော့ ကျွန်တော်တို့ သတိပေးခဲ့ပါသေးတယ်။ ဆိုတော့  ဒီအားလုံးပါဝင် နိုင်ရေးဆိုတာ ကျွန်တော်တို့ စတင်ခဲ့တဲ့ကိစ္စ၊ ကျွန်တော်တို့ ထပ်တလဲလဲ သတိပေးခဲ့တဲ့ကိစ္စဖြစ်တဲ့အလျောက် အခုဒီအချိန်မှာလည်း ကျွန်တော်တို့အားလုံး ပါဝင်နိုင်ရေးကိစ္စကို အလေးထားလိုပါတယ်။ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ အချက်ပေါ်မှာ အခြေခံတဲ့အချက်ကြောင့်မို့လို့ ကျွန်တော်တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့  ၂၀၁၀ ခုနှစ် အရေးကြီးတဲ့ပွဲမျိုးမှာ ကျွန်တော်တို့ ဖယ်ရှားခံထားခဲ့ရပါတယ်။ အခုမှပဲ ပြီးခဲ့တဲ့တစ်ပတ်လောက်မှ အားလုံး မျက်စိရှေ့မှောက်ကို ပြန်ရောက်လာခဲ့ရပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ပါဝင်ခွင့်ရှိမလဲ။ ကျွန်တော်တို့ ဘယ်လောက်လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရှိမလဲ။ ကျွန်တော်တို့တင်မဟုတ်ဘူး။ အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ  လက်ရှိအစိုးရ ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်မှာ မပါဝင်ရသေးတဲ့သူတွေကော ဘယ်လို ပါဝင်ခွင့်ရှိမှာ၊ ဒီအခြေအနေတွေကို ကျွန်တော်တို့ စောင့်ကြည့်ပြီးတော့ အားလုံးပါဝင်နိုင်ဖို့ ဘာတွေထပ်ပြီးပြင်ဆင်ရဦးမလဲဆိုတာကို အချိန်ယူစဉ်းစားနေတာ ဖြစ်ပါတယ်။'' (ကိုလှမျိုးနောင်) 
လက်ရှိကြားဖြတ်ရွေးကောက် ပွဲအပေါ် အမြင်
''ကျွန်တော်တို့ ၂၀၀၇ ခုနှစ် ဖမ်းဆီးထိန်းသိမ်းမခံရခင်တုန်းက  နိုင်ငံရေးအခြေအနေနဲ့ အခုကျွန်တော်တို့ ပြန်လည်လွတ်မြောက်လာပြီး ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ နိုင်ငံရေးအခြေအနေဟာ ပုံသဏ္ဍာန်အားဖြင့် ပြောင်းလဲသွားတာတော့ အသေအချာပါပဲ။ ပထမဦးဆုံးကတော့ ကျွန်တော်တို့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် အတောအတွင်းမှာပဲ အတည်ပြုခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ အငြင်းပွားစရာတွေရှိနေတဲ့ ၂၀၁၀ ရွေး ကောက်ပွဲရလဒ်၊ အဲဒီကနေဖြစ်ထွန်းလာတဲ့ လွှတ်တော်အခင်းအကျင်း၊ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အစိုးရသစ်အဖွဲ့ စသည်ဖြင့် နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာပါပြီ။ အဲဒီတစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲ ကြေညာမှုဟာလည်း ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ရဲ့ သဘောထား ထုတ်ပြန်ချက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ထောက်ခံတယ်ဆိုတာဟာ အင်မတန်စွန့်စားရတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နဲ့ အတူ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့အတူ ဒုက္ခသုက္ခ အ၀၀ကို ဝေဒနာတွေကို တနင့်တပိုးကြီး ကျွန်တော်တို့ ခံစားပြီးတဲ့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွေ့ကျတဲ့ ရွေးချယ်မှုတစ်ခု၊ စွန့်စားပြီးတော့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပထမဦးဆုံး ကြေညာခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့ ရက်သားပဲ ရှိပါသေးတယ်။ ထောင်က လွတ်လာတာ။ အဲဒီတော့ ဒီရွေးကောက်ပွဲမှာ ၈၈ ကတည်းကနေပြီးတော့ စဉ်ဆက်မပြတ် ပါဝင်လှုပ်ရှားခဲ့တဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေကနေပြီးတော့ တစ်သီးပုဂ္ဂလ ၀င်သွား တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ နားလည်မှု အပြည့်အ၀နဲ့ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ကတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ် ပါဘူး။ သို့သော်လည်းပဲ ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့  ကျွန်တော်တို့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' (ကိုကိုကြီး)
၈၈ မျိုးဆက်ကျောင်းသားများ ဆိုသည့် အပေါ်အမြင်
''၈၈ မျိုးဆက်ကျောင်းသားများဆိုတာ မြစ်တစ်စင်းနဲ့ တူပါတယ်။ မြစ်တစ်စင်းကရေကို လက်ခုပ်နဲ့ ခတ်ပြီးတော့ ဒီလောက်ပဲလို့ပြောမယ်ဆိုရင် မဖြစ်ပါဘူး။ မြစ်ဖျားကနေ ပင်လယ်ထိ စီးဝင်တဲ့ရေဟာ မြစ်တစ်စင်းရဲ့ ရေပါ။ ဒါကြောင့် ၈၈ ရဲ့ အင်အားဟာ ကန့်သတ်လို့ မရပါဘူး။ ၈၈ ဆိုတဲ့ အချိုးအကွေ့ အပြောင်းအလဲကြီးတစ်ခုလုံးကို အားစိုက်သယ်ဆောင်လာတဲ့ အဲဒီချိန်က ကျောင်းတက်နေတဲ့ ကျောင်းသားတွေကစပြီးတော့ ဒီကနေ့ထိ ပါဝင်နေတဲ့ ၉၆၊ ၉၈ စတဲ့ အရေးတော်ပုံတွေ ၂၀၀၇ မှာပါဝင်တဲ့ ကျောင်းသားတွေအားလုံးဟာ ၈၈ မျိုးဆက်တွေပါ။ ၈၈ မျိုးဆက်တွေဟာ တစ်ပါတီ အာဏာရှင်ကနေ ဒီမိုကရေစီကို အချိုးအကွေ့ကို ပြောင်းလဲခဲ့တဲ့ ၈၈ ရဲ့ မျိုးဆက်ဟာ ဒီကနေ့ထိ ကျန်နေပါသေးတယ်။ ဒါကတစ်ကြောင်းပါ'' (ကိုမင်းကိုနိုင်)
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ်သရဲကားနော်...အားပေးကြပါနော်

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူ အားသန်တာကတော့ လူထုနဲ့အတူ နေပြီးတော့ လူထုနဲ့အတူ ခံစားပြီးတော့သွားတဲ့ လူထုနိုင်ငံရေးပါလို့ ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောဆို

>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်္ဂလာရှိသောသတင်း...


ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေး တယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းလည်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြား
for everyone

ထောင်တစ်ခုချင်းစီအလိုက်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစရင်း
for everyone
စစ်တွေထောင်
စစ်တွေအကျဉ်ထောင်မှ နံနက် ၉ နာရီ ၂၀ မိနစ်တွင် အကျဉ်သား စုစုပေါင်း (၁၇) ဦးလွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ (၈) ဦးပါဝင်ကြောင်း သိရပါသည်။ အဆိုပါ (၈) ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကျော်ဇင်ဝင်း၊ ဒေါပုံနေနေ တို့ ဖြစ်ကြောင်း သိရပါသည်။
တောင်ကြီးထောင်
တောင်ကြီး - ဂျင်မီ၊မြအေး၊ဇော်သက်ထွေး၊ကျော်
ကိုကို၊ကိုမောင်ကံ၊ဇော်မင်းဦး၊ကိုဇော်ဝင်း၊ကိုအောင်ကျော်ကျော်၊သူ၇စိုး။မန်းဇော်ထွေး ဘူးသီးတောင် - ဌေးကြွယ်၊စည်သူမောင်၊သန့်စင်မျိုး၊အောင်ဇော်ဦး၊ကျော်ဝင်းဆန်း၊မောင်မောင်လတ်၊ဦးပြည်ကျော်၊ကျော်မင်း မြောင်းမြ - စန္ဒာမင်း၊ကိုကံမြင့်၊ကပ်လန်ခွာ ဖားအံ - ဥာဏ်လင်း၊နေမျိုးကျော်(နေဘုန်းလတ်)၊သန့် စင်အောင်၊ကျော်ကျော်နိုင်၊နန္ဒစစ်အောင်၊ပြည့်ဖြိုးအောင် ဦးဂမ္ဘီရ၊ဦးစိုင်းညွန်လွင် တို့  လွတ်ပါတယ်။
သရက်ထောင်
သရက်ထောင်မှ လွတ်မြောက်လာမည့် သူများ စာရင်း ၁- ကိုမင်းကိုနိုင် ၂-မင်းခေါင်ထွဋ် ၃-တင်ထွဋ်ပိုင် ၄-မင်းသိန်းထွန်း ၅-သူရအောင် ၆-ကိုကိုလှိုင် ၇-ဂျော်လီထွန်း ရှမ်း(SSA)အဖွဲ့ မှ ၆ ဦး ၊ ကရင်လူမျိုး ၂ ဦးနှင့် ကိုသန်းဇော်(၁၉၈၉ သန်လျှင်ရေနံချက်စက်ရုံ ဗုံးခွဲမှုဖြင့် စွပ်စွဲခံရသူ) တို့  ကျန်ရှိသေး မိုင်းဆက်ထောင်မှ လွတ်လာမည့်သူများ စာရင် ၁-ကိုကိုကြီး ၂-စောနေထူး တို့ ဖြစ်ပါတယ်။
လာရှိုးထောင်
လာရှိုးအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဖြစ်ကြသည့် ကိုမင်းဇေယျ၊ ကိုမင်းဟန်၊ ကိုဇာနည်အောင်၊ ကိုနိုင်ဦး(ခ) ဦးနန္ဒ၀ံသ(မြင်းခြံစွန်းလွန်း)၊ ဦးမြင့်နိုင်၊ ကိုအောင်သန်းမြင့်(ခ) မဂ္ဂင်ဆရာတော်ဥူးက္ကန္ဒက၊ ကိုငွေစိုးလင်း၊ ကိုမင်းထွန်း၊ ကိုမြတ်လင်းထွဋ် နှင့် မဟန်နီဦးတို့ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ဟင်္သာတထောင်
ဟင်္သာတအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများဖြစ်ကြသော ဦးကေလာသ(မန်းလေး)၊ကိုဟန်ဇော်ထွန်း (အောင်လံ)၊ ကိုစည်သူဇေယျ (DVBသတင်းထောက်)တို့  ၁၃.၁.၂၀၁၂ ၈း၄၀ amတွင် လွတ်မြောက်လာကြပါသည်။
မုံရွာထောင်
မုံရွာအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ ၅ ဦးအား နံနက် ၁၁ နာရီတွင် လွှတ်ခဲ့ကြောင်းသိရသည်။ ၎င်းတို့မှာ ဦးလှထွေး(ခ) ဦးဝိလာသက္က၊ လာရန်းကျွရ်၊ ကိုကိုနိုင်(ခ) စူးရှ၊ ဒီငြိမ်းလင်းနှင့် နိုဘယ်လ်အေးတို့ဖြစ်ကြောင်း သိရသည်။
ဘူးသီတောင်ထောင်
ဘူးသီတောင်အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ်တို့သည် ယနေ့နံနက် ၇ နာရီတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဖားအံထောင်
ဖားအံအကျဉ်းထောင်မှ ကိုနေဘုန်းလတ်၊ ဦးညီပု (၁၉၉၀ ဂွ လွှတ်တော်ကိုယ်စားလှယ်)၊ နန္ဒစစ်အောင်၊ သန့်ဇင်အောင် (ဇာဂနာ အမှုတွဲ)၊ ကျော်ကျော်နိုင်၊ ပြည့်ဖြိုးအောင် (ပုသိမ်)၊ ဉာဏ်လင်း (၈၈ မျိုးဆက်) တို့ လွတ်မြောက်လာကြောင်း သိရသည်။
မြောင်းမြထောင်
မြောင်းမြ ထောင်မှ အသျှင် ဂမ္ဘီ ရ နှင့် စည်သူဇေယျ တို့ လည်း လွတ်လာပါသည်။
မြစ်ကြီးနားထောင်
မြစ်ကြီးနားအကျဉ်းထောင်မှနိုင်ငံေ၇းအကျဉ်းသားများဖြစ်တဲ့ သီဟသက်ဇင်၊ကျော်ဝင်း၊ကြည်စိုး။ဇေယျာအောင်၊မျိုးမင်းသန်း၊ဦးဝီရသူတို့ လွတ်ပါတယ်။
သာယာဝတီ
သာယာဝတီထောင်မှ မနီလာသိန်း အပါအဝင် ဆယ်ယောက် လွတ်မြောက်လာ ၁- မနီလာသိန်း ၂- မကြည်ကြည်ဝါ ၃-ဘိုဘို ၄-ဦးရဲမြင့် ၅-လွင်မိုးမြင့် ၆-အောင်သန်း(ခေါ်)အောင်မိုး ၇-ခင်လှိုင်(ခ)ဖိုးဆောင်း ၈-ကျော်အောင် ၉-၀င်းထိုက်(ခ)ဦးရာဇဓမ္မ ၁၀-ဆရာရဲ တို့ ဖြစ်ပါတယ်။
တောင်ငူထောင်
တောင်ငူ အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသူများတွင် နိုင်ငံရေး အကျဉ်းသား ၁၁ ယောက် (အမျိုးသား ၉ ယောက်နှင့် အမျိုးသမီး ၂ ယောက်)၊ ထောက်လှမ်းရေးဟောင်းများ အပါအဝင် ကျန်အကျဉ်းသား ၁၃ ယောက် စုစုပေါင်း ၂၄ ယောက် ပါဝင်ကြောင်း သိရသည်။
မြင်းခြံထောင်
မြင်းခြံထောင်မှ ဒေါက်တာဝင့်သူ ၊ မထက်ထက်အောင် အပါအ၀င် ၁၂ ဦး လွတ်မြောက်လာသည်ဟု သိရသည်။
မန္တလေးထောင်
မန္တလေးအကျဉ်းထောင်မှ ကိုလှမျိုးနောင် ၊ ဒေါ်ဝင်းမြမြ တို့ လွတ်မြောက်လာပါတယ်။
ရှမ်းအမျိုးသားခေါင်းဆောင်ဦးခွန်ထွန်းဦး လွတ်မြောက်လာပုံ (ဓါတ်ပုံ)



ဦးခွန်ထွန်းဦး လွတ်မြောက်လာပုံ (ဓါတ်ပုံ-မက်စင်ဂျာ ဂျာနယ်)
By: သစ်ထူးလွင သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်
သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်း
NilarThein by dvbradioသာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်---» ဟင်္သာတထောင်မှပြန်လွတ်လာတဲ့ ကိုစည်သူဇေယျ နဲ့ ဆက်သွယ်မေးမြန်းချက်
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘဝအတွက် အာဟာရ စကားများ

၁) မျှော်လင့်ချက်သာ..ရှိပါစေ...
     ဘ၀တိုတာရှင်သန်လို့...အကောင်းဆုံး အရာတွေပါပဲ။....

၂) သူပြုံးပြမှ ကိုယ်ပြုံးပြမဲ့အစား..

     ကိုယ်ကစပြီး..ပြုံးပြလိုက်ပါနော်။

၃) လွယ်တယ်ဆိုပြီး...မပေါ့နဲ့..

     ဘ၀ရဲ့...သီအိုရီမှာ..အသေးအဖွဲ.. .မရှိ။...

၎) ယုံကြည်မှုရှိမှ..အရာရာတိုင်းကို

     ရင်ဆိုင်ရဲတဲ့....စွမ်းအားနဲ့ သတ္တိရှိမှာပါ။....

၅) မစဉ်းစားပဲ...လုပ်လိုက်တာ..မှန် သွားရင်တောင်

     အကြိမ်တစ်ရာမှာ...တစ်ခါလောက်ပဲဖြစ်မှာပါ။...

၆) ဖန်ခွက်ထဲမှာရေတစ်စက်...ရှိတာဟာ ...

     လုံးဝမရတာထက်စာရင်...တော်ပါသေးတယ်။..

၇) ကံတရားပါ ...ကွာလို့ပြောနေသရွေ့....

     ဥာဏ်သမား ....ဖြစ်လာမှာ...မဟုတ်ဘူး။

၈) စေတနာ...သည်..ကံတရား၏ အရင်းအမြစ်..ဖြစ်သည်။


၉) သံသယ...ပျောက်စေဖို့..အကောင်းဆုံးနည်းလမ်းကတော့

     လုံးဝယုံကြည်....နေလိုက်ဖို့ပါပဲ။...

၁၀) ကိုယ်တိုင်ခံစားဖူးမှ....ကိုယ် ချင်းစာမယ်ဆိုရင်တော့

       မင်းဟာ...လူမိုက်ပဲ။

၁၁) ကံကြမ္မာဆိုတာ..လူတစ်ယောက်ရဲ့

       စိတ်ဓါတ်ကိုတောင်...ပြောင်းလဲ ပစ်နိုင်ပါတယ်။

၁၂) လိုအပ်တဲ့အခြေအနေတွေ...အားလုံြး ပည့်စုံမှ

       အလုပ်လုပ်မယ်ဆိုပြီး..ထိုင်စောင့်နေတဲ့သူဟာ
        အလကားအချိန်ဖြုန်းနေတာပါပဲ။

၁၃) လူတိုင်းအမှားနဲ့..မကင်းပေမဲ့

        ခဏခဏတော့မမှားသင့်ဘူးလေ။....

၁၄) ဘ၀ဆိုတာ...ပညာရေးဖြစ်ပြီး

       လူ့အဖွဲ့အစည်းကတော့ကျောင်းပါပဲ။

၁၅) ဒုက္ခအနီးတွင်..သုခရှိ၏။


၁၆) ဘ၀မြင့်သွားပေမဲ့....ဘ၀င်မမြင့် ပါစေနဲ့။


၁၇) ရိုးသားမှုကိုထိခိုက်လာရင်....မာ နဆိုတဲ့

       လက်နက်ကို...ထုတ်သုံးရလိမ့်မယ်........သူငယ်ချင်း။..

၁၈) ဘ၀သည် အစမ်းသဘော နေထိုင်ခွင့်မရှိသော...အရာ။


၁၉) ပျက်စီးခြင်းတွေထဲမှာ...ဆုံးရှုံးမှုအများဆုံးကတော့

       စိတ်ဓါတ်ပျက်စီးခြင်းပဲ..........သူငယ်ချင်း။

၂၀) အချစ်အတွက်နဲ့အသက်ပင်သေသေ...ဆို ပြီး

      ဂုဏ်ယူမနေကြပါနဲ့။....
      အဲဒါ...မိုက်ရူးရဲဆန်တာပဲ။....

၂၁) နားလည်မှုတွေရှိနေသရွေ့...မေတ္တာ တရားဆိုတာ

       မွေးဖွားနေဦးမှာပဲ။.......

၂၂) ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ... အပြုံးဟာ

       အခြေခံ အကျဆုံးအရာတစ်ခုပါ။....

၂၃) ဒေါသရဲ့ နောက်ကွယ်မှာ.....အမှားဆိုတာ

       အမြဲဒွန်တွဲနေလျက်ပါ။.....
 
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ိုနိုင်ငံခြားလာတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲညီမငယ်?

သာဝတ္ထိပြည်ရဲ့ အလှတကာ့ထွဋ့်တင် အလှမယ်လေး အားလုံးက နှစ်ခါပြန်ကြည့်ရအောင် ခန္ဓာကိုယ် သေသန့်မှု ပေါင်ဒါမသုံးပဲ လှပတဲ့မျက်ဝန်းပိုင်ရှင် ရွေဝါရောင် အသားအရေ နက်ရှိုင်းရှည်လျားသော ဆံကေသာပိုင်ရှင်၊ သူမရဲ့ နောက်ကြောင်းကိုမသိတဲ့သူတွေကတော့ အထင်ကြီးလေးစားကြသည် နောက်ကြောင်းသမိုင်းအစကိုသိသူတွေအတွက်ကတော့ တွံတွေးခွက်ထဲက သလစ်ခဲပါတဲ့ သူမကို တစ်ချို့က နှင်းဆီခိုင် လို့ပြောရအောင် လှပတဲ့ ခန္ဓာပိုင်ရှင်မလေး၊ တချို့က မိုးဆွေပန်းတဲ့ အဆင့်သာရှိပြီး အနှံမရှိတဲ့ မိုးဆွေးပန်းလို့တင်စားခေါ်ဆောင်ကြသည်။
ဘယ်သူက ဘာတွေပြောပြော သူ့ကို ဘုရင်ကြီးကိုယ်တိုင် တရားဝင် ပါမစ်ပေးထားတဲ့သူ ဘယ်သူကိုမှ ဂရုစိုက်စရာမလို ကိုယ်ထင်ရာ ကိုလုပ် ကိုယ့်ထမင်းကိုစား သိပ်မိုက်တဲ့ မိန်းကလေးတစ်ယောက် အလှကြိုက်တဲ့ ပုရိသ ယောက်ျားလေးတွေအတွက် တစ်ညတာ စိတ်ပင်ပန်းမှုးတွေကို ဖြေဖျောက်ချင်သလား အလှတကာ့ အလှထွဋ်တင် သီရိမာဆီမှာ အသာပြာတစ်ထောင်နဲ့ တစ်ညတာခရီးပျော်ပျော်ပါးပါး နွေးလို့ရတယ်လေ။ ၀တ်စားဆင်ရင်မှုတွေက ခေတ်ရေစီကြောင်းကို မှီတဲ့အပြင် မိဘနှင့် မောင်ဘွားတွေ ဆုံးမ၍မလွယ်တာမို့ ပစ်ပယ်လို့ထားပြီထင်ပါရဲ့ မြင်တဲ့သူ အယူမှားလောက်အောင်၊ ဘဲကခွဲထားတဲ့ အပြင် ရင်ကဟိုက်နေတာကြောင့် ဘယ်ယောက်ျားလေးမဆို သူမကို ကြည့်ချင်ကြတာပေါ့….။
ဘယ်သူတွေ ဘာပြောပြော သူမကပါမစ်နဲ့နေတဲ့သူ နာမည်ရလာတာက ပြည်တန်ဆာ တဲ့၊ သာဝတ္ထိပြည်ကြီးကို ကုန်သည်မှူးနဲ့လာတဲ့ သူဌေးတွေ အတွက် သူမကို အသာပြာတစ်ထောင်ပေးရင် ဘာမဆို လုပ်ပေးရတယ် အစိုးရလည်း သူမကို ဖမ်းဆီးလို့မရ မိသားစုကလည်း ကြည်ကြည်ဖြူဖြူနဲ့ ပြည်တန်ဆာ အလုပ်လုပ်ခိုင်းခဲ့တယ်လေ။ ဒါပေမယ့် သူမကို တညတာပေါင်းဖေါ်ချင်တဲ့သူတွေ ကတော့ ပြည်တွင်သားတွေအတွက်သာ သူမခန္ဓာကို အပ်နှံ့တတ်တဲ့မျိုးချစ် ပြည်တန်ဆာမ။ သူမကို တစ်ညတာပေါင်းသင်းရာမှာ နိုင်ငံခြားသားဆိုတာ မတွေ့ခဲ့ရပါဘူး။ ဘာပဲပြောပြော သူမကို မချီးမွမ်းပဲ နေလို့မရ နောက်ဆုံးတော့ သူမ မိုက်ခဲ့ လုပ်ခဲ့တဲ့ ပြည်တန်ဆာ အလုပ်ကို ဆုံးမမယ့်သူ ပေါ်လာတဲ့အခါ သူမကိုယ်တိုင်လက်ခံပြီး တရားရသွားတဲ့သူ စွဲလန်းနှစ်သက်တဲ့အထဲမှာ ရဟန်းတော်တွေတောင်ပါသေးတယ် နောက်ဆုံး သူမရဲ့ သေသွားပြီးတဲ့ခန္ဓာကိုကြည့်ပြီး စွဲလန်းတဲ့ ရဟန်းယောက်ျားတောင်ရှိတယ်မလား။
အခုခေတ် မိန်းကလေး တော်တော်များများဖြစ်ပျက်နေတဲ့ အဖြစ်ကို ကြည့်ရ ကြားရတာ တော်တော်ကို စိတ်မချမ်းသာဘွယ်ဖြစ်မိတယ်၊ မကြာခင်က အင်တာနက်မှာ တွေ့ခဲ့ရတဲ့ မြန်မာမိန်းကလေး နှစ်ယောက်ကို ယောက်ျားလေး လေးငါးယောက်က ၀ိုင်းပြီးနှိပ်စက် ထုထောင်းတာမြင်ရတော့ ဘ၀င်နှလုံး မရွင်မလန်းဖြစ်ခဲ့ရတယ်၊ နောက်တော့ သူမတို့ရဲ့ အဖြစ်ကို သိလာတဲ့အခါကျတော့ ဒီမိန်းကလေးတွေက နိုင်ငံခြားသားတွေနဲ့ တည်းခိုခန်းမှာ သွားအိပ် ပြီးတော့ အတူနေ living together နေထိုင်ကြတဲ့သူတွေ လို့သိခဲ့ရတယ်။ မိမိတို့မြန်မာပြည်အတွက် တော်တော်ကို ရင်မအေးစရာတခုပါ။
ဒါကြောင့် နိုင်ငံခြားလာပြီး အဲဒီလိုဖြစ်ပျက်နေတဲ့ မြန်မာမလေးတွေအတွက် စေတနာအပြည့်နဲ့ ပြောပါရစေနော်။။။ (ကောင်းကောင်းနေထိုင်သူတွေကို မဆိုလိုပါ) မင်းရဲ့နိုင်ငံခြားလာတဲ့ ရည်ရွယ်ချက်ကဘာလဲ? မိဘနှင့် မောင် ညီမတွေကို အမုန်းဘက်ပြီး နုတ်ဆက်ထွက်ကာ နိုင်ငံခြားလာတာလား ညီမငယ်။ ဘယ်လိုအကြောင်းနဲ့ပဲလာလာ ကိုယ့်ရဲ့ ကာယိနြေ္ဒ ပျက်စီးမယ့်အလုပ်ကိုတော့ မလုပ်သင့်ဘူး ညီမတို့ရေ……. မိဘ မောင် အုပ်ထိန်းသူ ခွင့်ပြုချက်မရှိပဲနဲ့ နိုင်ငံခြားမှာနေပြီး ယောကျားင်္လေးတွေနဲ့ ဟိုတယ် သွားအိပ် တည်းခိုခန်းသွားအိမ် living together နေထိုင်တာတွေက ကောင်းတယ်ထင်သလား အုပ်ထိန်းသူ ခွင့်ပြုချက်မရှိပဲ မေထုန်မှီဝဲခြင်းဟာ ပြည်တန်ဆာ အလုပ်ပါညီမငယ်၊ အထက်က ဖေါ်ပြခဲ့တဲ့ သီရိမာကတောင် မိဘ နိုင်ငံက ဘုရင်ကြီးက ခွင့်ပြုချက်ရလို့ ပြည်တန်ဆာလုပ်တာ ကောင်းသေးတယ်။ မိမိနိုင်ငံနဲ့လူမျိုးအတွက်လည်း သိက္ခာရှိတယ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေနဲ့ ကိုယ့်နေရာဒေသမှာ ပါမစ်နဲ့လုပ်တာ ဒါက ကောင်းသေးတယ်လေ။
အခုတော့ ညီမတို့ကို မြန်မာအစိုးရက နိုင်ငံခြားသွားပြီး ပြည်တန်ဆာလုပ်ပါလို့ ခွင့်ပြုတဲ့ပါမစ်ပါသလား ဒါမဟုတ် မိဘ အုပ်ထိန်းသူ ခွင့်ပြုလို့ ဒီလိုလုပ်တာလား ဒါဆို ကျွနုပ်မဆိုလိုပါ လုပ်သင့်တဲ့အလုပ်ပါ အခုက ညီမတို့တွေကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဘယ်လောက်ထိ သိက္ခာကျတယ်ဆိုတာကော ညီမတို့တွေးမိလား တကယ့်တော့ တခါမိုက်ခဲ့ရင်လည်း ကိုယ့်နိုင်ငံသားတွေရဲ့ ပြောဆိုဆုံးမတာကို ခံယူသင့်တယ်လေ အခုဟာက အဲလိုမဟုတ်ဘူး ငါ့ဘာသာ ငါ့ထမင်း ငါစား ငါ့ဟာ ငါလုပ်စားတာ နင်နဲ့မဆိုင်ဘူးဆိုတဲ့ အသုံးအနှံးကြီးကိုသုံးခဲ့လို့ မြန်မာ ယောကျာ်းလေးတွေ အချုပ်ခန်းရောက် ရန်ပြစ်လို့အသက်သေသွားတာတွေ ညီမငယ်အတွက်ရော့ ကောင်းရဲ့လား။
ညီမတို့တွေ နိုင်ငံခြားရောက်နေပြီဆိုတော့ ကိုယ်ပိုင်အသိစိတ်လေးတွေရှိသင့်တယ်၊ တကယ်လို့ ကိုယ့်နိုင်သားတွေက ပြောဆိုဆုံးမရင်လည်း လက်ခံသင့်တယ် ပြီးတော့ ညီမတို့အတွက် ဘယ်မှာလဲ မျိုးချစ်စိတ်ဓါတ်” မြေမျိုလို့ လူမျိုးပျောက်တာ မဟုတ်ဘူး ညီမငယ် လူမျိုလို့ လူမျိုးပျောက်တာ” တကယ်လို့ သားမှတ်မှတ် မယားမှတ်မှတ်နေထိုင်တယ် ထားအုံးတော့ ညီမတို့ဆီက မွေးလာတဲ့ ကလေးလေး အရွယ်ရောက်လို့ ရှင်ပြုမယ့်အချိန်ရောက်ရင် အဲ့ဒီလိုရှင်ပြုခွင့်ကိုကော ညီမငယ်ရဲ့ အချစ်တော် လင်က ခွင့်ပြုမယ်ထင်သလား? ”အလှယစ်မူး ချစ်ရည်လူးပြီး တိုင်းတပါးသား ရင်ခွင်ကို မခိုလှုံပါနဲ့”လား ညီမငယ်….၊ မြန်မာတွေရဲ့ ရင်ခွင်ကလည်း အေးချမ်း ငြိမ်သက်ပါတယ်။
ပေါင်ဒါတွေ ရေမွေးတွေသာ မွေးတာမဟုတ်ဘူး ရွေဘိုသနပ်ခါးလည်းမွှေးပါတယ် တောင်ကြီးမောက်မယ်သနပ်ခါးလည်း ရနံ့တွေကြိုင်ပြီးမွှေးပါတယ၊် ညီမငယ်တို့အခုခေတ်မှာ ၀တ်နေတဲ့ စကတ်တို ဟိုခွဲ ဒီခွဲ ခွဲထားတဲ့ အ၀တ်တွေသာ လှတာမဟုတ်ပါဘူး၊ ညီမငယ်တို့ငယ်ငယ်က၀တ်ခဲ့တဲ့ ထပိန် လုံခြည်ကလည်း မြန်မာဆန်ပြီးလှပါတယ်၊ တိုက်တွေကားတွေ အဲယားကွန်းတွေကသာ အေးချမ်းတာမဟုတ်ဘူး ဓနိမိုးအိမ်လေးနဲ့ တမာရိပ် မကျဉ်းပင်ရိပ်တွေကလည်း အေးချမ်းမှုပေးပါတယ်ညီမငယ်။ ပိုက်ဆံ တပုံတစ်ခေါင်းကြီး အပ်နှံတဲ့သူတွေသာ လိမ်မာတာမဟုတ်ဘူး ကိုယ့်နိုင်ငံသား ဆိုက်ကားသမားလေးပေးတဲ့ တရက်တစ်ထောင်တန်သောပိုက်ဆံက စိတ်သန့်သန့်နဲ့ သုံးလို့ လှူလို့ကောင်းပါတယ် ညီမငယ်၊ ညီမငယ်ပြန်လာမယ့် လမ်းမှာ နိုင်ငံခြားကပြန်လာတဲ့ မိန်းကလေး လူတကာအထင်မသေးရအောင်လေ ညီမရဲ့ ခန္ဓာကိုယ်ကိုစောင့်ထိမ်း လူမျိုးနဲ့ နိုင်ငံကို သိက္ခာကျအောင် ဘယ်တော့မှ မလုပ်နဲ့ညီမငယ်။
တကယ်လို့ မှားခဲ့တာရှိခဲ့ရင်လည်း ညီမတို့ကို ဆုံးမတဲ့ အဖွဲ့အစည်းက ပြောဆိုဆုံးမတာကို လိုက်နာပါညီမငယ်။ အခုဟို VIDEO မှာတဲ့ မိန်းကလေး နှစ်ယောက်လိုတော့ မထီမေ့မြင် မလွန်ဆန်လိုက်ပါနဲ့။ထပ်ပြီးပြောလိုက်ပါရစေ ညီမငယ် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်သာဖြစ်ပါစေ၊ အဆင့်သာရှိပြီး အနှံ့မရှိတဲ့ မိုးဆွေပန်းလိုတော့ မဖြစ်ပါစေနဲ့ နိုင်ငံခြားရောက် မြန်မာယောကျာင်္းလေးတွေ အနေနဲ့လည်း နိုင်ငံခြားသားတွေနဲ့ တွဲသွားတွဲလာလုပ်နေသော မိန်းကလေးများကို ဆုံးမမည့် အဖွဲ့အစည်း တော်တော်များပေါ်ပေါက်ပါစေလို့ ဆုတောင်းရင်း ဦးဇင်းရဲ့ စာကို ချစ်ညီငယ်(မော့သော) ရေးသားတဲ့ ကဗျာလေးနဲ့ နိဂုံးချုပ်ပါစေ။။။။။။။
အားလုံးက ၀ိုင်းငေးကြ သိပ်များတယ်လို့ ထင်နေသလား ညီမငယ်
လူတကာ အာရုံစိုက် သိပ်မိုက်တယ် မထင်ပါနဲ့
အများရဲ့ မြင်အာရုံ တဖုံစီကွဲတာမို့
တချို့က တမင်ရွဲ့၊ ကဲ့ရဲ့လို့ကြည့်ကြတယ်
တချို့က တဏှာထ၊ ရာဂကြောင်ကြည့်ကြတယ်
အကြည့်ပေါင်းများစွာကို သင်အာမနာရော့သလား ညီမငယ်
လွဲမှားတဲ့ ၀တ်ဆင်မှုဟာ၊ အန္တရယ်တခုနဲ့ နီးစပ်တယ်နော်
မိဘနဲ့ မောင်ဘွားဆုံးမ၍မလွယ်တာမို့ ပစ်ပယ်လို့ထားပြီထင်ပါရဲ့
မြင်တတ်သူ အတုယူမှားအောင်၊ ဘေးကခွဲကာထားတဲ့အပြင်
ရင်ကဟိုက်နေတာကြောင့်၊ လေတိုက်မှာပင်မတွေးရဲ
ဘေးကွဲတာက ရင်မအေးစရာ၊ အပြေးကလေးကားပေါ်တက်ပြန်တော့
အခက်အခဲတွေနဲ့ကြုံပြန်၊ ကာယကံရှင်ကမရှက်
မြင်သူကရတက်ပွေ၊ ခက်တာက ကြော်ငြာခေတ်မို့
စေတနာအစစ်နဲ့မေးပါရစေ ညီမငယ် မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ?
http://maunaungthazinchatthu-article.blogspot.com/2012/01/blog-post...
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဖတ်ဖြစ်အောင်တော.ဖတ်စေချင်ပါတယ်......"ကုန်းဘောင်ခေတ်ကအမှန်တရားကိုအသက်နဲ.လဲဝံ.တဲ.ပုဂ္ဂိုလ်တစ်ဦး

ကုန်းဘောင်ခေတ်ကအမှန်တရားနဲ.ပက်သက်လာရင်အသက်နဲ.လဲဝံ.သောပုဂ္ဂိုလ်တစ်ယောက်ရှိပါတယ်။သူသည်မင်း

လိုမင်းကြိုက်ခစားသူများအကြားမှ မှန်မည်ထင်ရာယုံကြည်ရာကိုရဲဝံ.စွာပြောဆိုခြင်းကြောင်.ရာထူးမှမကြာခဏအချခံရပြီးအိမ်နိမ်.စံဘ၀ဖြင်.

ကွယ်လွန်သွားသောဝန်ကြီးလည်းဖြစ်ပါတယ်။(သူငယ်ချင်းတို.အဲလိုကဘယ်သူလို.ထင်လည်းဟင်..)

သူကတော.ယောအတွင်းဝန်ဦးဘိုးလိုင်ပဲဖြစ်ပါတယ်။သူကမင်းတုန်းမင်းနှင်.မြောက်ဆောင်တော်မိဖုရားတို.

၏မွေးစားသားအဖြစ်ချီးမြှောက်ခြင်းခံရထားသူလည်းဖြစ်ပါတယ်။ယောမြို.ကိုအပိုင်စားရ၏။သို.သော်သူသည်ဟုတ်တိုင်းမှန်ရာကိုယူဆပြော

ဆိုသောကြောင်.ရာထူးမှမကြာခဏချခြင်းခံရပါသည်။အသက်(၂၃)နှစ်အရွယ်ကမင်းတုန်းမင်းကြီးနှင်.အယူအဆမတူသောကြောင်.တစ်ကြိမ်။

ကနောင်မင်းသားလုပ်ကြံခံရပြီးဗျစ်ရည်သည်ဆေးခါးကြီးနှင်.တူကြောင်း၊အနည်းငယ်သောက်ကအပြစ်မရှိကြောင်းပြောဆိုသဖြင်.ဒုတိယအ

ကြိမ်ရာထူးချခံရသည်။တတိယအကြိမ်ရာထူးချရပုံကသူမို.သာလုပ်ရဲသည်ဟုတ်ဆိုရမည်။အဖြစ်ကတော.ဒီလိုပါ.................။

မင်းတရားကြီး၏သဘောလွဲမှားနေမူကိုအကြောင်းပြုပြီးဘုရင်မင်းမြတ်သည် အစ်မ၊နှမ၊သမီးကညာအပ်နှင်းခြင်းတံစိုးလက်ဆောင်ဆက်သခြင်းကိုအကြောင်းပြုလျက်အတတ်ပညာမရှိသူများကိုဝန်ကြီး၊အမတ် စသည်ဖြင်.ခန်.အပ်ခဲ.သော်တိုင်းပြည်ပျက်တတ်ကြောင်းဘုရားမင်းတရားကြီးအားမထောက်မညှာဝေဖန်ထောက်ပြလျောက်ထားလိုက်

သည်။အဲမှာပဲမင်းတုန်းမင်းကြီးကစိတ်ဆိုးပြီးဦးဘိုးလိုင်အားသူ၏ဖခင်ယင်းတော်ဝန်ကြီးအားကွပ်မျက်ခဲ.သောလှံကိုပြသလျက်ထိုးမည်

ပြုရာရင်.ကိုကော.လျက်"ထိုးတော်မူပါဘုရား"ဟုတ်လျောက်တင်ခဲ.သည်။မင်းတုန်းမင်းကမထိုးဘဲလှံကိုင်ပြီးအတွင်းတော်ဝင်သွားသော

ကြောင်.အသက်ချမ်းသာရာရလေးသည်။အခြားဝန်ကြီးများကအတွင်းဝန်ဦးဘိုးလိုင်အားထို.သို.တင်းတင်းမာမာဘုရင်ကိုပြန်မလျောက်

သင်.ကြောင်.၀ိုင်းပြောသောအခါဦးဘိုးလိုင်ကပြန်ပြောလိုက်တဲ.စကားမှာအလွန်တန်းဘိုးရှိလှပါတယ်။ဦးဘိုးလို်င်က.....

"ကျွနုပ်အားလှံဖြင်.ထို.လို.သေရခြင်းကားမြတ်ပါ၏။နေရာတိုင်းမင်းအလိုလိုက်ပြီးဆောင်ရွက်ပေးနေရမူမကောင်းမူဖြစ်ပွားလာပါကနိုင်ငံတော်

ပျက်စီးခြင်းရောက်လေသည်ဟုနာမည်ဆိုးဖြင်.ကျန်ရစ်သော်သေရကျိုးမနပ်" ဟုပြောခဲ.ခြင်းဖြစ်သည်။အဲလိုနဲ.မင်းအလိုလိုက်မင်းအကြိုက်မခစားသောကြောင်.တတိယအကြိမ်ရာထူးမှကျခဲ.ခြင်းဖြစ်ပါတယ်။

သူငယ်ချင်းတို.ဒီဘလော.လေးကိုဖတ်ပြီးတဲ.အခါမှဆိုလိုရင်းလေးကိုနားလည်ကြမယ်လို.ထင်ပါတယ်။အရာရာမှအများလိုက်အကြိုက်

ဆောင်ခြင်းကတခါတရံမှာအဆင်ပြေတတ်ပေမယ်.အမြဲတမ်းတော.မနေသင်.ကြောင်.နဲ.။"မှန်တာပြောရွာပြင်ထုတ်ခံရမယ်"ဆိုတဲ.စကား

ပုံလေးကိုစိတ်မကွက်ကျင်.ကြံရဲပါသလာ..?တကယ်လို.ဦးဘိုးလိုင်နေရာမှာသူငယ်ချင်းတို.ဆိုရင်ရော.....?။ရာထူးကိုပဲတွယ်တာမလား

အမှန်တရားကိုပဲတန်ဘိုးထားကြမလား..?

မှတ်ချက်။ ။စာအုပ်ထဲမှာဖတ်ရတာလေးကိုသိစေလိုသောစိတ်ကလေးနှင်.ရေးဖြစ်ခြင်းပါ။

အခြားသောစိတ်ဆန္ဒတစ်စုံတစ်ရာမပါဝင်ပါ။
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့ အလှဆုံးနေရာများ

Valley Swat- Pakistan
The Fairy Meadows – Pakistan
Baltoro Glacier – Pakistan
Amazon Rainforest – Amazon Basin, South America
Sognafjord (Sogne Fjord) – Norway
The Himalayas – Asia
Yosemite Valley – California
The Niagara Falls – Ontario, Canada and New York, United States
Mount Kilimanjaro – Africa
Mamanuca Islands – Fiji
Sahara Sunset – Sahara Desert
Natural Springs and Limestone Cliffs of Pamukkale – Turkey

                       
                                      http://www.dirjournal.com
>>>ဆက်ဖတ်ရန်>>> >>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS